Chapter - 95

8.2K 1.4K 69
                                    

Unicode

လစာ3ထောင်နဲ့ရုပ်ရှင်
____________________

ဒီလိုအဓိပ္ပာယ်ရှိတဲ့ ခေါင်းစဥ်တစ်ခုကို ရှန်ရှင်းချန်ဆီကနေ အင်တာဗျူးနိုင်လိမ့်မယ်လို့ သတင်းထောက်တွေ မထင်ထားမိဘူး။ လူတွေအားလုံး စိတ်လှုပ်ရှားနေကြလွန်းလို့ မျက်လုံးတစ်စုံကနေ အလင်းတွေတောင်ထွက်လာတော့မတတ်ပဲ။

ဒါပေမဲ့ 'မင်းတို့ငါကို့တွန်းအားမပေးနဲ့ မင်းတို့ရှေ့မှာတင် ငါသေပြလိုက်မှာနော်' ဆိုတဲ့ ရှန်ရှင်းချန်ရဲ့အမူအရာကြောင့် သတင်းထောက်တွေလည်း ထပ်ပြီးမေးလို့မကောင်းလေဘူး။

ဒီအပိုင်းက သေချာပေါက် အဖြတ်ချမခံရဘူးပေါ့။ အပြန်အလှန်အနေတဲ့ စကားတစ်လုံးတောင်မလွဲဘဲ ထုတ်လွှင့်လိုက်ကြတယ်။ တစ်ခဏလေးအတွင်းမှာတင် လူအများရဲ့အာရုံစိုက်ခြင်းခံလိုက်ရပြီး အားလုံးရဲ့ဆွေးနွေးမှုခေါင်းစဥ်ကလည်း ဦးတည်ရာရှိလာခဲ့တယ် :

"အန်းရန်လို မကောင်းတဲ့အနုပညာရှင်မျိုးက အပိတ်မခံရဘူးပေါ့?"

"အဖွဲ့ထဲကထွက်သွား"

"အဖွဲ့ထဲမှာနေဖို့ သူ့မှာအခွင့်အရေးရှိလို့လဲ?"

"တကယ်တော့ အပိတ်ခံလိုက်ရပြီရယ် သူတို့အဖွဲ့ရဲ့variety showတွေနဲ့ ထုတ်လုပ်မှုတွေအပါအဝင် အန်းရန်နဲ့ပတ်သက်တာမှန်သမျှ ဆင်ဆာဖြတ်ခံလိုက်ရတာ ဒါမှမဟုတ် ဖယ်ရှားခံလိုက်ရတာချည်းပဲ"

လူတော်တော်များများက ဖြည်းဖြည်းချင်းသတိထားမိလာကြတယ်။ ပြီးခဲ့တဲ့နှစ် ဒီနေ့မှာတုန်းက 'Starlight'စတင်တဲ့အချိန်ဖြစ်တယ်။ အဲဒီအချိန်မှာတုန်းက အန်းရန်နဲ့ ရှန်ရှင်းဆွေ့က မိုးကောင်းကင်ကတိမ်နဲ့ မြေကြီးပေါ်ကရွှံ့လိုပဲ ကွာခြားလှတယ်။ ဒါပေမဲ့ အချိန်တွေပြောင်းလဲလာပြီးနောက် အန်းရန်က လူတိုင်းရဲ့ဆဲဆိုခြင်းခံနေရပြီး ရှန်ရှင်းဆွေ့ရဲ့တိုးတက်မှုကတော့ ပိုပိုကောင်းလာလေတယ်။

ကျန်းကျစ်ကတော့ ပိုလို့တိတ်ဆိတ်နေတယ်။

ဘာလို့လဲဆိုတော့ ဆေးခပ်တဲ့ကိစ္စက ကောလာဟလတွေ အများအပြားပျံ့နှံ့နေပြီး ရဲတွေကတောင် သူ့ကို စုံစမ်းစစ်ဆေးခဲ့ကြတာကြောင့် ဖြစ်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now