အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 302K 23.3K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 103

7.2K 1.3K 120
By Xiao_Dream

Unicode

အကောင့်တုအား ဖော်ထုတ်ခြင်း
_____________________________

ဒီသတင်းပျံ့နှံ့သွားပြီးနောက် ပွက်လောရိုက်သွားတော့တယ်။

ရှန်ရှင်ဆွေ့တင်မဟုတ်ဘဲ လူတွေအားလုံး အံ့အားသင့်ကုန်တော့တယ်။ စင်ပေါ်မှာရှိနေတဲ့ ဖုကျင်းရှောင်းတစ်ယောက်ပဲ အတည်ငြိမ်ဆုံးဖြစ်နေလေတယ်။ သူအပြုံးလေးနဲ့ စင်အောက်ကို ကြည့်နေတယ်။ စတိတ်စင်တွေကို ခွဲခွာတော့မဲ့ကိစ္စအတွက်၊ အနုပညာလောကကို နှုတ်ဆက်တော့မဲ့ကိစ္စအတွက် သူ့မျက်နှာပေါ်မှာ နာကျင်မှုနဲ့နှမြောသတဖြစ်မှုတွေ နည်းနည်းလေးမှ ထွက်ပေါ်မလာလေဘူး။ ပြီးခဲ့တဲ့နှစ်တွေက စင်ပေါ်မှာ ပထမဆုံးရပ်ခဲ့တုန်းကလိုပဲ ထူးခြားမှုမရှိလေဘူး။

သတင်းထောက်တွေလည်း နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ မေးလိုက်တော့တယ် "ဖုလောင်ရှီး ဒါကလောင်ရှီး ရုတ်တရက်ချလိုက်တဲ့ ဆုံးဖြတ်ချက်များလား?"

"မဟုတ်ဘူး" ဖုကျင်းရှောင်း ပြုံးလိုက်တယ် "စဥ်းစားနေတာကြာပါပြီ"

ဒီစကားက ဒီအချိန်အပိုင်းအခြားကို ရပ်တန့်စေလိုက်သလိုပဲ။

အချစ်ရေးကို ကြေငြာလိုက်ပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာလိမ့်မယ်လို့ တစ်ချို့ဖန်တွေက ထင်ကြတာကြောင့် ဖန်အဖြစ်ကနေ နှုတ်ထွက်မယ်လို့ပြောပြီး ဖိအားပေးကြတယ်။ အနောက်မှာ ပူးပေါင်းကြံစည်မှုတွေရှိကြောင်း ပြောလာကြတဲ့သူတွေလည်း သေချာပေါက်ရှိတာပေါ့။ ဒါပေမဲ့ သူကတော့ မကြောက်ဘူး။ သူကအေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ဖြစ်တယ်။ ဟိုးအရင်နှစ် သူအနုပညာလောကထဲ ဝင်ရောက်ချင်ခဲ့တဲ့ အချိန်တုန်းက တစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်လာသလိုမျိုးပဲ။ အခုထွက်သွားတော့မယ်ဆိုတော့လည်း အဲဒီပြောင်လက်တောက်ပနေတဲ့ ဂုဏ်ပုဒ်တွေကို နှမြောနေမှာမဟုတ်ဘူး။

သတင်းထောက်တွေက တစ်ယောက်ပြီးတစ်ယောက် မေးခွန်းတွေမေးလာကြတယ် :

"ဖုလောင်ရှီး မေးပါရစေ။ လောင်ရှီးက အချစ်ရေးကြောင့်မလို့ အနုပညာလောကထဲက နှုတ်ထွက်တာလားရှင့်?"

"လောင်ရှီး အနုပညာလောကထဲကထွက်ပြီးရင် နောက်ကွယ်မှာပဲ နေတော့မှာလားရှင့်?"

"အနာဂတ်တိုးတက်မှုအတွက် စဥ်းစားထားဖူးလားရှင်?"

"အနုပညာလောကထဲကထွက်ပြီးရင် သင့်လျော်တဲ့ သွားစရာနေရာတစ်ခု မရှိမှာကို စိုးရိမ်ခဲ့ဖူးလားရှင့်?"

အားလုံးရဲ့မေးခွန်းတွေက ပိုပိုပြီးစူးရှလာကြတယ်။ ဒါပေမဲ့လည်း အမှန်ကိုပဲ ပရိသတ်အာရုံစိုက်တဲ့ မေးခွန်းတွေဖြစ်တယ်။ အထူးသဖြင့် အခုချိန်ထိ live လွှင့်နေဆဲပဲလေ။ live roomထဲ ဝင်ရောက်လာတဲ့ ပရိသတ်တွေလည်း စိတ်လှုပ်ရှားမှုကြောင့် အသက်အောင့်ထားမိကြတယ်။

ဖုကျင်းရှောင်း ဒီမေးခွန်းတွေကို ကြားတော့ ပြုံးလိုက်ပြီးနောက် ပြန်ဖြေလိုက်တယ် "တစ်ဝက်ဆီပါပဲ။ ဇာတ်ကားရိုက်ရတာနဲ့ သီချင်းဆိုရတာကို ကျွန်တော်စိတ်ဝင်စားတယ်။ ဒါပေမဲ့ ဒီယူသင့်တဲ့ဆုတွေလည်း အကုန်ယူခဲ့ပြီးပြီ။ သရုပ်ဆောင်တစ်ယောက် အနေနဲ့လည်း အတွေ့အကြုံတွေနဲ့ စမ်းသပ်မှုတွေရှိခဲ့ပြီးပြီ။ အဲ့တာကြောင့် ပတ်ဝန်းကျင်အသစ်တစ်ခုပြောင်းပြီး မတူညီတဲ့ဘဝကို ခံစားကြည့်ချင်ရုံပါပဲ"

"တစ်ဖက်ကလည်း အိမ်မှာက ကျွန်တော်ဝင်ပြီး ကူညီပေးနိုင်ဖို့ မျှော်လင့်နေကြတယ်လေ" ဖုကျင်းရှောင်း ဒီအထိပြောပြီးသွားတော့ ဘေးနားက ရှန်ရှင်းဆွေ့ကိုကြည့်ကာ ပြုံးလျက်ပြောလာတယ် "တကယ်လို့ အနားယူလိုက်တယ်ဆိုရင် သူ့ကိုအဖော်ပြုပေးဖို့လည်း အချိန်များများရတာပေါ့"

အဲဒီစကားထွက်လာတာနဲ့ နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့တယ်။

အရင်တုန်းက မီဒီယာတွေနဲ့ လူတွေအားလုံးက ရုပ်ရှင်ဧကရာဇ်ဖုကို လူရိုးလူဖြောင့်တစ်ယောက်လို့ မှတ်ချက်ပေးကြတယ်။ ဘယ်ပွဲမှာပဲဖြစ်ဖြစ် အမျိုးသမီးကြယ်ပွင့်တွေပေးလာတဲ့ မရှင်းမလင်းဆက်ဆံရေးတွေကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူး။ ဒါအပြင် ကိုယ့်ကိုယ်ကိုယ် သန့်စင်အောင်နေခဲ့တယ်။ မကောင်းတဲ့မှတ်ချက်တွေ ဘာမှမရှိခဲ့ဘူး။ သူအရမ်းရိုးဖြောင့်လွန်းတယ်လို့ အားလုံးထင်ကြပြီး romanticဆိုတာ ဘာမှန်းတောင် မသိလောက်ဘူးလို့ ပြောကြတယ်။

ဒါပေမဲ့ အခုကြည့်ရတော့လည်း အဲဒီလိုမဟုတ်ပါဘူး။

သူ့ရဲ့ romanticဖြစ်မှုက limitedနဲ့ဖြစ်တယ်။ သူ့ရဲ့ romanticဖြစ်မှုက ခိုင်မြဲတယ်။ အစွမ်းကုန်တောက်ပနိုင်တဲ့ စတိတ်စင်ပေါ်ကနေတောင် ဆင်းသွားဖို့ဆန္ဒရှိပြီးတော့ အချစ်ရဲ့ပရိသတ်ဖြစ်လာတာက သူ့ရဲ့romanticရှိမှု ဖြစ်လာတယ်။

......

ဒီသတင်းစာရှင်းလင်းပွဲပြီးတော့ media platformအားလုံးကို ပွက်လောရိုက်သွားစေခဲ့တယ်။

#ဖုကျင်းရှောင်းအချစ်ရေးကိုတရားဝင်ကြေငြာခြင်း#

#ဖုကျင်းရှောင်းအနုပညာလောကထဲမှနှုတ်ထွက်ခြင်း#

#《အထီးကျန်မြို့》သတင်းစာရှင်းလင်းပွဲ#

ဒီ hot search 3ခုလုံးကို "爆" (ပေါက်ကွဲခြင်း) ဆိုတဲ့စာလုံးနဲ့ အမှတ်အသား ပြုထားလေတယ်။ အခုမှ အလုပ်ဆင်းကြတဲ့သူတွေ၊ liveကြည့်ဖို့ လုံးဝမမီလိုက်ကြတဲ့ သူတွေအားလုံး hot searchကိုကြည့်ပြီး ထိတ်လန့်ကုန်ကြတော့တယ်။ ဒါ့အပြင် ဒါက လိမ်လည်ထားတဲ့ hot search များလားလို့တောင် သံသယဝင်ကုန်ကြတော့တယ် :

"မဟုတ်ဘူးမလား မဟုတ်ဘူးမလား"

"သခင်ကြီးက အပြတ်ရှင်းပစ်လိုက်တာပဲ"

"တစ်ချက်တည်း ထိုးနှက်ရတာ အားမရလို့ နှစ်ချက်တောင် တပြိုင်နက်တည်း ထိုးချလိုက်တာပဲ"

"ဘာလို့ ရှန်ရှင်းဆွေ့ဖြစ်နေရတာလဲ အားအားအား!"

