Chapter - 35.1

11.5K 2K 138
                                    

Unicode

မားမား
_______

သုံးရက်ပြီးနောက်

ဒီနေ့ကအန်းရန်ရဲ့မွေးနေ့ဖြစ်တယ်။ ကျန်ရှင်းဆွေ့ရဲ့မွေးနေ့လို့လည်းပြောလို့တယ်။

မနက်သူအိပ်ရာထလိုက်တာနဲ့ သူရှန်ရှင်းချန်ကို အိပ်ရာနှိုးရတယ်။ ဘယ်အချိန်ကနေစလိုက်မှန်းမသိဘဲ အဲ့တာကသူ့ရဲ့တာဝန်ဖြစ်လာခဲ့တော့တယ်။ ဘာလို့လဲဆိုတော့ ရှန်ရှင်းချန်ဆိုတဲ့သူက နှိုးစက်နဲ့တင်ဘယ်လိုမှမနိုးဘဲ လူအားကိုးနဲ့နှိုးမှပဲရတဲ့သူမလို့ပဲ။

ပြီးတော့သူ့ကို သံသယဝင်စေတာက ဒီနေ့ရှန်ရှင်းချန်ကနှိုးစရာတောင်မလိုပဲ သူ့ပါသူနိုးနေတယ်။

ကျန်ရှင်းဆွေ့အံ့သြသွားပြီး "မင်းဘာလို့ဒီလောက်အစောကြီးနိုးနေတောလဲ"

"ဘယ်သူ့ကိုမနာလိုနေတာလဲ" ရှန်ရှင်းချန်အသံတစ်ချက်ဟန့်လိုက်ပြီး "ငါကစောစောထလို့မရဘူးလား?"

".........."

မနက်တိုင်းပျင်းနေပြီး မထချင်ဖြစ်နေတာဘယ်သူလဲမသိပါဘူးလေ...

သူအထင်မှားတာပဲလားတော့မသိဘူး။ ဒီနှစ်ရက်မှာရှန်ရှင်းချန် သိပ်ပြီးမူမမှန်ဘူးလို့ ခံစားနေရတယ်။ တစ်နေရာရာကမှားနေသလိုမျိုး။ တစ်ခါတစ်လေ နေ့ဘက်ကြီးလည်းသူ့အရိပ်တောင်မတွေ့နိုင်ဘူး။ တွေ့လိုက်တယ်ဆိုရင်တောင် အရင်ကလိုပျင်းနေတာမျိုးမဟုတ်ဘူး။ စိတ်ထဲတစ်ခုခုကို အမြဲထည့်ထားနေသလိုမျိုးပဲ။

ကျန်ရှင်းဆွေ့ကသူမေ့သွားမှာစိုးတာကြောင့် သတိပေးလိုက်တယ် "ဒီနေ့နေ့လည်ဘက်မှာ ရိုက်ကူးရေးအဖွဲ့က အစီအစဥ်ရှိတယ်ထင်တယ် ငါတို့ကိုဟောထဲသွားခိုင်းထားတယ်"

ရှန်ရှင်းချန်ကလည်း အင်္ကျီဝတ်ရင်းနဲ့ "ကိစ္စတစ်ခုခုရှိလို့ထင်တယ်"

နင်ဇယ်ကအမြဲဝီရိယရှိတဲ့သူဖြစ်တယ်။ သူကစောစောထပြီး ရေချိုးပြီးရုံတင်မဟုတ်ဘဲ လေ့ကျင့်ခန်းတောင်လုပ်ပြီးသွားလေပြီ။ သူအနားရောက်လာပြီး "အင်း အန်းရန်ရဲ့အဲ့ဒီမွေးနေ့ပွဲ ပါဝင်တာကိုရိုက်ကူးဖို့နေမှာ"

အားလုံးကခံစားချက်အစစ်အမှန် ထုတ်မပြနိုင်မှာစိုးတာကြောင့် ရိုက်ကူးရေးအဖွဲ့က ဇာတ်ညွှန်းရေးပေးမထားလေဘူး။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now