Chapter - 46.2

16K 2.4K 324
                                    

Unicode

ဖုကျင်းရှောင်းက စာချုပ်ရပ်စဲရန်ကူညီခြင်း
_______________________________________

နေ့လယ်

ကျန်ရှင်းဆွေ့ဖုန်းတစ်ကော လက်ခံရရှိပြီးတဲ့နောက်မှာ အောက်ထပ်ဆင်းသွားလိုက်တော့တယ်။ တစ်ဖက်က ဖုကျင်းရှောင်းရဲ့မန်နေဂျာဖြစ်ပြီး ကားကအခု ရှန်အိမ်တော်တံခါးဝဆီ ရောက်နေလေပြီ။ စာချုပ်ကိစ္စနဲ့ပတ်သတ်ပြီး ကျန်ရှင်းဆွေ့နဲ့ဆွေးနွေးချင်တာကြောင့်ဖြစ်တယ်။

ကျန်ရှင်းဆွေ့ဖုန်းလက်ခံရရှိချိန်မှာ အလွန်အံ့အားသင့်သွားရပြီး "ကျဲက အမျိုးသမီးဝမ်?"

ဝမ်မိန်စန့်ပြုံးလိုက်ပြီ "ဘယ်လိုလဲ အရမ်းအံ့သြဖို့ကောင်းသွားတာလား?"

"ကျွန်တော်နည်းနည်းမထင်ထားမိတာပါ" ကျန်ရှင်းဆွေ့ အောက်ထပ်ဆင်းလာရင်း လေးလေးစားစားနဲ့ပြောလာတယ် "ကျွန်တော်အရင်ကတည်းက ဒီနယ်ပယ်ထဲမှာကျဲရဲ့နာမည်ကို ကြားဖူးထားတာ နာမည်ကြီးရွှေအဆင့်အေးဂျင့်လေ ဒီနေ့တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး"

ဝမ်မိန်စန့် တစ်ခါမှမတွေ့ရသေးတဲ့ ဒီကလေးအပေါ် ခံစားချက်ကောင်းတွေတိုးပွားလာရတော့တယ်။ သူမပြုံးလိုက်ရင်း "ကျဲလည်းမင်းနဲ့တွေ့ရတာပျော်ပါတယ် မြန်မြန်ဆင်းလာခဲ့တော့ ကျဲအပြင်မှာစောင့်နေမယ်"

ကျန်ရှင်းဆွေ့ "ဟုတ်"

ဝမ်မိန်စန့်ဖုန်းချလိုက်ပြီးနောက်မှ အနည်းငယ်ရှုပ်ထွေးနေမိတယ်။

တကယ်တမ်း လုပ်ထုံးအတိုင်းပြောရရင် စာချုပ်ရပ်စဲတဲ့ကိစ္စလောက်အတွက်နဲ့ သူမ,မလုပ်ရသင့်ဘူး။ ဒီဖုန်းတစ်ကောကဖုကျင်းရှောင်းကို အကူညီပေးခိုင်းတာဆိုပေမဲ့လည်း သူမ,လာလုပ်ပေးဖို့အထိမလိုအပ်ဘူး။ ဝမ်မိန်စန့် လုပ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ကို ဒီကိစ္စဖြေရှင်းဖို့ စီစဥ်ပေးလိုက်လို့ရတယ်။ ဒါပေမဲ့ထူးဆန်းတာက ဘာကိစ္စကိုမှဂရုမစိုက်တဲ့ ဖုကျင်းရှောင်းက သူမစီစဥ်နေတုန်းမှာပဲ အမိန့်ချလာခဲ့တယ် "ဒီကိစ္စကိုမင်းကိုယ်တိုင်သွားလုပ်လိုက်"

ဝမ်မိန်စန့် အဲ့တုန်းကအံ့အားသင့်သွားခဲ့ရတယ်။

သူမကိုအံ့အားအသင့်စေဆုံးကတော့ နေ့လယ်တုန်းက လေယာဥ်ပေါ်ကဆင်းပြီး အနားယူနေသင့်တဲ့ဖုကျင်းရှောင်းက သူမကကျန်ရှင်းဆွေ့ကို သွားကြိုမှာဆိုတာပြောလိုက်တော့ အတူလိုက်လာခဲ့တယ်။ သူမကိုတောင်စိတ်မချနိုင်လို့ ကိုယ်တိုင်လိုက်ကြည့်တယ်ဆိုတာ သိသာလွန်းတယ်။ အဲဒီကာကွယ်နေတဲ့ပုံစံက ကျန်ရှင်းဆွေ့ကိုတစ်ယောက်ယောက်က အနိုင်ကျင့်မှာကို ကြောက်နေတဲ့အတိုင်းပဲ။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now