Chapter - 69

11.5K 1.9K 81
                                    

Unicode

ရုပ်ရှင်ဧကရာဇ်ဖုရဲ့ရှာလကာရည်
_________________________________

ရှန်ရှင်းဆွေ့ အရမ်းရှင်းရှင်းလင်းလင်းကြီး မကြားလိုက်ဘူး။

မဟုတ်ဘူး။ တစ်မျိုးပြောရရင် သူသေချာကြားလိုက်ရတယ်။ ဒါပေမဲ့ မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ ဘေးကဖုကျင်းရှောင်းကိုကြည့်လိုက်မိတယ်။ သူကြည့်လိုက်ချိန် အမျိုးသားရဲ့ ဘေးနားကလူနဲ့စကားစမြည်ပြောပြီး ရယ်မောနေတဲ့မျက်နှာကို တွေ့လိုက်ရတယ်။

အရှေ့ကနေ ဝန်ထမ်းတစ်ယောက်က လာပြီးပြောလာခဲ့တယ် "ဖုလောင်ရှီး ခဏနေရင်လောင်ရှီးအလှည့်ရောက်ပါပြီ အသင့်ပြင်ပေးထားပါနော်"

ဖုကျင်းရှောင်း ခေါင်းညိတ်ပြပြီး အသံပြုလိုက်တယ်။

သူရှန်ရှင်းဆွေ့ကို ခေါင်းငုံ့ကြည့်လာပြီး ပြောလာခဲ့တယ် "ခဏနေစင်ပေါ်တက်ရင် စိတ်မလှုပ်ရှားနဲ့ မင်းမှာစင်ပေါ်ဖျော်ဖြေတဲ့အတွေ့အကြုံရှိပြီးသား ဒါကိုသာမန်ဖျော်ဖြေမှုတစ်ခုလို့သာသဘောထားလိုက် အမှားလုပ်မိတယ်ဆိုရင်တောင် ရပ်လိုက်လို့မရဘူးနော် နားလည်လား?"

ရှန်ရှင်းဆွေ့က အရမ်းနားလည်တတ်ပြီး ခေါင်းဖွဖွညိတ်ပြလိုက်တယ်။

ဖုကျင်းရှောင်းလည်း အဲဒီတော့မှ ကျေနပ်စွာနဲ့ စင်ပေါ်တက်သွားတော့တယ်။

သူစင်ပေါ်တက်လိုက်တာနဲ့ အထဲကနေထွက်ပေါ်လာတဲ့အသံတွေကို ရှန်ရှင်းဆွေ့စင်အနောက်ကနေ ကြားလိုက်ရတယ်။ နားကန်းလောက်စေနိုင်တဲ့ ပျော်ရွှင်အော်ဟစ်သံတွေ၊ အဆက်မပြတ်တဲ့လက်ခုပ်သံတွေက စင်နောက်ကနေကို ရှင်းရှင်းလင်းလင်းကြီးကြားနေရတယ်။ ဒါက နိုင်ငံ့ရုပ်ရှင်ဧကရာဇ်တစ်ယောက်ရဲ့ကျော်ကြားမှုပေါ့။

စင်ရှေ့ကနေ ဂီတသံပျံ့လွင့်လာခဲ့တယ်။ နွေဦးပွဲတော်ရဲ့စတိတ်စင်က အလွန်လှပတဲ့ကကွက်ကို ဖန်တီးနေခဲ့တယ်။

ရုပ်ရှင်ဧကရာဇ်ဖုရဲ့ ခပ်နိမ့်နိမ့်နဲ့ ကြော့ရှင်းတဲ့သီချင်းသံက ပျံ့လွင့်လာခဲ့တယ်။ သူက သူ့လိုမျိုးသီချင်းဆိုတဲ့နေရာမှာနာမည်ကြီးတဲ့ အမျိုးသမီးကြယ်ပွင့်တစ်ဦးနဲ့ တွဲဖက်သီဆိုတာဖြစ်တယ်။ သူတို့နှစ်ယောက်ရဲ့အသံက အလွန်ကြော့ရှင်း၊ နွေးထွေးလှပြီး နားထောင်နေရင်းနဲ့ ဂီတထဲနစ်မြုပ်သွားစေခဲ့တယ်။ သူသီချင်းဆိုလာတာ နှစ်တွေအကြာကြီးရှိနေခဲ့ပြီဖြစ်တယ်။ အခြေခံအုတ်မြစ်ခိုင်မာတာကြောင့် ပါးစပ်ဟလိုက်တာနဲ့ လူတွေအားလုံးရဲ့အာရုံစိုက်မှုကို မသိလိုက်ပါသာဆွဲဆောင်လိုက်နိုင်တယ်။ စတိတ်စင်အကျယ်ကြီးမှာမှ သူကမီးရောင်အောက် တစ်နေရာမှာရပ်နေခဲ့တယ်။ အားလုံးရဲ့အကြည့်တွေကလည်း သူတစ်ယောက်ကိုပဲ မြင်နိုင်တော့သလိုဖြစ်နေခဲ့တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now