Chapter - 38.1

11.7K 1.8K 79
                                    

Unicode

Debutနေရာ ထွက်ပေါ်လာခြင်း
____________________________

သူတို့ထွက်လာကြပြီးနောက် တောင်ဆက်တက်ကြတော့တယ်။

ကျန်ရှင်းဆွေ့တို့က အဆင့်သိပြီးကြပြီဖြစ်တယ်။ စောနကတောင်တက်တာကလည်း တော်တော်ပင်ပန်းရတယ်။ ကျန်နေတဲ့အပိုင်းကလည်းအတော်မတ်ပြီး တောင်တက်တာက တကယ်ပဲခန္ဓာကိုယ်အားသုံးရတဲ့ အလုပ်ဖြစ်တယ်။ အထူးသဖြင့်ညလယ်ကြီးမှာဆိုတော့ လူတွေကဗိုက်အရမ်းဆာနေကြပြီ။ တောင်တက်ရင်းတက်ရင်းနဲ့ အစာစားချင်လာတော့တယ်။

လမ်းဘေးဆိုင်လေးတစ်ခုကို ဖြတ်သွားချိန်မှာ 'ပန်ကိတ်လိပ်'ရောင်းနေတာတွေ့လိုက်ရတယ်။

[မုန့်ကိုအောက်မှာပုံလေးနဲ့ပြပေးမယ်နော် ဘယ်လိုခေါ်မှန်းမသိလို့အဆင်ပြေသလို ရေးလိုက်ပါတယ်]

ဗိုက်အရမ်းဆာနေတော့ ဒီဆိုင်ကိုကျော်မသွားနိုင်ကြဘူး။ ကျန်ရှင်းဆွေ့တခြားသူတွေကို မေးလိုက်တယ် "စားမလား?"

ရှန်ရှင်းချန်ကမြန်မြန်ပဲ ခေါင်းငြိမ့်လိုက်တယ် "စားမယ်!"

ဒါပေမဲ့ ပြဿနာတစ်ခုထပ်တွေ့လာရပြန်တယ်။ သူတို့တစ်ယောက်မှ ပိုက်ဆံပါမလာဘူး။

မုန့်ရောင်းတဲ့အန်တီကြီးက ဘေးကထိုင်ခုံပေါ်မှာထိုင်နေတယ်။ လူငယ်လေးတွေကို သနားနေတာမျိုးမရှိဘဲ အကြွေးဝယ်လို့ရမဲ့ပုံလည်း မပေါ်လေဘူး။

စူးရှတဲ့အကြည့်တွေနဲ့ ကျန်ရှင်းဆွေ့က မဝေးတဲ့နေရာက တဲလေးထဲမှာမုန့်စားနေတဲ့ တစ်ယောက်ကို သတိထားမိသွားတယ်။

နင်ဇယ်က "ဖုကောတို့ပဲ"

ရှန်ရှင်းချန်ကမျက်လုံးလေး တောက်ပသွားပြီး အပြေးသွားတော့တယ် "ဖုကော ထူရာလောင်ရှီး!"

နည်းပြတွေအကုန်လုံးက ကားစီးပြီးတက်လာကြပြီး အခုခဏနားတဲ့အချိန်မှာ မနက်စာစားနေကြတာြဖစ်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့လိုကျောင်းသားတွေကပဲ ပင်ပန်းလွန်းတဲ့အလုပ်ဖြစ်တဲ့ တောင်တက်ခြင်းကိုလုပ်နေရပြီး စီစဥ်သူတွေမကောင်းဘူးလို့ပဲ အော်နေနိုင်တာဖြစ်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now