Chapter - 92

8.4K 1.5K 155
                                    

Unicode

ကိုယ်လိုက်နေတဲ့'သူ'
_______________

အန်းရန် ဓာတ်ပုံတွေဖြန့်လိုက်ပြီးနောက် အင်တာနက်သုံးစွဲသူ တော်တော်များများ ဖန်အဖြစ်ကနေ နုတ်ထွက်ကြတာ၊ ရှန်ရှင်းဆွေ့အကြောင်း ဆွေးနွေးနေကြတာမြင်တော့ အန်းရန်စိတ်ထဲမှာ တိတ်တဆိတ်ကျေနပ်နေမိတယ်။ သူ့အတွက်ပြောရရင် ရှန်ရှင်းဆွေ့ ကောင်းကောင်းမနေနိုင်လေ သူ့အတွက်စိတ်ချရလေပဲ။

တကယ်လို့......

တကယ်လို့ ရှန်ရှင်းဆွေ့ကြောင့်သာမဟုတ်ရင် သူဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေကို ရောက်လာပါလိမ့်မလဲ?

သူက နဂိုကတည်းက ကောင်းကင်ဘုံရဲ့ ဂုဏ်ယူစရာလို့ သတ်မှတ်ခံထားရသူလေ။ ဒီဘဝမှာ နာမည်ကြီးတစ်ယောက်ဖြစ်ပြီး လူသောင်းပေါင်းများစွာရဲ့ အချစ်ခံရသင့်တာ!

ဒါပေမဲ့ ရှန်ရှင်းဆွေ့က ပြိုင်ပွဲကိုမရမကဝင်ပြိုင်ပြီး သူ့နာမည်ကျော်မှုတွေကို လုယူသွားခဲ့တယ်။ သူလိုချင်တဲ့အရာမှန်သမျှ ရှန်ရှင်းဆွေ့က အပြိုင်လုယူနေခဲ့တယ်။ သူကြိုက်တဲ့ယောက်ျားကိုတောင်မှ ရှန်ရှင်းဆွေ့က လုယူခဲ့သေးတယ်!

အခု သူ့အိမ်ကလူတွေက သူ့ကိုမကြည်တော့ဘူး။ အနုပညာနယ်ပယ်ကတောင် သူ့ကိုဖယ်ထုတ်လာကြပြီ။

"ဓာတ်ပုံတွေ ရိုက်မိတဲ့အချိန်ကိုသာ စောင့်နေစမ်းပါ" အန်းရန် ကျန်းချီကို မက်ဆေ့ပို့လိုက်တယ် "မင်းနဲ့ ဆွေ့ဆွေ့ရဲ့ကိစ္စကို အားလုံးသိသွားကြပြီ အခုဆိုရင် သူ့ဂုဏ်ပုဒ်နဲ့မင်းနဲ့က ချည်နှောင်ပြီးသားဖြစ်သွားပြီ မင်းသူ့အပေါ် ပိုကောင်းပေးပြီး များများနှစ်သိမ့်ပေးလိုက်ရင် ဒီကိစ္စက လုံးဝအောင်မြင်နိုင်တယ်"

အဲဒီအချိန်ကျရင် ရှန်ရှင်းဆွေ့နဲ့ ဖုကျင်းရှောင်းလည်း လမ်းခွဲပြီးသားဖြစ်သွားမှာပဲ။

နောက်ဆုံးမှာ အမြတ်ရမဲ့သူက သူပဲမဟုတ်လား? နောက်ဆုံးတော့ ကျန်းချီက သူ့အတွက် ကိစ္စကောင်းတစ်ခု လုပ်ပေးခဲ့တယ်လို့ ပြောရမယ်။

အဲဒီဘက်က ကျန်းချီက ခပ်မြန်မြန်ပဲ စာပြန်လာခဲ့တယ် "ဘာကိစ္စမှတော့ မဖြစ်လောက်ဘူးမလား ရှန်မိသားစုက ငါ့ကိုများ ပြန်လက်စားချေမလားလို့?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now