လူတော်တော်များများက လက်မခံနိုင်ကြဘူးဆိုပေမဲ့ လက်ခံနိုင်ကြတဲ့သူတွေလည်း ရှိလေတယ်။ 'StarLight'ရဲ့ talent showကနေ variety showအထိ တိုတောင်းလှတဲ့ ဒီနှစ်နှစ်အတွင်းမှာ ရှန်ရှင်းဆွေ့နဲ့ ဖုကျင်းရှောင်းရဲ့ super topicဖန်တွေက သန်း၅၀၀အထိ တိုးပွားလာခဲ့တယ်။ သူတို့နှစ်ယောက် တရားဝင်မကြေငြာရသေးခင်မှာတင် သကြားလုံးတွေ ဝေနေကြလေပြီ။ ရုပ်ရှင်ထုတ်လွှင့်ပြီးနောက်မှာလည်း CPဖန်တွေ အများကြီး ထွက်ပေါ်လာခဲ့တယ်။

လိင်တူလက်ထပ်တာက နဂိုကတည်းက တရားဝင်ပြီးသားဖြစ်တယ်။

အရင်က CPဖန်တွေ CPတွဲကြရင် တစ်ချို့သူတွေက ရုပ်ရှင်ရိုက်ဖို့ပူးပေါင်းတာကို မင်းသားတွေကို ဆွဲမထည့်သင့်ဘူးလို့ အမြဲပြောကြတယ်။ တစ်ချို့လူတွေ မျဥ်းကိုနည်းနည်းလေး ကျော်မိရင်တောင် သေအောင်ကြိမ်းမောင်းဆဲဆိုကြလိမ့်မယ်။ ဒါပေမဲ့ အခုတော့ သူတို့ကိုယ်တိုင်က တရားဝင်ကြေငြာလာတာကြောင့် CPဖန်တွေအတွက် ပွဲတော်ကြီးဖြစ်နေတော့တယ် :

"ငါshipတဲ့cpက realကြီး? !"

"ပျော်စရာကြီး၊ နှစ်သစ်ကူးပြီဟ"

"ဆွေ့ဆွေ့နဲ့ ဖုလောင်ရှီးက လုံးဝလိုက်ဖက်ပါတယ်နော် ဟုတ်ပြီလား?"

"သူဆွေ့ဆွေ့ကို တကယ်ချစ်တာပဲ။ အရင်ကတည်းက သိသိသာသာကြီးကို အချစ်တွေအများကြီး ပေးခဲ့တာ"

"တကယ်တော့ သူဘယ်တုန်းကမှ မဖုံးကွယ်ထားခဲ့ဖူးဘူး"

သဘောတူတဲ့သူတွေရှိရင် လက်မခံနိုင်တဲ့သူတွေ၊ သဘောမတူတဲ့သူတွေလည်း သေချာပေါက်ရှိတာပေါ့။ ဒီလူတွေထဲမှာ တစ်ယောက်တည်းကို standတဲ့ ဖန်တွေလည်း ပါဝင်ကြလေတယ်။ သူ(မ)တို့ သေချာပေါက် မပျော်ရွှင်နေကြလေဘူး။ သဘောမတူကြလေဘူး။ ဒီအချိန်မှာပဲ ပုတ်ခတ်ပြောဆိုလာတဲ့ သူတွေလည်း ရှိကြလေတယ် :

"အချစ်ရေးကို တရားဝင်ကြေငြာတာနဲ့ ဖန်အဖြစ်က နှုတ်ထွက်မယ်ဆို၊ ဖုလောင်ရှီးက တစ်ညတည်းနဲ့ follower ၅သိန်းလောက် တိုးလာတာနော်"

"ဆွေ့ဆွေ့ရဲ့ followerတွေလည်း ၂သန်းလောက် တိုးလာပြီ"

"မင်းတို့ကို လိုအပ်မနေဘူး၊ ဖန်အဖြစ်က နှုတ်ထွက်မယ်ဆိုရင်လည်း မြန်မြန်နှုတ်ထွက်သွားတော့"

တစ်ချို့ဖန်တွေက ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံကြတယ်။ တစ်ချို့ဖန်တွေက လက်မခံကြဘူး။

ဒါအပြင် ပိုပြီးရူးသွပ်တဲ့ ဖန်တွေက အုပ်စုဖွဲ့ကာ 'အထီးကျန်းမြို့'ရဲ့ Weiboနဲ့ တရားဝင်အကောင့်ကို သွားရောက်တိုက်ခိုက်ကြလေတယ်။ ဒီရုပ်ရှင်က ဖြူစင်တဲ့အချစ်အကြောင်း ဖြစ်နေတာကြောင့်မလို့သာ သူတို့အိုင်ဒေါက come out လုပ်လာတာဆိုပြီး သူ(မ)တို့ထင်လိုက်တာကြောင့်ဖြစ်တယ်။ အဲ့တာကြောင့် 'အထီးကျန်မြို့'က အဓိကတရားခံဖြစ်လေတယ်။ ဒါအပြင် 'အထီးကျန်မြို့'ရဲ့ ratingတွေကို မကောင်းတဲ့စိတ်နဲ့ ကြယ်တစ်ပွင့်အဆင့်သာ တမင်ပေးကြလေတယ်။

ဒီအခြေအနေတွေကြောင့်ပဲ ရှန်ရှင်းဆွေ့ ပြန်ရောက်ပြီးနောက် ဒါရိုက်တာကို ဖုန်းဆက်လိုက်တယ်။

ကျန်းစန်းစန်းက ပြောလာလေတယ် "ဘာမှကိစ္စကြီးမဟုတ်ပါဘူးကွာ။ ကိစ္စမရှိဘူးဆွေ့ဆွေ့၊ ငါ့ကိုစိတ်ပူမနေနဲ့။ ဒီလိုကိစ္စမျိုးကို ငါနည်းနည်းလေးတောင် စိတ်ထဲမထားဘူး။ ratingကျသွားပေမဲ့ ငါ့အမြင်တော့ ငါတို့အကောင်းဆုံး ကြိုးစားပြီး ဖန်တီးထားသရွေ့ ဘာမှနောင်တရစရာမရှိဘူး။ တကယ့်တကယ် အရည်အသွေးကောင်းတဲ့ရုပ်ရှင်က အားလုံးရဲ့မျက်လုံးထဲ စွဲထင်ကျန်ရစ်ခဲ့မှာပဲလေ၊ ဟုတ်တယ်မလား၊ အဲ့တာအပြင်......"

ရှန်ရှင်းဆွေ့ မေးလိုက်တယ် "အဲဒါအပြင် ဘာဖြစ်တာလဲ?"

"ဟဲဟဲ သူ(မ)တို့ဒီလိုလုပ်နေတော့ ရုပ်ရှင်ရဲ့ကျော်ကြားမှုက ပိုပြီးမြင့်တက်လာပြီလေ။ ဒီနေ့တစ်ရက်တည်းနဲ့တင်ကို box office သန်း၂၀၀ရသွားသေးတယ်" ကျန်းစန်းစန်းရဲ့ လေသံထဲမှာ ဂုဏ်ယူမှုတွေ ပါဝင်နေလေတယ် "သူ(မ)တို့တွေ မကောင်းစိတ်နဲ့ starလျှော့ပေးလည်း ကိစ္စမရှိဘူး၊ တကယ်ကောင်းတဲ့ရုပ်ရှင်ဆိုရင် အားလုံးကကြည့်ကြမှာပဲ"

ရှန်ရှင်းဆွေ့ အဲဒီတော့မှ စိတ်အေးသွားရတယ်။

ဒါက ကျန်းစန်းစန်းရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တယ်။ သူ့ရဲ့privateကိစ္စကြောင့်နဲ့ တခြားသူတွေကို သက်ရောက်စေမှာကို သူမလိုချင်ဘူး။

အင်တာနက်ပေါ်မှာ လက်မခံကြဘဲ ခုခံနေကြတဲ့အသံတွေ ထွက်ပေါ်နေဆဲပဲ။ ဒါတွေအားလုံးကို သူမြင်တယ်။ ဒါပေမဲ့ သူ့စိတ်ကတော့ အရင်ကလို ပျော့ညံ့မနေတော့ဘူး။ ဘာလို့လဲဆိုတော့ ဖုကျင်းရှောင်းက သူနဲ့အတူရှိနေတယ်ဆိုတာ သူသိလို့ပဲ။ ချစ်ရသူသာ ဘေးမှာရှိနေရင် ဘယ်လောက်ပဲ ပင်ပန်းခက်ခဲပါစေ မကြောက်ရွံ့တော့ဘူး။

ဝမ်မိန်စန့်က သူ့ကိုအနည်းငယ် စိတ်ပူနေသေးတဲ့ပုံစံနဲ့ ပြောလာတယ် "အဲဒါတွေကို ရှင်းလင်းပေးဖို့ ကျဲတို့လူလွှတ်ပြီးသွားပြီ ဆွေ့ဆွေ့ တစ်ချို့စကားတွေကို စိတ်ထဲမထားနဲ့"

"ကိစ္စမရှိပါဘူး" ရှန်ရှင်းဆွေ့က နောက်လှည့်လာပြီးတော့တောင် အေးဂျင့်ကို နှစ်သိမ့်ပေးနေလိုက်သေးတယ်။ သူပြုံးပြီး ပြောလိုက်တယ် "တစ်ချို့သူတွေပြောတာကလည်း လုံးဝကြီးအဓိပ္ပာယ်မရှိတာမျိုးတော့ မဟုတ်ဘူးလေ၊ ကျွန်တော့် အခုအနေအထားနဲ့ ပြောရရင် ဖုလောင်ရှီးရဲ့အောင်မြင်မှုတွေနဲ့ တကယ်ကိုမလိုက်ဖက်သေးဘူး။ ဒါပေမဲ့ ကျွန်တော်အခု နားလည်သွားပြီ၊ လူတိုင်းက ကိုယ့်ရဲ့ဘဝနဲ့ကိုယ် ကောင်းကောင်းရှင်သန်ရမှာပဲ၊ ကျွန်တော်က သူများရဲ့မျက်လုံးတွေထဲမှာပဲ အမြဲရှင်သန်မနေနိုင်ဘူး၊ ကိုယ့်ပါကိုယ်ကြိုးစားပြီး ရှေ့ဆက်သွားရင် ရတာပဲလေ၊ ကျွန်တော့်ထင်တယ်၊ အနှေးနဲ့အမြန် တစ်နေ့ကျရင်တော့ ကျွန်တော် ဖုလောင်ရှီးနဲ့ ပုခုံးချင်းယှဥ်နိုင်လာမှာပါ"

ဝမ်မိန်စန့် ကြောင်အသွားပြီးမှ သက်ပြင်းချကာ ပြောလာတယ် "ဆွေ့ဆွေ့"

ရှန်ရှင်းဆွေ့ "အင်?"

