အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 102

7.4K 1.4K 97
By Xiao_Dream

Unicode

အချစ်ရေးကိုဖွင့်ပြောခြင်း
________________________

ပွဲနေရာမှာ သတင်းထောက်တွေနဲ့ မီဒီယာတွေအများကြီးရှိနေတာကြောင့် ပွဲနေရာတစ်ခုလုံးက အလွန်စည်ကားနေလေတယ်။

မိတ်ကပ်ဆရာမက ရှန်ရှင်းဆွေ့ကို မိတ်ကပ်ပြင်ပေးရင်း ပြောလာတယ် "ဆွေ့ဆွေ့ ကောင်းကောင်းမနားရတာ ဘယ်လောက်တောင်ကြာနေပြီလည်း မျက်ကွင်းတွေတောင်ညိုနေပြီ ကြည့်ရတာပင်ပန်းနေသလိုပဲ"

ရှန်ရှင်းဆွေ့ စဥ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်တယ် "နှစ်လလောက်ရှိပြီ"

"ဒီလိုလုပ်လို့ ဘယ်ဖြစ်မှာလဲ?!" မိတ်ကပ်ဆရာမ အနည်းငယ်အံ့အားသင့်သွားရတယ်။ ဒါပေမဲ့လည်း ကြင်နာစွာနဲ့ပြောလာတယ် "ဆွေ့ဆွေ့က ဒီလောက်အလုပ်တွေ ဆက်တိုက်လုပ်နေတာတောင် အသားအရည်က ဒီလောက်ကောင်းနေတုန်းပဲ ငယ်ရွယ်တာအရမ်းကောင်းတာပဲ"

ရှန်ရှင်းဆွေ့ ဖွဖွပြုံးလိုက်တယ် "ဖုလောင်ရှီးရဲ့ အသားအရည်လည်း မဆိုးပါဘူး"

မိတ်ကပ်ဆရာမကလည်း သဘောတူစွာ ခေါင်းညိတ်ပြောလာတယ် "ဒါကတော့ မင်းပြောတာမှန်တယ်။ ဖုလောင်ရှီးရဲ့အနေအထားက တကယ်မဆိုးဘူး။ ဒီနယ်ပယ်ထဲက အနုပညာရှင်တွေကိုကြည့်လိုက်၊ အသက်30ကျော်လောက်ရောက်ရင် အနည်းငယ်အများတော့ အနေအထားတစ်ခုထိ ကျဆင်းသွားကြတယ်။ အနီးကပ်ရိုက်ချက်တွေဘာတွေဆိုရင် filterအထူကြီးတွေကို အားကိုးနေကြရပြီ။ ဖုလောင်ရှီးကတော့ ဒီအသက်အရွယ်ရောက်နေပြီး အဆက်မပြတ်အလုပ်လုပ်နေတာတောင်မှ အိုလာတဲ့အရိပ်အယောင်တွေ မတွေ့ရသေးဘူး။ သူများတွေနဲ့ ကွာခြားချက်ပဲ"

ရှန်ရှင်းဆွေ့ စဥ်းစားကာပြောလိုက်တယ် "သူကအမြဲတမ်း လေ့ကျင့်ခန်းလုပ်တယ်"

"လေ့ကျင့်ခန်းလုပ်တာကတစ်ပိုင်း၊ သူ့ကိုယ်ပိုင်းထူးချွန်မှုကတစ်ပိုင်းလေ" မိတ်ကပ်ဆရာမက ပိုပြီးနားလည်လေတယ် "မင်းမသိလောက်ဘူး ဖုလောင်ရှီးက မွေးလာကတည်းက ဒီဖက်ပိုင်းကိုကျွမ်းကျင်နေတဲ့အတိုင်းပဲ သူငယ်ငယ်ရွယ်ရွယ် အသက်20လောက်တုန်းကလည်း တကယ့်ကိုအရမ်းချောလွန်းတယ်။ တခြားသူတွေအားလုံးမှာ ရုပ်ရည်ကောင်းမွန်တဲ့ အထွတ်အထိပ်အချိန်တစ်ခုရှိကြပေမဲ့ ဖုလောင်ရှီးတစ်ယောက်ကပဲ အမြဲတမ်း အဲဒီအထွတ်အထိပ်မှာရှိနေနိုင်တာ။ ဖုလောင်ရှီးက မျက်နှာကိုသုံးပြီး ပိုက်ဆံရှာလို့ရပေမဲ့ အရည်အချင်းကိုပဲမှီခိုတဲ့ တစ်ဦးတည်းသောလူတဲ့"

ရှန်ရှင်းဆွေ့ အတိတ်ကကိစ္စတစ်ချို့ကို ပြန်တွေးမိသွားခဲ့တယ်။ သူ့မျက်နှာပေါ်မှာ အပြုံးလေးထွက်ပေါ်လာပြီး မိတ်ကပ်ဆရာမကို ပြောလိုက်တယ် "ကျွန်တော်သိတယ်"

မိတ်ကပ်ဆရာမ အံ့အားသင့်သွားလေတယ်။

ရှန်ရှင်းဆွေ့ရဲ့အပြုံးပါးပါးက မျက်နှာပေါ်မှာချိတ်ဆွဲလျက်ရှိတယ်။ သူ့ရဲ့နွေးထွေးတဲ့မျက်ဝန်းတွေက မိတ်ကပ်ဆရာမကိုကြည့်နေတယ်။ ဘာမှမပြောဘူးဆိုပေမဲ့ အရာအားလုံးဟာ ဘာစကားမှမလိုသယောင်ရှိလေတယ်။

မိတ်ကပ်ဆရာမလည်း ပြုံးလိုက်ပြီး အသံတိုးနဲ့ပြောလာတယ် "ဆွေ့ဆွေ့နဲ့ဖုလောင်ရှီးရဲ့ ဆက်ဆံရေးက အရမ်းကောင်းပုံပဲ အမှန်တိုင်းပြောရရင် ဒီနှစ်တွေထဲ အနုပညာလောကမှာ ဒီလောက်ဆက်ဆံရေးကောင်းတာမျိုး မတွေ့ဖူးသေးဘူး နောက်ကျလို့ မင်းမင်္ဂလာဆောင်ရင် ဖုလောင်ရှီးကို သတို့သားအရံလုပ်ခိုင်းလို့တောင် ရကောင်းရနိုင်လောက်တယ်!"

ဒါကမူလကတော့စနောက်ပြောလိုက်တာဖြစ်တယ်။

ဒါပေမဲ့ ရုတ်တရက် လေးလံတဲ့ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျလာပြီး ရှန်ရှင်းဆွေ့နှလုံးသားပေါ် ကျရောက်သွားရလေတယ်။

အနောက်က ဒီဇိုင်နာလောင်ရှီးက ရယ်မောကာ လှမ်းပြောလာတယ် "နင်နဲ့နင့်ကောင်လေးနဲ့တောင် စေ့စပ်တော့မှာဆို?"

"ဟုတ်ပါ့" မိတ်ကပ်ဆရာမက ပျော်ရွှင်နေပုံနဲ့ ပြန်ဖြေလာတယ် "ဒီနှစ်ကုန်လောက် နှစ်ဖက်မိဘတွေနဲ့ တွေ့ပြီးသွားရင် ရက်သတ်မှတ်လို့ရပြီ။ နင်ရော၊ နင်နဲ့နင့်ကောင်လေးနဲ့ လက်ထပ်ဖို့မစဥ်းစားကြသေးဘူးလား?"

ဒီဇိုင်နာလောင်ရှီးက ပြုံးကာပြောလာတယ် "ပြောမနေပါနဲ့တော့ အိမ်ခန်းကိစ္စကို တစ်ချိန်လုံးဖြေရှင်းလို့ မပြီးသေးဘူး ငါတို့လည်းလက်ထပ်ချင်ပေမဲ့ နင်ကြည့်လေ ဘာမှမပြင်ဆင်ရသေးတော့ ဘယ်လိုလက်ထပ်ကြမလဲ......"

သူတို့နှစ်ယောက် စကားတွေပြောနေကြပေမဲ့ ရှန်ရှင်းဆွေ့ပဲ စကားဝင်မပြောတာဖြစ်တယ်။ ဒါပေါ့။ သူလည်းတခြားသူတွေလို သူ့ချစ်သူအကြောင်းကို ဝင်ဆွေးနွေးချင်တာပေါ့။ လတ်တလော အခြေအနေတွေကို ပြောပြချင်တယ်။ ဒါပေမဲ့ သူပြောလို့မရဘူး။

......

အပြင်ဘက်ကနေ တံခါးခေါက်သံ ထွက်ပေါ်လာလေတယ်။

ဝန်ထမ်းလေးက အထဲဝင်လာပြီး ပြောလာတယ် "ရှန်လောင်ရှီး မင်္ဂလာပါ ခဏနေရင် စင်ပေါ်တက်လို့ရပါပြီ"

ရှန်ရှင်းဆွေ့ အသံပြုလိုက်တယ် "ဟုတ်ကဲ့"

သူတို့ရဲ့အင်တာဗျူးအချိန်ကို ရောက်လာပြီဖြစ်တာကြောင့် အရှေ့မှာ မီဒီယာကိုယ်စီက အဆင်သင့်ဖြစ်နေကြလေပြီ။ ရှန်ရှင်းဆွေ့ ဝင်သွားလိုက်ချိန်မှာ ဒါရိုက်တာကျန်းစန်းစန်းက အနောက်တိုင်းဝတ်စုံနဲ့ သားရေဖိနပ်ကိုဝတ်ထားတယ်။ သူ့ကိုမြင်တဲ့အချိန်မှာ လက်ပြကာ နှုတ်ဆက်လာလေတယ် "ဆွေ့ဆွေ့ မင်းကိုသတင်းကောင်းတစ်ခု ပြောပြမယ်"

ရှန်ရှင်းဆွေ့ "ဘာများလဲ?"

"ငါတို့box officeက တစ်ဘီလီယံကျော်သွားပြီ" ကျန်းစန်းစန်းရဲ့ မျက်နှာပေါ် ဖြူစင်လွန်းတဲ့ အပြုံးလေး တည်ရှိနေလေတယ် "အရင်းပြန်ရနေပြီ မင်းတို့ရင်းနှီးမြှုပ်နှံသူတွေကို ငါစိတ်မပျက်စေမိဘူးမလား"

သူတို့ရဲ့အရင်းက သန်း၅ရာလောက် ရင်းနှီးမြှုပ်နှံထားတာဖြစ်တယ်။ box officeများလာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်တဲ့ ရှန်ရှင်းဆွေ့အနေနဲ့ box officeကနေရတဲ့ အမြတ်နဲ့တင် သန်း၁ရာကျော် ရရှိနေပြီဖြစ်တယ်။

ရှန်ရှင်းဆွေ့ ချီးကျူးလိုက်တယ် "ဒါရိုက်တာက အရမ်းမိုက်တာပဲ"

ကျန်းစန်းစန်းက သူ့ကိုယ်သူယုံကြည်မှုရှိနေပေမဲ့ တကယ့်အမှန်တရားကိုလည်း သိမြင်သေးတယ် "ဒီဇာတ်ကားက ဖုလောင်ရှီးနဲ့မင်းနဲ့ ငါ့ကိုအခွင့်အရေးပေးတာကြောင့်ပါ တကယ်လို့ ဖုလောင်ရှီးသာ ဇာတ်ကားထဲမှာ သရုပ်မဆောင်ပေးဘူးဆိုရင်၊ မင်းရဲ့ရင်းနှီးမြှုပ်နှံမှုတွေမရှိဘူးဆိုရင် ဒီလိုအခွင့်အရေးမျိုး လုံးဝရှိလာမှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်"

"ဒီကြင်နာမှုကို......" ကျန်းစန်းစန်း လက်သီးနှစ်ဖက် ဆုပ်လိုက်တယ် "လုံးဝမမေ့ပါဘူး"

ရှန်ရှင်းဆွေ့ ဖွဖွရယ်လိုက်တယ်။ သူကူရာမဲ့စွာနဲ့ ဒါရိုက်တာကိုကြည့်လိုက်မိတယ် "ဒါရိုက်တာ အားနာလွန်းနေပါပြီ ကျွန်တော်တို့က အချင်းချင်းကူညီပေးတာလို့ ပြောလို့ရတာပဲကို"

ကျန်းစန်းစန်း အလွန်စိတ်လှုပ်ရှားနေလေတယ် "ဒီတစ်ခေါက်သတင်းစာရှင်းလင်းပွဲက liveလွှင့်မှာ။ ပြီးတော့ ပရိသတ်တွေအများကြီးနဲ့ ငါပထမဆုံးတွေ့ရမဲ့အခေါက်ပဲ။ ငါ့အင်္ကျီတွေ အဆင်ပြေရဲ့လား ဆွေ့ဆွေ့။ ကြည့်မကောင်းများ ဖြစ်နေလား?"

