အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 99

8K 1.3K 54
By Xiao_Dream

Unicode

တိတ်တခိုး ချစ်ရတဲ့သူ ရှိလား
________________________________

လဝက်ကြာပြီးနောက်

ဖုကျင်းရှောင်း 'အထီးကျန်မြို့'မှာ ပါဝင်မယ်ဆိုတာကို ပထမဆုံးသိလိုက်ရတဲ့အချိန် ရှန်ရှင်းဆွေ့ ထိတ်လန့်သွားရတော့တယ်။ လုံးဝမယုံနိုင်ဘူးလို့ ပြောရမလားပဲ။

အဲ့တာကြောင့် ဝမ်မိန်စန့် သူ့ကိုဖုန်းဆက်လာချိန်မှာ မျက်လုံးတွေပွတ်ပြီးတော့တောင် သူအိပ်မက်မက်နေတာ ဟုတ်မဟုတ် စမ်းသပ်ကြည့်လိုက်မိလေတယ်။ ဝမ်မိန်စန့် နောက်တစ်ခေါက် ထပ်ပြောလာတဲ့အထိပဲ "စာချုပ်တောင် ချုပ်ပြီးသွားကြပြီ"

ရှန်ရှင်းဆွေ့ အံ့အားသင့်စွာပြောလိုက်တယ် "ဖုလောင်ရှီး ဘာလို့ ဒီရိုက်ကူးရေးအဖွဲ့နဲ့ စာချုပ်ချုပ်လိုက်တာလဲ!"

သူ့ရိုက်ကူးရေးအဖွဲ့ကို သူငြိုငြင်တာမဟုတ်ပေမဲ့ သူ့အမြင်မှာတော့ ဒီရိုက်ကူးရေးအဖွဲ့က ဖုကျင်းရှောင်းလက်ခံဖူးတဲ့ ရိုက်ကူးရေးအဖွဲ့တွေနဲ့ဆိုရင် ဘာမှတောင်ယှဥ်စရာမရှိဘူး။

ဝမ်မိန်စန်း ကူရာမဲ့စွာပြောလိုက်တယ် "ဆွေ့ဆွေ့ မင်းတို့ရိုက်ကူးရေးအဖွဲ့က အမှန်ကိုထုတ်လုပ်မှု အသေးစားလေးဖြစ်ပေမဲ့ တကယ်လို့ ဖုကျင်းရှောင်းသာ တကယ်ထုတ်လုပ်မယ်ဆိုရင် ရိုက်ကူးရေးအဖွဲ့အသေးစားလေး ဖြစ်တော့မှာမဟုတ်ဘူး"

တကယ်လို့ ရုပ်ရှင်ဧကရာဇ်ဆိုတဲ့နာမည် ချိတ်ဆွဲထားတဲ့ဇာတ်ကားသာဆိုရင် ဒီဇာတ်ကားရဲ့ထုတ်လုပ်မှုက သေချာပေါက် ပိုပြီးအဆင့်မြင့်သွားမှာပဲ။

ဖုကျင်းရှောင်းကိုယ်တိုင်ကလည်း ပိုက်ဆံရှာဖို့အတွက်နဲ့ ဖန်ရဖို့အတွက်နဲ့ ဖြတ်လမ်းလိုက်မဲ့သူမဟုတ်ဘူး။ ရိုက်ကူးရေးအဖွဲ့ထဲဝင်မှတော့ ရင်းနှီးမြှုပ်နှံတယ်ဆိုတာက သေချာပေါက်လုပ်မဲ့ ကိစ္စတစ်ခုပဲပေါ့။ ဒီရိုက်ကူးရေးအဖွဲ့က အမှန်ကိုပဲမွဲတေလွန်းတယ်။ အလွန်လည်းသိသာလှတယ်။ ဒါပေမဲ့ နဂိုကတည်းက ရှန်မိသားစုရဲ့ရင်းနှီးမြှုပ်နှံမှုရရှိထားပြီး အခုလည်း ဖုမိသားစုက ရင်းနှီးမြှုပ်နှံပြန်တော့ ရိုက်ကူးရေးတစ်ဖွဲ့လုံးရဲ့ ထုတ်လုပ်ရေးက အောင်မြင်စွာနဲ့ သန်းဂဏန်းကျော်နေပြီဖြစ်တယ်။

ရှန်ရှင်းဆွေ့လည်း တစ်ချို့ကိစ္စတွေကို သဘောပေါက်သွားရတယ် "ဖုလောင်ရှီး... ရိုက်ကူးရေးအဖွဲ့ကို ဝင်တာက ကျွန်တော့်ကြောင့်လား?"

"ဒါကတော့ မင်းကိုယ်တိုင်ပဲ မင်းရဲ့ဖုလောင်ရှီးကို သွားမေးရတော့မယ်" ဝမ်မိန်စန့် ရယ်မောကာ ပြောလိုက်တယ် "ဒါပေမဲ့လေ သူနစ်နာမှာကိုတော့ မင်းမစိုးရိမ်နဲ့ ဖုကျင်းရှောင်းက အနစ်နာခံပြီး အလဲအလှယ်လုပ်တာကို မင်းမြင်ဖူးလို့လား? စိတ်ချထားလိုက်ပါ သူလည်း ကော်မစ်ရှင်ယူထားတာပဲ အဲဒီအချိန်ရောက်လို့ ခွဲပေးလာမဲ့ရုပ်ရှင်လက်မှတ်ဖိုးကလည်း နည်းနေမှာမဟုတ်ဘူး"

ရှန်ရှင်းဆွေ့ ရယ်လိုက်တယ် "ဟုတ်တာပဲ"

တကယ်နစ်နာသွားတဲ့အချိန်ဆိုတာ ဖုကျင်းရှောင်းမှာ ဘယ်ရှိလိမ့်မလဲ။ သူဖုလောင်ရှီးကို အလကားစိတ်ပူနေမိတာပဲ။

ဒါပေမဲ့ ဒီလိုထုတ်လုပ်မှုအသေးစားလေးကို ဖုလောင်ရှီး လာသရုပ်ဆောင်တဲ့ကိစ္စမျိုးက တကယ်ရှိလေတယ်။ အနည်းနဲ့အများတော့ ရှန်ရှင်းဆွေ့ကို ထိတ်လန့်စေခဲ့တယ်။ အဲ့တာကြောင့် ရိုက်ကူးရေးအဖွဲ့ထဲမှာ ဖုကျင်းရှောင်းကိုတွေ့ရချိန် သူ့စိတ်အခြေအနေက နည်းနည်းရှုပ်ထွေးနေမိတယ်။

ကျန်းစန်းစန်းဆိုတဲ့ ခွေးခြေထောက်က ဖုကျင်းရှောင်း လာမယ်ဆိုတာလဲသိရော အလွန်ကြီးမားပြီး သက်တောင့်သက်သာရှိလှတဲ့ နားနေခန်းတစ်ခန်း ဆောက်လိုက်တော့တယ်။ ဒါရိုက်တာဖြစ်တဲ့ သူကိုယ်တိုင်ရဲ့ နားနေခန်းတောင် ဖုကျင်းရှောင်းအတွက် ဆောက်ပေးထားတာလောက် မခမ်းနားတဲ့အထိပဲ။

ဖုကျင်းရှောင်း အရှေ့ကိုလျှောက်လာရင်း သူ့ချစ်သူလေးကို ခေါင်းငုံ့ကြည့်ကာ ပြုံးလိုက်တယ် "ဘာလဲ ကိုယ့်ကိုမြင်နေရတော့ မပျော်တော့ဘူးလား?"

