Extra 2

4.5K 915 42
                                    

Unicode

မစခင် တစ်ခုပြောချင်တာက ဒီထဲမှာ စိမ်းတယ်( ဦးထုပ်စိမ်းဆောင်းခံရတယ် )ဆိုတာက အဖောက်ပြန်ခံရတာကို ပြောတာပါခင်ဗျ။

အိမ်ထောင်ရေးအန္တရာယ်
________________________

ဒီနှစ်က ဖုကျင်းရှောင်းနဲ့ ရှန်ရှင်းဆွေ့တို့ လက်ထပ်ထားတဲ့ လေးနှစ်မြောက်ဖြစ်တယ်။

လင်မယားနှစ်ယောက်ရဲ့ ခံစားချက်တွေက အလွန်ပြီးပြည့်စုံလျက်ရှိလေတယ်။ အရာအားလုံးလည်း တည်ငြိမ်နေတယ်။ ဒါပေမဲ့ တစ်ခုတည်းသော ပြဿနာတစ်ခု ရှိလာလေတယ်။ ရုပ်ရှင်ဧကရာဇ်ဖုကို မကျေမနပ်ဖြစ်သွားစေတာက ဒီနေ့မနက် သူ ရှန်ရှင်းဆွေ့နဲ့ နမ်းမလို့လုပ်တုန်းမှာပဲ အငြင်းခံလိုက်ရလေတယ်။

နောက်ပိုင်းမှာ ရှန်ရှင်းဆွေ့က သူငယ်ချင်းတစ်ယောက်နဲ့ အရေးကြီးကိစ္စ ဆွေးနွေးစရာရှိလို့ သူ့ကိုအဖော်ပြုမပေးနိုင်ဘူးလို့ ရှင်းပြပေမဲ့လည်း ဖုကျင်းရှောင်းကတော့ ရှုံးနိမ့်သွားတယ်လို့ ခံစားလိုက်ရဆဲဖြစ်တယ်။ ရုပ်ရှင်ဧကရာဇ်ဖုအနေနဲ့ သူ့ရဲ့ဆွဲဆောင်နိုင်စွမ်းကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဖူးဘူး။ ဒါပေမဲ့ ရှုံးနိမ့်သွားတဲ့ကိစ္စ ကြုံရပြီးနောက် သူသံသယဝင်လာမိတော့တယ် "ဘယ်ကသူငယ်ချင်းလဲ?"

ရှန်ရှင်းဆွေ့ : "အာ?"

"ဘယ်သူငယ်ချင်းကများ မင်းကို ကိုယ်နဲ့နမ်းတဲ့ အချိန်တောင် မထုတ်ပေးနိုင်ရတာလဲ?" ဖုကျင်းရှောင်း မျက်လုံးတွေ မှေးကျဥ်းလိုက်လေတယ် "ဒီလောက်တောင် လောနေရအောင်?"

ရှန်ရှင်းဆွေ့ ကူရာမဲ့စွာ ပြောလိုက်တယ် "အလုပ်ကသူငယ်ချင်းပါ၊ ကောလျှောက်မတွေးပါနဲ့"

......

ဒီစကားတစ်ခွန်းကြောင့်ပဲ ဖုကျင်းရှောင်း တစ်နေ့လုံး တိတ်ဆိတ်နေတော့တယ်။

နောက်ဆုံးတော့ သူသည်းမခံနိုင်တော့ဘဲ ရှန်ရှင်းဆွေ့ရဲ့ အစ်ကိုကောင်းကြီးလည်းဖြစ်၊ သူ့သူငယ်ချင်းလည်းဖြစ်၊ ယောက်ဖလည်းဖြစ်တဲ့ ရှန်မင်လောင်ကို သွားရှာကာ ဆွေးနွေးတော့တယ်။

ဖုကျင်းရှောင်း ပြောလိုက်တယ် "ငါ့အထင် သူနည်းနည်း ပြောင်းလဲနေသလိုပဲ"

You've reached the end of published parts.

⏰ Last updated: Apr 15 ⏰

Add this story to your Library to get notified about new parts!

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now