"ဒါရိုက်တာက ချောနေပြီးသားပါ" ရှန်ရှင်းဆွေ့ သူ့ပုခုံးကို ပုတ်ပေးလိုက်တယ် "liveလွှင့်တာက တကယ်တော့လည်း ဘာမှမဟုတ်ပါဘူး liveကိုလာကြည့်မဲ့သူတွေက ဇာတ်ကားကိုကြိုက်တဲ့၊ မင်းကိုကြိုက်တဲ့လူတွေချည်းပဲ အဲ့တာကြောင့် စိတ်လှုပ်ရှားဖို့မလိုပါဘူး"

အဲဒီတော့မှ ကျန်းစန်းစန်း စိတ်အေးသွားရတယ်။

ဘေးနားက ဝန်ထမ်းလေးက ပြောလာတယ် "လူကြီးမင်းတို့ ပြင်ဆင်ထားပါ စင်ပေါ်တက်လို့ရပါပြီ"

သူတို့စင်အနီးနားရောက်တော့ အောက်ဘက်မှာ မီဒီယာအသံတွေက ဆူညံလျက်ရှိတယ်။ ရှန်ရှင်းဆွေ့နဲ့ ကျောင်းချောင်က ရောက်ပြီဖြစ်ပေမဲ့ ဖုကျင်းရှောင်းကတော့ ခရီးစဥ်အခြေအနေတစ်ချို့ကြောင့် မရောက်ရှိသေးဘူး။ အဲ့တာကြောင့် သူတို့တွေပဲ အင်တာဗျူးကို အရင်လက်ခံဖြေဆိုလိုက်ကြတယ်။

Hostက အရှေ့ကနေရာအလွတ်မှာရပ်နေပြီး ပြောလာတယ် "ပထမဦးဆုံး ကျွန်တော်တို့ရဲ့'အထီးကျန်မြို့' သတင်းစာရှင်းလင်းပွဲကို လာရောက်ပေးကြတဲ့အားလုံးကို ကြိုဆိုပါတယ်ခင်ဗျ။ ကျွန်တော်တို့ကိုအားပေးနေတဲ့အတွက် အားလုံးကိုကျေးဇူးတင်ရှိပါတယ်။ အခု ကျွန်တော်တို့ရဲ့ဧည့်သည်တွေဖြစ်တဲ့ ဒါရိုက်တာကျန်းနဲ့ သရုပ်ဆောင်တွေကို စင်ပေါ်တက်ပြီးမိတ်ဆက်ဖို့ ဖိတ်ခေါ်လိုက်ကြရအောင်......"

လက်ခုပ်သံတွေနဲ့အတူ ဧည့်သည်တွေလည်း စင်ပေါ်တက်လာကြတယ်။

အလင်းရောင်က အလွန်တောက်ပကာ အလွန်လင်းလက်နေတယ်။

Live roomထဲက ပရိသတ်တွေလည်း အလွန်စိတ်လှုပ်ရှားနေတယ် :

"စနေပြီ စနေပြီ"

"ဆွေ့ဆွေ့ပေါင်ပေ့ တံခါးပိတ်ရုပ်ရှင်ရိုက်နေတာ နောက်ဆုံးတော့တွေ့ရပြီ"

[တံခါးပိတ်ကျင့်ကြံတာလိုမျိုး]

"ဘာလို့ဖုလောင်ရှီးမရှိနေတာလဲ"

"ဖုလောင်ရှီးက ပွဲတစ်ဝက်လောက်နေမှ ရောက်လာမှာများလား?"

"ဝါး မျှော်နေပြီ မျှော်နေပြီ"

သတင်းစာရှင်းလင်းပွဲကို တရားဝင်စတင်လိုက်ပြီဖြစ်တယ်။ 'အထီးကျန်မြို့'က လူအများရဲ့ အသိအမှတ်ပြုခြင်း ခံရလေတယ်။ hostကလည်း သရုပ်ဆောင်တွေကို ဖိတ်ခေါ်ပြီးတော့ ဇာတ်ကောင်အပေါ် အမြင်တွေကို ပြောပြစေတယ်။ ကျောင်းချောင်နဲ့ ရှန်ရှင်းဆွေ့ရဲ့ လူငယ်ဘဝတွေ့ဆုံမှုအကြောင်း ပြောတဲ့အချိန်မှာ အကုန်လုံးရယ်မိကြတော့တယ်။

ရှန်ရှင်းဆွေ့ ပြောလာတယ် "ကျွန်တော်တို့ ရိုက်ကူးရေးလုပ်ကြတဲ့အချိန်တုန်းက ကျွန်တော်တို့နှစ်ယောက်လုံးက အတွေ့အကြုံမရှိကြသေးတော့ တစ်ဖက်ကိုတစ်ဖက် တောင်းပန်ရတဲ့အချိန်တွေ အမြဲကြုံရတယ်"

ကျောင်းချောင် မိုက်ခ်ကိုင်ထားရင်းနဲ့ ရယ်သံတွေကို မထိန်းချုပ်နိုင်တော့ဘူး "ဟုတ်တယ်။ ဥပမာ ဒီနေ့ ကျွန်တော်က ရှန်လောင်ရှီးကို တောင်းပန်ရတယ်ဆိုရင် မနက်ဖြန်ကျ 'ကျောင်းကော တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကောကိုနောက်တစ်ခေါက်ရိုက်ရအောင်လုပ်မိပြန်ပြီ'ဆိုပြီး ရှန်လောင်ရှီး ပြောရတဲ့အလှည့်ပဲ"

အင်တာဗျူးနေတဲ့ စင်ပေါ်ကလေထုက အလွန်ပေါ့ပါးနေတယ်။

ရှန်ရှင်းဆွေ့နဲ့ ကျောင်းချောင်က ထပ်ပြောလာတယ် "နောက်ပြီး ကျွန်တော်တို့ရဲ့ ဒါရိုက်တာကလည်း လူသစ်ဆိုတော့ ရိုက်ကွင်းမှာ စိတ်အဝင်စားစရာအကောင်းဆုံး ကိစ္စတစ်ခုက ကျွန်တော်တို့နဲ့ဒါရိုက်တာ ရုတ်တရက်တောင်းပန်မိကြတာပဲ"

Hostက ရယ်မောကာ မေးလာတယ် "ဒါရိုက်တာကျန်း တကယ်ဒီလိုရှိခဲ့တာလား?"

"ဟုတ်တယ်ဟုတ်တယ်" ကျန်းစန်းစန်း မျက်မှန်ကိုတွန်းတင်လိုက်တယ်။ နောက် ကူရာမဲ့စွာပြောလိုက်တယ် "ဘာလို့လဲဆိုတော့ အမြဲတမ်းကျွန်တော့်မှာ မတူတဲ့အတွေးတွေ အများကြီးရှိတယ်။ နောက်ပြီး သရုပ်ဆောင်တွေကို ရိုက်ကွက်တစ်ခုတည်းကိုပဲ မတူညီတဲ့နေရာတွေကနေ ရိုက်ခိုင်းကြည့်တယ်။ အချိန်အကြာကြီး သုံးသပ်ရတော့ လောင်ရှီးနှစ်ယောက်လုံးကို အရမ်းအားနာရတယ်"

ကျောင်းချောင်က စနောက်လာတယ် "ကျွန်တော်တို့က အချင်းချင်း လှည့်ဖျားနေကြတာလေ"

Hostက ဒီခေါင်းစဥ်ကိုပဲ ဆက်ပြောလာကာ ရှန်ရှင်းဆွေ့ကို မေးလာတယ် "အဲ့တာဆို ဆွေ့ဆွေ့ နောက်ပိုင်းမှာ ဖုလောင်ရှီးနဲ့ ဇာတ်ကားတွဲရိုက်ရတဲ့အချိန် ဒီပြဿနာက တိုးတက်မှုရှိလာလား?"

ရှန်ရှင်းဆွေ့ အရင်ဆုံး ကြောင်သွားပြီးတော့မှ အလျင်အမြန် ခေါင်းညိတ်သဘောတူကာ ပြောလိုက်တယ် "ရှိပါတယ် ဖုလောင်ရှီးက အရမ်းအတွေ့အကြုံရှိပြီးတော့ ရင့်ကျက်တဲ့သရုပ်ဆောင်တစ်ယောက်ပါ။ သရုပ်ဆောင်တဲ့နေရာမှာလည်း ကျွန်တော့်ကို အကူအညီတွေအများကြီးပေးခဲ့တယ်။ အဲ့တာကြောင့် နောက်ပိုင်းရိုက်ကူးရတာက အရမ်းမြန်တယ်။ ကျွန်တော် ဖုလောင်ရှီးကို အများကြီးကျေးဇူးတင်မိတယ်။ ဒီတစ်ခေါက် အလုပ်တွဲလုပ်နိုင်တဲ့ အခွင့်အရေးကိုလည်း အရမ်းတန်ဖိုးထားမိပါတယ်"

ရုပ်ရှင်ဧကရာဇ်အကြောင်းကို မေးမြန်းလာတဲ့အချိန် မီဒီယာတွေကလည်း ဆောင်းပါးရေးဖို့ ပိုကြိုက်ကြလေတယ်။ ပြီးတော့ ပေါက်လည်းပေါက်နိုင်တယ်မဟုတ်လား။

Hostက ထပ်ပြီးမေးလာတယ် "ဒါဆိုရင် ထပ်ပြီးတော့ရော အလုပ်အတူလုပ်ချင်သေးလား?"