ရှန်ရှင်းဆွေ့ သူ့အတွေးတွေထဲကနေ ပြန်နိုးထလာခဲ့တယ်။ နောက်တော့ ဖုကျင်းရှောင်းရဲ့ရင်ခွင်ထဲ ပြေးသွားလိုက်ပြီး သူ့ကိုဖက်လိုက်တယ် "ပျော်တယ်"

အစစ်အမှန်ကို ပျော်ရွှင်နေတာဖြစ်တယ်။

တခြားကြောင့်မဟုတ်ဘဲ နောက်ကျရင် အတူတူဇာတ်ကားရိုက်နိုင်တော့မှာမလို့ဖြစ်တယ်။ ဆိုလိုတာက သူတို့အကြာကြီး အကြာကြီး ခွဲခွာနေစရာ မလိုအပ်တော့ဘူး။

"ကျွန်တော်က နည်းနည်းမထင်ထားမိရုံပါ" ရှန်ရှင်းဆွေ့ အမှန်တိုင်းပြောလိုက်တယ် "ကျွန်တော့်ရဲ့ ဒီရိုက်ကူးရေးကို လာလိမ့်မယ်လို့ ကျွန်တော်မထင်ထားမိရုံပါ ပြီးတော့သူ့ရဲ့ဇာတ်လမ်းနဲ့ ထုတ်လုပ်မှုကလည်း အသေးစားလေးတင်လေ"

ဖုကျင်းရှောင်း ဖွဖွရယ်လိုက်တယ်။

ရှန်ရှင်းဆွေ့ သံသယဖြစ်စွာနဲ့ သူ့ကိုကြည့်လိုက်မိတယ်။

ဖုကျင်းရှောင်း ဘေးနားက ဆိုဖာဆီလျှောက်သွားပြီး ထိုင်ချလိုက်တယ်။ သူရှန်ရှင်းဆွေ့ကို မျက်လုံးပင့်ကြည့်ကာ ပြောလိုက်တယ် "ဒါဆိုရင် မင်းကရော ဒီရုပ်ရှင်ကို ဘာလို့လက်ခံခဲ့တာလဲ?"

"ကိုယ်မှတ်မိတာ မင်းဒီဇာတ်ကားကို လက်ခံခဲ့တဲ့အချိန်တုန်းက ဒီဇာတ်ကားကို အသေးစားလို့တောင် ခေါ်လို့မရသေးဘူး...... ဘာမှမရှိသေးဘူးလို့ ပြောရမလားပဲ?"ဖုကျင်းရှောင်းက ဆိုဖာပေါ်မှာထိုင်နေကာ အမျိုးသားရဲ့ကိုယ်နေဟန်ထားက ဖြောင့်တန်းနေလေတယ်။ ရှည်လျားသွယ်လျတဲ့ ခြေတံတွေကို အချင်းချင်းထပ်ထားကာ အရာရာကိုလက်ထဲမှာ ဆုပ်ကိုင်ထားတဲ့လေထုမျိုး ဖန်တီးနေလေတယ် "ဒီနှစ်နှစ်အတွင်းမှာ မင်းကနာမည်နည်းနည်းရှိလာနေပြီလေ ဒီဇာတ်ကားကို လက်ခံလိုက်လိမ့်မယ်လို့ ဘယ်သူကထင်ထားမိမှာလဲ?"

ရှန်ရှင်းဆွေ့ ရှင်းပြလာတယ် "ဘာလို့လဲဆိုတော့ ဒီဇာတ်ကားနဲ့ပုံပြင်က သိပ်မဆိုးဘူးလို့ ကျွန်တော်ထင်မိလို့ အရမ်းကောင်းတဲ့ဇာတ်အိမ်ကို ကျွန်တော်လက်မလွှတ်လိုက်ချင်ဘူး......"

ဖုကျင်းရှောင်းရဲ့ နှုတ်ခမ်းတွေက ကျေနပ်စွာပြုံးလာခဲ့တယ် "ဒါဆိုရင်ရပြီပဲမဟုတ်လား?"

ရှန်ရှင်းဆွေ့ ကြောင်သွားခဲ့တယ်။ နောက်တော့မှ ဖုကျင်းရှောင်းဆိုလိုချင်တာကို တုံ့ပြန်လာနိုင်ခဲ့တယ်။ သူတို့ကသရုပ်ဆောင်တွေဖြစ်ပြီး ဇာတ်လမ်းကောင်းတစ်ပုဒ်တည်ရှိနေဖို့ သေချာပေါက်မျှော်လင့်ကြတာပေါ့။ သရုပ်ဆောင်တွေအားလုံးက ထုတ်လုပ်မှုအကြီးစားတွေ၊ အဆင့်မြင့်တာတွေကိုပဲ အလေးထားကြတာတော့ မဟုတ်လေဘူး။ ဇာတ်လမ်းကောင်းတစ်ပုဒ်အတွက် ရိုက်ကူးသရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်တွေလည်း ရှိကြသေးတယ်။ သူတို့နဲ့ ရိုက်ကူးရေးအဖွဲ့နဲ့က အပြန်အလှန်မှီခိုနေကြတာဖြစ်တယ်။

ရှန်ရှင်းဆွေ့ ဖုကျင်းရှောင်းကို ကြည့်လိုက်မိကာ အရင့်အရင်အချိန်တွေကို အမှတ်ရလိုက်မိတယ်။ အဲဒီအချိန်တုန်းက ဖုကျင်းရှောင်းက အရမ်းနာမည်မကြီးသေးဘူး။ သူက ဖုမိသားစုရဲ့အရှိန်အဝါကို အမှီအခိုပြုပြီးတော့ ထုတ်လုပ်မှုအကြီးစားတွေ ရင်းနှီးမှုအကြီးစားတွေမှာ သွားသရုပ်ဆောင်တာမျိုးလည်း မလုပ်ခဲ့ဘူး။ ပြောင်းပြန်အနေနဲ့ ဖုကျင်းရှောင်းက အမြဲတမ်း ရုပ်ရှင်အသေးစားလေးတွေမှာပဲ လက်ရည်သွေးနေလေတယ်။ ရုပ်ရှင်က သူ့ကိုဖြည့်ဆည်းပေးခဲ့တာမဟုတ်ဘဲ သူကသာ ရုပ်ရှင်ကို ဖြည့်ဆည်းပေးခဲ့တာဖြစ်တယ်။ အဲဒီလို အလေးအနက်ထားလို့ပဲ၊ အဲဒီလို အခက်အခဲတွေကို မကြောက်ရွံ့လို့ပဲ၊ အဲဒီလိုအရှုံးမပေးတတ်တဲ့ အမျိုးသားဖြစ်နေလို့ပဲ သူ့ကိုဆွဲဆောင်နိုင်ခဲ့တာဖြစ်တယ်။

ရှန်ရှင်းဆွေ့အမြင် ကိစ္စတော်တော်များများမှာ ဖုကျင်းရှောင်းရဲ့စိတ်ဓာတ်က သူ့ကိုလည်းရောင်ပြန်ဟပ်စေခဲ့တယ်။ သူဘယ်လိုလူမျိုး ဖြစ်လာသင့်လဲဆိုတာကို သဘောပေါက်နားလည်စေခဲ့တယ်။

ရှန်ရှင်းဆွေ့ အတွေးထဲကနေ ပြန်ရုန်းထွက်လာပြီးနောက် သူ့မျက်နှာပေါ်မှာ အပြုံးလေးပေါ်လာရတယ်။ သူအသံတိုးနဲ့ပြောလိုက်တယ် "လောင်ရှီးက နည်းနည်းလေးမှ ပြောင်းလဲမသွားဘူးပဲ"

ဖုကျင်းရှောင်း သူ့အရှေ့မှာ မတ်တပ်ရပ်နေတဲ့ ရှန်ရှင်းဆွေ့ကိုကြည့်လိုက်တယ်။ အမျိုးသားရဲ့မျက်နှာအမူအရာက ရေလိုနက်ရှိုင်းလှကာ ပြုံးလျက်ပြောလာတယ် "မဟုတ်ဘူး ကိုယ်ပြောင်းလဲသွားတယ်"

