Chapter - 24 (Part-2)

11.5K 2K 290
                                    

Unicode

ရုပ်ရှင်ဧကရာဇ်ရဲ့ အလွန်အကျွံကာကွယ်ပေးမှု
___________________________________________

"ကောင်းပြီ အခုအားလုံးရဲ့မိဘတွေလည်းရောက်လာပြီ" Hostဖြစ်တဲ့လီလောင်ရှီးက အရှေ့မှာစကားပြောနေတာဖြစ်တယ် "အခု မိဘနဲ့ကလေး အပြန်အလှန်တုံ့ပြန်တဲ့ ဂိမ်းတစ်ခုဆော့လိုက်ရအောင်"

မိဘမလာတဲ့ပြိုင်ပွဲဝင်တွေက သေချာပေါက်ဒီနေ့ရိုက်ကူးရေးမှာ ပါဝင်လို့ရမှာမဟုတ်လေဘူး။

ကျန်ရှင်းဆွေ့အစကတည်းက ဒီလိုဖြစ်လာမှာကို ခန့်မှန်းထားပြီးသားဖြစ်တယ်။ အဲ့တာကြောင့်ဒီအချိန်မှာ သူပိုပြီးပဲစိတ်ပျက်သွားသလား စိတ်သက်သာရာပဲရသွားသလားဆိုတာ ပြောဖို့ခက်နေလေတယ်။ သူထွက်သွားတော့မဲ့အချိန်မှာ ရိုက်ကူးရေးအဖွဲ့ရဲ့တားခြင်းခံလိုက်ရတယ်။

ဝန်ထမ်းလေးကပြောလာတယ် "ဒီနေ့ရိုက်ကူးရေးမှာမပါဝင်တဲ့သူတွေက စာကြည့်တိုက်ကိုသွားလို့ရပါတယ် ဒီနေ့မင်းတို့လွတ်လွတ်လပ်လပ်နဲ့ အဲ့ဒီ့မှာစာဖတ်ပြီး အေးချမ်းတဲ့နားရက်လေးကို ခံစားလို့ရပါတယ်"

ဒီမိဘမလာတဲ့ကလေးတွေကို သနားလို့လည်းဖြစ်နိုင်တာပေါ့။ ရိုက်ကူးရေးအဖွဲ့ကလည်း နောက်ဆုံးတော့လူတွေပဲလေ။

ကျန်ရှင်းဆွေ့လည်း သေချာပေါက်သွားလိုက်တာပေါ့။

စာကြည့်တိုက်မှာက အရမ်းတိတ်ဆိတ်လေတယ်။ ဒီကိုလာတဲ့ကျောင်းသားတွေက တော်တော်လေးနည်းတယ်။ ဆယ်ယောက်လောက်ပဲရှိတာ။ အကုန်လုံးကစိတ်အခြေအနေကောင်းနေပုံမပေါ်ဘူး။ အဲ့တာကြောင့် တစ်ယောက်မှလည်းစကားပြောချင်နေပုံမပေါ်ဘဲ အကုန်လုံးကကိုယ်လုပ်စရာရှိတာပဲ လုပ်နေကြတယ်။

နေ့လည်ခင်းရောက်တဲ့အချိန်မှာ သူစာအုပ်ဖတ်နေတုန်း အပြင်ဘက်ကနေ ဆူညံနေတဲ့အသံတွေကို ကြားလိုက်ရတယ်။

"တစ်ယောက်ယောက်လာတာထင်တယ်" ကျောင်းသားတစ်ယောက်က တခြားတစ်ဖက်ကစားပွဲပေါ်ကနေ စကားပြောလာတယ်။

ကျန်ရှင်းဆွေ့အပြင်ဘက်ကိုကြည့်လိုက်တော့ လူတစ်စုကအလောတကြီး လျှောက်လာတာကို တွေ့လိုက်ရတယ်။ တံခါးနားကိုရောက်လာတော့ ကြည့်ရတာပိုရှင်းလင်းသွားလေတယ်။ ဦးဆောင်လာတဲ့သူကအန်းရန်ဖြစ်တယ်။ သူ့လက်ထဲမှာခြင်းတစ်ခုကိုကိုင်ထားသေးတယ်။ အဲ့ခြင်းထဲကပစ္စည်းတွေက စားစရာတွေဖြစ်နိုင်တယ်။ သူကဒီနေ့ရိုက်ကူးရေးမရှိတဲ့ ကျောင်းသားတွေကို ခွဲဝေပေးနေတာဖြစ်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWo Geschichten leben. Entdecke jetzt