"ဒါပေါ့" ရှန်ရှင်းဆွေ့ ခေါင်းညိတ်ပြီး ပြုံးကာပြောလိုက်တယ် "ဖုလောင်ရှီးနဲ့ အလုပ်တွဲလုပ်နိုင်တာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ"

အခုအချိန်ထိ အဖြေတွေက officialဖြစ်ပြီးတော့ hostကလည်း သူတို့ဘက်ကလူဖြစ်တယ်။ မေးခွန်းတွေအားလုံးကို ကြိုတင်စီစဥ်ထားပြီးသားဖြစ်ပြီး ရှန်ရှင်းဆွေ့ကလည်း အလွန်ပူးပေါင်းပေးတယ်။ အဖြေတွေကို ကို့ရို့ကားယားမဖြစ်စေဘူး။

နောက်ဆုံးတော့ သတင်းထောက်တွေ မေးမြန်းမဲ့အစီအစဥ်ကို ရောက်ရှိလာပြီဖြစ်တယ်။

Hostက စင်အောက်ကလူတွေကို ပြောလိုက်တယ် "သရုပ်ဆောင်တွေနဲ့ အမေးအဖြေကဏ္ဍအတွက် ၁၀မိနစ်အချိန်ရပါတယ်။ အင်တာနက်သုံးစွဲသူတွေ ဂရုအစိုက်ဆုံးမေးခွန်းတွေကို အခြေခံပြီးမေးလို့ရပါတယ်။ ကျွန်တော်တို့ ဒီနေ့နေရာမှာရှိနေပေးတဲ့ ရုပ်ရှင်ပရိသတ်တွေအပါအဝင် သရုပ်ဆောင်တွေနဲ့ ဆက်သွယ်ပြောဆိုလို့ ရပါတယ်နော်"

အောက်ကနေ ကျယ်လောင်လှတဲ့ လက်ခုပ်သံတွေ ထွက်ပေါ်လာလေတယ်။

သတင်းထောက်တွေ တစ်ယောက်ပြီးတစ်ယောက် မေးလာကြတယ်။ အစပိုင်းမှာတော့ မေးခွန်းတွေက ပုံမှန်ပဲဖြစ်ပေမဲ့ မေးခွန်းမေးနိုင်တဲ့အခွင့်အရေးက ဖန်တစ်ယောက်ဆီရောက်သွားတာနဲ့ သူ(မ)က မိုက်ခ်ကိုင်ကာ စင်ပေါ်ကလူကိုကြည့်ပြီး ဖွဖွပြောလာတယ် "ဆွေ့ဆွေ့မင်္ဂလာပါ။ ညီမကဆွေ့ဆွေ့ဖန်ပါ။ ညီမ ရုပ်ရှင်လက်မှတ် အစောင်၂၀ကျော်လောက်တောင် ဝယ်ခဲ့သေးတယ်။ ရုံတင်တိုင်းလည်း သွားကြည့်ဖြစ်တယ်။ ညီမဆွေ့ဆွေ့ကို အရမ်းကြိုက်တယ်။ ဆွေ့ဆွေ့ရဲ့အလုပ်ကိုလည်း အမြဲတမ်းအားပေးနေပါတယ်။ ဖန်းကျစ်ဝမ်နဲ့ရွှီယန်ကိုလည်း အရမ်းသဘောကျပါတယ်။ ညီမကိုယ်တိုင်လည်းကူပြီး ပရိုမိုးရှင်းဆင်းပေးဖြစ်တယ်။ ဒါပေမဲ့ အခုတလောမှာ ညီမတို့ ရုပ်ရှင်ဖန်တွေအပါအဝင် အကုန်လုံး တစ်ခြားတစ်ဖက်က လူတွေကြောင့် ထိခိုက်နေရတယ်"

နေရာတစ်ခုလုံး ရုတ်တရက်ကြီး တိတ်ဆိတ်သွားလေတယ်။

ဒီမေးခွန်းက ထိလွယ်ရှလွယ်ဖြစ်သလို ထက်ရှလွန်းလှတယ်။ အဲဒီဖန်လေးကတော့ ရပ်တန့်လိုတဲ့ သဘောတရား မရှိနေလေဘူး "လူတွေအများကြီးက ညီမတို့ကို ပြဿနာရှာကြတယ်။ CP fanတွေကို ငြင်းပယ်ကြတယ်။ ဆွေ့ဆွေ့နဲ့ ဖုလောင်ရှီးရဲ့ ဆက်ဆံရေးကို သံသယဝင်နေကြတဲ့ လူတွေအပါအဝင်ပဲ။ အကုန်လုံးက ဆူပူနေတာ အရမ်းပြင်းထန် အရမ်းဆိုးဝါးလွန်းတယ်။ တကယ်တော့ ဒါတွေအားလုံးက အဆင်ပြေသေးတယ်။ ဒါပေမဲ့ ဒီစကားများမှုတွေထဲမှာမှ ဆွေ့ဆွေ့ကိုတိုက်ခိုက်ကြတာတွေလည်း အများကြီးရှိလာတယ်။ ညီမတို့ဖန်တွေကို တိုက်ခိုက်တာတွေတောင် ရှိလာနေပြီ"

မိုက်ခ်ကိုင်ထားတဲ့ ရှန်ရှင်းဆွေ့လက်တွေ တင်းကြပ်သွားရတယ်။ ဖန်လေးရဲ့စကားတွေက လေးလံတဲ့တူကြီးတစ်ချောင်းလိုမျိုး သူ့နှလုံးသားပေါ် ကျရောက်လာခဲ့တယ်။ စင်ပေါ်မှာမတ်တပ်ရပ်ပြီး စင်အောက်ကဖန်လေးရဲ့မျက်နှာကို ကြည့်နေမိတယ်။ အကွာအဝေးကြောင့် မျက်ရည်တွေရစ်သိုင်းနေတဲ့ မျက်လုံးတွေကိုတောင် သူမြင်နေရတယ်။ အဲဒီမျက်ဝန်းတစ်စုံက သူ့ကိုကြည့်နေပြီး အသံတိတ်တိုင်ကြားမှုက သူ့နှလုံးသားကို ရိုက်ခတ်သွားစေခဲ့တယ်။

"ဆွေ့ဆွေ့ ညီမတို့က ဆွေ့ဆွေ့ကို တကယ်သဘောကျကြ၊ အားပေးကြတာပါ" ဖန်လေးက တိုးတိုးပြောလာတယ် "သူများတွေဘာပြောပြော ညီမတို့နားမထောင်ဘူး။ ဆွေ့ဆွေ့ပြောတာကိုပဲ နားထောင်မယ်။ မေးပါရစေ ဆွေ့ဆွေ့နဲ့ဖုလောင်ရှီးနဲ့က အလုပ်တွဲလုပ်ရုံ ဒါမှမဟုတ် ရိုးသားတဲ့ ဆရာတပည့် ဆက်ဆံရေးတင်ပဲ မဟုတ်လား?"

ဒီစကားဆုံးသွားပြီးနောက် နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့တယ်။

မီးရောင်တွေအောက်မှာ မီဒီယာတစ်ခုစီတိုင်းရဲ့ သတင်းထောက်တွေအားလုံးလည်း စိတ်လှုပ်ရှားလွန်းလို့ လက်တွေတုန်ယင်နေကြတယ်။

ရှန်ရှင်းဆွေ့ စင်ပေါ်မှာ မတ်တပ်ရပ်နေတယ်။ စလိုက်မီးရောင်တွေက လင်းလွန်းလို့ မျက်စိစူးစေတဲ့အထိပဲ။ အဖြူရောင်တောက်ပနေပြီး ပတ်ဝန်းကျင်မှာ အလွန်ဆူညံနေတယ်။ သူမူလနေရာမှာပဲ ကြောင်အစွာရပ်နေမိတယ်။ မိုက်ခ်ကိုင်ထားတဲ့လက်က တုန်ယင်လျက်ရှိတယ်။ သူဘယ်လိုစကားဟရမလဲမသိတော့ဘူး။

ဒီဆက်ဆံရေးက ဖုကျင်းရှောင်းရဲ့ အနာဂတ်အလုပ်အကိုင်အပေါ် သက်ရောက်မှုရှိနေနိုင်တယ်။

သူ့ကိုမုန်းနေတဲ့သူတွေက အရမ်းများလွန်းတယ်။ အဲ့တာကြောင့် သူ့ကြောင့်နဲ့ ဖုကျင်းရှောင်းရဲ့ အပြစ်မရှိတဲ့ဂုဏ်သတင်းကို အရောင်ဆိုးမိစေဖို့ ဖြစ်နိုင်ချေလည်း အရမ်းများတယ်။

အဲ့တာက သူ့ချစ်သူဖြစ်ပြီး မျက်စိရှေ့ကတော့ သူ့ရဲ့ဖန်ဖြစ်တယ်။ သူဘယ်လိုပဲလုပ်လုပ် တစ်ဖက်ဖက်ကိုတော့ ထိခိုက်စေမိမှာပဲ။ ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားပြီး သူကအဲဒီအလယ်မှာရပ်နေတာ အဆွဲခံရ၊ အနှိပ်စက်ခံနေရသလိုပဲ။ နားထဲမှာ ကျယ်လောင်တဲ့ ဆူညံသံတွေပဲ ကြားနေရတယ်။ မျက်လုံးထဲမှာ ဖွေးဖွေးဖြူနေတဲ့ အလင်းရောင်ကိုပဲ တွေ့နေရတယ်။ သူကတော့ ဒီကြားထဲမှာ မဖြစ်မနေ ရွေးချယ်မှုတစ်ခု ပြုလုပ်ရမယ်။ ဆုံးဖြတ်ချက်တစ်ခုချဖို့ တစ်ကမ္ဘာလုံးက သူ့ကိုဖိအားပေးနေကြသလိုမျိုး ခံစားနေရတယ်။

အနောက်က ကျန်းစန်းစန်းက သူခက်ခဲနေတာကိုမြင်တော့ အလျင်အမြန်ရောက်လာပြီး လှည့်စားဖို့ကြိုးစားလိုက်တယ် "အဲဒါက... ဒီမေးခွန်းက တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်သက်သေလုပ်ပေးလို့ရတယ်။ သူတို့နှစ်ယောက်မှာ ဘာထူးခြားတဲ့ဆက်ဆံရေးမှ မရှိပါဘူး။ ဇာတ်ကားရိုက်နေတဲ့အချိန်တုန်းလည်း ကျွန်တော်တို့အကုန်လုံး ပုံမှန်ပါပဲ......"

ကျောင်းချောင်ကလည်း ရှန်ရှင်းဆွေ့လက်မောင်းကို အလျင်အမြန်ဆွဲလိုက်တယ်။ မျက်နှာပေါ်မှာ လုပ်ယူထားတဲ့အပြုံးနဲ့ ကင်မရာကိုကြည့်ကာ ပြောလိုက်တယ် "ဟုတ်တယ်ဟုတ်တယ် အပြင်ဘက်မှာပြောနေကြတာတွေက ကောလဟာလတွေပါပဲ......"

စင်အောက်ကသူတွေက မကျေနပ်ကြလေဘူး။ ရှန်ရှင်းဆွေ့ ကိုယ်တိုင်ပြောလာတာကို လိုချင်ကြတယ်။

ဆွဲလိုက်ယမ်းလိုက်နဲ့ လှုပ်ရှားမှုတွေ၊ ဆူညံနေတဲ့ပွဲနေရာ၊ အရာတိုင်းက ပါးစပ်ဖွင့်ဟထားတဲ့ ဘီလူးတစ်ကောင်လို လူကိုစားလိုက်တော့မဲ့အတိုင်းပဲ။

......

