Chapter - 7

12.1K 2.1K 109
                                    

Unicode

ဒုတိယကိုကိုလေးရဲ့ ပွဲဦးထွက်
_______________________

ဂျန်ရှင်းဆွေ့ကတော့ ဖုကျင်းရှောင်းဒီနေ့လာသွားတာမသိလိုက်ဘူး။

သူ့ရဲ့အချိန်ပိုင်းအလုပ်က ဒီနေ့နေ့လည်ဆိုရင်ပြီးပြီ။ အနောက်ထဲသွားပြီးတော့ လစာသွားယူတဲ့အချိန် အလုပ်တူတူလုပ်နေကြဖြစ်တဲ့ staffလေးရှောင်မီက အင်တင်တင်နဲ့ပြောလာတယ် "ဆွေ့ဆွေ့ မင်းတကယ်ကြီးသွားတော့မလို့လား? မင်းသွားတာနဲ့......"

ဂျန်ရှင်းဆွေ့ကအမူအရာကင်းမဲ့စွာပဲ "ကျွန်တော်သွားတာနဲ့ ဘယ်နှရက်မှမကြာခင်ပြန်တွေ့ရမှာပဲဟာကို..."

ရှောင်မီမထိန်းနိုင်ပဲ ရယ်မိသွားတယ်။

မမှားဘူး။ အချိန်ပိုင်းဆက်မလုပ်တော့တဲ့ရက်တွေအတွင်း ဂျန်ရှင်းဆွေ့က 'Starlight'ရဲ့ပထမဆုံးအပတ်အတွက် ကောင်းကောင်းပြင်ဆင်နေတယ်။ သူကတစ်ပတ်ပဲပါမှာဆိုပေမဲ့ သေချာတော့ပြင်ဆင်ထားရမယ်။ ပထမအချက်က သူဒီပရိုဂရမ်အတွက်တာဝန်ယူပေးရမယ်။ ဒုတိယအချက်ကဘာလို့လဲဆိုတော့...... နည်းပြကဖုကျင်းရှောင်းဖြစ်နေလို့။ ဒီလူနဲ့ဘာဇာတ်လမ်းမှ မဖြစ်နိုင်ဘူးဆိုတာ သူသေချာပေါက်သိတာပေါ့။ အမြှောက်စာခံကအမြှောက်စာခံပဲလေ။ ဒါပေမဲ့ သူ့ရဲ့idolရှေ့မှာတော့ မျက်နှာမပျက်ချင်ဘူး။ အဲ့တာကြောင့်သေချာပြင်ဆင်ထားရမယ်။

အေးဂျင့်ဝမ်ကောကပြောတယ် "ငါကြားတာ ရိုက်ကူးရေးမစရသေးခင်မှာကို ကုမ္ပဏီအကြီးကြီးတွေက သူ့တို့လူအသစ်လေးတွေရဲ့ ပွဲဦးထွက်အဆင့်ကိုတောင်ရွေးနေကြပြီဆိုပဲ တချို့လူသစ်တွေဆိုရင် အဆင့်တောင်သတ်မှတ်ပြီးသွားကြပြီတဲ့"

ဂျန်ရှင်းဆွေ့ကလည်းပြန်ပြောလိုက်တယ် "အင်း...အဲ့တာကပုံမှန်ပါပဲ"

ဝမ်ကောကသက်ပြင်းချလိုက်ရင်း "ဒါပေမဲ့ ဒီနှစ်တွေမှာvariety showတွေကပျင်းစရာကောင်းတယ်လို့ခံစားရပြီး အရမ်းမပေါက်ဘူး အဲ့တာကြောင့် ဒါရိုက်တာအဖွဲ့က နည်းနည်းကြီးကြီးမားမားလုပ်ဖို့စီစဉ်ထားတယ်တဲ့ သူတို့ကshowကိုliveလွှင့်ပြီးတော့ ပရိသတ်တွေဆီကို မတူညီတဲ့ပုံစံမျိုးနဲ့ချပြချင်တာ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now