Extra 1

5K 955 27
                                    

Unicode

စတိတ်စင်ပေါ်မှအနမ်း
_____________________

ရှန်ရှင်းဆွေ့နဲ့ ဖုကျင်းရှောင်းတို့ရဲ့ လက်ထပ်ခွင့်တောင်းတဲ့ပွဲက တစ်ချိန်လုံး ငြိမ်သက်နေခဲ့တဲ့ အနုပညာလောကကို လှုပ်ခတ်သွားစေခဲ့တယ်။

ဖရဲသီးစားသူအများစု အံ့အားသင့်သွားခဲ့ကြသလို live roomတော်တော်များများက ပရိသတ်တွေကတောင် ဒီပြောင်းပြန်လှန်သွားစေတဲ့ level2အဆင့် လက်ထပ်ခွင့်တောင်းမှုကြောင့် ဒူးထောက်ဂါရဝပြုချင်သွားကြတယ်။ အဲဒီနေ့က live roomထဲမှာ ရှိနေတဲ့သူအားလုံးရဲ့ အရေအတွက်က မပြည့်စုံတဲ့စာရင်းဇယားထဲမှာတောင် 800 millionလောက်ရှိလေတယ်။

Live roomထဲက ပရိသတ်တွေ တော်တော်များများကတောင် ဒီလိုပြောလာကြတယ် :

"အကျိုးအမြတ်များလိုက်တာ"

"ဒီအချစ်ရေးပွဲမှာ ငါတောင်ခံစားမိသွားရတယ်"

"ဝူးဝူး StarLightရဲ့ ဖန်ဟောင်း တစ်ယောက်အနေနဲ့ တစ်ချိန်လုံး ကြည့်လာခဲ့တာဆိုတော့ တကယ်တော့ အားလုံးရဲ့ခံစားချက်တွေကို အရမ်းသိချင်တာပဲ"

"တကယ်ခံစားမိတယ် ဆွေ့ဆွေ့talent showမှာ ကတည်းကနေစပြီး သူကြီးပြင်းလာတာကို ကြည့်နေခဲ့ရတာ၊ သူ့အတွက်မဲပေးတယ်၊ သူ့ကိုထောက်ပံ့ပေးတယ်၊ သူရေးထားတဲ့ ပထမဆုံးသီချင်းကို နားထောင်တယ်၊ သူရည်းစားထားတာကို သိလိုက်ရပြီး၊ သူ့ရဲ့လက်ထပ်ခွင့်တောင်းပွဲကို ကြည့်လိုက်ရတယ်၊ ငါက ဘာနာမည်မှမရှိတဲ့ လမ်းသွားလမ်းလာတစ်ယောက်တင်ဆိုပေမဲ့ ငါအခု မျက်လုံးတွေနီရဲပြီး မျက်ရည်တွေကျနေမိပြီ"

"ငါရောပဲ... ငါရောပဲ ဝူးဝူး......"

တစ်ချိန်တည်းမှာပဲ ဖုကျင်းရှောင်း ပေးအပ်လာတဲ့ တောက်ပတဲ့ နွေးထွေးတဲ့ အချစ်ကြောင့် စိတ်လှုပ်ရှားမိသွားကြတယ်။

လူတော်တော်များများက အကောင်းမြင်စိတ်မရှိကြသေးတာကြောင့် သူတို့နှစ်ယောက်က အနှေးနဲ့အမြန် လမ်းခွဲလိုက်ကြမှာပဲလို့ ထင်တဲ့သူတွေလည်း ဒီနေ့အထိ ရှိကြသေးတယ်။ ဒါပေမဲ့ ကာယကံရှင် အနေနဲ့ပြောရရင်၊ ဒါပေမဲ့ ဖုကျင်းရှောင်းအတွက်တော့၊ သူရဲ့အချစ်က တစ်ခဏတာမဟုတ်ဘူးဆိုတာကို၊ ပါးစပ်ကနေ ပြောရုံတင်မဟုတ်ဘူးဆိုတာကို လက်တွေ့အပြုအမူတွေနဲ့ပဲ ရှန်ရှင်းဆွေ့ကို၊ လူအားလုံးကို အမြဲတမ်း သက်သေပြသွားမှာဖြစ်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now