"မင်းအရွယ်ရောက်လာပြီပဲ" ဝမ်မိန်စန့် သူ့ခေါင်းလေးကို ဖွဖွပွတ်သပ်ပေးလိုက်တယ် "အဲဒီနေ့က အနှေးနဲ့အမြန်ရောက်လာမယ်ဆိုတာကို ကျဲလည်းယုံကြည်တယ်"

......

အင်တာနက်ပေါ်မှာ ဆွေးနွေးမှုတွေ ရှိနေဆဲဖြစ်တယ်။

ဒီအုပ်စုထဲမှာတင်ပဲ ကိုယ့်အတွေးနဲ့ကိုယ်ရှိတဲ့ ဖန်တစ်ချို့လည်း ရှိကြတယ်။ ဖုကျင်းရှောင်းရဲ့ ဖန်တစ်ချို့က ရှန်ရှင်းဆွေ့ကို လုံးဝလက်မခံနိုင်တာမျိုး မဟုတ်ကြဘူး။ ရှန်ရှင်းဆွေ့က ဖုကျင်းရှောင်းနဲ့ မထိုက်တန်ဘူး၊ ကျော်ကြားလာအောင်လို့ မကောင်းတဲ့စိတ်နဲ့ ချဥ်းကပ်တာလို့ ထင်နေကြတာဖြစ်တယ်။

ဖန်လေး'ရှောင်အေ(Aလေး)' ကလည်း ဖုကျင်းရှောင်းရဲ့ ဖန်ဟောင်းတစ်ယောက်ဖြစ်တယ်။ သူ(မ)ကလည်း မယုံကြည်တဲ့အဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်တယ်။

"ဒီရှန်ရှင်းဆွေ့က ဒီလောက်ငယ်ငယ်လေးရှိသေးတာ၊ သူကဖုလောင်ရှီးအကြောင်း ဘာနားလည်လို့လဲ?" ရှောင်အေ လုံးဝကျေနပ်မနေလေဘူး "နှစ်တစ်ဝက်လောက်တောင် မရှိသေးခင် လမ်းခွဲရင်တောင်ခွဲနေကြမှာ"

သူ(မ)တို့ထဲမှာ အုပ်စုတစ်စု ရှိလေတယ်။

အဲဒီအုပ်စုထဲမှာ ဖန်းဟောင်းတွေ အများကြီးရှိကြတယ်။ ဒါအပြင် ပိုက်ဆံရှိတဲ့ Bossကျဲကျဲတွေလည်း ရှိကြတယ်။ ဖုကျင်းရှောင်းရဲ့အလုပ်နဲ့ လျှို့ဝှက်အလုပ်တွေက အလွန်ကောင်းနေတာကြောင့် နှစ်ယောက်သား အတူတူရှိနေတာ တွေ့ရင်တောင် ဘာမှအများကြီး မစဥ်းစားခဲ့ကြဘူး။ အခုအချိန်မှာ ပိုပြီးစိတ်တိုနေကြလေတယ် :

"ငါတို့စုံထောက်တွေဘာတွေရှာလိုက်ရမလား၊ ရှန်ရှင်းဆွေ့ရဲ့ မကောင်းသတင်းတွေကို တူးထုတ်ရအောင်လေ?"

"သေချာပေါက် သူ့မှာ မကောင်းတဲ့ အတိတ်တစ်ခုတော့ ရှိလိမ့်မယ်"

"အရင်တုန်းက ကျောင်းတွင်းအနိုင်ကျင့်တယ် ဆိုတဲ့သတင်း ထွက်လာခဲ့ဖူးတယ် မဟုတ်လား?"

"အဲဒီကိစ္စက rumorပါလို့ ချေပခံလိုက်ရပြီးပြီ၊ အသုံးမဝင်တော့ဘူး"

အဲဒီအုပ်စုက တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြပြီး မကျေမနပ်ဖြစ်နေတာက ပိုများလေတယ် :

"ဖုလောင်ရှီးက ဘာလို့သူ့ကို ရွေးလိုက်တာလဲ"

"သူက ဘယ်နားမှာများ ဖုလောင်ရှီးနဲ့ တန်နေလို့လဲ"

"ဟုတ်ပါ့၊ ဖုလောင်ရှီး ဖန်တစ်ယောက်နဲ့ တွဲတယ်ဆိုရင်တောင် ငါတို့အဲ့လောက် ခံရခက်မှာမဟုတ်ဘူး။ တစ်ချို့ကျဲကျဲတွေကိုပဲကြည့်လိုက်၊ အိမ်ကချမ်းသာသလို လှလည်းလှတယ်၊ ပြီးတော့ ဖုလောင်ရှီးအပေါ်လည်း စိတ်ရင်းနဲ့ကောင်းပေးကြသေးတယ်"

"ဥပမာ သခင်မပေါ့၊ သခင်မ ဖုလောင်ရှီးနောက်လိုက်နေတာ ဘယ်နှနှစ်တောင် ရှိနေပြီလဲ၊ သူအခုဘယ်လောက် ဝမ်းနည်းနေမလဲဆိုတာ ငါတွေးတောင်မတွေးရဲဘူး"

"ရှန်ရှင်းဆွေ့ကို ငါတကယ်စိတ်မချနိုင်ဘူးဟေး!"

အားလုံး ဆွေးနွေးနေကြတဲ့ အချိန်မှာပဲ။ ရှောင်အေက ရှေ့ထွက်လာလေတယ် "ငါမှတ်မိတာ variety showတစ်ခုရိုက်ရင်း ရိုက်ကူးရေးအဖွဲ့ရဲ့ ဝန်ထမ်းလေးလက်ထဲမှာ အကောင့်တုပေါ်ခဲ့ဖူးတယ်မဟုတ်လား၊ တကယ်လို့ ငါတို့သာ အဲဒီအကောင့်တုကို တူးထုတ်နိုင်လိုက်ရင် တစ်ခုခုများသိရနိုင်လောက်လား?"

ဒီစကားက အိပ်မက်ထဲကလူတွေကို နိုးကြားသွားစေခဲ့တယ်!

စောနတုန်းက အကုန်လုံးက ခေါင်းမရှိတဲ့ယင်ကောင်တွေလို ဖြစ်နေခဲ့ကြတယ်။ အခုကျတော့မှ ဒီစကားကြောင့် ရုတ်တရက်ကြီး နိုးကြားလာကြတော့တယ် "အဓိပ္ပာယ်ရှိတယ်၊ အရင်တုန်းက တာ့Vတစ်ယောက်ကို ကူရှာပေးဖို့ တောင်းဆိုခဲ့ဖူးတယ်ထင်တယ်၊ အဲ့တာနဲ့ သူလည်း သဲလွန်စသေးသေးလေးတွေအရ လိုက်ရှာနေခဲ့တာဖြစ်မယ်၊ ငါတို့သူ့ကို သွားမေးကြည့်လို့ ရနိုင်လောက်တယ်၊ နောက်ပြီး ဖော်ထုတ်ခိုင်းလိုက်မယ်လေ၊ တကယ်လို့ မကောင်းတဲ့အတိတ်တွေ ဘာတွေရှိမယ်ဆိုရင် ရှန်ရှင်းဆွေ့ သူ့ရဲ့ဇာတိရုပ်ကို မပြဘဲနေနိုင်ပါဦးမလား?"

[တာ့V – Weiboမှာ activeဖြစ်ပြီး followerအရေအတွက်များတဲ့သူ]

သူတို့တွေ လက်ဝါးချင်း ရိုက်ထားလိုက်ကြတယ်။

ဒီအထဲကဖန်တွေကလည်း ခေါင်းဆောင်တွေ ရှိကြပြီး ရှောင်အေက သဘာဝကျကျပဲ ဦးဆောင်သူဖြစ်လာခဲ့တယ်။ သူက အဲဒီတာ့Vကို ဦးဆောင်ဆက်သွယ်လိုက်တယ်။ သဲလွန်စရနိုင်မလားလို့ ကြိုးစားကြည့်တယ်။ တကယ်တော့ အဲဒီလူက ဒီနယ်ပယ်ထဲကလူလို့ သတ်မှတ်လို့မရလေဘူး။ ပုံမှန်အားဖြင့် စိတ်အခြေအနေကလည်း အနည်းငယ်ထူးဆန်းလေတယ်။ ရှောင်အေသွားပြီး ဆက်သွယ်တဲ့အချိန်မှာ ဘာမျှော်လင့်ချက်မှ မထားခဲ့ဘူး။ ဒါပေမဲ့ ပြန်စာရလာလိမ့်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ။

တာ့Vက ပြန်ဖြေလာတယ် "ကျွန်တော် အဲဒီwallpaperရဲ့ မူလpostပိုင်ရှင်ကို ရှာတွေ့ပြီးပြီ၊ အဲဒီwallpaperရဲ့ artistက ဓာတ်ပုံသိမ်းရင် စကားချန်ခဲ့ပါလို့ ပြောထားဖူးတယ်။ ရိုက်ကူးရေးထုတ်လွှင့်တဲ့အချိန်တုန်းက အဲဒီwallpaperကလည်း တင်ထားတာ ဆယ်ရက်ကျော်ပဲရှိသေးတယ်။ အဲ့တာက နာမည်သိပ်မကြီးတဲ့လူတစ်ယောက် တင်ထားတာ။ အဲ့တာကြောင့် စကားချန်ခဲ့တဲ့followerတွေကလည်း ရာဂဏန်းပဲရှိတယ်။ ရိုက်ကူးရေးအဖွဲ့ရဲ့ ကင်မရာမန်းရိုက်လာတာက အကောင့်နာမည်မပါဘူး။ ဒါပေမဲ့ homeစာမျက်နှာရဲ့ recommendတစ်ခုကို ရိုက်မိလိုက်တယ်။ သူက တခြားနာမည်သိပ်မကြီးတဲ့ လူတစ်ယောက်ကို followလုပ်ထားတာကိုတော့ ကျွန်တော်တွေ့လိုက်ရတယ်။ တိုက်ဆိုင်တာတစ်ခုက အဲဒီartistကလည်း နာမည်သိပ်မကြီးတဲ့ artistပဲ"

