Chapter - 47.1

14.7K 2.4K 226
                                    

Unicode

ကစားဖော်ကစားဖက်များ၏တွေ့ဆုံမှု
____________________________

ကျန်ရှင်းဆွေ့အနည်းငယ်တွေဝေသွားရတယ်။

ဒါပေမဲ့ ဖုကျင်းရှောင်းရဲ့လျှို့ဝှက်နေတဲ့အမူအရာကြောင့် သူလည်းအများကြီးမမေးနိုင်ဘူး။ သူကားပေါ်မှာထိုင်လိုက်ချိန် စာချုပ်ရပ်စဲတဲ့ကိစ္စတစ်ချို့ကို စဥ်းစားရင်းအတွေးလွန်နေမိတယ်။ ကားကလမ်းထောင့်ချိုးကွေ့လိုက်ချိန်မှာတော့ တစ်ဖက်ကလာတဲ့ကားက ရုတ်တရက်လမ်းကြောင်းပြောင်းလိုက်တဲ့အတွက် ကားဘရိတ်အုပ်လိုက်ရတယ်။ အဲ့တာကပဲကျန်ရှင်းဆွေ့ကို စိတ်နဲ့ကိုယ်ပြန်ကပ်သွားစေခဲ့ပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ရတော့တယ်။

ဘေးမှာထိုင်နေတဲ့ ဖုကျင်းရှောင်းက သူ့ကိုတစ်ချက်ကြည့်လာပြီး "ဘာတွေစဉ်းစားနေတာလဲ?"

ကျန်ရှင်းဆွေ့ ချက်ချင်းပဲလှည့်ကြည့်လိုက်တော့ ရုပ်ရှင်ဧကရာဇ်ဖုကလည်း သူ့ကိုကြည့်နေတာကိုတွေ့လိုက်ရတယ်။ အဲ့တာ‌ကြောင့် ပြန်ဖြေလိုက်ရင်း "ကျွန်တော်စဉ်းစားနေတာ... အေးဂျင့်ကုမ္ပဏီကကိစ္စကိုပါ"

"စာချုပ်ရပ်စဲလိုက်ပြီဆိုတော့ အကုန်လုံးကပြီးဆုံးသွားခဲ့ပြီလေ" ဖုကျင်းရှောင်းက သူ့‌ဘေးမှာထိုင်နေတယ်။ ဒီအမျိုးသားက စောနကအထိ လက်ထဲကဇာတ်ညွှန်းတွေနဲ့ စာရွက်စာတမ်းတွေကို ကြည့်နေတာဖြစ်တယ်။ အခုတော့ လက်ထဲက ပစ္စည်းတွေချလိုက်ပြီး သူ့ကိုကြည့်ကာပြောလာတယ် "အတိတ်ကဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ တကယ်လို့မင်းကသာအတိတ်ကနာကျင်မှုတွေထဲမှာပဲ ဆက်ရှင်သန်နေပြီး အရှေ့ကိုဆက်ကြည့်မနေဘူးဆိုရင် လက်ရှိအခြေအနေအတွက်လည်းမကောင်းဘူးလေ နားလည်လား?"

ကျန်ရှင်းဆွေ့နားလည်ပါတယ်။ သူနားလည်မှုလွဲသွားမှာစိုးကြောင့် ရှင်းပြလိုက်တယ် "ကျွန်တော်သိပါတယ် ကျွန်တော်စောနကစဥ်းစားနေတာက သူတို့နဲ့စာချုပ်ရ့ပ်စဲလိုက်ပြီဆိုမှတော့ ကျွန်တော်နောက်ပိုင်းဘာလုပ်ရမလဲလို့"

ဖုကျင်းရှောင်းက အလေးအနက်မေးလာခဲ့တယ် "မင်းအနုပညာလောကထဲကထွက်ချင်တာလား?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWo Geschichten leben. Entdecke jetzt