Chapter - 85.1

9.1K 1.5K 79
                                    

Unicode

ကိုယ်မင်းကိုချစ်တာကြောင့်လေ
______________________________

ဖုကျင်းရှောင်း အထုတ်ခံလိုက်ရပါတယ်ဆိုတဲ့ ကြေညာသံက တောထဲမှာထွက်ပေါ်လာခဲ့တယ်။ တောအပြင်မှာ စောင့်နေကြတဲ့ ဧည့်သည်တွေလည်း မအံ့သြတဲ့သူ တစ်ယောက်မှမရှိလေဘူး။ သူတို့အားလုံးရဲ့မျက်နှာပေါ်မှာ ကမ္ဘာကြီးပျက်စီးသွားတာကိုတွေ့လိုက်ရလို့ အံ့အားသင့်သွားတဲ့ အမူအရာမျိုးနဲ့ဖြစ်တယ်။

[ဖုကျင်းရှောင်းရှုံးသွားတယ်]

သူရှုံးသွားတယ်ပေါ့။

မဟုတ်လောက်ပါဘူး။ မဟုတ်မှ သူတို့ဒီအစီအစဥ်မှာ ဇာတ်ညွှန်းရှိနေတာများလား?

ဒီခန့်မှန်းချက်အပြင် တခြားဖြစ်နိုင်ချေတစ်မျိုးကို လူတော်တော်များများက ဘယ်လိုမှမစဥ်းစားတတ်တော့ဘူး။ အကုန်လုံးက သနားစရာကောင်းပြီး အပြစ်မရှိတဲ့ ဒါရိုက်တာကို ကြည့်လိုက်မိကြတယ်။ ဒါရိုက်တာကပဲ ပုခုံးတွန့်ကာ ပြန်ဖြေလာတယ် "ကျွန်တော်တို့ ဧည့်သည်တွေရဲ့လွတ်လပ်မှုကို ဝင်မစွက်ဖက်ထားပါဘူး"

ဒါကလည်း အနုပညာရှင်တွေ StarLightကို လက်ခံရိုက်ကူးလိုတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်တယ်။

StarLightမှာ ဇာတ်ညွှန်းမရှိဘူးဆိုတာက အများအသိဖြစ်တယ်။ မြင့်မားတဲ့လွတ်လပ်ခွင့်က ဧည့်သည်တွေကို ပျော်ပျော်ရွှင်ရွှင် ကစားနိုင်စေတယ်။

Live roomထဲက ပရိသတ်တွေကတော့ အော်ဟစ်နေကြလေပြီ :

"သူအရှုံးပေးလိုက်တာပဲ"

"သူ့ပါသူအရှုံးပေးလိုက်တာ"

"စောနကတုန်းကတော့ ဇာတ်ညွှန်းအဖွဲ့က တမင်လုပ်တာဆိုပြီး ငါ့ကိုယ်ငါနှစ်သိမ့်လို့ရသေးတယ်။ ဒါပေမဲ့ ဘာလို့လဲ......"

"ဖုကျင်းရှောင်းလို ပြိုင်ဆိုင်စိတ်များပြီး မာနကြီးတဲ့လူမျိုးက လူတစ်ယောက်ကို စိတ်လိုလက်ရ ခေါင်းငုံ့လိုက်သတဲ့လား"

"ငါ့တစ်အိမ်သားလုံးကို ထိတ်လန့်သွားစေတာပဲ"

ဒါကတကယ့်ကို သမိုင်းအသစ်ရေးလိုက်တာပဲ။ ပရိသတ်တွေကတော့ မိုးခြိမ်းသံငါးချက်လောက် ဆက်တိုက်ကြားလိုက်ရသလို ခံစားနေရတော့တယ်။ တစ်ချိန်တည်းမှာပဲ Weiboက ရှာဖွေမှုစာရင်းကလည်း အချိန်နဲ့တပြေးညီ မြင့်တက်လာခဲ့တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now