Chapter - 25.1

11.8K 2K 174
                                    

Unicode

ရုပ်ရှင်ဧကရာဇ်ရိုက်ကူးရေးအဖွဲ့ကိုသွားရှာပြီ
_________________________________________

အခန်းထဲကလေဖိအားက ရေခဲမှတ်ရောက်တော့မလို အေးစက်နေတယ်။

လက်ထောက်လေးအထင် ရုပ်ရှင်ဧကရာဇ်ဖုကိုယ်ပေါ်က ဖိအားတွေကပြင်းလွန်းလို့ လူတစ်ယောက်ကိုတောင် ဖိသတ်လို့ရလောက်တယ်။ ပုံမှန်ရက်တွေမှာ ရုပ်ရှင်ဧကရာဇ်ဖုက အမြဲပြုံးနေတတ်ပေမဲ့ ဒေါသထွက်မနေလည်း လူကိုသတိထားနေစေတယ်။ ဒါပေမဲ့မထင်မှတ်ထားတာက စိတ်ဆိုးနေတဲ့ဖုကျင်းရှောင်း ကြောက်စရာကောင်းလိုက်တာမှ လွန်ရောပဲ။

လက်ထောက်လေးက တစ်ခုခုပြောဖို့သေချားစဥ်းစားနေတုန်းမှာပဲ ဖုကျင်းရှောင်းကtabletကိုချလိုက်ပြီးတော့ ပါးစပ်ဖွင့်ဟလာတယ် "မိန်စန့်ကိုဖုန်းခေါ်လိုက်"

သူ့မန်နေဂျာဖြစ်တယ်။

ပုံမှန်အားဖြင့် ရုပ်ရှင်ဧကရာဇ်ဖုရဲ့အလုပ်တွေက မန်နေဂျာနောက်ကနေလိုက်နေဖို့ မလိုတော့ဘူး။ နှစ်တွေအများကြီးကျင်လည်ခဲ့တော့ ရုပ်ရှင်ဧကရာဇ်ဖုမှာ အလုပ်အရည်အချင်းတွေ အများကြီးရှိတယ်။ အခြေခံအားဖြင့် အလုပ်ကိုလက်ထောက်နဲ့သွားရုံနဲ့တင်ကို ဘာပြဿနာမှမရှိနိုင်ဘူး။ အဲ့တာကြောင့်ရုပ်ရှင်ဧကရာဇ်ဖုက မန်နေဂျာကိုဆက်သွယ်ခဲတယ်။ ဒါမှမဟုတ် လုံးဝကိုမဆက်သွယ်ဖြစ်ဘူးလို့ ပြောရမလားပဲ။

ဝမ်မိန်စန့်ဖုန်းကိုင်လိုက်တော့ သူမကချက်ချင်းပဲပြောလာတယ် "ဟယ်လို ကျင်းရှောင်းလား ငါWeiboကြည့်ပြီးသွားပြီ"

ပရော်ဖက်ရှင်နယ်မန်နေဂျာတွေက အရမ်းကောင်းတဲ့ထိုးထွင်းသိနိုင်စွမ်းနဲ့ အကဲခတ်နိုင်စွမ်းရှိကြတယ်။ ခေတ်စားနေတဲ့ဟာတွေနဲ့ ကိုယ့်အနုပညာရှင်အပေါ် ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုလည်း ကြိုသိမြင်နိုင်ကြတယ်။

"အဲ့ဒီ့အစီအစဥ်ကလည်း တကယ်ပဲ အဲ့တာကသတ်သတ်မဲ့ ပစ်မှတ်ထားနေတာဆိုတာ ဒီလောကထဲကလူတွေအကုန်သိတယ်" ဝမ်မိန်စန့်ကသည်းမခံနိုင်တဲ့ပုံနဲ့ "ပြီးတော့ ဒီတစ်ခေါက်သူတို့editထားတာက တမင်သက်သက်အငြင်းပွားကြအောင် လုပ်ထားတာ ပြီးတော့ သူတို့ကဉာဏ်ကောင်းစွာပဲ ပိုကျော်ကြားတဲ့ပြိုင်ပွဲဝင်ကို ပစ်မှတ်ထားထားသေးတယ် ဒါကြီးကတော်တော်မောက်မာတာပဲ ဒါပေမဲ့အခုပုံစံကိုကြည့်ရတာ ကျန်အန်းရန်ကအဓိကဖြစ်လောက်တယ် သူ့နောက်ခံအင်အားကြီးပြီးတော့ အရမ်းသန်မာတာမျိုးဖြစ်နိုင်တယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now