Chapter - 75

10K 1.9K 160
                                    

Unicode

ဖွင့်ပြောခြင်း
____________

ဖုကျင်းရှောင်း ဖွားဖွားရဲ့အမေးစကားကိုကြားတော့ ခပ်ဖွဖွရယ်လိုက်တယ်။ ရုပ်ရှင်ဧကရာဇ်အရှင်အတွက်ပြောရရင် ဒါကအနည်းငယ် စိတ်တိုစရာကောင်းလေတယ် "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဖွားဖွားက ဇဝေဇဝါနဲ့ပြောလာခဲ့တယ် "မြေးတကယ် သူများကို အနိုင်မကျင့်ခဲ့ဘူးလား?"

ဖုကျင်းရှောင်း အနည်းငယ်ကူရာမဲ့စွာနဲ့ ဖွားဖွားကိုကြည့်လိုက်တယ်။ မယုံကြည်နိုင်စွာနဲ့ မျက်ခုံးပင့်လိုက်ကာ ပြောလိုက်တယ် "အဖွားဒီလိုပြောတာ ကျွန်တော်ကကလေးကို အကြောင်းမရှိဘဲနဲ့ အနိုင်ကျင့်ပြီးဘာလုပ်ရမှာလဲ?"

"......"

ဖွားဖွားအတွေးထဲနစ်ပြောသွားပြီး တိတ်ဆိတ်သွားတော့တယ်။

သူမက မြေးလေးကိုအဲဒီဘက်ခြမ်းကနေ တမင်စဥ်းစားလိုက်တာမျိုးမဟုတ်ဘူး။ အဓိကက ဖုကျင်းရှောင်းရဲ့အောက်ဆုံးအခြေအနေက တစ်ခါတစ်လေမှာ သာမန်ပုံစံမျိုးနဲ့ မဖော်ပြနိုင်လို့ဖြစ်တယ်။

"ဘာဖြစ်လို့လဲ" ဖုကျင်းရှောင်းက အလွန်ဉာဏ်ကောင်းလေတယ်။ အထူးသဖြင့် မျက်နှာဖတ်တဲ့နေရာမှာဖြစ်တယ်။ "အဖွားစောနက သူနဲ့တွေ့ခဲ့လို့လား?"

ဖွားဖွားက သူ့ရဲ့ထိုးထွင်းသိမြင်နိုင်မှုကို အံ့အားသင့်သွားခဲ့ပြီး ဖွဖွပြောလာခဲ့တယ် "အခန်းပြင်ထွက်တဲ့အချိန်တွေ့လိုက်တာ အဲဒီကလေးက စားစရာတွေကိုင်ထားတယ် အဖွားတို့တွေ့မိတဲ့အချိန် အဖွားအရင်ကပေးလိုက်တဲ့တံဆိပ်တုံးကို သူကပြန်ပေးလာခဲ့တယ် ပြီးတော့သူယူထားဖို့ မသင့်တော်ဘူးထင်တယ်လို့လည်း ပြောခဲ့သေးတယ်"

ဖုကျင်းရှောင်း မျက်ခုံးပင့်လိုက်မိတယ်။

ရှန်ရှင်းဆွေ့ဆိုတဲ့ဒီကလေးက တစ်ခါတစ်လေမှာ အမှန်တကယ်ကိုအလွန်အကြူး နားလည်ပေးနိုင်လွန်းနေတယ်။

ဒါပေမဲ့ တံဆိပ်တုံးကိုပြန်ပေးတယ်ဆိုတဲ့ကိစ္စကိုကြားတော့ အနည်းငယ်ထူးဆန်းသွားမိတယ်။

ဖုကျင်းရှောင်း တစ်မျိုးပြောင်းတွေးလိုက်ပြီး ဖွားဖွားကိုပြောလိုက်တယ် "အဖွား ဘယ်တံဆိပ်တုံး သူ့ကိုပေးလိုက်တာလဲ?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now