Chapter - 58.1

11.4K 2K 48
                                    

Unicode

ရုပ်ရှင်ဧကရာဇ်ဖုက ကြိုးနီသွယ်ပေးဖို့(အောင်သွယ်ပေးဖို့)တောင်းဆိုလာတယ်
________________________________________________________________________

အမှန်တော့ရုပ်ရှင်ဧကရာဇ်ဖုရဲ့အသံက ကျယ်တယ်လို့ပြောလို့မရဘူး။ ဒါပေမဲ့နားကြပ်နဲ့ချိတ်ဆက်ထားတဲ့အပြင် အသံချဲ့စက်ရဲ့အကူအညီကြောင့် သူ့ရဲ့အသံကိုကြည်လင်ပြတ်သားစွာ ထုတ်လွှင့်ဖို့အတွက်လုံလောက်ခဲ့တယ်။

ကောင်မလေးက အံ့အားသင့်ကာမျက်လုံးတွေပြူးကျယ်နေပြီး live roomထဲကသူတွေကတော့ ရူးသွပ်မတတ်ဖြစ်နေကြတယ်။

ရုပ်ရှင်ဧကရာဇ်ဖုက တစ်လျှောက်လုံး ကောလာဟလမထွက်ခဲ့ဖူးဘူး။ ပြီးတော့ ပွဲဦးထွက်ခဲ့တဲ့အဲဒီနှစ်ကစလို့ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှလည်း CPမရှိခဲ့ဖူးဘူး။ တစ်ခါတစ်ရံမှာ မီဒီယာတွေရဲ့သံသယဝင်ခြင်းခံရပေမဲ့ မြန်မြန်ဆန်ဆန်ရှင်းလင်းသွားခဲ့တာချည်းပဲ။ တစ်ခါတစ်လေ မာကတ်တင်းအတွက် အရမ်းမြန်မြန်ကြီးမရှင်းလင်းလိုက်ပေမဲ့ မီဒီယာတွေအင်တာဗျူးလာတဲ့အခါ ရုပ်ရှင်ဧကရာဇ်ဖုက အမြဲတမ်းသေချာတိကျတဲ့အဖြေကိုပဲပြန်ပေးခဲ့တယ် "သူငယ်ချင်းပါပဲ"

သူကအမြဲတမ်းရှင်းလင်းတဲ့သူဖြစ်ပြီး နားလည်နိုင်တဲ့သူတစ်ယောက်လည်းဖြစ်တယ်။

အဲဒါကြောင့် သူကရည်ရွယ်ထားတဲ့သူရှိနေပြီလို့ပြောခဲ့တယ်ဆိုရင် သေချာပေါက်ရှိနေလို့ပဲ။ ဘာလို့ဆိုဖုကျင်းရှောင်းက မလိမ်ညာတတ်သလို ရိုက်ကူးရေးအဖွဲ့ရဲ့ကျော်ကြားမှုအတွက်နဲ့ အဲ့လိုခေါင်းရှုပ်စေမဲ့အရာတွေကို လုပ်မှာမဟုတ်လို့ပဲ။ ဒါပေမဲ့အဲဒီအကြောင်းအရင်းတွေကြောင့်လည်း ဖန်တွေကပိုပြီးစိတ်လှုပ်ရှားနေကြရတာဖြစ်တယ် :

"ငါဂရုမစိုက်ဘူး ဒါကသေချာပေါက်လျှောက်ပြောနေတာပဲဖြစ်ရမယ်"

"ဘယ်သူဖြစ်မှာလဲ ပါပါရာဇီတွေတောင် သတင်းသေးသေးလေးမှမရကြဘူးလေ"

"သူသေချာပေါက် သူ့လူကိုကောင်းကောင်းကာကွယ်ထားမှာပေါ့"

"ကောင်မလေးကိုလက်လျှော့သွားအောင် ဒီလိုပြောလိုက်တာပဲဖြစ်ရမယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now