Chapter - 37

12.2K 2K 108
                                    

Unicode

နောက်ဆုံးအဆင့်ကြေငြာချက်
____________________________

နောက်တစ်နေ့

ဒုတိယပြိုင်ပွဲပြီးသွားတော့ ပုံမှန်ဆိုရင်ကျောင်းသားတွေ အနားယူချိန်ပဲ။ သန်းခေါင်ကျော်အချိန်လောက် အားလုံးနှစ်ခြိုက်စွာအိပ်နေကြချိန် အဆောက်အဦးတစ်ခုလုံးမှာ ခေါင်းလောင်းသံမြည်လာတော့တယ်။

အဆောင်တွေတော်တော်များများ အော်ဟစ်တဲ့အသံတွေထွက်ပေါ်လာတယ်။ ဘောင်းဘီအတိုလေးပဲဝတ်ထားပြီး ထွက်လာကြတဲ့သူတွေလည်းရှိသေးတယ် :

"ဘာဖြစ်တာလဲ?"

"မီးလောင်တာလား?"

"ခုမှဘယ်နာရီရှိသေးလို့လဲ ကယ်ကြပါဦး!"

ကုတင်ပေါ်မှာပဲစောင်ခြုံပြီး ဆက်အိပ်နေကြတဲ့သူတွေလည်းရှိတယ်။ နောက်တစ်စက္ကန့်လောက်နေတော့ ကော်ရစ်တာကနေ ကြေငြာသံတစ်ခုထွက်လာတယ် "ကျောင်းသားများအားလုံးသတိပြုပေးပါ နာရီဝက်အတွင်း ကိုယ်လက်သန့်စင်ပြီး ဟောထဲမှာစုဝေးပါမယ် အားလုံးရောက်နေရပါမယ်"

ကြေငြာသံကထပ်ခါထပ်ခါ ထုတ်လွှင့်နေတယ်။

အစပိုင်းမှာသတိမထားမိကြဘဲ ဆက်အိပ်နေကြတယ်။ ၅မိနစ်လည်းကြာပြီးရော ကြေငြာသံကနောက်တစ်ခေါက် ထပ်ထွက်လာတယ် "ကျောင်းသားများအားလုံးသတိပြုပေးပါ ၂၅မိနစ်အတွင်း ကိုယ်လက်သန့်စင်ပြီး ဟောထဲမှာစုဝေးပါမယ် အချိန်ကျလို့မရောက်သေးရင် ကိုယ့်ပါကိုယ်တာဝန်ယူရပါမယ်"

အချိန်စမှတ်နေပြီ။

ကျန်ရှင်းဆွေ့ကုတင်ပေါ်ကနေ အမြန်ထလိုက်တယ်။ ဘေးကနင်ဇယ်ကလည်းထလာပြီ။

နင်ဇယ်ကအင်္ကျီဝတ်ရင်း ပြောလာတယ် "ရှန်ရှင်းချန်ဆွဲပြီး စုဝေးကြတာပေါ့"

ကျန်ရှင်းဆွေ့အိပ်ချင်နေသေးပေမဲ့ အချိန်စရေတွက်နေတဲ့အချိန်ကစလို့ စိတ်ကြည်သွားလေပြီ။ သူခေါင်းငြိမ့်လိုက်ပြီး အမြန်နှုန်းနဲ့အင်္ကျီဝတ်လိုက်တယ်။ မတ်တပ်ရပ်ပြီး ရှန်ရှင်းချန်ကိုကြည့်ကာ သက်ပြင်းချလိုက်တယ် "ရှင်းချန် ထတော့"

သခင်လေးကမကြားသလိုနဲ့ တစ်ဖက်လှည့်ကာဆက်အိပ်နေတယ်။

ကျန်ရှင်းဆွေ့မတတ်နိုင်တော့ဘဲ ရေချိုးခန်းထဲသွားကာ ရေစိုတဘက်တစ်ထည်ယူလာပြီး ရှန်ရှင်းချန်မျက်နှာပေါ် ပုတ်လိုက်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now