Chapter - 24 (Part-1)

12.2K 2K 119
                                    

Unicode

ရုပ်ရှင်ဧကရာဇ်ရဲ့ အလွန်အကျွံကာကွယ်ပေးမှု
__________________________________________

ကျန်ရှင်းဆွေ့အဲ့စကားကို ပြောလိုက်တဲ့အချိန်မှာပဲ ဖုန်းတစ်ဖက်ကလူနှစ်ယောက်ရဲ့ အသံတွေက အကြောင်းအရာတစ်ခုကြောင့် တိတ်ဆိတ်သွားတော့တယ်။ အဲ့လိုသံသယဖြစ်စရာ တိတ်ဆိတ်သွားမှုက ကျန်ရှင်းဆွေ့ရဲ့နှလုံးသားလေးကို ပိုလို့တောင်အမှောင်တစ်ထပ် ဖုံးသွားစေတော့တယ်။ သူ့နှလုံးသားလေးက တင်းကျပ်သွားပြီးတော့ သူ့အသက်ရှူသံတွေဟာလည်း နှေးကွေးလာတော့တယ်။

သူသံသယဖြစ်နေတုန်း ကျန်းအမေက သူ့ယောက်ျားကိုကယ်တင်ဖို့ အလောတကြီးပြောတာကို ကြားလိုက်ရတယ် "ဟားဟားဟား အထင်မလွဲပါနဲ့ အမေAသွေး မင်းအဖေကBသွေးပါ"

ကျန်ရှင်းဆွေ့ အနည်းငယ်သံသယဖြစ်စွာနဲ့ မျက်တောင်ခတ်လိုက်ပေမဲ့ သူကခေါင်းငြိမ့်လိုက်တုန်းပဲ "လတ်စသတ်တော့ အဲ့လိုကိုး"

ပါးစပ်ကနေ အဲ့လိုပြောလိုက်ပေမဲ့ သူ့စိတ်ထဲမှာတော့ သံသယစိတ်လေးဖြစ်ထွန်းနေဆဲပဲဖြစ်တယ်။ ဘာလို့လဲဆိုတော့ အန်းရန်ဖြည့်ပေးလိုက်တဲ့ ဖောင်ထဲမှာကျန်းစုံတွဲနှစ်ယောက်လုံးကို Aသွေးချည်းပဲဖြည့်ထားတာကြောင့်ဖြစ်တယ်။ အဲ့တော့ အန်းရန်နဲ့ကျန်းစုံတွဲကြားမှာ တစ်ယောက်ယောက်ကတော့ လိမ်ပြောနေတာဖြစ်ရမယ်။ ဒီမှာဖုန်းသုံးခွင့်မရှိတာကြောင့် သူတို့ပေါင်းလိမ်ဖို့အခွင့်အရေးမရှိလိုက်တာလား? ကျန်ရှင်းဆွေ့ သူကိုယ်တိုင်လည်းမသိပေမဲ့ အခုကရိုက်ကူးရေးလုပ်နေတုန်းဆိုတော့ သူတို့ရဲ့အလိမ်အညာတွေကို ဆက်ပြီးနားထောင်ဖို့ပဲ ရှိတော့တယ်။

ဖုန်းချလိုက်ပြီးတော့ ကျန်ရှင်းဆွေ့ ဖုန်းကိုပြန်အပ်လိုက်လေတယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်ခံစားချက်ကတော့ စောနကနဲ့ ကွဲပြားသွားပြီဖြစ်တယ်။

ရှန်ရှင်းချန်အနားလာပြီး သူ့ကိုမေးတယ် "ဒီတစ်ခေါက်အစီအစဥ်ကို မင်းမိသားစုတွေလာမှာလား?"

"အာ? သေတော့မသေချာဘူး" ကျန်ရှင်းဆွေ့ကအမှန်တိုင်းပဲပြောလိုက်လေတယ် "မလာလောက်ဘူးထင်တယ် သူတို့အလုပ်များနေတဲ့ပုံပဲ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now