ရှန်ရှင်းဆွေ့ ကြောင်သွားခဲ့တယ်။

ဖုကျင်းရှောင်းက ရှည်လျားတဲ့လက်တွေကို ဆန့်တန်းကာ လူကိုသူ့အရှေ့ထိ ဆွဲခေါ်လိုက်တယ်။ သူရှန်ရှင်းဆွေ့ကိုကြည့်ရင်း လေးနက်စွာပြောလိုက်တယ် "မင်းကပဲသူ့ကိုပြန်ရှာလာပေးခဲ့တာပါ"

သူရှန်ရှင်းဆွေ့ကိုတွေ့တဲ့ ပထမဆုံးအကြိမ်မှာတင် ထူးခြားတဲ့ခံစားချက်မျိုး ရရှိခဲ့တာဖြစ်တယ်။

အဲဒီလိုဖုံးကွယ်ထားတဲ့ ခေါင်းမာမှုတွေ၊ အဲဒီလိုဒုက္ခကြားက မျှော်လင့်ချက်မဲ့မှုတွေ၊ လက်ခံလိုက်ပြီးနောက် စိတ်သက်သာရာရမှုတွေနဲ့ ကိစ္စတွေအများအပြားကို ကြုံတွေ့ရချိန်မှာ လုပ်ခဲ့တဲ့ရွေးချယ်မှုတွေက သူ့ကိုရင်းနှီးတယ်လို့ ခံစားရစေခဲ့တယ်။ တကယ်တော့ အနုပညာလောက,က လူတွေတော်တော်များများကို ထုံထိုင်းသွားစေတယ်။ အထူးသဖြင့် သူ့လိုနေရာတစ်ခု ရောက်လာပြီးနောက် အကျိုးအမြတ်နဲ့ ငွေကြေးက လူကိုအထုံထိုင်းစေဆုံး အရာတစ်ခုဖြစ်လာခဲ့တယ်။ သူတဖြည်းဖြည်းနဲ့ ပင်ပန်းမှုတွေ၊ ပျင်းရိမှုတွေကို ခံစားလာမိခဲ့တယ်။

ရှန်ရှင်းဆွေ့ရဲ့ ထွက်ပေါ်လာမှုက ကျောက်ခဲလေးတစ်ခဲက ငြိမ်သက်နေတဲ့ရေမျက်နှာပြင်ကို ရေအပွက်ပွက်ဖြစ်လာစေသလိုမျိုးပဲ။

ရှန်ရှင်းဆွေ့ အနည်းငယ်တွေဝေစွာနဲ့ မေးလိုက်တယ် "ကျွန်တော်......ကျွန်တော်?"

"အင်း" ဖုကျင်းရှောင်း ခေါင်းညိတ်လိုက်တယ်။ သူ့ရဲ့အနည်းငယ်ကြမ်းတမ်းတဲ့ လက်ချောင်းတွေက ရှန်ရှင်းဆွေ့ရဲ့နူးညံ့တဲ့အသားအရေပေါ် ဖြတ်သန်းသွားခဲ့တယ်။ သူအသံနိမ့်နဲ့ပြောလိုက်တယ် "ဒီဇာတ်လမ်းကမဆိုးဘူး မင်းကဒီနယ်ပယ်ထဲ ဝင်လာတာမကြာသေးဘူး ပထမဆုံးရုပ်ရှင်ကို စောင့်ကြည့်နေကြမဲ့လူတွေက သေချာပေါက် အများကြီးရှိနေမှာပဲ တကယ်လို့ ပထမဆုံးရုပ်ရှင်ရဲ့ သက်ရောက်မှုက မဆိုးဘူးဆိုရင် နောက်ပိုင်းမှာ မင်းရုပ်ရှင်လောကထဲဝင်ဖို့ ခြေလှမ်းသစ်တစ်ခုနဲ့ ဖြစ်လာလိမ့်မယ် အဲ့တာကြောင့် သူ့ကိုလျစ်လျူရှုလိုက်လို့မဖြစ်ဘူး"

ဖုကျင်းရှောင်းရဲ့ နက်ရှိုင်းတဲ့မျက်ဝန်းတွေက နူးညံ့မှုလေးပျံ့လွင့်သွားခဲ့တယ်။ အမျိုးသားက နူးညံ့စွာပြောလာတယ် "ကိုယ်မင်းကို ခေါ်သွားပေးမယ် မင်းအတွက်လမ်းဖောက်ပေးမယ်"

ရှန်ရှင်ဆွေ့ကတော့ စိတ်လှုပ်ရှားနေမိလေတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဖုကျင်းရှောင်းရဲ့တွေ့ရခဲတဲ့ လေးလေးနက်နက်မျက်နှာကိုကြည့်ရင်း မသိလိုက်ပါသာနဲ့ မကောင်းတဲ့ခံစားချက်တွေ ရလာရတယ်။ ဒီစကားက သူထွက်မသွားခင် ကလေးလေးကို တစ်ယောက်ယောက်ဆီ အပ်ထားခဲ့တဲ့ပုံစံမျိုး၊ သူ့ကိုနောက်ဆုံးလမ်းကြောင်းအတွက် ခေါ်ဆောင်သွားပေးသလိုမျိုး၊ နောက်ပိုင်းလမ်းတွေကို ကိုယ့်အားကိုယ်ကိုးပြီး လျှောက်လှမ်းရတော့မယ်ဆိုတဲ့ မခွဲခွာခင်ပြောတဲ့စကားလို ခံစားချက်မျိုးရနေလေတယ်။

......

နောက်တစ်နေ့

ဒီနေ့က လူငယ်လေးရွှီယန်နဲ့ နောက်ဆုံးscene ရိုက်ကူးတဲ့နေ့ဖြစ်တယ်။

ဖန်းကျစ်ဝမ်ရဲ့အိမ်မှာ အလွန်ကြီးမားတဲ့ ပြောင်းလဲမှုကြီးဖြစ်သွားခဲ့တယ်။ သူနဲ့ရွှီယန်ကလည်း ကျောင်းပြင်ပမှာ ကျောင်းကိစ္စလုပ်ရင်း ဘုရားကျောင်းပျက်တစ်ခုထဲမှာ ပိတ်မိနေခဲ့ကြတယ်။ မိုးရွာနေတာကြောင့် သူလည်းမီးပုံဖိုလိုက်တယ်။ ရွှီယန်ကတော့ မိုးရေစိုကာအဖျားတက်ပြီး အိပ်ပျော်နေခဲ့တယ်။ ဖန်းကျစ်ဝမ်က မိုးသံတွေကြားမှာ အိပ်ပျော်နေတဲ့ရွှီယန်ကို ချစ်ကြောင်းကြိုက်ကြောင်း တိုးတိုးလေးဖွင့်ပြောခဲ့ပြီး ခိုးနမ်းလိုက်လေတယ်။

အပြင်ဘက်မှာတော့ ရေဖျန်းဖို့ကားတစ်စီး ငှားထားတာဖြစ်တယ်။ ဘုရားကျောင်းပျက်ကလည်း ယာယီထိုးထားတဲ့ အဆောက်အဦတစ်ခုဖြစ်တယ်။ ကျန်းစန်းစန်းက သူ့ကိုဇာတ်ကြောင်းရှင်းပြရင်း ပြောလာတယ် "တစ်ယောက်တည်း အချစ်ဝန်ခံရမဲ့အပိုင်းက အရမ်းအရေးကြီးတယ် ရွှီယန်အပေါ် မင်းရဲ့ခံစားချက်တွေက ပြင်းထန်ပြီး ထိန်းချုပ်ထားတဲ့ပုံစံမျိုး ဒါပေမဲ့လည်း မထိန်းချုပ်နိုင်တော့ဘဲ အဲဒီခံစားချက်တွေကို ဝန်ခံလိုက်မိတာမျိုးဖြစ်ရမယ် နားလည်လား?"