"စကားချန်ထားခဲ့တဲ့ followerတွေထဲကမှ တခြားartistကိုပါ followလုပ်ထားတဲ့ သူတွေကိုရွေးထုတ်လိုက်တယ်။ နောက်တော့ မတော်တဆ ထိခိုက်မှုတွေ ရှိလာမှာစိုးလို့ အသေးစိတ်အချက်အလက်တွေနဲ့ ထပ်ပြီးစီစစ်လိုက်တယ်။ နှိုင်းယှဥ်ပြီးတဲ့နောက်မှာ အကောင့်ကို ခန့်မှန်းချေ မှန်းဆလိုက်နိုင်ပြီ" တာ့Vက ပြန်ဖြေလာတယ် "အစက ဒီသတင်းတွေကို မင်းဆီတိုက်ရိုက်ရောင်းမလို့ပေမဲ့ အဲဒီအကောင့်ရဲ့ အကြောင်းအရာတစ်ချို့ကို တွေ့ပြီးနောက်မှာ ကျွန်တော်အစီအစဥ် ပြောင်းလိုက်တယ်။ တစ်ချို့ပစ္စည်းတွေက စျေးသတ်မှတ်ထားတာရှိတယ်။ တစ်ချို့ပစ္စည်းတွေက စျေးသတ်မှတ်ထားတာမရှိဘူး"

ရောင်းဖို့ငြင်းဆိုလာလိမ့်မယ်လို့ ရှောင်အေမထင်ထားမိဘူး။ သဲလွန်စပျောက်သွားတော့မှာကို သူ(မ)မြင်တော့ စိုးရိမ်လာမိတယ် "စျေးသတ်မှတ်ထားတာ မရှိဘူးဆိုတာက ဘာအဓိပ္ပာယ်လဲ၊ အဲဒီသတင်းက အရမ်းကြီးတာမလို့လား။ ကိစ္စမရှိဘူး၊ ကောစျေးဖွင့်လိုက်ပါ။ ဖုလောင်ရှီးနဲ့ ပတ်သက်မှုရှိလား။ ကောစျေးဖွင့်လိုက်တာနဲ့ ကျွန်မတို့အဖွဲ့က ကောကိုပိုက်ဆံအားလုံး ပေးနိုင်တယ်!"

ထောင်ကျော်တဲ့ Weiboတွေကို တာ့V သတိရမိသွားတော့ ရိုးသားစွာပဲ ပြန်ဖြေလိုက်တယ် "အင်း၊ ရှိတယ်။ ပြီးတော့ နည်းနည်းပါးပါးလည်း မဟုတ်ဘူး။ နှစ်အနည်းငယ်လောက်ရှိပြီ"

ဒီကို ရှောင်အေကြားတော့ စိတ်လှုပ်ရှားလာရတယ်။ ဒီအစီအစဥ်ကို နဂိုကစဥ်းစားရုံပဲ စဥ်းစားထားတာဖြစ်တယ်။ မှောင်ခိုသတင်းတွေကို တူးမိနိုင်တဲ့ ဖြစ်နိုင်ချေမျိုး ရှိလာလိမ့်မယ်လို့ မထင်ထားမိဘူး !

တာ့Vလည်း ခဏလောက် တွေဝေသွားပုံရကာ နောက်ဆုံးပြောလာတယ် "မင်းတို့ ဒီသတင်းအပေါ်ကို အရမ်းစိတ်ဝင်စားပြီး အရမ်းသိချင်နေတယ်ဆိုမှတော့ ကျွန်တော်လည်း အဲ့တာကိုရောင်းပြီး ပိုက်ဆံမရှာတော့ပါဘူးလေ။ ဒီလိုလုပ်၊ မင်းတို့အကုန်လုံး သိချင်နေကြတယ်ဆိုမှတော့ ကျွန်တော် ညကျရင် ပို့စ်တစ်ခုတင်လိုက်မယ်၊ ကျွန်တော်သိသမျှ သတင်းတွေအားလုံးကို တရားဝင်ဖော်ထုတ်လိုက်မယ်၊ အဲဒီလိုဆိုရင် အကုန်လုံးသိရမှာပဲလေ"

ရှောင်အေ သံသယဖြစ်မိသွားတယ်။ ဒါပေမဲ့လည်း ဘာမှအများကြီး မစဥ်းစားနေတော့ဘူး။ သူအလွန်ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ် "ပိုက်ဆံမယူဘူးလား၊ ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်၊ ဒါဆိုကျွန်မ လူတွေဆက်သွယ်လိုက်တော့မယ်နော်၊ ဒီနေ့ည ကောရဲ့ပို့စ်ကို သေချာပေါက် အချိန်မီစောင့်နေပါ့မယ်၊ အဲဒီအချက်အလက်တွေအားလုံးကို သေချာပေါက် ဖော်ထုတ်ပစ်ရမယ်နော်!"

ဒီလို သတင်းကောင်းမျိုးက သူ့(မ)အတွက်ပြောရရင် အလွန်ပျော်ရွှင်ဖွယ်ကောင်းတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ သူပြန်လာပြီးနောက် groupထဲကလူတွေဆီ ဒီသတင်းကိုပြောပြလိုက်တယ်။ တခြားသူတွေလည်း ဒီသတင်းကို ကြားသိပြီးနောက် စိတ်လှုပ်ရှားနေကြတော့တယ် :

"တကယ်လား?"

"ကောင်းတာပေါ့၊ သူက တကယ်ပဲ ဘယ်လိုလူမျိုးလဲဆိုတာ နောက်ဆုံးတော့ ကြည့်ရတော့မယ်"

"ပုံမှန်အချိန်ဆို အမြဲတမ်းကောင်းကောင်းနေထိုင်ပေမဲ့ privateပိုင်းမှာ ဘယ်လိုလူမျိုးလဲဆိုတာ ဘယ်သူသိမှာလဲ"

"ငါတခြားကျဲမေ့တွေကိုလည်း ဆက်သွယ်လိုက်ဦးမယ်၊ ဒီနေ့ညစောင့်ရအောင်လို့"

"ဟုတ်တယ်၊ အဲဒီအချိန်ရောက်ရင် ငါတို့ hot searchတစ်ခုလောက်တောင် ဝယ်ထားဦးမယ်!"

"လူသိမခံလို့မရတဲ့ကိစ္စတွေ ပေါ်ထွက်လာပါစေလို့ပဲ မျှော်လင့်ပါတယ်၊ သူ့ရဲ့မျက်နှာအစစ်ကို ဖုလောင်ရှီး သိသွားပါစေ!"

____________________
Word – 4487
January 24, 2024 (Wed)
Xiao Dream

Main chapter ပြီးဖို့ ၅ပိုင်းပဲ ကျန်တော့တယ်။



Zawgyi

အေကာင့္တုအား ေဖာ္ထုတ္ျခင္း
_____________________________

ဒီသတင္းပ်ံ႕ႏွံ႔သြားၿပီးေနာက္ ပြက္ေလာ႐ိုက္သြားေတာ့တယ္။

ရွန္ရွင္ေဆြ႕တင္မဟုတ္ဘဲ လူေတြအားလုံး အံ့အားသင့္ကုန္ေတာ့တယ္။ စင္ေပၚမွာရွိေနတဲ့ ဖုက်င္းေရွာင္းတစ္ေယာက္ပဲ အတည္ၿငိမ္ဆုံးျဖစ္ေနေလတယ္။ သူအၿပဳံးေလးနဲ႔ စင္ေအာက္ကို ၾကည့္ေနတယ္။ စတိတ္စင္ေတြကို ခြဲခြာေတာ့မဲ့ကိစၥအတြက္၊ အႏုပညာေလာကကို ႏႈတ္ဆက္ေတာ့မဲ့ကိစၥအတြက္ သူ႔မ်က္ႏွာေပၚမွာ နာက်င္မႈနဲ႔ႏွေျမာသတျဖစ္မႈေတြ နည္းနည္းေလးမွ ထြက္ေပၚမလာေလဘူး။ ၿပီးခဲ့တဲ့ႏွစ္ေတြက စင္ေပၚမွာ ပထမဆုံးရပ္ခဲ့တုန္းကလိုပဲ ထူးျခားမႈမရွိေလဘူး။

သတင္းေထာက္ေတြလည္း ေနာက္ဆုံးေတာ့ မထိန္းႏိုင္ေတာ့ဘဲ ေမးလိုက္ေတာ့တယ္ "ဖုေလာင္ရွီး ဒါကေလာင္ရွီး ႐ုတ္တရက္ခ်လိုက္တဲ့ ဆုံးျဖတ္ခ်က္မ်ားလား?"