ရုတ်တရက်

အဲဒီအချိန်မှာပဲ ကမ္ဘာကြီး တိတ်ဆိတ်သွားလေတယ်။

စင်တစ်ဖက်ခြမ်းမှာ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ အမျိုးသားတစ်ယောက် ရပ်နေလေတယ်။ သူကအနက်ရောင်လောင်းကုတ်ကို ဝတ်ဆင်ထားတယ်။ ဆံပင်ပုံစံနဲ့ အင်္ကျီတွေ အကုန်လုံးက နေ့စဥ်ဝတ်ပုံစံပဲဖြစ်တယ်။ ဒီလိုဆိုပေမဲ့ စင်ပေါ်က မီးရောင်တွေအောက်မှာရပ်နေချိန် လူတွေအားလုံးရဲ့အကြည့်တွေက သူ့ဆီမှာစုစည်းသွားတော့တယ်။ ဖုကျင်းရှောင်း နေကာမျက်မှန်ချွတ်လိုက်ပြီးနောက် ချောမောတဲ့မျက်နှာလေး ပေါ်ထွက်လာတော့တယ်။ အဲဒီမျက်နှာပေါ်မှာ ကဲ့ရဲ့ခြင်းမမည်တဲ့အပြုံးလေး ပေါ်လာပြီး နှုတ်ဆက်လိုက်တယ် "အားလုံးပဲမင်္ဂလာနေ့လယ်ခင်းပါ"

အားလုံးသူ့ကို ကြည့်မိလိုက်ကြပြီး သူ့ကိုတွေ့တဲ့အခါမှာတော့ သက်ပြင်းချလိုက်မိကြတော့တယ်။

ဒါရိုက်တာ ကျန်းစန်းစန်းက အလျင်အမြန် ပြောလာတယ် "ကျင်းရှောင်းရေ မင်းလာတာနဲ့အတော်ပဲ ဒီကိစ္စကို မြန်မြန်လာရှင်းပေးပါဦး"

ဖုကျင်းရှောင်း သူ့ကိုခေါင်းညိတ်ပြလိုက်တယ်။ နောက်တော့ ရှေ့ကိုလျှောက်သွားက စင်အလယ်က ရှန်ရှင်းဆွေ့ဆီ လျှောက်သွားလိုက်တယ်။ အဲဒီအမျိုးသား သူ့ဆီလျှောက်လာတာကို ကြည့်နေရင်း ရှန်ရှင်းဆွေ့ အဲဒီနေရာမှာပဲ မိုက်ခ်ကိုင်ကာ မတ်တပ်ရပ်နေမိတယ်။ ကြမ်းပြင်နဲ့ဖိနပ်နဲ့ ရိုက်ခတ်သံက ရှင်းရှင်းလင်းလင်း ထွက်ပေါ်လျက်ရှိတယ်။ အပြင်ဘက်ကနေ ဝင်လာခါစမလို့ဖြစ်နိုင်တယ်။ သူ့ကိုယ်ပေါ်မှာ အေးစက်တဲ့လေရဲ့ အငွေ့အသက်တွေ ကျန်ရှိနေသေးတယ်။

ရှန်ရှင်းဆွေ့ရဲ့မျက်လုံးလေး ဖျက်ခနဲလက်သွားရတယ်။ နောက်တော့ ဖုကျင်းရှောင်း သူ့အရှေ့မှာရပ်လာပြီး နွေးထွေးတဲ့အပြုံးလေး ပေးလာတယ် "တောင်းပန်ပါတယ် ကိုယ်လာတာနောက်ကျသွားတယ်"

စိတ်အာမခံချက်တစ်ခုလိုပဲ။ ကိုယ်ဒီမှာရှိနေတယ်ဆိုပြီး ရှန်ရှင်းဆွေ့ကို ပြောလာသလိုမျိုး စိတ်အေးရစေတယ်။

ရှန်ရှင်းဆွေ့ပြုံးလိုက်ပြီး ခေါင်းဖွဖွခါလိုက်တယ်။

ဖုကျင်းရှောင်း ရှန်ရှင်းဆွေ့လက်ထဲက မိုက်ခ်ကိုယူလိုက်ပြီး စင်အောက်ကို ပြုံးပြကာပြောလိုက်တယ် "ကျွန်တော်လာတာနောက်ကျသွားမှတော့ အမေးအဖြေကဏ္ဍကိုပဲ တိုက်ရိုက်သွားကြတာပေါ့။ စောနက ရှန်လောင်ရှီးကို မေးထားတဲ့မေးခွန်းကို ကျွန်တော်ဖြေပေးရင်ရော ဘယ်လိုလဲ?"

စင်အောက်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ကျေနပ်စွာ သဘောတူလိုက်ကြတယ်။

အဲဒီမေးခွန်းမေးလာတဲ့ဖန်လေးကို ဖုကျင်းရှောင်းကြည့်လိုက်တယ်။ သူ့ရဲ့လေသံထဲမှာ ပျင်းရိနေမှုတွေ ပါဝင်နေတယ်။ ဒါပေမဲ့ ဒီမေးခွန်းကိုဖြေတဲ့အချိန်မှာတော့ လေးလေးနက်နက်ဖြေဆိုလာတယ် "ရှန်ရှင်းဆွေ့က ကျွန်တော့်ချစ်သူ"

ဒီစကားကိုကြားတဲ့အချိန် ဖန်တွေအားလုံး မျက်လုံးပြူးကုန်တော့တယ်။

"ကျွန်တော်တို့က ချစ်သူရည်းစားဆက်ဆံရေးပါ။ ဒါပေါ့။ သိပ်မကြာခင်မှာပဲ တရားဝင်အိမ်ထောင်ဘက် ဆက်ဆံရေးဖြစ်လာတော့မှာပါ" ဖုကျင်းရှောင်း မနှေးမမြန်နဲ့ဆက်ပြောလာတယ် "ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ဂရုစိုက်ပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်ပိုင်းရောက်လာမဲ့ မင်္ဂလာဆောင်ကျရင်လည်း မီဒီယာတွေကမိတ်ဆွေတွေကို ပါဝင်သက်သေပြုဖို့ ဖိတ်ခေါ်လိုက်ပါ့မယ်"

? ? ?

စင်အောက်က မီဒီယာတွေအားလုံး ခေါင်းပေါ်မှာ question markလေး ပေါ်လာကြပြီး ထိတ်လန့်ကုန်ကြတော့တယ်!

Live roomထဲက ပရိသတ်တွေလည်း ရူးသွပ်နေကြပြီဖြစ်တယ် :

"တကယ်ကြီးလား?"

"ဒီအတွဲက realဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး!"

"ရှန်ရှင်းဆွေ့ရေ မင်းအရင်ဘဝတုန်းက စကြဝဠာကြီးကို ကယ်တင်ခဲ့တာများလား?"

"နင့်ကိုမုန်းတယ်!"

"ငါတော့အသဲကွဲသွားပြီ ဝူးဝူး"

"မရဘူး ငါသဘောမတူဘူး။ သူတို့ကနည်းနည်းလေးတောင် မလိုက်ဖက်ဘူး။ တကယ် ငါဖန်အဖြစ်ကနေ နုတ်ထွက်တယ်"

သတင်းစာရှင်းလင်းပွဲနေရာမှာလည်း ရှုတ်ရှပ်ခတ်နေလေတယ်။ အလွန်စည်းကားလျက်ရှိကာ ဒါကသာမန်ညတစ်ညမဟုတ်မှန်း သိသာလှတယ်။ နောက်ပြီး ဖုကျင်းရှောင်းရဲ့အချစ်ရေးကလည်း ရုတ်ရုတ်သဲသဲဖြစ်အောင် နှိုးဆော်လျက်ရှိလေတယ်။ အထူးသဖြင့် ဖန်တွေက အလွန်ဆူညံလျက်ရှိကြတယ်။

"ဒါနဲ့" အားလုံးရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာပဲ ဖုကျင်းရှောင်းက ဖြေးဖြေးထပ်ပြောလာပြန်တယ် "နောက်ထပ် ကြေငြာစရာ ကိစ္စတစ်ခုရှိပါသေးတယ်။ အစကတော့ နည်းနည်းနောက်ကျမှ ဖွင့်ပြောမလို့ပေမဲ့ ဒီအခြေအနေထိရောက်နေပြီဆိုမှတော့ တစ်ခါတည်းပဲ အတူတူပြောလိုက်ပါတော့မယ်"

ရှန်ရှင်းဆွေ့လည်း သံသယဖြစ်စွာ သူ့ကိုကြည့်နေမိတယ်။

ဖုကျင်းရှောင်း သူ့ကိုခေါင်းငုံ့ကြည့်လာပြီး မျက်လုံးထဲမှာ ပြုံးရိပ်ပါးပါးလေး ရှိနေလေတယ်။ သူ့နှုတ်ခမ်းကိုဖွင့်ဟကာ တည်ငြိမ်တဲ့အသံနဲ့ အလွန်ပေါက်ကွဲလွယ်တဲ့ ဗုံးတစ်ခုကို ကြေငြာလိုက်လေတယ် "ကျွန်တော်ကြေငြာပါတယ်၊ ကျွန်တော် လက်ရှိလက်မှတ်ထိုးထားတဲ့ လုပ်ငန်းတွေအားလုံး လက်စသတ်ပြီးစီးတာနဲ့ အနုပညာလောကကို ထာဝရနှုတ်ဆက်ပါတော့မယ်"

____________________

Word – 5239
January 19, 2024 (Fri)
Xiao Dream

Sorry for late😥
Goodnight my lovely ones❤❤

Zawgyi

အခ်စ္ေရးကိုဖြင့္ေျပာျခင္း
________________________

ပြဲေနရာမွာ သတင္းေထာက္ေတြနဲ႔ မီဒီယာေတြအမ်ားႀကီးရွိေနတာေၾကာင့္ ပြဲေနရာတစ္ခုလုံးက အလြန္စည္ကားေနေလတယ္။

မိတ္ကပ္ဆရာမက ရွန္ရွင္းေဆြ႕ကို မိတ္ကပ္ျပင္ေပးရင္း ေျပာလာတယ္ "ေဆြ႕ေဆြ႕ ေကာင္းေကာင္းမနားရတာ ဘယ္ေလာက္ေတာင္ၾကာေနၿပီလည္း မ်က္ကြင္းေတြေတာင္ညိဳေနၿပီ ၾကည့္ရတာပင္ပန္းေနသလိုပဲ"

ရွန္ရွင္းေဆြ႕ စဥ္းစားလိုက္ၿပီးေနာက္ ျပန္ေျဖလိုက္တယ္ "ႏွစ္လေလာက္ရွိၿပီ"

"ဒီလိုလုပ္လို႔ ဘယ္ျဖစ္မွာလဲ?!" မိတ္ကပ္ဆရာမ အနည္းငယ္အံ့အားသင့္သြားရတယ္။ ဒါေပမဲ့လည္း ၾကင္နာစြာနဲ႔ေျပာလာတယ္ "ေဆြ႕ေဆြ႕က ဒီေလာက္အလုပ္ေတြ ဆက္တိုက္လုပ္ေနတာေတာင္ အသားအရည္က ဒီေလာက္ေကာင္းေနတုန္းပဲ ငယ္႐ြယ္တာအရမ္းေကာင္းတာပဲ"

ရွန္ရွင္းေဆြ႕ ဖြဖြၿပဳံးလိုက္တယ္ "ဖုေလာင္ရွီးရဲ႕ အသားအရည္လည္း မဆိုးပါဘူး"