ရှန်ရှင်းဆွေ့ ခေါင်းညိတ်လိုက်တယ် "ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"

"ဒီအနမ်းအတွက်ကတော့" ကျန်းစန်းစန်း ချောင်းဟမ့်လိုက်တယ် "လူစားမထိုးတော့ဘူး သူ့ရဲ့နှုတ်ခမ်းကို တစ်ချက်နမ်းလိုက်ရုံပဲ ကိစ္စမရှိဘူးမလား?"

မလှမ်းမကမ်းက ကျောင်းချောင် ဒီဘက်ကို လှမ်းကြည့်လာလေတယ်။

အဲဒီနေ့ နားနေခန်းထဲကကိစ္စ ဖြစ်ပွားပြီးနောက် ကျောင်းချောင်က သူ့ကိုပုန်းနေတယ်လို့ ရှန်ရှင်းဆွေ့ ဘာကြောင့်မှန်းမသိ ခံစားနေရတယ်။ ဒီခံစားချက်က သူ့ထင်မြင်ချက်သက်သက်မဟုတ်ဘူး။ မဟုတ်မှ အဲဒီလို ကို့ရို့ကားယားမြင်ကွင်းကို မြင်သွားတာကြောင့်မလို့ သံသယမဝင်အောင် သူနဲ့ဝေးဝေးနေနေတာများလား?

ရှန်ရှင်းဆွေ့ကလည်း အရမ်းနားလည်နေတာမဟုတ်လေဘူး။

ဒါပေမဲ့ သူတို့တွေက နဂိုကတည်းက ရိုးသားတဲ့ လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးပဲမလို့ သွားပြီးမမေးလေတော့ဘူး။

အကုန်လုံးအဆင်သင့်ဖြစ်လို့ ရိုက်ကွင်းနေရာချခြင်း ပြီးဆုံးသွားတဲ့နောက် ဒါရိုက်တာက တစ်ချက်အော်လိုက်တယ် "ကောင်းပြီ အားလုံးပဲ စကြမယ်!"

မိုးတွေသည်းကြီးမည်းကြီးရွာနေပြီး ဘုရားကျောင်းပျက်ထဲမှာတော့ လူနှစ်ယောက်က အချင်းချင်းပူးကပ်နေကြတယ်။ မြက်ခြောက်အခင်းပေါ်မှာ သူတို့နှစ်ယောက်လှဲနေကြပြီး အိပ်ပျော်နေတဲ့ရွှီယန်က မျက်နှာအရောင်ဖြူဆုတ်နေလေတယ်။ မီးပုံကလည်း ဆက်တိုက်လောင်ကျွမ်းနေကာ သူ့ကိုအနွေးဓာတ်လေး သယ်ဆောင်ပေးထားလေတယ်။

ဖန်းကျစ်ဝမ် သူ့ဘေးမှာမှီနေကာ ရွှီယန်အိပ်ပျော်နေတုန်း ပါးစပ်ကနေ ဝေတေဝါးတား ရေရွတ်နေတာကို ကြားလိုက်လေတယ်။ အဲတာကြောင့် အနားတိုးကပ်ကာ နားထောင်လိုက်တော့ ရေသောက်ချင်တယ်လို့ ပြောနေတာဖြစ်ကြောင်း သိလိုက်ရတယ်။ ဒါပေမဲ့ သူတို့နဲ့အတူယူလာခဲ့တဲ့ ရေကရားဘူးထဲမှာ ရေမရှိတော့လေဘူး။ ဒါကြောင့် အပြင်ဘက်က မိုးတွေလေတွေကိုမမှုဘဲ တံစက်မြိတ်အောက်မှာ ရေခံယူဖို့ အလျင်အမြန်ပြေးသွားလိုက်တယ်။ နောက်တော့ သူရွှီယန်ကို ထူပေးလိုက်ပြီး ရေသောက်လို့ရအောင် ကူညီပေးလိုက်တယ်။

ရွှီယန် အိပ်ချင်မူးတူးနဲ့ ရေကရားကိုင်ကာ ရေသောက်လိုက်ပြီးနောက် ကျေးဇူးလို့ပြောပြီး ပြန်အိပ်ပျော်သွားတော့တယ်။

ဖန်းကျစ်ဝမ်ရဲ့စိတ်ထဲမှာတော့ ချစ်ခြင်းတရားတွေနဲ့ နာကျင်မှုတွေ ပြည့်နှက်နေတော့တယ်။ သူမထိန်းချုပ်နိုင်စွာနဲ့ ရွှီယန်ရဲ့မျက်နှာကို ပွတ်သပ်လိုက်မိတယ်။ သူမသိလိုက်ပါသာနဲ့ ပါးစပ်ဖွင့်ဟကာ ဒီနှစ်နှစ်အတွင်းက သူ့ခံစားချက်တွေကို ထုတ်ပြောမိလိုက်တော့တယ်။ အပြင်ဘက်မှာ မိုးတွေတဂျိမ်းဂျိမ်းခြိမ်းနေပြီး ညအချိန်ကို ချဥ်းနင်းဝင်ရောက်လာချိန် သူနောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ အနားတိုးကပ်သွားကာ ရွှီယန်ရဲ့နှုတ်ခမ်းပေါ်မှာ လျှို့လျှို့ဝှက်ဝှက်နဲ့ ထိန်းချုပ်ထားတဲ့ အနမ်းတစ်ပွင့် ပေးလိုက်လေတယ်။

ဒါရိုက်တာပြောလာတယ် "ကတ်!"

အားလုံးဒီအခြေအနေကနေ စိတ်နဲ့ကိုယ် ပြန်ကပ်လာကြလေတော့တယ်။

ရှန်ရှင်းဆွေ့ ကျောင်းချောင်ကိုဆွဲကာ မတ်တပ်ရပ်လိုက်တယ်။ ဒါရိုက်တာက အလျင်အမြန်ရောက်လာကာ ပြောလာလေတယ် "ဆွေ့ဆွေ့ မင်းရဲ့ဒီအခြေအနေက လုံးဝကြီးနစ်ဝင်မသွားဘူး မင်းရဲ့မျက်လုံးတွေထဲမှာ အဲဒီလျှို့ဝှက်မှု၊ ထိန်းချုပ်မှုတွေရှိမနေဘူး ချစ်ခြင်းမေတ္တာတွေတော့ ရှိနေပေမဲ့ ခံစားချက်အမှန်ကို မရောက်သေးဘူး"

ရှန်ရှင်းဆွေ့ ညင်သာစွာပြောလိုက်တယ် "ဒါရိုက်တာ တောင်းပန်ပါတယ် ကျွန်တော်ခံစားချက်လေး နည်းနည်းသွားပြီး ပြင်ဆင်လိုက်ရမလား?"

ကျန်းစန်းစန်း အခက်တွေ့သွားရတယ်။

သရုပ်ဆောင်လုပ်ရတာ မလွယ်ကူဘူးဆိုတာ သူလည်းသိပါတယ်။ ဒါရိုက်တာတစ်ယောက်အနေနဲ့ သူ့ရဲ့တာဝန်က သရုပ်ဆောင်တွေကို ကူညီပေးဖို့ဆိုတာ သေချာပေါက်ပဲပေါ့။

ရှန်ရှင်းဆွေ့ မလှမ်းမကမ်းက ဖုကျင်းရှောင်းကို တစ်ချက်ကြည့်လိုက်တယ်။ ဒီနှစ်ရက်အတွင်းမှာ ရုပ်ရှင်ဧကရာဇ်ဖုက ရိုက်ကွင်းမှာအမြဲတမ်းရှိနေတတ်တယ်။ ကျောင်းချောင်နဲ့ဇာတ်ကွက်က ရှန်ရှင်းဆွေ့နဲ့သူနဲ့ နမ်းရမဲ့ဇာတ်ကွက်ဖြစ်သလို သူ့ရဲ့ချစ်သူကလည်း မလှမ်းမကမ်းမှာ ထိုင်နေသေးတယ်။ ဒီခံစားချက်က အလွန်ကို့ရို့ကားယားနိုင်လှတယ်။