"မဟုတ္ဘူး" ဖုက်င္းေရွာင္း ၿပဳံးလိုက္တယ္ "စဥ္းစားေနတာၾကာပါၿပီ"

ဒီစကားက ဒီအခ်ိန္အပိုင္းအျခားကို ရပ္တန္႔ေစလိုက္သလိုပဲ။

အခ်စ္ေရးကို ေၾကျငာလိုက္ၿပီးေနာက္ အလုပ္အကိုင္အခြင့္အလမ္း နည္းပါးလာလိမ့္မယ္လို႔ တစ္ခ်ိဳ႕ဖန္ေတြက ထင္ၾကတာေၾကာင့္ ဖန္အျဖစ္ကေန ႏႈတ္ထြက္မယ္လို႔ေျပာၿပီး ဖိအားေပးၾကတယ္။ အေနာက္မွာ ပူးေပါင္းႀကံစည္မႈေတြရွိေၾကာင္း ေျပာလာၾကတဲ့သူေတြလည္း ေသခ်ာေပါက္ရွိတာေပါ့။ ဒါေပမဲ့ သူကေတာ့ မေၾကာက္ဘူး။ သူကေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္နဲ႔ျဖစ္တယ္။ ဟိုးအရင္ႏွစ္ သူအႏုပညာေလာကထဲ ဝင္ေရာက္ခ်င္ခဲ့တဲ့ အခ်ိန္တုန္းက တစ္ေယာက္တည္း ထိုးေဖာက္ဝင္ေရာက္လာသလိုမ်ိဳးပဲ။ အခုထြက္သြားေတာ့မယ္ဆိုေတာ့လည္း အဲဒီေျပာင္လက္ေတာက္ပေနတဲ့ ဂုဏ္ပုဒ္ေတြကို ႏွေျမာေနမွာမဟုတ္ဘူး။

သတင္းေထာက္ေတြက တစ္ေယာက္ၿပီးတစ္ေယာက္ ေမးခြန္းေတြေမးလာၾကတယ္ :

"ဖုေလာင္ရွီး ေမးပါရေစ။ ေလာင္ရွီးက အခ်စ္ေရးေၾကာင့္မလို႔ အႏုပညာေလာကထဲက ႏႈတ္ထြက္တာလားရွင့္?"

"ေလာင္ရွီး အႏုပညာေလာကထဲကထြက္ၿပီးရင္ ေနာက္ကြယ္မွာပဲ ေနေတာ့မွာလားရွင့္?"

"အနာဂတ္တိုးတက္မႈအတြက္ စဥ္းစားထားဖူးလားရွင္?"

"အႏုပညာေလာကထဲကထြက္ၿပီးရင္ သင့္ေလ်ာ္တဲ့ သြားစရာေနရာတစ္ခု မရွိမွာကို စိုးရိမ္ခဲ့ဖူးလားရွင့္?"

အားလုံးရဲ႕ေမးခြန္းေတြက ပိုပိုၿပီးစူးရွလာၾကတယ္။ ဒါေပမဲ့လည္း အမွန္ကိုပဲ ပရိသတ္အာ႐ုံစိုက္တဲ့ ေမးခြန္းေတြျဖစ္တယ္။ အထူးသျဖင့္ အခုခ်ိန္ထိ live လႊင့္ေနဆဲပဲေလ။ live roomထဲ ဝင္ေရာက္လာတဲ့ ပရိသတ္ေတြလည္း စိတ္လႈပ္ရွားမႈေၾကာင့္ အသက္ေအာင့္ထားမိၾကတယ္။

ဖုက်င္းေရွာင္း ဒီေမးခြန္းေတြကို ၾကားေတာ့ ၿပဳံးလိုက္ၿပီးေနာက္ ျပန္ေျဖလိုက္တယ္ "တစ္ဝက္ဆီပါပဲ။ ဇာတ္ကား႐ိုက္ရတာနဲ႔ သီခ်င္းဆိုရတာကို ကြၽန္ေတာ္စိတ္ဝင္စားတယ္။ ဒါေပမဲ့ ဒီယူသင့္တဲ့ဆုေတြလည္း အကုန္ယူခဲ့ၿပီးၿပီ။ သ႐ုပ္ေဆာင္တစ္ေယာက္ အေနနဲ႔လည္း အေတြ႕အႀကဳံေတြနဲ႔ စမ္းသပ္မႈေတြရွိခဲ့ၿပီးၿပီ။ အဲ့တာေၾကာင့္ ပတ္ဝန္းက်င္အသစ္တစ္ခုေျပာင္းၿပီး မတူညီတဲ့ဘဝကို ခံစားၾကည့္ခ်င္႐ုံပါပဲ"

"တစ္ဖက္ကလည္း အိမ္မွာက ကြၽန္ေတာ္ဝင္ၿပီး ကူညီေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတယ္ေလ" ဖုက်င္းေရွာင္း ဒီအထိေျပာၿပီးသြားေတာ့ ေဘးနားက ရွန္ရွင္းေဆြ႕ကိုၾကည့္ကာ ၿပဳံးလ်က္ေျပာလာတယ္ "တကယ္လို႔ အနားယူလိုက္တယ္ဆိုရင္ သူ႔ကိုအေဖာ္ျပဳေပးဖို႔လည္း အခ်ိန္မ်ားမ်ားရတာေပါ့"

အဲဒီစကားထြက္လာတာနဲ႔ ေနရာတစ္ခုလုံး ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားေတာ့တယ္။

အရင္တုန္းက မီဒီယာေတြနဲ႔ လူေတြအားလုံးက ႐ုပ္ရွင္ဧကရာဇ္ဖုကို လူ႐ိုးလူေျဖာင့္တစ္ေယာက္လို႔ မွတ္ခ်က္ေပးၾကတယ္။ ဘယ္ပြဲမွာပဲျဖစ္ျဖစ္ အမ်ိဳးသမီးၾကယ္ပြင့္ေတြေပးလာတဲ့ မရွင္းမလင္းဆက္ဆံေရးေတြကို ဘယ္တုန္းကမွ လက္မခံခဲ့ဘူး။ ဒါအျပင္ ကိုယ့္ကိုယ္ကိုယ္ သန္႔စင္ေအာင္ေနခဲ့တယ္။ မေကာင္းတဲ့မွတ္ခ်က္ေတြ ဘာမွမရွိခဲ့ဘူး။ သူအရမ္း႐ိုးေျဖာင့္လြန္းတယ္လို႔ အားလုံးထင္ၾကၿပီး romanticဆိုတာ ဘာမွန္းေတာင္ မသိေလာက္ဘူးလို႔ ေျပာၾကတယ္။

ဒါေပမဲ့ အခုၾကည့္ရေတာ့လည္း အဲဒီလိုမဟုတ္ပါဘူး။

သူ႔ရဲ႕ romanticျဖစ္မႈက limitedနဲ႔ျဖစ္တယ္။ သူ႔ရဲ႕ romanticျဖစ္မႈက ခိုင္ၿမဲတယ္။ အစြမ္းကုန္ေတာက္ပႏိုင္တဲ့ စတိတ္စင္ေပၚကေနေတာင္ ဆင္းသြားဖို႔ဆႏၵရွိၿပီးေတာ့ အခ်စ္ရဲ႕ပရိသတ္ျဖစ္လာတာက သူ႔ရဲ႕romanticရွိမႈ ျဖစ္လာတယ္။

......

ဒီသတင္းစာရွင္းလင္းပြဲၿပီးေတာ့ media platformအားလုံးကို ပြက္ေလာ႐ိုက္သြားေစခဲ့တယ္။

#ဖုက်င္းေရွာင္းအခ်စ္ေရးကိုတရားဝင္ေၾကျငာျခင္း#

#ဖုက်င္းေရွာင္းအႏုပညာေလာကထဲမွႏႈတ္ထြက္ျခင္း#

#《အထီးက်န္ၿမိဳ႕》သတင္းစာရွင္းလင္းပြဲ#

ဒီ hot search 3ခုလုံးကို "爆" (ေပါက္ကြဲျခင္း) ဆိုတဲ့စာလုံးနဲ႔ အမွတ္အသား ျပဳထားေလတယ္။ အခုမွ အလုပ္ဆင္းၾကတဲ့သူေတြ၊ liveၾကည့္ဖို႔ လုံးဝမမီလိုက္ၾကတဲ့ သူေတြအားလုံး hot searchကိုၾကည့္ၿပီး ထိတ္လန္႔ကုန္ၾကေတာ့တယ္။ ဒါ့အျပင္ ဒါက လိမ္လည္ထားတဲ့ hot search မ်ားလားလို႔ေတာင္ သံသယဝင္ကုန္ၾကေတာ့တယ္ :

"မဟုတ္ဘူးမလား မဟုတ္ဘူးမလား"

"သခင္ႀကီးက အျပတ္ရွင္းပစ္လိုက္တာပဲ"

"တစ္ခ်က္တည္း ထိုးႏွက္ရတာ အားမရလို႔ ႏွစ္ခ်က္ေတာင္ တၿပိဳင္နက္တည္း ထိုးခ်လိုက္တာပဲ"

"ဘာလို႔ ရွန္ရွင္းေဆြ႕ျဖစ္ေနရတာလဲ အားအားအား!"

လူေတာ္ေတာ္မ်ားမ်ားက လက္မခံႏိုင္ၾကဘူးဆိုေပမဲ့ လက္ခံႏိုင္ၾကတဲ့သူေတြလည္း ရွိေလတယ္။ 'StarLight'ရဲ႕ talent showကေန variety showအထိ တိုေတာင္းလွတဲ့ ဒီႏွစ္ႏွစ္အတြင္းမွာ ရွန္ရွင္းေဆြ႕နဲ႔ ဖုက်င္းေရွာင္းရဲ႕ super topicဖန္ေတြက သန္း၅၀၀အထိ တိုးပြားလာခဲ့တယ္။ သူတို႔ႏွစ္ေယာက္ တရားဝင္မေၾကျငာရေသးခင္မွာတင္ သၾကားလုံးေတြ ေဝေနၾကေလၿပီ။ ႐ုပ္ရွင္ထုတ္လႊင့္ၿပီးေနာက္မွာလည္း CPဖန္ေတြ အမ်ားႀကီး ထြက္ေပၚလာခဲ့တယ္။

လိင္တူလက္ထပ္တာက နဂိုကတည္းက တရားဝင္ၿပီးသားျဖစ္တယ္။

အရင္က CPဖန္ေတြ CPတြဲၾကရင္ တစ္ခ်ိဳ႕သူေတြက ႐ုပ္ရွင္႐ိုက္ဖို႔ပူးေပါင္းတာကို မင္းသားေတြကို ဆြဲမထည့္သင့္ဘူးလို႔ အၿမဲေျပာၾကတယ္။ တစ္ခ်ိဳ႕လူေတြ မ်ဥ္းကိုနည္းနည္းေလး ေက်ာ္မိရင္ေတာင္ ေသေအာင္ႀကိမ္းေမာင္းဆဲဆိုၾကလိမ့္မယ္။ ဒါေပမဲ့ အခုေတာ့ သူတို႔ကိုယ္တိုင္က တရားဝင္ေၾကျငာလာတာေၾကာင့္ CPဖန္ေတြအတြက္ ပြဲေတာ္ႀကီးျဖစ္ေနေတာ့တယ္ :

"ငါshipတဲ့cpက realႀကီး? !"