မိတ္ကပ္ဆရာမကလည္း သေဘာတူစြာ ေခါင္းညိတ္ေျပာလာတယ္ "ဒါကေတာ့ မင္းေျပာတာမွန္တယ္။ ဖုေလာင္ရွီးရဲ႕အေနအထားက တကယ္မဆိုးဘူး။ ဒီနယ္ပယ္ထဲက အႏုပညာရွင္ေတြကိုၾကည့္လိုက္၊ အသက္30ေက်ာ္ေလာက္ေရာက္ရင္ အနည္းငယ္အမ်ားေတာ့ အေနအထားတစ္ခုထိ က်ဆင္းသြားၾကတယ္။ အနီးကပ္႐ိုက္ခ်က္ေတြဘာေတြဆိုရင္ filterအထူႀကီးေတြကို အားကိုးေနၾကရၿပီ။ ဖုေလာင္ရွီးကေတာ့ ဒီအသက္အ႐ြယ္ေရာက္ေနၿပီး အဆက္မျပတ္အလုပ္လုပ္ေနတာေတာင္မွ အိုလာတဲ့အရိပ္အေယာင္ေတြ မေတြ႕ရေသးဘူး။ သူမ်ားေတြနဲ႔ ကြာျခားခ်က္ပဲ"

ရွန္ရွင္းေဆြ႕ စဥ္းစားကာေျပာလိုက္တယ္ "သူကအၿမဲတမ္း ေလ့က်င့္ခန္းလုပ္တယ္"

"ေလ့က်င့္ခန္းလုပ္တာကတစ္ပိုင္း၊ သူ႔ကိုယ္ပိုင္းထူးခြၽန္မႈကတစ္ပိုင္းေလ" မိတ္ကပ္ဆရာမက ပိုၿပီးနားလည္ေလတယ္ "မင္းမသိေလာက္ဘူး ဖုေလာင္ရွီးက ေမြးလာကတည္းက ဒီဖက္ပိုင္းကိုကြၽမ္းက်င္ေနတဲ့အတိုင္းပဲ သူငယ္ငယ္႐ြယ္႐ြယ္ အသက္20ေလာက္တုန္းကလည္း တကယ့္ကိုအရမ္းေခ်ာလြန္းတယ္။ တျခားသူေတြအားလုံးမွာ ႐ုပ္ရည္ေကာင္းမြန္တဲ့ အထြတ္အထိပ္အခ်ိန္တစ္ခုရွိၾကေပမဲ့ ဖုေလာင္ရွီးတစ္ေယာက္ကပဲ အၿမဲတမ္း အဲဒီအထြတ္အထိပ္မွာရွိေနႏိုင္တာ။ ဖုေလာင္ရွီးက မ်က္ႏွာကိုသုံးၿပီး ပိုက္ဆံရွာလို႔ရေပမဲ့ အရည္အခ်င္းကိုပဲမွီခိုတဲ့ တစ္ဦးတည္းေသာလူတဲ့"

ရွန္ရွင္းေဆြ႕ အတိတ္ကကိစၥတစ္ခ်ိဳ႕ကို ျပန္ေတြးမိသြားခဲ့တယ္။ သူ႔မ်က္ႏွာေပၚမွာ အၿပဳံးေလးထြက္ေပၚလာၿပီး မိတ္ကပ္ဆရာမကို ေျပာလိုက္တယ္ "ကြၽန္ေတာ္သိတယ္"

မိတ္ကပ္ဆရာမ အံ့အားသင့္သြားေလတယ္။

ရွန္ရွင္းေဆြ႕ရဲ႕အၿပဳံးပါးပါးက မ်က္ႏွာေပၚမွာခ်ိတ္ဆြဲလ်က္ရွိတယ္။ သူ႔ရဲ႕ေႏြးေထြးတဲ့မ်က္ဝန္းေတြက မိတ္ကပ္ဆရာမကိုၾကည့္ေနတယ္။ ဘာမွမေျပာဘူးဆိုေပမဲ့ အရာအားလုံးဟာ ဘာစကားမွမလိုသေယာင္ရွိေလတယ္။

မိတ္ကပ္ဆရာမလည္း ၿပဳံးလိုက္ၿပီး အသံတိုးနဲ႔ေျပာလာတယ္ "ေဆြ႕ေဆြ႕နဲ႔ဖုေလာင္ရွီးရဲ႕ ဆက္ဆံေရးက အရမ္းေကာင္းပုံပဲ အမွန္တိုင္းေျပာရရင္ ဒီႏွစ္ေတြထဲ အႏုပညာေလာကမွာ ဒီေလာက္ဆက္ဆံေရးေကာင္းတာမ်ိဳး မေတြ႕ဖူးေသးဘူး ေနာက္က်လို႔ မင္းမဂၤလာေဆာင္ရင္ ဖုေလာင္ရွီးကို သတို႔သားအရံလုပ္ခိုင္းလို႔ေတာင္ ရေကာင္းရႏိုင္ေလာက္တယ္!"

ဒါကမူလကေတာ့စေနာက္ေျပာလိုက္တာျဖစ္တယ္။

ဒါေပမဲ့ ႐ုတ္တရက္ ေလးလံတဲ့ေက်ာက္တုံးႀကီးတစ္တုံး ျပဳတ္က်လာၿပီး ရွန္ရွင္းေဆြ႕ႏွလုံးသားေပၚ က်ေရာက္သြားရေလတယ္။

အေနာက္က ဒီဇိုင္နာေလာင္ရွီးက ရယ္ေမာကာ လွမ္းေျပာလာတယ္ "နင္နဲ႔နင့္ေကာင္ေလးနဲ႔ေတာင္ ေစ့စပ္ေတာ့မွာဆို?"

"ဟုတ္ပါ့" မိတ္ကပ္ဆရာမက ေပ်ာ္႐ႊင္ေနပုံနဲ႔ ျပန္ေျဖလာတယ္ "ဒီႏွစ္ကုန္ေလာက္ ႏွစ္ဖက္မိဘေတြနဲ႔ ေတြ႕ၿပီးသြားရင္ ရက္သတ္မွတ္လို႔ရၿပီ။ နင္ေရာ၊ နင္နဲ႔နင့္ေကာင္ေလးနဲ႔ လက္ထပ္ဖို႔မစဥ္းစားၾကေသးဘူးလား?"

ဒီဇိုင္နာေလာင္ရွီးက ၿပဳံးကာေျပာလာတယ္ "ေျပာမေနပါနဲ႔ေတာ့ အိမ္ခန္းကိစၥကို တစ္ခ်ိန္လုံးေျဖရွင္းလို႔ မၿပီးေသးဘူး ငါတို႔လည္းလက္ထပ္ခ်င္ေပမဲ့ နင္ၾကည့္ေလ ဘာမွမျပင္ဆင္ရေသးေတာ့ ဘယ္လိုလက္ထပ္ၾကမလဲ......"

သူတို႔ႏွစ္ေယာက္ စကားေတြေျပာေနၾကေပမဲ့ ရွန္ရွင္းေဆြ႕ပဲ စကားဝင္မေျပာတာျဖစ္တယ္။ ဒါေပါ့။ သူလည္းတျခားသူေတြလို သူ႔ခ်စ္သူအေၾကာင္းကို ဝင္ေဆြးေႏြးခ်င္တာေပါ့။ လတ္တေလာ အေျခအေနေတြကို ေျပာျပခ်င္တယ္။ ဒါေပမဲ့ သူေျပာလို႔မရဘူး။

......

အျပင္ဘက္ကေန တံခါးေခါက္သံ ထြက္ေပၚလာေလတယ္။

ဝန္ထမ္းေလးက အထဲဝင္လာၿပီး ေျပာလာတယ္ "ရွန္ေလာင္ရွီး မဂၤလာပါ ခဏေနရင္ စင္ေပၚတက္လို႔ရပါၿပီ"

ရွန္ရွင္းေဆြ႕ အသံျပဳလိုက္တယ္ "ဟုတ္ကဲ့"

သူတို႔ရဲ႕အင္တာဗ်ဴးအခ်ိန္ကို ေရာက္လာၿပီျဖစ္တာေၾကာင့္ အေရွ႕မွာ မီဒီယာကိုယ္စီက အဆင္သင့္ျဖစ္ေနၾကေလၿပီ။ ရွန္ရွင္းေဆြ႕ ဝင္သြားလိုက္ခ်ိန္မွာ ဒါ႐ိုက္တာက်န္းစန္းစန္းက အေနာက္တိုင္းဝတ္စုံနဲ႔ သားေရဖိနပ္ကိုဝတ္ထားတယ္။ သူ႔ကိုျမင္တဲ့အခ်ိန္မွာ လက္ျပကာ ႏႈတ္ဆက္လာေလတယ္ "ေဆြ႕ေဆြ႕ မင္းကိုသတင္းေကာင္းတစ္ခု ေျပာျပမယ္"

ရွန္ရွင္းေဆြ႕ "ဘာမ်ားလဲ?"

"ငါတို႔box officeက တစ္ဘီလီယံေက်ာ္သြားၿပီ" က်န္းစန္းစန္းရဲ႕ မ်က္ႏွာေပၚ ျဖဴစင္လြန္းတဲ့ အၿပဳံးေလး တည္ရွိေနေလတယ္ "အရင္းျပန္ရေနၿပီ မင္းတို႔ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ငါစိတ္မပ်က္ေစမိဘူးမလား"

သူတို႔ရဲ႕အရင္းက သန္း၅ရာေလာက္ ရင္းႏွီးျမႇဳပ္ႏွံထားတာျဖစ္တယ္။ box officeမ်ားလာတာနဲ႔အမွ် ရင္းႏွီးျမႇဳပ္ႏွံသူတစ္ေယာက္ျဖစ္တဲ့ ရွန္ရွင္းေဆြ႕အေနနဲ႔ box officeကေနရတဲ့ အျမတ္နဲ႔တင္ သန္း၁ရာေက်ာ္ ရရွိေနၿပီျဖစ္တယ္။

ရွန္ရွင္းေဆြ႕ ခ်ီးက်ဴးလိုက္တယ္ "ဒါ႐ိုက္တာက အရမ္းမိုက္တာပဲ"

က်န္းစန္းစန္းက သူ႔ကိုယ္သူယုံၾကည္မႈရွိေနေပမဲ့ တကယ့္အမွန္တရားကိုလည္း သိျမင္ေသးတယ္ "ဒီဇာတ္ကားက ဖုေလာင္ရွီးနဲ႔မင္းနဲ႔ ငါ့ကိုအခြင့္အေရးေပးတာေၾကာင့္ပါ တကယ္လို႔ ဖုေလာင္ရွီးသာ ဇာတ္ကားထဲမွာ သ႐ုပ္မေဆာင္ေပးဘူးဆိုရင္၊ မင္းရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈေတြမရွိဘူးဆိုရင္ ဒီလိုအခြင့္အေရးမ်ိဳး လုံးဝရွိလာမွာ မဟုတ္ဘူးဆိုတာ ငါသိပါတယ္"

"ဒီၾကင္နာမႈကို......" က်န္းစန္းစန္း လက္သီးႏွစ္ဖက္ ဆုပ္လိုက္တယ္ "လုံးဝမေမ့ပါဘူး"

ရွန္ရွင္းေဆြ႕ ဖြဖြရယ္လိုက္တယ္။ သူကူရာမဲ့စြာနဲ႔ ဒါ႐ိုက္တာကိုၾကည့္လိုက္မိတယ္ "ဒါ႐ိုက္တာ အားနာလြန္းေနပါၿပီ ကြၽန္ေတာ္တို႔က အခ်င္းခ်င္းကူညီေပးတာလို႔ ေျပာလို႔ရတာပဲကို"

က်န္းစန္းစန္း အလြန္စိတ္လႈပ္ရွားေနေလတယ္ "ဒီတစ္ေခါက္သတင္းစာရွင္းလင္းပြဲက liveလႊင့္မွာ။ ၿပီးေတာ့ ပရိသတ္ေတြအမ်ားႀကီးနဲ႔ ငါပထမဆုံးေတြ႕ရမဲ့အေခါက္ပဲ။ ငါ့အက်ႌေတြ အဆင္ေျပရဲ႕လား ေဆြ႕ေဆြ႕။ ၾကည့္မေကာင္းမ်ား ျဖစ္ေနလား?"