ကျန်းစန်းစန်း ပြောလာတယ် "ခဏလောက် အရင်နားလိုက်ပါဦး ကိစ္စမရှိဘူး အရမ်းကြီးကိုယ့်ကိုယ်ကိုယ် ဖိအားမပေးနဲ့"

ရှန်ရှင်းဆွေ့ ကျေးဇူးတင်စွာ ပြုံးလိုက်တယ် "သိပါပြီ"

အနားယူတဲ့အချိန်မှာ သူဖုကျင်းရှောင်းဘက်က တဲဆီသွားလိုက်ပြီး ဘေးမှာထိုင်ကာ မုန့်စားလိုက်တယ်။ သူစားနေရင်းပဲ ကျန်းစန်းစန်းက အထဲဝင်လာခဲ့တယ်။ သူရှန်ရှင်းဆွေ့ကို ဇာတ်လမ်းအကြောင်း ထပ်ရှင်းပြလိုက်တယ်။ နောက်တော့ အကြံဉာဏ်တစ်ခုကို စဥ်းစားမိသွားခဲ့တယ် "ဆွေ့ဆွေ့ မင်းဒီအသက်အရွယ်အထိ တိတ်တခိုးချစ်ရတဲ့သူတို့ဘာတို့ မရှိခဲ့ဖူးဘူးလား?"

ရှန်ရှင်းဆွေ့ မုန့်စားနေရင်းနဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားရတယ်။

ဘေးနားကဖုကျင်းရှောင်းက အစတုန်းကဇာတ်ညွှန်းဖတ်နေတာဖြစ်တယ်။ ဒါပေမဲ့ ဒီစကားကိုကြားတော့ ဇာတ်ညွှန်းစာအုပ်ကို အောက်ချလိုက်ကာ သူ့ကိုတစ်ချက်ကြည့်လာတယ်။

ရှန်ရှင်းဆွေ့ ချောင်းဖွဖွဆိုးလိုက်ပြီး ဒါရိုက်တာကိုမေးလိုက်တယ် "ဒါ......ဒါရိုက်တာကြီးက ဒါကိုဘာလို့မေးတာလဲ"

"မင်းအခုရိုက်ရမဲ့ဇာတ်ကွက်က တိတ်တခိုးအချစ်နဲ့ ပတ်သက်တယ်လေ" ကျန်းစန်းစန်း ဇာတ်ညွှန်းစာအုပ်ကိုယူကာ ပြောလာတယ် "အဲ့တာကြောင့် ငါက တွေးကြည့်ပြီး အစားထိုးကြည့်စေချင်တာ"

ရှန်ရှင်းဆွေ့ အပြစ်ရှိသလိုခံစားလိုက်ရပြီး နှုတ်ခမ်းသပ်လိုက်မိတယ်။

ကျန်းစန်းစန်းက သူ့ကိုကြည့်ကာ ဆက်ပြောလာတယ် "ရှိလား အထူးသဖြင့် မင်းကချစ်ပေမဲ့ ပြန်အချစ်မခံရတာမျိုးပေါ့ အရမ်းအရမ်းသဘောကျတာမျိုး ဒါပေမဲ့ တစ်ဖက်က လုံးဝမသိဘူး အဲဒီလိုခံစားချက်မျိုး အတွေ့အကြုံရှိဖူးလား?"

ရှန်ရှင်းဆွေ့ စိတ်ထဲဆို့နင့်သွားရတယ်။ ဒါရိုက်တာကျန်းရဲ့ စကားတစ်ခွန်းစီတိုင်းက တကယ့်ကို ချက်ကောင်းမိနေသလိုမျိုး ခံစားလိုက်ရတယ်။

ဒါက တကယ်လို့ ဖုကျင်းရှောင်း မရှိနေဘူးဆိုရင်တော့ ဝန်ခံလိုက်မှာပေါ့။ ဒါပေမဲ့ ဒါရိုက်တာကျန်းရေ ခင်ဗျားက တကယ်အချိန်ရွေးတတ်တာပဲ။ ဒီလူကြီးရှိနေတာကို ဘယ်လိုများ ဝန်ခံရမှာတဲ့လဲလို့!

စိတ်ရှုပ်ထွေးပြီး တိတ်ဆိတ်နေတဲ့ ရှန်ရှင်းဆွေ့ကို ဖုကျင်းရှောင်း ကြည့်လိုက်တယ်။ နောက်တော့ ဇာတ်ညွှန်းစာအုပ်ကို တစ်ဖက်ကစားပွဲပေါ် တင်လိုက်တယ်။ အမျိုးသားက သူ့ကိုစောင်းငဲ့ကြည့်လာပြီး ပြုံးကာပြောလိုက်တယ် "ဟုတ်သားပဲ ရှန်လောင်ရှီး ဒါရိုက်တာကလည်း မင်းအတွက် စိတ်ရင်းနဲ့အကြံပေးချင်လို့လေ မင်းပြောပြကြည့်ပါလား?"

____________________
Word – 4276
January 8, 2024(Mon)
Xiao Dream

နောက်ပိုင်းကျရင် updateရက်လေး ပြောင်းကောင်းပြောင်းနိုင်ပါတယ်ခင်ဗျာ။ အခုထိတော့ မပြောင်းသေးပါဘူး။ ကြိုပြောထားတာပါခင်ဗျ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။



Zawgyi

တိတ္တခိုး ခ်စ္ရတဲ့သူ ရွိလား
________________________________

လဝက္ၾကာၿပီးေနာက္

ဖုက်င္းေရွာင္း 'အထီးက်န္ၿမိဳ႕'မွာ ပါဝင္မယ္ဆိုတာကို ပထမဆုံးသိလိုက္ရတဲ့အခ်ိန္ ရွန္ရွင္းေဆြ႕ ထိတ္လန္႔သြားရေတာ့တယ္။ လုံးဝမယုံႏိုင္ဘူးလို႔ ေျပာရမလားပဲ။

အဲ့တာေၾကာင့္ ဝမ္မိန္စန္႔ သူ႔ကိုဖုန္းဆက္လာခ်ိန္မွာ မ်က္လုံးေတြပြတ္ၿပီးေတာ့ေတာင္ သူအိပ္မက္မက္ေနတာ ဟုတ္မဟုတ္ စမ္းသပ္ၾကည့္လိုက္မိေလတယ္။ ဝမ္မိန္စန္႔ ေနာက္တစ္ေခါက္ ထပ္ေျပာလာတဲ့အထိပဲ "စာခ်ဳပ္ေတာင္ ခ်ဳပ္ၿပီးသြားၾကၿပီ"

ရွန္ရွင္းေဆြ႕ အံ့အားသင့္စြာေျပာလိုက္တယ္ "ဖုေလာင္ရွီး ဘာလို႔ ဒီ႐ိုက္ကူးေရးအဖြဲ႕နဲ႔ စာခ်ဳပ္ခ်ဳပ္လိုက္တာလဲ!"