"ေပ်ာ္စရာႀကီး၊ ႏွစ္သစ္ကူးၿပီဟ"

"ေဆြ႕ေဆြ႕နဲ႔ ဖုေလာင္ရွီးက လုံးဝလိုက္ဖက္ပါတယ္ေနာ္ ဟုတ္ၿပီလား?"

"သူေဆြ႕ေဆြ႕ကို တကယ္ခ်စ္တာပဲ။ အရင္ကတည္းက သိသိသာသာႀကီးကို အခ်စ္ေတြအမ်ားႀကီး ေပးခဲ့တာ"

"တကယ္ေတာ့ သူဘယ္တုန္းကမွ မဖုံးကြယ္ထားခဲ့ဖူးဘူး"

သေဘာတူတဲ့သူေတြရွိရင္ လက္မခံႏိုင္တဲ့သူေတြ၊ သေဘာမတူတဲ့သူေတြလည္း ေသခ်ာေပါက္ရွိတာေပါ့။ ဒီလူေတြထဲမွာ တစ္ေယာက္တည္းကို standတဲ့ ဖန္ေတြလည္း ပါဝင္ၾကေလတယ္။ သူ(မ)တို႔ ေသခ်ာေပါက္ မေပ်ာ္႐ႊင္ေနၾကေလဘူး။ သေဘာမတူၾကေလဘူး။ ဒီအခ်ိန္မွာပဲ ပုတ္ခတ္ေျပာဆိုလာတဲ့ သူေတြလည္း ရွိၾကေလတယ္ :

"အခ်စ္ေရးကို တရားဝင္ေၾကျငာတာနဲ႔ ဖန္အျဖစ္က ႏႈတ္ထြက္မယ္ဆို၊ ဖုေလာင္ရွီးက တစ္ညတည္းနဲ႔ follower ၅သိန္းေလာက္ တိုးလာတာေနာ္"

"ေဆြ႕ေဆြ႕ရဲ႕ followerေတြလည္း ၂သန္းေလာက္ တိုးလာၿပီ"

"မင္းတို႔ကို လိုအပ္မေနဘူး၊ ဖန္အျဖစ္က ႏႈတ္ထြက္မယ္ဆိုရင္လည္း ျမန္ျမန္ႏႈတ္ထြက္သြားေတာ့"

တစ္ခ်ိဳ႕ဖန္ေတြက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ လက္ခံၾကတယ္။ တစ္ခ်ိဳ႕ဖန္ေတြက လက္မခံၾကဘူး။

ဒါအျပင္ ပိုၿပီး႐ူးသြပ္တဲ့ ဖန္ေတြက အုပ္စုဖြဲ႕ကာ 'အထီးက်န္းၿမိဳ႕'ရဲ႕ Weiboနဲ႔ တရားဝင္အေကာင့္ကို သြားေရာက္တိုက္ခိုက္ၾကေလတယ္။ ဒီ႐ုပ္ရွင္က ျဖဴစင္တဲ့အခ်စ္အေၾကာင္း ျဖစ္ေနတာေၾကာင့္မလို႔သာ သူတို႔အိုင္ေဒါက come out လုပ္လာတာဆိုၿပီး သူ(မ)တို႔ထင္လိုက္တာေၾကာင့္ျဖစ္တယ္။ အဲ့တာေၾကာင့္ 'အထီးက်န္ၿမိဳ႕'က အဓိကတရားခံျဖစ္ေလတယ္။ ဒါအျပင္ 'အထီးက်န္ၿမိဳ႕'ရဲ႕ ratingေတြကို မေကာင္းတဲ့စိတ္နဲ႔ ၾကယ္တစ္ပြင့္အဆင့္သာ တမင္ေပးၾကေလတယ္။

ဒီအေျခအေနေတြေၾကာင့္ပဲ ရွန္ရွင္းေဆြ႕ ျပန္ေရာက္ၿပီးေနာက္ ဒါ႐ိုက္တာကို ဖုန္းဆက္လိုက္တယ္။

က်န္းစန္းစန္းက ေျပာလာေလတယ္ "ဘာမွကိစၥႀကီးမဟုတ္ပါဘူးကြာ။ ကိစၥမရွိဘူးေဆြ႕ေဆြ႕၊ ငါ့ကိုစိတ္ပူမေနနဲ႔။ ဒီလိုကိစၥမ်ိဳးကို ငါနည္းနည္းေလးေတာင္ စိတ္ထဲမထားဘူး။ ratingက်သြားေပမဲ့ ငါ့အျမင္ေတာ့ ငါတို႔အေကာင္းဆုံး ႀကိဳးစားၿပီး ဖန္တီးထားသေ႐ြ႕ ဘာမွေနာင္တရစရာမရွိဘူး။ တကယ့္တကယ္ အရည္အေသြးေကာင္းတဲ့႐ုပ္ရွင္က အားလုံးရဲ႕မ်က္လုံးထဲ စြဲထင္က်န္ရစ္ခဲ့မွာပဲေလ၊ ဟုတ္တယ္မလား၊ အဲ့တာအျပင္......"

ရွန္ရွင္းေဆြ႕ ေမးလိုက္တယ္ "အဲဒါအျပင္ ဘာျဖစ္တာလဲ?"

"ဟဲဟဲ သူ(မ)တို႔ဒီလိုလုပ္ေနေတာ့ ႐ုပ္ရွင္ရဲ႕ေက်ာ္ၾကားမႈက ပိုၿပီးျမင့္တက္လာၿပီေလ။ ဒီေန႔တစ္ရက္တည္းနဲ႔တင္ကို box office သန္း၂၀၀ရသြားေသးတယ္" က်န္းစန္းစန္းရဲ႕ ေလသံထဲမွာ ဂုဏ္ယူမႈေတြ ပါဝင္ေနေလတယ္ "သူ(မ)တို႔ေတြ မေကာင္းစိတ္နဲ႔ starေလွ်ာ့ေပးလည္း ကိစၥမရွိဘူး၊ တကယ္ေကာင္းတဲ့႐ုပ္ရွင္ဆိုရင္ အားလုံးကၾကည့္ၾကမွာပဲ"

ရွန္ရွင္းေဆြ႕ အဲဒီေတာ့မွ စိတ္ေအးသြားရတယ္။

ဒါက က်န္းစန္းစန္းရဲ႕ ပထမဆုံး႐ုပ္ရွင္ျဖစ္တယ္။ သူ႔ရဲ႕privateကိစၥေၾကာင့္နဲ႔ တျခားသူေတြကို သက္ေရာက္ေစမွာကို သူမလိုခ်င္ဘူး။

အင္တာနက္ေပၚမွာ လက္မခံၾကဘဲ ခုခံေနၾကတဲ့အသံေတြ ထြက္ေပၚေနဆဲပဲ။ ဒါေတြအားလုံးကို သူျမင္တယ္။ ဒါေပမဲ့ သူ႔စိတ္ကေတာ့ အရင္ကလို ေပ်ာ့ညံ့မေနေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ဖုက်င္းေရွာင္းက သူနဲ႔အတူရွိေနတယ္ဆိုတာ သူသိလို႔ပဲ။ ခ်စ္ရသူသာ ေဘးမွာရွိေနရင္ ဘယ္ေလာက္ပဲ ပင္ပန္းခက္ခဲပါေစ မေၾကာက္႐ြံ႕ေတာ့ဘူး။

ဝမ္မိန္စန္႔က သူ႔ကိုအနည္းငယ္ စိတ္ပူေနေသးတဲ့ပုံစံနဲ႔ ေျပာလာတယ္ "အဲဒါေတြကို ရွင္းလင္းေပးဖို႔ က်ဲတို႔လူလႊတ္ၿပီးသြားၿပီ ေဆြ႕ေဆြ႕ တစ္ခ်ိဳ႕စကားေတြကို စိတ္ထဲမထားနဲ႔"

"ကိစၥမရွိပါဘူး" ရွန္ရွင္းေဆြ႕က ေနာက္လွည့္လာၿပီးေတာ့ေတာင္ ေအးဂ်င့္ကို ႏွစ္သိမ့္ေပးေနလိုက္ေသးတယ္။ သူၿပဳံးၿပီး ေျပာလိုက္တယ္ "တစ္ခ်ိဳ႕သူေတြေျပာတာကလည္း လုံးဝႀကီးအဓိပၸာယ္မရွိတာမ်ိဳးေတာ့ မဟုတ္ဘူးေလ၊ ကြၽန္ေတာ့္ အခုအေနအထားနဲ႔ ေျပာရရင္ ဖုေလာင္ရွီးရဲ႕ေအာင္ျမင္မႈေတြနဲ႔ တကယ္ကိုမလိုက္ဖက္ေသးဘူး။ ဒါေပမဲ့ ကြၽန္ေတာ္အခု နားလည္သြားၿပီ၊ လူတိုင္းက ကိုယ့္ရဲ႕ဘဝနဲ႔ကိုယ္ ေကာင္းေကာင္းရွင္သန္ရမွာပဲ၊ ကြၽန္ေတာ္က သူမ်ားရဲ႕မ်က္လုံးေတြထဲမွာပဲ အၿမဲရွင္သန္မေနႏိုင္ဘူး၊ ကိုယ့္ပါကိုယ္ႀကိဳးစားၿပီး ေရွ႕ဆက္သြားရင္ ရတာပဲေလ၊ ကြၽန္ေတာ့္ထင္တယ္၊ အေႏွးနဲ႔အျမန္ တစ္ေန႔က်ရင္ေတာ့ ကြၽန္ေတာ္ ဖုေလာင္ရွီးနဲ႔ ပုခုံးခ်င္းယွဥ္ႏိုင္လာမွာပါ"

ဝမ္မိန္စန္႔ ေၾကာင္အသြားၿပီးမွ သက္ျပင္းခ်ကာ ေျပာလာတယ္ "ေဆြ႕ေဆြ႕"

ရွန္ရွင္းေဆြ႕ "အင္?"