"ဒါ႐ိုက္တာက ေခ်ာေနၿပီးသားပါ" ရွန္ရွင္းေဆြ႕ သူ႔ပုခုံးကို ပုတ္ေပးလိုက္တယ္ "liveလႊင့္တာက တကယ္ေတာ့လည္း ဘာမွမဟုတ္ပါဘူး liveကိုလာၾကည့္မဲ့သူေတြက ဇာတ္ကားကိုႀကိဳက္တဲ့၊ မင္းကိုႀကိဳက္တဲ့လူေတြခ်ည္းပဲ အဲ့တာေၾကာင့္ စိတ္လႈပ္ရွားဖို႔မလိုပါဘူး"

အဲဒီေတာ့မွ က်န္းစန္းစန္း စိတ္ေအးသြားရတယ္။

ေဘးနားက ဝန္ထမ္းေလးက ေျပာလာတယ္ "လူႀကီးမင္းတို႔ ျပင္ဆင္ထားပါ စင္ေပၚတက္လို႔ရပါၿပီ"

သူတို႔စင္အနီးနားေရာက္ေတာ့ ေအာက္ဘက္မွာ မီဒီယာအသံေတြက ဆူညံလ်က္ရွိတယ္။ ရွန္ရွင္းေဆြ႕နဲ႔ ေက်ာင္းေခ်ာင္က ေရာက္ၿပီျဖစ္ေပမဲ့ ဖုက်င္းေရွာင္းကေတာ့ ခရီးစဥ္အေျခအေနတစ္ခ်ိဳ႕ေၾကာင့္ မေရာက္ရွိေသးဘူး။ အဲ့တာေၾကာင့္ သူတို႔ေတြပဲ အင္တာဗ်ဴးကို အရင္လက္ခံေျဖဆိုလိုက္ၾကတယ္။

Hostက အေရွ႕ကေနရာအလြတ္မွာရပ္ေနၿပီး ေျပာလာတယ္ "ပထမဦးဆုံး ကြၽန္ေတာ္တို႔ရဲ႕'အထီးက်န္ၿမိဳ႕' သတင္းစာရွင္းလင္းပြဲကို လာေရာက္ေပးၾကတဲ့အားလုံးကို ႀကိဳဆိုပါတယ္ခင္ဗ်။ ကြၽန္ေတာ္တို႔ကိုအားေပးေနတဲ့အတြက္ အားလုံးကိုေက်းဇူးတင္ရွိပါတယ္။ အခု ကြၽန္ေတာ္တို႔ရဲ႕ဧည့္သည္ေတြျဖစ္တဲ့ ဒါ႐ိုက္တာက်န္းနဲ႔ သ႐ုပ္ေဆာင္ေတြကို စင္ေပၚတက္ၿပီးမိတ္ဆက္ဖို႔ ဖိတ္ေခၚလိုက္ၾကရေအာင္......"

လက္ခုပ္သံေတြနဲ႔အတူ ဧည့္သည္ေတြလည္း စင္ေပၚတက္လာၾကတယ္။

အလင္းေရာင္က အလြန္ေတာက္ပကာ အလြန္လင္းလက္ေနတယ္။

Live roomထဲက ပရိသတ္ေတြလည္း အလြန္စိတ္လႈပ္ရွားေနတယ္ :

"စေနၿပီ စေနၿပီ"

"ေဆြ႕ေဆြ႕ေပါင္ေပ့ တံခါးပိတ္႐ုပ္ရွင္႐ိုက္ေနတာ ေနာက္ဆုံးေတာ့ေတြ႕ရၿပီ"

[တံခါးပိတ္က်င့္ႀကံတာလိုမ်ိဳး]

"ဘာလို႔ဖုေလာင္ရွီးမရွိေနတာလဲ"

"ဖုေလာင္ရွီးက ပြဲတစ္ဝက္ေလာက္ေနမွ ေရာက္လာမွာမ်ားလား?"

"ဝါး ေမွ်ာ္ေနၿပီ ေမွ်ာ္ေနၿပီ"

သတင္းစာရွင္းလင္းပြဲကို တရားဝင္စတင္လိုက္ၿပီျဖစ္တယ္။ 'အထီးက်န္ၿမိဳ႕'က လူအမ်ားရဲ႕ အသိအမွတ္ျပဳျခင္း ခံရေလတယ္။ hostကလည္း သ႐ုပ္ေဆာင္ေတြကို ဖိတ္ေခၚၿပီးေတာ့ ဇာတ္ေကာင္အေပၚ အျမင္ေတြကို ေျပာျပေစတယ္။ ေက်ာင္းေခ်ာင္နဲ႔ ရွန္ရွင္းေဆြ႕ရဲ႕ လူငယ္ဘဝေတြ႕ဆုံမႈအေၾကာင္း ေျပာတဲ့အခ်ိန္မွာ အကုန္လုံးရယ္မိၾကေတာ့တယ္။

ရွန္ရွင္းေဆြ႕ ေျပာလာတယ္ "ကြၽန္ေတာ္တို႔ ႐ိုက္ကူးေရးလုပ္ၾကတဲ့အခ်ိန္တုန္းက ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးက အေတြ႕အႀကဳံမရွိၾကေသးေတာ့ တစ္ဖက္ကိုတစ္ဖက္ ေတာင္းပန္ရတဲ့အခ်ိန္ေတြ အၿမဲႀကဳံရတယ္"

ေက်ာင္းေခ်ာင္ မိုက္ခ္ကိုင္ထားရင္းနဲ႔ ရယ္သံေတြကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး "ဟုတ္တယ္။ ဥပမာ ဒီေန႔ ကြၽန္ေတာ္က ရွန္ေလာင္ရွီးကို ေတာင္းပန္ရတယ္ဆိုရင္ မနက္ျဖန္က် 'ေက်ာင္းေကာ ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္ ေကာကိုေနာက္တစ္ေခါက္႐ိုက္ရေအာင္လုပ္မိျပန္ၿပီ'ဆိုၿပီး ရွန္ေလာင္ရွီး ေျပာရတဲ့အလွည့္ပဲ"

အင္တာဗ်ဴးေနတဲ့ စင္ေပၚကေလထုက အလြန္ေပါ့ပါးေနတယ္။

ရွန္ရွင္းေဆြ႕နဲ႔ ေက်ာင္းေခ်ာင္က ထပ္ေျပာလာတယ္ "ေနာက္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ ဒါ႐ိုက္တာကလည္း လူသစ္ဆိုေတာ့ ႐ိုက္ကြင္းမွာ စိတ္အဝင္စားစရာအေကာင္းဆုံး ကိစၥတစ္ခုက ကြၽန္ေတာ္တို႔နဲ႔ဒါ႐ိုက္တာ ႐ုတ္တရက္ေတာင္းပန္မိၾကတာပဲ"

Hostက ရယ္ေမာကာ ေမးလာတယ္ "ဒါ႐ိုက္တာက်န္း တကယ္ဒီလိုရွိခဲ့တာလား?"

"ဟုတ္တယ္ဟုတ္တယ္" က်န္းစန္းစန္း မ်က္မွန္ကိုတြန္းတင္လိုက္တယ္။ ေနာက္ ကူရာမဲ့စြာေျပာလိုက္တယ္ "ဘာလို႔လဲဆိုေတာ့ အၿမဲတမ္းကြၽန္ေတာ့္မွာ မတူတဲ့အေတြးေတြ အမ်ားႀကီးရွိတယ္။ ေနာက္ၿပီး သ႐ုပ္ေဆာင္ေတြကို ႐ိုက္ကြက္တစ္ခုတည္းကိုပဲ မတူညီတဲ့ေနရာေတြကေန ႐ိုက္ခိုင္းၾကည့္တယ္။ အခ်ိန္အၾကာႀကီး သုံးသပ္ရေတာ့ ေလာင္ရွီးႏွစ္ေယာက္လုံးကို အရမ္းအားနာရတယ္"

ေက်ာင္းေခ်ာင္က စေနာက္လာတယ္ "ကြၽန္ေတာ္တို႔က အခ်င္းခ်င္း လွည့္ဖ်ားေနၾကတာေလ"

Hostက ဒီေခါင္းစဥ္ကိုပဲ ဆက္ေျပာလာကာ ရွန္ရွင္းေဆြ႕ကို ေမးလာတယ္ "အဲ့တာဆို ေဆြ႕ေဆြ႕ ေနာက္ပိုင္းမွာ ဖုေလာင္ရွီးနဲ႔ ဇာတ္ကားတြဲ႐ိုက္ရတဲ့အခ်ိန္ ဒီျပႆနာက တိုးတက္မႈရွိလာလား?"

ရွန္ရွင္းေဆြ႕ အရင္ဆုံး ေၾကာင္သြားၿပီးေတာ့မွ အလ်င္အျမန္ ေခါင္းညိတ္သေဘာတူကာ ေျပာလိုက္တယ္ "ရွိပါတယ္ ဖုေလာင္ရွီးက အရမ္းအေတြ႕အႀကဳံရွိၿပီးေတာ့ ရင့္က်က္တဲ့သ႐ုပ္ေဆာင္တစ္ေယာက္ပါ။ သ႐ုပ္ေဆာင္တဲ့ေနရာမွာလည္း ကြၽန္ေတာ့္ကို အကူအညီေတြအမ်ားႀကီးေပးခဲ့တယ္။ အဲ့တာေၾကာင့္ ေနာက္ပိုင္း႐ိုက္ကူးရတာက အရမ္းျမန္တယ္။ ကြၽန္ေတာ္ ဖုေလာင္ရွီးကို အမ်ားႀကီးေက်းဇူးတင္မိတယ္။ ဒီတစ္ေခါက္ အလုပ္တြဲလုပ္ႏိုင္တဲ့ အခြင့္အေရးကိုလည္း အရမ္းတန္ဖိုးထားမိပါတယ္"

႐ုပ္ရွင္ဧကရာဇ္အေၾကာင္းကို ေမးျမန္းလာတဲ့အခ်ိန္ မီဒီယာေတြကလည္း ေဆာင္းပါးေရးဖို႔ ပိုႀကိဳက္ၾကေလတယ္။ ၿပီးေတာ့ ေပါက္လည္းေပါက္ႏိုင္တယ္မဟုတ္လား။

Hostက ထပ္ၿပီးေမးလာတယ္ "ဒါဆိုရင္ ထပ္ၿပီးေတာ့ေရာ အလုပ္အတူလုပ္ခ်င္ေသးလား?"

