Chapter - 63.2

10.5K 1.9K 241
                                    

Unicode

အန်းရန်ရဲ့ခွန်အားက အဖွဲ့သားတွေနဲ့ကိုက်ညီတယ်
_____________________________________________
အားလုံးဆွေးနွေးနေကြတဲ့အချိန်မှာပဲ အန်းရန်ပို့စ်အသစ်တင်လာတာကို တစ်ယောက်ကသတိပြုမိသွားခဲ့တယ်။ သူကWeiboမှာ အဖွဲ့လိုက်ဓာတ်ပုံတစ်ခုတင်ထားတာဖြစ်တယ်။ ညလယ်ခေါင်အချိန်ဖြစ်ပြီး အနောက်ကကျန်ကျစ်နဲ့ဖြစ်တယ်။ အဲဒီသူကမိုးလင်းချိန်လောက်ထိ စားပွဲပေါ်ခေါင်းငုံ့နေပြီး ဂီတာကိုပိုက်ကာသီချင်းရေးနေခဲ့တယ်။ ဘေးပတ်လည်မှာလည်း အသုံးမလိုတော့တဲ့စာမူတွေအများကြီးရှိနေခဲ့တယ်။

အန်းရန်ကစာနဲ့တွဲတင်ထားတာဖြစ်တယ် : ကောကောတစ်လျှောက်လုံးအရမ်းကြိုးစားနေခဲ့တာ။

ဒီပို့စ်က ရှန်ရှင်းဆွေ့ကိုတိတ်တဆိတ် ပြန်တိုက်ခိုက်လိုက်တာဖြစ်ပြီး ကျန်ကျစ်ရဲ့သဘောထားနဲ့ သူတစ်လျှောက်လုံး ဖန်တီးမှုတွေကြောင့်ပင်ပန်းခဲ့ရတာတွေကိုပါ လူအများကိုပြသလိုက်တာဖြစ်တယ်။ ဒါကြောင့်လည်း အကောင်းမြင်ခံရတဲ့မှတ်ချက်တွေ အများကြီးရရှိခဲ့လေတယ် :

"ကျစ်ကောကောက တစ်လျှောက်လုံးကြိုးစားနေခဲ့တာ သူ့ကိုယုံတယ်!"

"ရန်ရန်နဲ့ကောကောရဲ့ဆက်ဆံရေးက တကယ်ကောင်းတာပဲ"

"ရှန်ရှင်းဆွေ့လို ပလတ်စတစ်ညီအစ်ကိုမဟုတ်ဘူး အခုဆိုသူကကောကောကိုတောင် အသုံးချနေပြန်ပြီ"

"ကျန်မိသားစုက သူ့ကိုကြီးပြင်းလာအောင် ကျွေးမွေးခဲ့ရတာကို အခုဒီကျေးဇူးတွေကိုအကုန်မေ့သွားတော့တာပဲ အခုလည်းကောကောကို မဟုတ်မမှန်စွပ်စွဲပြန်ပြီ ငါလက်မြှောက်ပါတယ် မျက်ဖြူဝံပုလွေကောင်"

အင်တာနက်သုံးစွဲသူတွေကလည်း အန်းရန်ရဲ့ဦးဆောင်မှုကြောင့် ထပ်ပြီးရှေ့ထွက်ရပ်တည်လာကြပြန်တယ်။

ညဥ့်နက်နေပြီဖြစ်ပေမဲ့ Weiboမှာတော့ စည်ကားနေဆဲပဲဖြစ်တယ်။ လိုင်းပေါ်မှာအန်းရန်နဲ့ပတ်သက်တဲ့ ပို့စ်မှာဆူညံနေတဲ့အချိန်မှာပဲ အားလုံးကိုအံ့အားသင့်သွားစေတာက ဆယ်မိနစ်ကြာပြီးနောက်မှာ ရှန်ရှင်းချန်လည်းပို့စ်တစ်ခုတင်လာခဲ့တာပဲ။ ဒီပို့စ်ကအတော်လေးဆွဲဆောင်အားရှိတယ်လို့ ပြောလို့ရတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now