"မင္းအ႐ြယ္ေရာက္လာၿပီပဲ" ဝမ္မိန္စန္႔ သူ႔ေခါင္းေလးကို ဖြဖြပြတ္သပ္ေပးလိုက္တယ္ "အဲဒီေန႔က အေႏွးနဲ႔အျမန္ေရာက္လာမယ္ဆိုတာကို က်ဲလည္းယုံၾကည္တယ္"

......

အင္တာနက္ေပၚမွာ ေဆြးေႏြးမႈေတြ ရွိေနဆဲျဖစ္တယ္။

ဒီအုပ္စုထဲမွာတင္ပဲ ကိုယ့္အေတြးနဲ႔ကိုယ္ရွိတဲ့ ဖန္တစ္ခ်ိဳ႕လည္း ရွိၾကတယ္။ ဖုက်င္းေရွာင္းရဲ႕ ဖန္တစ္ခ်ိဳ႕က ရွန္ရွင္းေဆြ႕ကို လုံးဝလက္မခံႏိုင္တာမ်ိဳး မဟုတ္ၾကဘူး။ ရွန္ရွင္းေဆြ႕က ဖုက်င္းေရွာင္းနဲ႔ မထိုက္တန္ဘူး၊ ေက်ာ္ၾကားလာေအာင္လို႔ မေကာင္းတဲ့စိတ္နဲ႔ ခ်ဥ္းကပ္တာလို႔ ထင္ေနၾကတာျဖစ္တယ္။

ဖန္ေလး'ေရွာင္ေအ(Aေလး)' ကလည္း ဖုက်င္းေရွာင္းရဲ႕ ဖန္ေဟာင္းတစ္ေယာက္ျဖစ္တယ္။ သူ(မ)ကလည္း မယုံၾကည္တဲ့အဖြဲ႕ဝင္ေတြထဲက တစ္ေယာက္ျဖစ္တယ္။

"ဒီရွန္ရွင္းေဆြ႕က ဒီေလာက္ငယ္ငယ္ေလးရွိေသးတာ၊ သူကဖုေလာင္ရွီးအေၾကာင္း ဘာနားလည္လို႔လဲ?" ေရွာင္ေအ လုံးဝေက်နပ္မေနေလဘူး "ႏွစ္တစ္ဝက္ေလာက္ေတာင္ မရွိေသးခင္ လမ္းခြဲရင္ေတာင္ခြဲေနၾကမွာ"

သူ(မ)တို႔ထဲမွာ အုပ္စုတစ္စု ရွိေလတယ္။

အဲဒီအုပ္စုထဲမွာ ဖန္းေဟာင္းေတြ အမ်ားႀကီးရွိၾကတယ္။ ဒါအျပင္ ပိုက္ဆံရွိတဲ့ Bossက်ဲက်ဲေတြလည္း ရွိၾကတယ္။ ဖုက်င္းေရွာင္းရဲ႕အလုပ္နဲ႔ လွ်ိဳ႕ဝွက္အလုပ္ေတြက အလြန္ေကာင္းေနတာေၾကာင့္ ႏွစ္ေယာက္သား အတူတူရွိေနတာ ေတြ႕ရင္ေတာင္ ဘာမွအမ်ားႀကီး မစဥ္းစားခဲ့ၾကဘူး။ အခုအခ်ိန္မွာ ပိုၿပီးစိတ္တိုေနၾကေလတယ္ :

"ငါတို႔စုံေထာက္ေတြဘာေတြရွာလိုက္ရမလား၊ ရွန္ရွင္းေဆြ႕ရဲ႕ မေကာင္းသတင္းေတြကို တူးထုတ္ရေအာင္ေလ?"

"ေသခ်ာေပါက္ သူ႔မွာ မေကာင္းတဲ့ အတိတ္တစ္ခုေတာ့ ရွိလိမ့္မယ္"

"အရင္တုန္းက ေက်ာင္းတြင္းအႏိုင္က်င့္တယ္ ဆိုတဲ့သတင္း ထြက္လာခဲ့ဖူးတယ္ မဟုတ္လား?"

"အဲဒီကိစၥက rumorပါလို႔ ေခ်ပခံလိုက္ရၿပီးၿပီ၊ အသုံးမဝင္ေတာ့ဘူး"

အဲဒီအုပ္စုက တစ္ေယာက္တစ္ေပါက္ ေဆြးေႏြးေနၾကၿပီး မေက်မနပ္ျဖစ္ေနတာက ပိုမ်ားေလတယ္ :

"ဖုေလာင္ရွီးက ဘာလို႔သူ႔ကို ေ႐ြးလိုက္တာလဲ"

"သူက ဘယ္နားမွာမ်ား ဖုေလာင္ရွီးနဲ႔ တန္ေနလို႔လဲ"

"ဟုတ္ပါ့၊ ဖုေလာင္ရွီး ဖန္တစ္ေယာက္နဲ႔ တြဲတယ္ဆိုရင္ေတာင္ ငါတို႔အဲ့ေလာက္ ခံရခက္မွာမဟုတ္ဘူး။ တစ္ခ်ိဳ႕က်ဲက်ဲေတြကိုပဲၾကည့္လိုက္၊ အိမ္ကခ်မ္းသာသလို လွလည္းလွတယ္၊ ၿပီးေတာ့ ဖုေလာင္ရွီးအေပၚလည္း စိတ္ရင္းနဲ႔ေကာင္းေပးၾကေသးတယ္"

"ဥပမာ သခင္မေပါ့၊ သခင္မ ဖုေလာင္ရွီးေနာက္လိုက္ေနတာ ဘယ္ႏွႏွစ္ေတာင္ ရွိေနၿပီလဲ၊ သူအခုဘယ္ေလာက္ ဝမ္းနည္းေနမလဲဆိုတာ ငါေတြးေတာင္မေတြးရဲဘူး"

"ရွန္ရွင္းေဆြ႕ကို ငါတကယ္စိတ္မခ်ႏိုင္ဘူးေဟး!"

အားလုံး ေဆြးေႏြးေနၾကတဲ့ အခ်ိန္မွာပဲ။ ေရွာင္ေအက ေရွ႕ထြက္လာေလတယ္ "ငါမွတ္မိတာ variety showတစ္ခု႐ိုက္ရင္း ႐ိုက္ကူးေရးအဖြဲ႕ရဲ႕ ဝန္ထမ္းေလးလက္ထဲမွာ အေကာင့္တုေပၚခဲ့ဖူးတယ္မဟုတ္လား၊ တကယ္လို႔ ငါတို႔သာ အဲဒီအေကာင့္တုကို တူးထုတ္ႏိုင္လိုက္ရင္ တစ္ခုခုမ်ားသိရႏိုင္ေလာက္လား?"

ဒီစကားက အိပ္မက္ထဲကလူေတြကို ႏိုးၾကားသြားေစခဲ့တယ္!

ေစာနတုန္းက အကုန္လုံးက ေခါင္းမရွိတဲ့ယင္ေကာင္ေတြလို ျဖစ္ေနခဲ့ၾကတယ္။ အခုက်ေတာ့မွ ဒီစကားေၾကာင့္ ႐ုတ္တရက္ႀကီး ႏိုးၾကားလာၾကေတာ့တယ္ "အဓိပၸာယ္ရွိတယ္၊ အရင္တုန္းက တာ့Vတစ္ေယာက္ကို ကူရွာေပးဖို႔ ေတာင္းဆိုခဲ့ဖူးတယ္ထင္တယ္၊ အဲ့တာနဲ႔ သူလည္း သဲလြန္စေသးေသးေလးေတြအရ လိုက္ရွာေနခဲ့တာျဖစ္မယ္၊ ငါတို႔သူ႔ကို သြားေမးၾကည့္လို႔ ရႏိုင္ေလာက္တယ္၊ ေနာက္ၿပီး ေဖာ္ထုတ္ခိုင္းလိုက္မယ္ေလ၊ တကယ္လို႔ မေကာင္းတဲ့အတိတ္ေတြ ဘာေတြရွိမယ္ဆိုရင္ ရွန္ရွင္းေဆြ႕ သူ႔ရဲ႕ဇာတိ႐ုပ္ကို မျပဘဲေနႏိုင္ပါဦးမလား?"

[တာ့V – Weiboမွာ activeျဖစ္ၿပီး followerအေရအတြက္မ်ားတဲ့သူ]

သူတို႔ေတြ လက္ဝါးခ်င္း ႐ိုက္ထားလိုက္ၾကတယ္။

ဒီအထဲကဖန္ေတြကလည္း ေခါင္းေဆာင္ေတြ ရွိၾကၿပီး ေရွာင္ေအက သဘာဝက်က်ပဲ ဦးေဆာင္သူျဖစ္လာခဲ့တယ္။ သူက အဲဒီတာ့Vကို ဦးေဆာင္ဆက္သြယ္လိုက္တယ္။ သဲလြန္စရႏိုင္မလားလို႔ ႀကိဳးစားၾကည့္တယ္။ တကယ္ေတာ့ အဲဒီလူက ဒီနယ္ပယ္ထဲကလူလို႔ သတ္မွတ္လို႔မရေလဘူး။ ပုံမွန္အားျဖင့္ စိတ္အေျခအေနကလည္း အနည္းငယ္ထူးဆန္းေလတယ္။ ေရွာင္ေအသြားၿပီး ဆက္သြယ္တဲ့အခ်ိန္မွာ ဘာေမွ်ာ္လင့္ခ်က္မွ မထားခဲ့ဘူး။ ဒါေပမဲ့ ျပန္စာရလာလိမ့္မယ္လို႔ ဘယ္သူထင္ထားမိမွာလဲ။