"ဒါေပါ့" ရွန္ရွင္းေဆြ႕ ေခါင္းညိတ္ၿပီး ၿပဳံးကာေျပာလိုက္တယ္ "ဖုေလာင္ရွီးနဲ႔ အလုပ္တြဲလုပ္ႏိုင္တာက ကြၽန္ေတာ့္အတြက္ ဂုဏ္ယူစရာပါ"

အခုအခ်ိန္ထိ အေျဖေတြက officialျဖစ္ၿပီးေတာ့ hostကလည္း သူတို႔ဘက္ကလူျဖစ္တယ္။ ေမးခြန္းေတြအားလုံးကို ႀကိဳတင္စီစဥ္ထားၿပီးသားျဖစ္ၿပီး ရွန္ရွင္းေဆြ႕ကလည္း အလြန္ပူးေပါင္းေပးတယ္။ အေျဖေတြကို ကို႔႐ို႕ကားယားမျဖစ္ေစဘူး။

ေနာက္ဆုံးေတာ့ သတင္းေထာက္ေတြ ေမးျမန္းမဲ့အစီအစဥ္ကို ေရာက္ရွိလာၿပီျဖစ္တယ္။

Hostက စင္ေအာက္ကလူေတြကို ေျပာလိုက္တယ္ "သ႐ုပ္ေဆာင္ေတြနဲ႔ အေမးအေျဖက႑အတြက္ ၁၀မိနစ္အခ်ိန္ရပါတယ္။ အင္တာနက္သုံးစြဲသူေတြ ဂ႐ုအစိုက္ဆုံးေမးခြန္းေတြကို အေျခခံၿပီးေမးလို႔ရပါတယ္။ ကြၽန္ေတာ္တို႔ ဒီေန႔ေနရာမွာရွိေနေပးတဲ့ ႐ုပ္ရွင္ပရိသတ္ေတြအပါအဝင္ သ႐ုပ္ေဆာင္ေတြနဲ႔ ဆက္သြယ္ေျပာဆိုလို႔ ရပါတယ္ေနာ္"

ေအာက္ကေန က်ယ္ေလာင္လွတဲ့ လက္ခုပ္သံေတြ ထြက္ေပၚလာေလတယ္။

သတင္းေထာက္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေမးလာၾကတယ္။ အစပိုင္းမွာေတာ့ ေမးခြန္းေတြက ပုံမွန္ပဲျဖစ္ေပမဲ့ ေမးခြန္းေမးႏိုင္တဲ့အခြင့္အေရးက ဖန္တစ္ေယာက္ဆီေရာက္သြားတာနဲ႔ သူ(မ)က မိုက္ခ္ကိုင္ကာ စင္ေပၚကလူကိုၾကည့္ၿပီး ဖြဖြေျပာလာတယ္ "ေဆြ႕ေဆြ႕မဂၤလာပါ။ ညီမကေဆြ႕ေဆြ႕ဖန္ပါ။ ညီမ ႐ုပ္ရွင္လက္မွတ္ အေစာင္၂၀ေက်ာ္ေလာက္ေတာင္ ဝယ္ခဲ့ေသးတယ္။ ႐ုံတင္တိုင္းလည္း သြားၾကည့္ျဖစ္တယ္။ ညီမေဆြ႕ေဆြ႕ကို အရမ္းႀကိဳက္တယ္။ ေဆြ႕ေဆြ႕ရဲ႕အလုပ္ကိုလည္း အၿမဲတမ္းအားေပးေနပါတယ္။ ဖန္းက်စ္ဝမ္နဲ႔႐ႊီယန္ကိုလည္း အရမ္းသေဘာက်ပါတယ္။ ညီမကိုယ္တိုင္လည္းကူၿပီး ပ႐ိုမိုးရွင္းဆင္းေပးျဖစ္တယ္။ ဒါေပမဲ့ အခုတေလာမွာ ညီမတို႔ ႐ုပ္ရွင္ဖန္ေတြအပါအဝင္ အကုန္လုံး တစ္ျခားတစ္ဖက္က လူေတြေၾကာင့္ ထိခိုက္ေနရတယ္"

ေနရာတစ္ခုလုံး ႐ုတ္တရက္ႀကီး တိတ္ဆိတ္သြားေလတယ္။

ဒီေမးခြန္းက ထိလြယ္ရွလြယ္ျဖစ္သလို ထက္ရွလြန္းလွတယ္။ အဲဒီဖန္ေလးကေတာ့ ရပ္တန္႔လိုတဲ့ သေဘာတရား မရွိေနေလဘူး "လူေတြအမ်ားႀကီးက ညီမတို႔ကို ျပႆနာရွာၾကတယ္။ CP fanေတြကို ျငင္းပယ္ၾကတယ္။ ေဆြ႕ေဆြ႕နဲ႔ ဖုေလာင္ရွီးရဲ႕ ဆက္ဆံေရးကို သံသယဝင္ေနၾကတဲ့ လူေတြအပါအဝင္ပဲ။ အကုန္လုံးက ဆူပူေနတာ အရမ္းျပင္းထန္ အရမ္းဆိုးဝါးလြန္းတယ္။ တကယ္ေတာ့ ဒါေတြအားလုံးက အဆင္ေျပေသးတယ္။ ဒါေပမဲ့ ဒီစကားမ်ားမႈေတြထဲမွာမွ ေဆြ႕ေဆြ႕ကိုတိုက္ခိုက္ၾကတာေတြလည္း အမ်ားႀကီးရွိလာတယ္။ ညီမတို႔ဖန္ေတြကို တိုက္ခိုက္တာေတြေတာင္ ရွိလာေနၿပီ"

မိုက္ခ္ကိုင္ထားတဲ့ ရွန္ရွင္းေဆြ႕လက္ေတြ တင္းၾကပ္သြားရတယ္။ ဖန္ေလးရဲ႕စကားေတြက ေလးလံတဲ့တူႀကီးတစ္ေခ်ာင္းလိုမ်ိဳး သူ႔ႏွလုံးသားေပၚ က်ေရာက္လာခဲ့တယ္။ စင္ေပၚမွာမတ္တပ္ရပ္ၿပီး စင္ေအာက္ကဖန္ေလးရဲ႕မ်က္ႏွာကို ၾကည့္ေနမိတယ္။ အကြာအေဝးေၾကာင့္ မ်က္ရည္ေတြရစ္သိုင္းေနတဲ့ မ်က္လုံးေတြကိုေတာင္ သူျမင္ေနရတယ္။ အဲဒီမ်က္ဝန္းတစ္စုံက သူ႔ကိုၾကည့္ေနၿပီး အသံတိတ္တိုင္ၾကားမႈက သူ႔ႏွလုံးသားကို ႐ိုက္ခတ္သြားေစခဲ့တယ္။

"ေဆြ႕ေဆြ႕ ညီမတို႔က ေဆြ႕ေဆြ႕ကို တကယ္သေဘာက်ၾက၊ အားေပးၾကတာပါ" ဖန္ေလးက တိုးတိုးေျပာလာတယ္ "သူမ်ားေတြဘာေျပာေျပာ ညီမတို႔နားမေထာင္ဘူး။ ေဆြ႕ေဆြ႕ေျပာတာကိုပဲ နားေထာင္မယ္။ ေမးပါရေစ ေဆြ႕ေဆြ႕နဲ႔ဖုေလာင္ရွီးနဲ႔က အလုပ္တြဲလုပ္႐ုံ ဒါမွမဟုတ္ ႐ိုးသားတဲ့ ဆရာတပည့္ ဆက္ဆံေရးတင္ပဲ မဟုတ္လား?"

ဒီစကားဆုံးသြားၿပီးေနာက္ ေနရာတစ္ခုလုံး ႐ုတ္႐ုတ္သဲသဲျဖစ္သြားေတာ့တယ္။

မီးေရာင္ေတြေအာက္မွာ မီဒီယာတစ္ခုစီတိုင္းရဲ႕ သတင္းေထာက္ေတြအားလုံးလည္း စိတ္လႈပ္ရွားလြန္းလို႔ လက္ေတြတုန္ယင္ေနၾကတယ္။

ရွန္ရွင္းေဆြ႕ စင္ေပၚမွာ မတ္တပ္ရပ္ေနတယ္။ စလိုက္မီးေရာင္ေတြက လင္းလြန္းလို႔ မ်က္စိစူးေစတဲ့အထိပဲ။ အျဖဴေရာင္ေတာက္ပေနၿပီး ပတ္ဝန္းက်င္မွာ အလြန္ဆူညံေနတယ္။ သူမူလေနရာမွာပဲ ေၾကာင္အစြာရပ္ေနမိတယ္။ မိုက္ခ္ကိုင္ထားတဲ့လက္က တုန္ယင္လ်က္ရွိတယ္။ သူဘယ္လိုစကားဟရမလဲမသိေတာ့ဘူး။

ဒီဆက္ဆံေရးက ဖုက်င္းေရွာင္းရဲ႕ အနာဂတ္အလုပ္အကိုင္အေပၚ သက္ေရာက္မႈရွိေနႏိုင္တယ္။

သူ႔ကိုမုန္းေနတဲ့သူေတြက အရမ္းမ်ားလြန္းတယ္။ အဲ့တာေၾကာင့္ သူ႔ေၾကာင့္နဲ႔ ဖုက်င္းေရွာင္းရဲ႕ အျပစ္မရွိတဲ့ဂုဏ္သတင္းကို အေရာင္ဆိုးမိေစဖို႔ ျဖစ္ႏိုင္ေခ်လည္း အရမ္းမ်ားတယ္။

အဲ့တာက သူ႔ခ်စ္သူျဖစ္ၿပီး မ်က္စိေရွ႕ကေတာ့ သူ႔ရဲ႕ဖန္ျဖစ္တယ္။ သူဘယ္လိုပဲလုပ္လုပ္ တစ္ဖက္ဖက္ကိုေတာ့ ထိခိုက္ေစမိမွာပဲ။ ကမာၻႀကီးႏွစ္ျခမ္းကြဲသြားၿပီး သူကအဲဒီအလယ္မွာရပ္ေနတာ အဆြဲခံရ၊ အႏွိပ္စက္ခံေနရသလိုပဲ။ နားထဲမွာ က်ယ္ေလာင္တဲ့ ဆူညံသံေတြပဲ ၾကားေနရတယ္။ မ်က္လုံးထဲမွာ ေဖြးေဖြးျဖဴေနတဲ့ အလင္းေရာင္ကိုပဲ ေတြ႕ေနရတယ္။ သူကေတာ့ ဒီၾကားထဲမွာ မျဖစ္မေန ေ႐ြးခ်ယ္မႈတစ္ခု ျပဳလုပ္ရမယ္။ ဆုံးျဖတ္ခ်က္တစ္ခုခ်ဖို႔ တစ္ကမာၻလုံးက သူ႔ကိုဖိအားေပးေနၾကသလိုမ်ိဳး ခံစားေနရတယ္။

အေနာက္က က်န္းစန္းစန္းက သူခက္ခဲေနတာကိုျမင္ေတာ့ အလ်င္အျမန္ေရာက္လာၿပီး လွည့္စားဖို႔ႀကိဳးစားလိုက္တယ္ "အဲဒါက... ဒီေမးခြန္းက တကယ္ေတာ့ ဘာမွမဟုတ္ပါဘူး။ ကြၽန္ေတာ္သက္ေသလုပ္ေပးလို႔ရတယ္။ သူတို႔ႏွစ္ေယာက္မွာ ဘာထူးျခားတဲ့ဆက္ဆံေရးမွ မရွိပါဘူး။ ဇာတ္ကား႐ိုက္ေနတဲ့အခ်ိန္တုန္းလည္း ကြၽန္ေတာ္တို႔အကုန္လုံး ပုံမွန္ပါပဲ......"

ေက်ာင္းေခ်ာင္ကလည္း ရွန္ရွင္းေဆြ႕လက္ေမာင္းကို အလ်င္အျမန္ဆြဲလိုက္တယ္။ မ်က္ႏွာေပၚမွာ လုပ္ယူထားတဲ့အၿပဳံးနဲ႔ ကင္မရာကိုၾကည့္ကာ ေျပာလိုက္တယ္ "ဟုတ္တယ္ဟုတ္တယ္ အျပင္ဘက္မွာေျပာေနၾကတာေတြက ေကာလဟာလေတြပါပဲ......"