သူ႔႐ိုက္ကူးေရးအဖြဲ႕ကို သူၿငိဳျငင္တာမဟုတ္ေပမဲ့ သူ႔အျမင္မွာေတာ့ ဒီ႐ိုက္ကူးေရးအဖြဲ႕က ဖုက်င္းေရွာင္းလက္ခံဖူးတဲ့ ႐ိုက္ကူးေရးအဖြဲ႕ေတြနဲ႔ဆိုရင္ ဘာမွေတာင္ယွဥ္စရာမရွိဘူး။

ဝမ္မိန္စန္း ကူရာမဲ့စြာေျပာလိုက္တယ္ "ေဆြ႕ေဆြ႕ မင္းတို႔႐ိုက္ကူးေရးအဖြဲ႕က အမွန္ကိုထုတ္လုပ္မႈ အေသးစားေလးျဖစ္ေပမဲ့ တကယ္လို႔ ဖုက်င္းေရွာင္းသာ တကယ္ထုတ္လုပ္မယ္ဆိုရင္ ႐ိုက္ကူးေရးအဖြဲ႕အေသးစားေလး ျဖစ္ေတာ့မွာမဟုတ္ဘူး"

တကယ္လို႔ ႐ုပ္ရွင္ဧကရာဇ္ဆိုတဲ့နာမည္ ခ်ိတ္ဆြဲထားတဲ့ဇာတ္ကားသာဆိုရင္ ဒီဇာတ္ကားရဲ႕ထုတ္လုပ္မႈက ေသခ်ာေပါက္ ပိုၿပီးအဆင့္ျမင့္သြားမွာပဲ။

ဖုက်င္းေရွာင္းကိုယ္တိုင္ကလည္း ပိုက္ဆံရွာဖို႔အတြက္နဲ႔ ဖန္ရဖို႔အတြက္နဲ႔ ျဖတ္လမ္းလိုက္မဲ့သူမဟုတ္ဘူး။ ႐ိုက္ကူးေရးအဖြဲ႕ထဲဝင္မွေတာ့ ရင္းႏွီးျမႇဳပ္ႏွံတယ္ဆိုတာက ေသခ်ာေပါက္လုပ္မဲ့ ကိစၥတစ္ခုပဲေပါ့။ ဒီ႐ိုက္ကူးေရးအဖြဲ႕က အမွန္ကိုပဲမြဲေတလြန္းတယ္။ အလြန္လည္းသိသာလွတယ္။ ဒါေပမဲ့ နဂိုကတည္းက ရွန္မိသားစုရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈရရွိထားၿပီး အခုလည္း ဖုမိသားစုက ရင္းႏွီးျမႇဳပ္ႏွံျပန္ေတာ့ ႐ိုက္ကူးေရးတစ္ဖြဲ႕လုံးရဲ႕ ထုတ္လုပ္ေရးက ေအာင္ျမင္စြာနဲ႔ သန္းဂဏန္းေက်ာ္ေနၿပီျဖစ္တယ္။

ရွန္ရွင္းေဆြ႕လည္း တစ္ခ်ိဳ႕ကိစၥေတြကို သေဘာေပါက္သြားရတယ္ "ဖုေလာင္ရွီး... ႐ိုက္ကူးေရးအဖြဲ႕ကို ဝင္တာက ကြၽန္ေတာ့္ေၾကာင့္လား?"

"ဒါကေတာ့ မင္းကိုယ္တိုင္ပဲ မင္းရဲ႕ဖုေလာင္ရွီးကို သြားေမးရေတာ့မယ္" ဝမ္မိန္စန္႔ ရယ္ေမာကာ ေျပာလိုက္တယ္ "ဒါေပမဲ့ေလ သူနစ္နာမွာကိုေတာ့ မင္းမစိုးရိမ္နဲ႔ ဖုက်င္းေရွာင္းက အနစ္နာခံၿပီး အလဲအလွယ္လုပ္တာကို မင္းျမင္ဖူးလို႔လား? စိတ္ခ်ထားလိုက္ပါ သူလည္း ေကာ္မစ္ရွင္ယူထားတာပဲ အဲဒီအခ်ိန္ေရာက္လို႔ ခြဲေပးလာမဲ့႐ုပ္ရွင္လက္မွတ္ဖိုးကလည္း နည္းေနမွာမဟုတ္ဘူး"

ရွန္ရွင္းေဆြ႕ ရယ္လိုက္တယ္ "ဟုတ္တာပဲ"

တကယ္နစ္နာသြားတဲ့အခ်ိန္ဆိုတာ ဖုက်င္းေရွာင္းမွာ ဘယ္ရွိလိမ့္မလဲ။ သူဖုေလာင္ရွီးကို အလကားစိတ္ပူေနမိတာပဲ။

ဒါေပမဲ့ ဒီလိုထုတ္လုပ္မႈအေသးစားေလးကို ဖုေလာင္ရွီး လာသ႐ုပ္ေဆာင္တဲ့ကိစၥမ်ိဳးက တကယ္ရွိေလတယ္။ အနည္းနဲ႔အမ်ားေတာ့ ရွန္ရွင္းေဆြ႕ကို ထိတ္လန္႔ေစခဲ့တယ္။ အဲ့တာေၾကာင့္ ႐ိုက္ကူးေရးအဖြဲ႕ထဲမွာ ဖုက်င္းေရွာင္းကိုေတြ႕ရခ်ိန္ သူ႔စိတ္အေျခအေနက နည္းနည္းရႈပ္ေထြးေနမိတယ္။

က်န္းစန္းစန္းဆိုတဲ့ ေခြးေျခေထာက္က ဖုက်င္းေရွာင္း လာမယ္ဆိုတာလဲသိေရာ အလြန္ႀကီးမားၿပီး သက္ေတာင့္သက္သာရွိလွတဲ့ နားေနခန္းတစ္ခန္း ေဆာက္လိုက္ေတာ့တယ္။ ဒါ႐ိုက္တာျဖစ္တဲ့ သူကိုယ္တိုင္ရဲ႕ နားေနခန္းေတာင္ ဖုက်င္းေရွာင္းအတြက္ ေဆာက္ေပးထားတာေလာက္ မခမ္းနားတဲ့အထိပဲ။

ဖုက်င္းေရွာင္း အေရွ႕ကိုေလွ်ာက္လာရင္း သူ႔ခ်စ္သူေလးကို ေခါင္းငုံ႔ၾကည့္ကာ ၿပဳံးလိုက္တယ္ "ဘာလဲ ကိုယ့္ကိုျမင္ေနရေတာ့ မေပ်ာ္ေတာ့ဘူးလား?"

ရွန္ရွင္းေဆြ႕ သူ႔အေတြးေတြထဲကေန ျပန္ႏိုးထလာခဲ့တယ္။ ေနာက္ေတာ့ ဖုက်င္းေရွာင္းရဲ႕ရင္ခြင္ထဲ ေျပးသြားလိုက္ၿပီး သူ႔ကိုဖက္လိုက္တယ္ "ေပ်ာ္တယ္"

အစစ္အမွန္ကို ေပ်ာ္႐ႊင္ေနတာျဖစ္တယ္။

တျခားေၾကာင့္မဟုတ္ဘဲ ေနာက္က်ရင္ အတူတူဇာတ္ကား႐ိုက္ႏိုင္ေတာ့မွာမလို႔ျဖစ္တယ္။ ဆိုလိုတာက သူတို႔အၾကာႀကီး အၾကာႀကီး ခြဲခြာေနစရာ မလိုအပ္ေတာ့ဘူး။

"ကြၽန္ေတာ္က နည္းနည္းမထင္ထားမိ႐ုံပါ" ရွန္ရွင္းေဆြ႕ အမွန္တိုင္းေျပာလိုက္တယ္ "ကြၽန္ေတာ့္ရဲ႕ ဒီ႐ိုက္ကူးေရးကို လာလိမ့္မယ္လို႔ ကြၽန္ေတာ္မထင္ထားမိ႐ုံပါ ၿပီးေတာ့သူ႔ရဲ႕ဇာတ္လမ္းနဲ႔ ထုတ္လုပ္မႈကလည္း အေသးစားေလးတင္ေလ"

ဖုက်င္းေရွာင္း ဖြဖြရယ္လိုက္တယ္။

ရွန္ရွင္းေဆြ႕ သံသယျဖစ္စြာနဲ႔ သူ႔ကိုၾကည့္လိုက္မိတယ္။

ဖုက်င္းေရွာင္း ေဘးနားက ဆိုဖာဆီေလွ်ာက္သြားၿပီး ထိုင္ခ်လိုက္တယ္။ သူရွန္ရွင္းေဆြ႕ကို မ်က္လုံးပင့္ၾကည့္ကာ ေျပာလိုက္တယ္ "ဒါဆိုရင္ မင္းကေရာ ဒီ႐ုပ္ရွင္ကို ဘာလို႔လက္ခံခဲ့တာလဲ?"