တာ့Vက ျပန္ေျဖလာတယ္ "ကြၽန္ေတာ္ အဲဒီwallpaperရဲ႕ မူလpostပိုင္ရွင္ကို ရွာေတြ႕ၿပီးၿပီ၊ အဲဒီwallpaperရဲ႕ artistက ဓာတ္ပုံသိမ္းရင္ စကားခ်န္ခဲ့ပါလို႔ ေျပာထားဖူးတယ္။ ႐ိုက္ကူးေရးထုတ္လႊင့္တဲ့အခ်ိန္တုန္းက အဲဒီwallpaperကလည္း တင္ထားတာ ဆယ္ရက္ေက်ာ္ပဲရွိေသးတယ္။ အဲ့တာက နာမည္သိပ္မႀကီးတဲ့လူတစ္ေယာက္ တင္ထားတာ။ အဲ့တာေၾကာင့္ စကားခ်န္ခဲ့တဲ့followerေတြကလည္း ရာဂဏန္းပဲရွိတယ္။ ႐ိုက္ကူးေရးအဖြဲ႕ရဲ႕ ကင္မရာမန္း႐ိုက္လာတာက အေကာင့္နာမည္မပါဘူး။ ဒါေပမဲ့ homeစာမ်က္ႏွာရဲ႕ recommendတစ္ခုကို ႐ိုက္မိလိုက္တယ္။ သူက တျခားနာမည္သိပ္မႀကီးတဲ့ လူတစ္ေယာက္ကို followလုပ္ထားတာကိုေတာ့ ကြၽန္ေတာ္ေတြ႕လိုက္ရတယ္။ တိုက္ဆိုင္တာတစ္ခုက အဲဒီartistကလည္း နာမည္သိပ္မႀကီးတဲ့ artistပဲ"

"စကားခ်န္ထားခဲ့တဲ့ followerေတြထဲကမွ တျခားartistကိုပါ followလုပ္ထားတဲ့ သူေတြကိုေ႐ြးထုတ္လိုက္တယ္။ ေနာက္ေတာ့ မေတာ္တဆ ထိခိုက္မႈေတြ ရွိလာမွာစိုးလို႔ အေသးစိတ္အခ်က္အလက္ေတြနဲ႔ ထပ္ၿပီးစီစစ္လိုက္တယ္။ ႏႈိင္းယွဥ္ၿပီးတဲ့ေနာက္မွာ အေကာင့္ကို ခန္႔မွန္းေခ် မွန္းဆလိုက္ႏိုင္ၿပီ" တာ့Vက ျပန္ေျဖလာတယ္ "အစက ဒီသတင္းေတြကို မင္းဆီတိုက္႐ိုက္ေရာင္းမလို႔ေပမဲ့ အဲဒီအေကာင့္ရဲ႕ အေၾကာင္းအရာတစ္ခ်ိဳ႕ကို ေတြ႕ၿပီးေနာက္မွာ ကြၽန္ေတာ္အစီအစဥ္ ေျပာင္းလိုက္တယ္။ တစ္ခ်ိဳ႕ပစၥည္းေတြက ေစ်းသတ္မွတ္ထားတာရွိတယ္။ တစ္ခ်ိဳ႕ပစၥည္းေတြက ေစ်းသတ္မွတ္ထားတာမရွိဘူး"

ေရာင္းဖို႔ျငင္းဆိုလာလိမ့္မယ္လို႔ ေရွာင္ေအမထင္ထားမိဘူး။ သဲလြန္စေပ်ာက္သြားေတာ့မွာကို သူ(မ)ျမင္ေတာ့ စိုးရိမ္လာမိတယ္ "ေစ်းသတ္မွတ္ထားတာ မရွိဘူးဆိုတာက ဘာအဓိပၸာယ္လဲ၊ အဲဒီသတင္းက အရမ္းႀကီးတာမလို႔လား။ ကိစၥမရွိဘူး၊ ေကာေစ်းဖြင့္လိုက္ပါ။ ဖုေလာင္ရွီးနဲ႔ ပတ္သက္မႈရွိလား။ ေကာေစ်းဖြင့္လိုက္တာနဲ႔ ကြၽန္မတို႔အဖြဲ႕က ေကာကိုပိုက္ဆံအားလုံး ေပးႏိုင္တယ္!"

ေထာင္ေက်ာ္တဲ့ Weiboေတြကို တာ့V သတိရမိသြားေတာ့ ႐ိုးသားစြာပဲ ျပန္ေျဖလိုက္တယ္ "အင္း၊ ရွိတယ္။ ၿပီးေတာ့ နည္းနည္းပါးပါးလည္း မဟုတ္ဘူး။ ႏွစ္အနည္းငယ္ေလာက္ရွိၿပီ"

ဒီကို ေရွာင္ေအၾကားေတာ့ စိတ္လႈပ္ရွားလာရတယ္။ ဒီအစီအစဥ္ကို နဂိုကစဥ္းစား႐ုံပဲ စဥ္းစားထားတာျဖစ္တယ္။ ေမွာင္ခိုသတင္းေတြကို တူးမိႏိုင္တဲ့ ျဖစ္ႏိုင္ေခ်မ်ိဳး ရွိလာလိမ့္မယ္လို႔ မထင္ထားမိဘူး !

တာ့Vလည္း ခဏေလာက္ ေတြေဝသြားပုံရကာ ေနာက္ဆုံးေျပာလာတယ္ "မင္းတို႔ ဒီသတင္းအေပၚကို အရမ္းစိတ္ဝင္စားၿပီး အရမ္းသိခ်င္ေနတယ္ဆိုမွေတာ့ ကြၽန္ေတာ္လည္း အဲ့တာကိုေရာင္းၿပီး ပိုက္ဆံမရွာေတာ့ပါဘူးေလ။ ဒီလိုလုပ္၊ မင္းတို႔အကုန္လုံး သိခ်င္ေနၾကတယ္ဆိုမွေတာ့ ကြၽန္ေတာ္ ညက်ရင္ ပို႔စ္တစ္ခုတင္လိုက္မယ္၊ ကြၽန္ေတာ္သိသမွ် သတင္းေတြအားလုံးကို တရားဝင္ေဖာ္ထုတ္လိုက္မယ္၊ အဲဒီလိုဆိုရင္ အကုန္လုံးသိရမွာပဲေလ"

ေရွာင္ေအ သံသယျဖစ္မိသြားတယ္။ ဒါေပမဲ့လည္း ဘာမွအမ်ားႀကီး မစဥ္းစားေနေတာ့ဘူး။ သူအလြန္ေပ်ာ္႐ႊင္စြာနဲ႔ ေျပာလိုက္တယ္ "ပိုက္ဆံမယူဘူးလား၊ ေကာင္းပါၿပီ၊ ေက်းဇူးတင္ပါတယ္၊ ဒါဆိုကြၽန္မ လူေတြဆက္သြယ္လိုက္ေတာ့မယ္ေနာ္၊ ဒီေန႔ည ေကာရဲ႕ပို႔စ္ကို ေသခ်ာေပါက္ အခ်ိန္မီေစာင့္ေနပါ့မယ္၊ အဲဒီအခ်က္အလက္ေတြအားလုံးကို ေသခ်ာေပါက္ ေဖာ္ထုတ္ပစ္ရမယ္ေနာ္!"

ဒီလို သတင္းေကာင္းမ်ိဳးက သူ႔(မ)အတြက္ေျပာရရင္ အလြန္ေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ကိစၥတစ္ခုျဖစ္တယ္။ သူျပန္လာၿပီးေနာက္ groupထဲကလူေတြဆီ ဒီသတင္းကိုေျပာျပလိုက္တယ္။ တျခားသူေတြလည္း ဒီသတင္းကို ၾကားသိၿပီးေနာက္ စိတ္လႈပ္ရွားေနၾကေတာ့တယ္ :

"တကယ္လား?"

"ေကာင္းတာေပါ့၊ သူက တကယ္ပဲ ဘယ္လိုလူမ်ိဳးလဲဆိုတာ ေနာက္ဆုံးေတာ့ ၾကည့္ရေတာ့မယ္"

"ပုံမွန္အခ်ိန္ဆို အၿမဲတမ္းေကာင္းေကာင္းေနထိုင္ေပမဲ့ privateပိုင္းမွာ ဘယ္လိုလူမ်ိဳးလဲဆိုတာ ဘယ္သူသိမွာလဲ"

"ငါတျခားက်ဲေမ့ေတြကိုလည္း ဆက္သြယ္လိုက္ဦးမယ္၊ ဒီေန႔ညေစာင့္ရေအာင္လို႔"

"ဟုတ္တယ္၊ အဲဒီအခ်ိန္ေရာက္ရင္ ငါတို႔ hot searchတစ္ခုေလာက္ေတာင္ ဝယ္ထားဦးမယ္!"

"လူသိမခံလို႔မရတဲ့ကိစၥေတြ ေပၚထြက္လာပါေစလို႔ပဲ ေမွ်ာ္လင့္ပါတယ္၊ သူ႔ရဲ႕မ်က္ႏွာအစစ္ကို ဖုေလာင္ရွီး သိသြားပါေစ!"

____________________

Word – 4487
January 24, 2024 (Wed)
Xiao Dream

Main chapter ၿပီးဖို႔ ၅ပိုင္းပဲ က်န္ေတာ့တယ္။

Continue Reading

You'll Also Like

639K 60.5K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.9M 334K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
3.4K 310 45
another description ဘယ်အရာကသူမကိုဖြစ်တည်လာတာလည်းဘာ့ကြောင့် system နဲ့ချိတ်ဆက်မိတာလည်း စတဲ့မေးခွန်းပေါင်းများစွာတေကစိတ်ထဲမှာရှိနေပြီး မှတ်ဉာဏ်တေဟာလည်...
23.9K 3K 14
လုကျင်းမင်...ခင်ဗျားကို ကျွန်တော် ဘယ်တော့မှ ထပ်မတွေ့တော့ဘူး...အိမ်မက်ထဲမှာတောင်မှပဲ။ လုက်င္းမင္...ခင္ဗ်ားကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ထပ္မေတြ႕ေတာ့ဘူး...အိ...