စင္ေအာက္ကသူေတြက မေက်နပ္ၾကေလဘူး။ ရွန္ရွင္းေဆြ႕ ကိုယ္တိုင္ေျပာလာတာကို လိုခ်င္ၾကတယ္။

ဆြဲလိုက္ယမ္းလိုက္နဲ႔ လႈပ္ရွားမႈေတြ၊ ဆူညံေနတဲ့ပြဲေနရာ၊ အရာတိုင္းက ပါးစပ္ဖြင့္ဟထားတဲ့ ဘီလူးတစ္ေကာင္လို လူကိုစားလိုက္ေတာ့မဲ့အတိုင္းပဲ။

......

႐ုတ္တရက္

အဲဒီအခ်ိန္မွာပဲ ကမာၻႀကီး တိတ္ဆိတ္သြားေလတယ္။

စင္တစ္ဖက္ျခမ္းမွာ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္နဲ႔ အမ်ိဳးသားတစ္ေယာက္ ရပ္ေနေလတယ္။ သူကအနက္ေရာင္ေလာင္းကုတ္ကို ဝတ္ဆင္ထားတယ္။ ဆံပင္ပုံစံနဲ႔ အက်ႌေတြ အကုန္လုံးက ေန႔စဥ္ဝတ္ပုံစံပဲျဖစ္တယ္။ ဒီလိုဆိုေပမဲ့ စင္ေပၚက မီးေရာင္ေတြေအာက္မွာရပ္ေနခ်ိန္ လူေတြအားလုံးရဲ႕အၾကည့္ေတြက သူ႔ဆီမွာစုစည္းသြားေတာ့တယ္။ ဖုက်င္းေရွာင္း ေနကာမ်က္မွန္ခြၽတ္လိုက္ၿပီးေနာက္ ေခ်ာေမာတဲ့မ်က္ႏွာေလး ေပၚထြက္လာေတာ့တယ္။ အဲဒီမ်က္ႏွာေပၚမွာ ကဲ့ရဲ႕ျခင္းမမည္တဲ့အၿပဳံးေလး ေပၚလာၿပီး ႏႈတ္ဆက္လိုက္တယ္ "အားလုံးပဲမဂၤလာေန႔လယ္ခင္းပါ"

အားလုံးသူ႔ကို ၾကည့္မိလိုက္ၾကၿပီး သူ႔ကိုေတြ႕တဲ့အခါမွာေတာ့ သက္ျပင္းခ်လိုက္မိၾကေတာ့တယ္။

ဒါ႐ိုက္တာ က်န္းစန္းစန္းက အလ်င္အျမန္ ေျပာလာတယ္ "က်င္းေရွာင္းေရ မင္းလာတာနဲ႔အေတာ္ပဲ ဒီကိစၥကို ျမန္ျမန္လာရွင္းေပးပါဦး"

ဖုက်င္းေရွာင္း သူ႔ကိုေခါင္းညိတ္ျပလိုက္တယ္။ ေနာက္ေတာ့ ေရွ႕ကိုေလွ်ာက္သြားက စင္အလယ္က ရွန္ရွင္းေဆြ႕ဆီ ေလွ်ာက္သြားလိုက္တယ္။ အဲဒီအမ်ိဳးသား သူ႔ဆီေလွ်ာက္လာတာကို ၾကည့္ေနရင္း ရွန္ရွင္းေဆြ႕ အဲဒီေနရာမွာပဲ မိုက္ခ္ကိုင္ကာ မတ္တပ္ရပ္ေနမိတယ္။ ၾကမ္းျပင္နဲ႔ဖိနပ္နဲ႔ ႐ိုက္ခတ္သံက ရွင္းရွင္းလင္းလင္း ထြက္ေပၚလ်က္ရွိတယ္။ အျပင္ဘက္ကေန ဝင္လာခါစမလို႔ျဖစ္ႏိုင္တယ္။ သူ႔ကိုယ္ေပၚမွာ ေအးစက္တဲ့ေလရဲ႕ အေငြ႕အသက္ေတြ က်န္ရွိေနေသးတယ္။

ရွန္ရွင္းေဆြ႕ရဲ႕မ်က္လုံးေလး ဖ်က္ခနဲလက္သြားရတယ္။ ေနာက္ေတာ့ ဖုက်င္းေရွာင္း သူ႔အေရွ႕မွာရပ္လာၿပီး ေႏြးေထြးတဲ့အၿပဳံးေလး ေပးလာတယ္ "ေတာင္းပန္ပါတယ္ ကိုယ္လာတာေနာက္က်သြားတယ္"

စိတ္အာမခံခ်က္တစ္ခုလိုပဲ။ ကိုယ္ဒီမွာရွိေနတယ္ဆိုၿပီး ရွန္ရွင္းေဆြ႕ကို ေျပာလာသလိုမ်ိဳး စိတ္ေအးရေစတယ္။

ရွန္ရွင္းေဆြ႕ၿပဳံးလိုက္ၿပီး ေခါင္းဖြဖြခါလိုက္တယ္။

ဖုက်င္းေရွာင္း ရွန္ရွင္းေဆြ႕လက္ထဲက မိုက္ခ္ကိုယူလိုက္ၿပီး စင္ေအာက္ကို ၿပဳံးျပကာေျပာလိုက္တယ္ "ကြၽန္ေတာ္လာတာေနာက္က်သြားမွေတာ့ အေမးအေျဖက႑ကိုပဲ တိုက္႐ိုက္သြားၾကတာေပါ့။ ေစာနက ရွန္ေလာင္ရွီးကို ေမးထားတဲ့ေမးခြန္းကို ကြၽန္ေတာ္ေျဖေပးရင္ေရာ ဘယ္လိုလဲ?"

စင္ေအာက္မွာ ႐ုတ္႐ုတ္သဲသဲျဖစ္သြားၿပီး ေက်နပ္စြာ သေဘာတူလိုက္ၾကတယ္။

အဲဒီေမးခြန္းေမးလာတဲ့ဖန္ေလးကို ဖုက်င္းေရွာင္းၾကည့္လိုက္တယ္။ သူ႔ရဲ႕ေလသံထဲမွာ ပ်င္းရိေနမႈေတြ ပါဝင္ေနတယ္။ ဒါေပမဲ့ ဒီေမးခြန္းကိုေျဖတဲ့အခ်ိန္မွာေတာ့ ေလးေလးနက္နက္ေျဖဆိုလာတယ္ "ရွန္ရွင္းေဆြ႕က ကြၽန္ေတာ့္ခ်စ္သူ"

ဒီစကားကိုၾကားတဲ့အခ်ိန္ ဖန္ေတြအားလုံး မ်က္လုံးျပဴးကုန္ေတာ့တယ္။

"ကြၽန္ေတာ္တို႔က ခ်စ္သူရည္းစားဆက္ဆံေရးပါ။ ဒါေပါ့။ သိပ္မၾကာခင္မွာပဲ တရားဝင္အိမ္ေထာင္ဘက္ ဆက္ဆံေရးျဖစ္လာေတာ့မွာပါ" ဖုက်င္းေရွာင္း မေႏွးမျမန္နဲ႔ဆက္ေျပာလာတယ္ "ကြၽန္ေတာ္တို႔ရဲ႕ဆက္ဆံေရးကို ဂ႐ုစိုက္ေပးၾကတဲ့အတြက္ အားလုံးကိုေက်းဇူးတင္ပါတယ္။ ေနာက္ပိုင္းေရာက္လာမဲ့ မဂၤလာေဆာင္က်ရင္လည္း မီဒီယာေတြကမိတ္ေဆြေတြကို ပါဝင္သက္ေသျပဳဖို႔ ဖိတ္ေခၚလိုက္ပါ့မယ္"

? ? ?

စင္ေအာက္က မီဒီယာေတြအားလုံး ေခါင္းေပၚမွာ question markေလး ေပၚလာၾကၿပီး ထိတ္လန္႔ကုန္ၾကေတာ့တယ္!

Live roomထဲက ပရိသတ္ေတြလည္း ႐ူးသြပ္ေနၾကၿပီျဖစ္တယ္ :

"တကယ္ႀကီးလား?"

"ဒီအတြဲက realျဖစ္ေနလိမ့္မယ္လို႔ မထင္ထားမိဘူး!"

"ရွန္ရွင္းေဆြ႕ေရ မင္းအရင္ဘဝတုန္းက စၾကဝဠာႀကီးကို ကယ္တင္ခဲ့တာမ်ားလား?"

"နင့္ကိုမုန္းတယ္!"

"ငါေတာ့အသဲကြဲသြားၿပီ ဝူးဝူး"

"မရဘူး ငါသေဘာမတူဘူး။ သူတို႔ကနည္းနည္းေလးေတာင္ မလိုက္ဖက္ဘူး။ တကယ္ ငါဖန္အျဖစ္ကေန ႏုတ္ထြက္တယ္"

သတင္းစာရွင္းလင္းပြဲေနရာမွာလည္း ရႈတ္ရွပ္ခတ္ေနေလတယ္။ အလြန္စည္းကားလ်က္ရွိကာ ဒါကသာမန္ညတစ္ညမဟုတ္မွန္း သိသာလွတယ္။ ေနာက္ၿပီး ဖုက်င္းေရွာင္းရဲ႕အခ်စ္ေရးကလည္း ႐ုတ္႐ုတ္သဲသဲျဖစ္ေအာင္ ႏႈိးေဆာ္လ်က္ရွိေလတယ္။ အထူးသျဖင့္ ဖန္ေတြက အလြန္ဆူညံလ်က္ရွိၾကတယ္။

"ဒါနဲ႔" အားလုံး႐ုတ္႐ုတ္သဲသဲျဖစ္ေနခ်ိန္မွာပဲ ဖုက်င္းေရွာင္းက ေျဖးေျဖးထပ္ေျပာလာျပန္တယ္ "ေနာက္ထပ္ ေၾကျငာစရာ ကိစၥတစ္ခုရွိပါေသးတယ္။ အစကေတာ့ နည္းနည္းေနာက္က်မွ ဖြင့္ေျပာမလို႔ေပမဲ့ ဒီအေျခအေနထိေရာက္ေနၿပီဆိုမွေတာ့ တစ္ခါတည္းပဲ အတူတူေျပာလိုက္ပါေတာ့မယ္"

ရွန္ရွင္းေဆြ႕လည္း သံသယျဖစ္စြာ သူ႔ကိုၾကည့္ေနမိတယ္။

ဖုက်င္းေရွာင္း သူ႔ကိုေခါင္းငုံ႔ၾကည့္လာၿပီး မ်က္လုံးထဲမွာ ၿပဳံးရိပ္ပါးပါးေလး ရွိေနေလတယ္။ သူ႔ႏႈတ္ခမ္းကိုဖြင့္ဟကာ တည္ၿငိမ္တဲ့အသံနဲ႔ အလြန္ေပါက္ကြဲလြယ္တဲ့ ဗုံးတစ္ခုကို ေၾကျငာလိုက္ေလတယ္ "ကြၽန္ေတာ္ေၾကျငာပါတယ္၊ ကြၽန္ေတာ္ လက္ရွိလက္မွတ္ထိုးထားတဲ့ လုပ္ငန္းေတြအားလုံး လက္စသတ္ၿပီးစီးတာနဲ႔ အႏုပညာေလာကကို ထာဝရႏႈတ္ဆက္ပါေတာ့မယ္"

____________________

Word – 5239
January 19, 2024 (Fri)
Xiao Dream

Sorry for late😥
Goodnight my lovely ones❤❤

Continue Reading

You'll Also Like

138K 16.6K 76
ယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေး...
282K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.9M 336K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...