"ကိုယ္မွတ္မိတာ မင္းဒီဇာတ္ကားကို လက္ခံခဲ့တဲ့အခ်ိန္တုန္းက ဒီဇာတ္ကားကို အေသးစားလို႔ေတာင္ ေခၚလို႔မရေသးဘူး...... ဘာမွမရွိေသးဘူးလို႔ ေျပာရမလားပဲ?"ဖုက်င္းေရွာင္းက ဆိုဖာေပၚမွာထိုင္ေနကာ အမ်ိဳးသားရဲ႕ကိုယ္ေနဟန္ထားက ေျဖာင့္တန္းေနေလတယ္။ ရွည္လ်ားသြယ္လ်တဲ့ ေျခတံေတြကို အခ်င္းခ်င္းထပ္ထားကာ အရာရာကိုလက္ထဲမွာ ဆုပ္ကိုင္ထားတဲ့ေလထုမ်ိဳး ဖန္တီးေနေလတယ္ "ဒီႏွစ္ႏွစ္အတြင္းမွာ မင္းကနာမည္နည္းနည္းရွိလာေနၿပီေလ ဒီဇာတ္ကားကို လက္ခံလိုက္လိမ့္မယ္လို႔ ဘယ္သူကထင္ထားမိမွာလဲ?"

ရွန္ရွင္းေဆြ႕ ရွင္းျပလာတယ္ "ဘာလို႔လဲဆိုေတာ့ ဒီဇာတ္ကားနဲ႔ပုံျပင္က သိပ္မဆိုးဘူးလို႔ ကြၽန္ေတာ္ထင္မိလို႔ အရမ္းေကာင္းတဲ့ဇာတ္အိမ္ကို ကြၽန္ေတာ္လက္မလႊတ္လိုက္ခ်င္ဘူး......"

ဖုက်င္းေရွာင္းရဲ႕ ႏႈတ္ခမ္းေတြက ေက်နပ္စြာၿပဳံးလာခဲ့တယ္ "ဒါဆိုရင္ရၿပီပဲမဟုတ္လား?"

ရွန္ရွင္းေဆြ႕ ေၾကာင္သြားခဲ့တယ္။ ေနာက္ေတာ့မွ ဖုက်င္းေရွာင္းဆိုလိုခ်င္တာကို တုံ႔ျပန္လာႏိုင္ခဲ့တယ္။ သူတို႔ကသ႐ုပ္ေဆာင္ေတြျဖစ္ၿပီး ဇာတ္လမ္းေကာင္းတစ္ပုဒ္တည္ရွိေနဖို႔ ေသခ်ာေပါက္ေမွ်ာ္လင့္ၾကတာေပါ့။ သ႐ုပ္ေဆာင္ေတြအားလုံးက ထုတ္လုပ္မႈအႀကီးစားေတြ၊ အဆင့္ျမင့္တာေတြကိုပဲ အေလးထားၾကတာေတာ့ မဟုတ္ေလဘူး။ ဇာတ္လမ္းေကာင္းတစ္ပုဒ္အတြက္ ႐ိုက္ကူးသ႐ုပ္ေဆာင္ၾကတဲ့ သ႐ုပ္ေဆာင္ေတြလည္း ရွိၾကေသးတယ္။ သူတို႔နဲ႔ ႐ိုက္ကူးေရးအဖြဲ႕နဲ႔က အျပန္အလွန္မွီခိုေနၾကတာျဖစ္တယ္။

ရွန္ရွင္းေဆြ႕ ဖုက်င္းေရွာင္းကို ၾကည့္လိုက္မိကာ အရင့္အရင္အခ်ိန္ေတြကို အမွတ္ရလိုက္မိတယ္။ အဲဒီအခ်ိန္တုန္းက ဖုက်င္းေရွာင္းက အရမ္းနာမည္မႀကီးေသးဘူး။ သူက ဖုမိသားစုရဲ႕အရွိန္အဝါကို အမွီအခိုျပဳၿပီးေတာ့ ထုတ္လုပ္မႈအႀကီးစားေတြ ရင္းႏွီးမႈအႀကီးစားေတြမွာ သြားသ႐ုပ္ေဆာင္တာမ်ိဳးလည္း မလုပ္ခဲ့ဘူး။ ေျပာင္းျပန္အေနနဲ႔ ဖုက်င္းေရွာင္းက အၿမဲတမ္း ႐ုပ္ရွင္အေသးစားေလးေတြမွာပဲ လက္ရည္ေသြးေနေလတယ္။ ႐ုပ္ရွင္က သူ႔ကိုျဖည့္ဆည္းေပးခဲ့တာမဟုတ္ဘဲ သူကသာ ႐ုပ္ရွင္ကို ျဖည့္ဆည္းေပးခဲ့တာျဖစ္တယ္။ အဲဒီလို အေလးအနက္ထားလို႔ပဲ၊ အဲဒီလို အခက္အခဲေတြကို မေၾကာက္႐ြံ႕လို႔ပဲ၊ အဲဒီလိုအရႈံးမေပးတတ္တဲ့ အမ်ိဳးသားျဖစ္ေနလို႔ပဲ သူ႔ကိုဆြဲေဆာင္ႏိုင္ခဲ့တာျဖစ္တယ္။

ရွန္ရွင္းေဆြ႕အျမင္ ကိစၥေတာ္ေတာ္မ်ားမ်ားမွာ ဖုက်င္းေရွာင္းရဲ႕စိတ္ဓာတ္က သူ႔ကိုလည္းေရာင္ျပန္ဟပ္ေစခဲ့တယ္။ သူဘယ္လိုလူမ်ိဳး ျဖစ္လာသင့္လဲဆိုတာကို သေဘာေပါက္နားလည္ေစခဲ့တယ္။

ရွန္ရွင္းေဆြ႕ အေတြးထဲကေန ျပန္႐ုန္းထြက္လာၿပီးေနာက္ သူ႔မ်က္ႏွာေပၚမွာ အၿပဳံးေလးေပၚလာရတယ္။ သူအသံတိုးနဲ႔ေျပာလိုက္တယ္ "ေလာင္ရွီးက နည္းနည္းေလးမွ ေျပာင္းလဲမသြားဘူးပဲ"

ဖုက်င္းေရွာင္း သူ႔အေရွ႕မွာ မတ္တပ္ရပ္ေနတဲ့ ရွန္ရွင္းေဆြ႕ကိုၾကည့္လိုက္တယ္။ အမ်ိဳးသားရဲ႕မ်က္ႏွာအမူအရာက ေရလိုနက္ရႈိင္းလွကာ ၿပဳံးလ်က္ေျပာလာတယ္ "မဟုတ္ဘူး ကိုယ္ေျပာင္းလဲသြားတယ္"

ရွန္ရွင္းေဆြ႕ ေၾကာင္သြားခဲ့တယ္။

ဖုက်င္းေရွာင္းက ရွည္လ်ားတဲ့လက္ေတြကို ဆန္႔တန္းကာ လူကိုသူ႔အေရွ႕ထိ ဆြဲေခၚလိုက္တယ္။ သူရွန္ရွင္းေဆြ႕ကိုၾကည့္ရင္း ေလးနက္စြာေျပာလိုက္တယ္ "မင္းကပဲသူ႔ကိုျပန္ရွာလာေပးခဲ့တာပါ"

သူရွန္ရွင္းေဆြ႕ကိုေတြ႕တဲ့ ပထမဆုံးအႀကိမ္မွာတင္ ထူးျခားတဲ့ခံစားခ်က္မ်ိဳး ရရွိခဲ့တာျဖစ္တယ္။

