Chapter - 20

12.4K 2.1K 97
                                    

Unicode

ငါဂျန်ရှင်းဆွေ့ကိုပိုကြိုက်တယ်
­­­______________________________

ဂျန်ရှင်းဆွေ့ခေါင်းငုံ့ပြီး လက်နဲ့မျက်ရည်တွေ သုတ်နေတာမြင်တော့ ရွှီအန်းကျန်းက အိတ်ထဲကနေသန့်ရှင်းတဲ့ လက်ကိုင်ပဝါလေးကိုအလျင်အမြန်ထုတ်လိုက်ပြီးတော့ သူ့ကိုပေးလိုက်တယ် "ရော့ ဒါနဲ့သုတ်လိုက်"

သန့်ရှင်းတဲ့လက်ကိုင်ပဝါလေးမှာ ခပ်ဖျော့ဖျော့အမွှေးနံ့တစ်ခု စွဲကပ်နေဆဲပဲ။ နူးညံ့တဲ့အသွင်အပြင်နဲ့ ချည်ထိုးတစ်ခုလည်းရှိလေတယ်။ ကြည့်ရတာအရမ်းလှပလို့နေတယ်။ မျက်ရည်သုတ်ဖို့သုံးတာမဟုတ်မှန်း အလွန်သိသာလေတယ်။

ဂျန်ရှင်းဆွေ့က ညင်ညင်သာသာလေး ခေါင်းခါလိုက်တယ်။ သူ့အသံကအနည်းငယ်ရှိုက်သံစွက်ကာ အက်ကွဲလို့နေတယ် "မလိုပါဘူး ဖြုန်းတီးရာကျပါတယ်..."

"ဘယ်လိုလုပ်ဖြုန်းတီးရာကျမှာလဲ" ရွှီအန်းကျန်းက သူ့ရဲ့နာကျင်နေပေမဲ့ တင်းခံထားတဲ့မျက်ရည်တွေကိုကြည့်လိုက်တယ်။ ဒီလိုတောင်ဖြစ်နေပြီကို သူမအတွက်စဥ်းစားပေးနေတဲ့အချိန်မှာ သူမနှလုံးသားကိုအပ်နဲ့ထိုးခံရသလို ခံစားလိုက်ရတယ်။ သူမကဆန္ဒအလျောက်ထိုင်ချလိုက်ပြီး လက်ကိုင်ပဝါလေးကိုယူကာ ဂျန်ရှင်းဆွေ့ပါးပေါ်က မျက်ရည်တွေကို ညင်သာစွာသုတ်ပေးလိုက်တယ်။ သူမရဲ့လက်ကိုင်ပဝါစွန်းထင်းသွားမှာကို စိုးရိမ်တာမျိုးမရှိခဲ့ဘူး။

သူမအနားကပ်လာတော့ ပေါ့ပါးပြီးနွေးထွေးတဲ့ ကိုယ်သင်းနံ့က ဂျန်ရှင်းဆွေ့နှခေါင်းထဲ တိုးဝင်လာတော့တယ်။

အဲ့တာကစူးရှရှရေမွှေးနံ့လိုမျိုးမဟုတ်ဘဲ ခပ်ဖျော့ဖျော့ကိုယ်သင်းနံ့လေးဖြစ်တယ်။ တကယ်တော့ဒီအမျိုးသမီးက အရမ်းလှပတယ်။ ဒါပေမဲ့ဒီအချိန်မှာ ဂျန်ရှင်းဆွေ့ရဲ့စိတ်ထဲမှာတော့ ဘာခံစားချက်မှဖြစ်ပေါ်မလာခဲ့လေဘူး။ သူမကနူးညံ့သိမ်မွေ့တယ်ဆိုတဲ့ အတွေးလေးပဲရှိနေခဲ့တယ်။ သူမခန္ဓာကိုယ်ပေါ်ကရနံ့က သူ့ကိုစိတ်လုံခြုံသွားစေခဲ့တယ်။ သူကဖြူကောင်လေးလို သတိအပြည့်နဲ့ဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်ကိုတင်းကြပ်မှုတွေ လျှော့ချလိုက်တော့ပြီး တစ်ခဏလေးအတွင်းမျာပဲ ငြိမ်သက်သွားတော့တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီUnde poveștirile trăiesc. Descoperă acum