Chapter - 85.2

9K 1.7K 176
                                    

Unicode

ကိုယ်မင်းကိုချစ်တာကြောင့်လေ
______________________________

ရှန်ရှင်းဆွေ့ စင်ပေါ်ကဆင်းလာတဲ့အချိန် ခြေထောက်တွေတောင် တုန်ယင်နေလေတယ်။ စင်ပေါ်မှာခွေးအိုကြီးလိုတည်ငြိမ်နေပေမဲ့ စိတ်ထဲမှာတော့ မြင်းတွေဖြတ်ပြေးနေသလို စိတ်လှုပ်ရှားနေတာဖြစ်တယ်။ သူလဲကျတော့မလိုဖြစ်သွားချိန်မှာ တစ်ယောက်က သူ့ကိုထိန်းကိုင်ပေးထာလေတယ်။ သူအသံတိုးနဲ့ပြောလိုက်တယ် "ကျေးဇူးပါ..."

ထိုသူကဘေးကနေ ရယ်သံလေးနဲ့ပြောလာတယ် "အားမနာပါနဲ့"

ရှန်ရှင်းဆွေ့မော့ကြည့်လိုက်တော့ ဖုကျင်းရှောင်းရဲ့မျက်နှာကို တွေ့လိုက်ရတယ်။ သူရှက်ရွံ့သွားပြီး မသိစိတ်ကနေ မျက်နှာကိုကာလိုက်မိတယ်။

ဖုကျင်းရှောင်းက "မင်းဘာတွေကာနေတာလဲ"

ရှန်ရှင်းဆွေ့ အလွန်ရှက်ရွံ့နေမိတယ် "ဒီအဝတ်အစား......"

"ရဲဘော်ရှောင်ရှန် မင်းကဒီလိုဝတ်ထားပြီး ကိုယ့်ကိုဒီလိုအမူအရာမျိုး ပြနေသေးတယ်ပေါ့" ဖုကျင်းရှောင်း မျက်ခုံးပင့်လိုက်မိကာ ဖြေးဖြေးပြောလိုက်တယ် "မသိတဲ့လူက ကိုယ်ကောင်မလေးတစ်ယောက်ကို စနေတယ်ထင်နေပါဦးမယ်"

ရှန်ရှင်းဆွေ့ရဲ့ မျက်နှာကပိုနီရဲသွားတော့တယ် "ကော ကျွန်တော့်ကိုမစပါနဲ့တော့"

ဖုကျင်းရှောင်းက တကယ်ပဲ စည်းမဲ့ကမ်းမဲ့အမူအရာတွေကို ရုတ်သိမ်းလိုက်လေတယ်။ သူဒီမှာရပ်နေတာကလည်း အကြောင်းအရင်းရှိလေတယ်။ သူ့ကြောင့်ပဲ ရှန်ရှင်းဆွေ့ကိုကြည့်နေကြတဲ့ စူးရဲပြီးအရိုင်းဆန်တဲ့မျက်ဝန်း တော်တော်များများကို တားဆီးလိုက်နိုင်တယ်။

ရှန်ရှင်းဆွေ့မျက်နှာပေါ်မှာ ပုဝါစလေးအုပ်ထားတယ်ဆိုပေမဲ့ အဲဒီကျက်သရေရှိတဲ့အငွေ့အသက်နဲ့ လှပတဲ့မျက်နှာကိုတော့ မဖုံးကွယ်နိုင်လေဘူး။ ဒါပေမဲ့ အဲဒါကို သူကိုယ်တိုင်ကတော့ သတိမထားမိခဲ့ဘူး။ သူက အနည်းငယ်အခက်တွေ့စွာနဲ့ ပြောလာတယ် "ကျွန်တော် ဒီလိုပုံစံနဲ့က အရမ်းများထူးဆန်းနေလား ကျွန်တော်မရဘူးလို့ပြောပေမဲ့ အားစန့်ကအတင်း......"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now