Chapter - 44.2

14.4K 2.4K 255
                                    

Unicode

သွေးသားတော်စပ်မှုအသိအမှတ်ပြုခြင်း
_____________________________________

ဆေးရုံမှာ

ကျန်ရှင်းဆွေ့နဲ့ အမျိုးသမီးကျန်းရဲ့ သွေးယူလိုက်ကာ သွေးသားတော်စပ်မှုစစ်လိုက်ကြတယ်။

ရဲသားကသူ့ကိုပြောလာလေတယ် "ရလဒ်ကတစ်ပတ်လောက်ဆို ထွက်လာပါပြီ ဒီတစ်ပတ်အတွင်းမှာတော့ ကိုယ်တို့လည်း အဲ့နှစ်ကကိစ္စကိုစုံစမ်းကြမှာပါ မင်းရဲ့မိဘအရင်းတွေကို ရှာတွေ့ဖို့ ကူညီပေးပါ့မယ်"

ကျန်ရှင်းဆွေ့ သွေးယူတဲ့အခန်းထဲကနေထွက်လာပြီး ဒီစကားကိုကြားတော့ စိတ်မချနေတာတွေ တဖြည်းဖြည်းနဲ့ငြိမ်သက်လာတော့တယ်။

"တကယ်လား?" ကျန်ရှင်းဆွေ့အရမ်းကြီး ပျော်ရွှင်မသွားရဲဘူး။ ဒါကအိမ်မက်တစ်ခုဖြစ်နေမှာ ကြောက်နေမိတယ် "ဖြစ်ခဲ့တာ ဒီလောက်တောင်ကြာနေပြီကို ကျွန်တော့မိဘအရင်းတွေကို ပြန်ရှာတွေ့နိုင်ပါဦးမလား?"

ရဲသားကလည်း ပြန်ဖြေလိုက်တယ် "သေချာတာပေါ့ ခက်ခဲမှုတော့ အနည်းငယ်ရှိတာပေါ့ အရင်အနှစ်၂၀က CCTVမှတ်တမ်းတွေကို ရှာမတွေ့တော့တာကြောင့် ဖိုင်တွေကိုပြန်ယူကြည့်ဖို့ပဲ ရှိတော့တယ် သူတို့ကနှလုံးရပ်သွားတဲ့ကလေးကို အစားထိုးလိုက်တာဆိုတော့ နယ်ပယ်ကတော့ ကျဥ်းသွားပါပြီ ကိုယ်တို့မြန်မြန်လေး စုံစမ်းစစ်ဆေးပေးမှာပါ"

ဘာလို့မှန်းမသိ ဒါကိုကြားလိုက်ရချိန် ကျန်ရှင်းဆွေ့စိတ်ထဲ အမည်မသိတဲ့ခံစားချက်တစ်ခု ဖြတ်သန်းသွားရတယ်။ အဲ့တာက ဒီပုံပြင်ကိုအရင်က တစ်နေရာရာမှာ ကြားခဲ့ဖူးသလိုမျိုးပဲ။ ဒါပေမဲ့သူခေါင်းပဲ ညိတ်ပြလိုက်တယ် "ဟုတ်ကဲ့ ကျေးဇူးပါ ကျွန်တော်သိပါပြီ"

အမျိုးသမီးကျန်းက စိတ်အလှုပ်ရှားလွန်သွားတာကြောင့် လမ်းမှာတင်မေ့လဲသွားရတယ်။ သူတို့လင်မယားနှစ်ယောက်လုံး အခုထိမနိုးကြသေးဘူး။ သူတို့နှစ်ယောက်လုံးက တရားခံတွေဖြစ်တာကြောင့် ရဲတွေကလူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားလေတယ် "အားမနာပါနဲ့ ဒါပေမဲ့အခုမင်းမှာ သူတို့ကိုဂရုစိုက်ပေးရမဲ့ တာဝန်မရှိတော့ဘူး စစ်ဆေးမှုလုပ်ပြီးသွားပြီဆိုတော့ ပြန်သွားလို့ရပြီနော် ကိုယ်တို့အသိပေးစာကိုစောင့်နေရင်ရပြီ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီМесто, где живут истории. Откройте их для себя