အဲဒီလိုဖုံးကြယ္ထားတဲ့ ေခါင္းမာမႈေတြ၊ အဲဒီလိုဒုကၡၾကားက ေမွ်ာ္လင့္ခ်က္မဲ့မႈေတြ၊ လက္ခံလိုက္ၿပီးေနာက္ စိတ္သက္သာရာရမႈေတြနဲ႔ ကိစၥေတြအမ်ားအျပားကို ႀကဳံေတြ႕ရခ်ိန္မွာ လုပ္ခဲ့တဲ့ေ႐ြးခ်ယ္မႈေတြက သူ႔ကိုရင္းႏွီးတယ္လို႔ ခံစားရေစခဲ့တယ္။ တကယ္ေတာ့ အႏုပညာေလာက,က လူေတြေတာ္ေတာ္မ်ားမ်ားကို ထုံထိုင္းသြားေစတယ္။ အထူးသျဖင့္ သူ႔လိုေနရာတစ္ခု ေရာက္လာၿပီးေနာက္ အက်ိဳးအျမတ္နဲ႔ ေငြေၾကးက လူကိုအထုံထိုင္းေစဆုံး အရာတစ္ခုျဖစ္လာခဲ့တယ္။ သူတျဖည္းျဖည္းနဲ႔ ပင္ပန္းမႈေတြ၊ ပ်င္းရိမႈေတြကို ခံစားလာမိခဲ့တယ္။

ရွန္ရွင္းေဆြ႕ရဲ႕ ထြက္ေပၚလာမႈက ေက်ာက္ခဲေလးတစ္ခဲက ၿငိမ္သက္ေနတဲ့ေရမ်က္ႏွာျပင္ကို ေရအပြက္ပြက္ျဖစ္လာေစသလိုမ်ိဳးပဲ။

ရွန္ရွင္းေဆြ႕ အနည္းငယ္ေတြေဝစြာနဲ႔ ေမးလိုက္တယ္ "ကြၽန္ေတာ္......ကြၽန္ေတာ္?"

"အင္း" ဖုက်င္းေရွာင္း ေခါင္းညိတ္လိုက္တယ္။ သူ႔ရဲ႕အနည္းငယ္ၾကမ္းတမ္းတဲ့ လက္ေခ်ာင္းေတြက ရွန္ရွင္းေဆြ႕ရဲ႕ႏူးညံ့တဲ့အသားအေရေပၚ ျဖတ္သန္းသြားခဲ့တယ္။ သူအသံနိမ့္နဲ႔ေျပာလိုက္တယ္ "ဒီဇာတ္လမ္းကမဆိုးဘူး မင္းကဒီနယ္ပယ္ထဲ ဝင္လာတာမၾကာေသးဘူး ပထမဆုံး႐ုပ္ရွင္ကို ေစာင့္ၾကည့္ေနၾကမဲ့လူေတြက ေသခ်ာေပါက္ အမ်ားႀကီးရွိေနမွာပဲ တကယ္လို႔ ပထမဆုံး႐ုပ္ရွင္ရဲ႕ သက္ေရာက္မႈက မဆိုးဘူးဆိုရင္ ေနာက္ပိုင္းမွာ မင္း႐ုပ္ရွင္ေလာကထဲဝင္ဖို႔ ေျခလွမ္းသစ္တစ္ခုနဲ႔ ျဖစ္လာလိမ့္မယ္ အဲ့တာေၾကာင့္ သူ႔ကိုလ်စ္လ်ဴရႈလိုက္လို႔မျဖစ္ဘူး"

ဖုက်င္းေရွာင္းရဲ႕ နက္ရႈိင္းတဲ့မ်က္ဝန္းေတြက ႏူးညံ့မႈေလးပ်ံ႕လြင့္သြားခဲ့တယ္။ အမ်ိဳးသားက ႏူးညံ့စြာေျပာလာတယ္ "ကိုယ္မင္းကို ေခၚသြားေပးမယ္ မင္းအတြက္လမ္းေဖာက္ေပးမယ္"

ရွန္ရွင္ေဆြ႕ကေတာ့ စိတ္လႈပ္ရွားေနမိေလတယ္။ ဒါေပမဲ့ တစ္ခ်ိန္တည္းမွာပဲ ဖုက်င္းေရွာင္းရဲ႕ေတြ႕ရခဲတဲ့ ေလးေလးနက္နက္မ်က္ႏွာကိုၾကည့္ရင္း မသိလိုက္ပါသာနဲ႔ မေကာင္းတဲ့ခံစားခ်က္ေတြ ရလာရတယ္။ ဒီစကားက သူထြက္မသြားခင္ ကေလးေလးကို တစ္ေယာက္ေယာက္ဆီ အပ္ထားခဲ့တဲ့ပုံစံမ်ိဳး၊ သူ႔ကိုေနာက္ဆုံးလမ္းေၾကာင္းအတြက္ ေခၚေဆာင္သြားေပးသလိုမ်ိဳး၊ ေနာက္ပိုင္းလမ္းေတြကို ကိုယ့္အားကိုယ္ကိုးၿပီး ေလွ်ာက္လွမ္းရေတာ့မယ္ဆိုတဲ့ မခြဲခြာခင္ေျပာတဲ့စကားလို ခံစားခ်က္မ်ိဳးရေနေလတယ္။

......

ေနာက္တစ္ေန႔

ဒီေန႔က လူငယ္ေလး႐ႊီယန္နဲ႔ ေနာက္ဆုံးscene ႐ိုက္ကူးတဲ့ေန႔ျဖစ္တယ္။

ဖန္းက်စ္ဝမ္ရဲ႕အိမ္မွာ အလြန္ႀကီးမားတဲ့ ေျပာင္းလဲမႈႀကီးျဖစ္သြားခဲ့တယ္။ သူနဲ႔႐ႊီယန္ကလည္း ေက်ာင္းျပင္ပမွာ ေက်ာင္းကိစၥလုပ္ရင္း ဘုရားေက်ာင္းပ်က္တစ္ခုထဲမွာ ပိတ္မိေနခဲ့ၾကတယ္။ မိုး႐ြာေနတာေၾကာင့္ သူလည္းမီးပုံဖိုလိုက္တယ္။ ႐ႊီယန္ကေတာ့ မိုးေရစိုကာအဖ်ားတက္ၿပီး အိပ္ေပ်ာ္ေနခဲ့တယ္။ ဖန္းက်စ္ဝမ္က မိုးသံေတြၾကားမွာ အိပ္ေပ်ာ္ေနတဲ့႐ႊီယန္ကို ခ်စ္ေၾကာင္းႀကိဳက္ေၾကာင္း တိုးတိုးေလးဖြင့္ေျပာခဲ့ၿပီး ခိုးနမ္းလိုက္ေလတယ္။

အျပင္ဘက္မွာေတာ့ ေရဖ်န္းဖို႔ကားတစ္စီး ငွားထားတာျဖစ္တယ္။ ဘုရားေက်ာင္းပ်က္ကလည္း ယာယီထိုးထားတဲ့ အေဆာက္အဦတစ္ခုျဖစ္တယ္။ က်န္းစန္းစန္းက သူ႔ကိုဇာတ္ေၾကာင္းရွင္းျပရင္း ေျပာလာတယ္ "တစ္ေယာက္တည္း အခ်စ္ဝန္ခံရမဲ့အပိုင္းက အရမ္းအေရးႀကီးတယ္ ႐ႊီယန္အေပၚ မင္းရဲ႕ခံစားခ်က္ေတြက ျပင္းထန္ၿပီး ထိန္းခ်ဳပ္ထားတဲ့ပုံစံမ်ိဳး ဒါေပမဲ့လည္း မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ အဲဒီခံစားခ်က္ေတြကို ဝန္ခံလိုက္မိတာမ်ိဳးျဖစ္ရမယ္ နားလည္လား?"

ရွန္ရွင္းေဆြ႕ ေခါင္းညိတ္လိုက္တယ္ "ကြၽန္ေတာ္ အေကာင္းဆုံး ႀကိဳးစားပါ့မယ္"

"ဒီအနမ္းအတြက္ကေတာ့" က်န္းစန္းစန္း ေခ်ာင္းဟမ့္လိုက္တယ္ "လူစားမထိုးေတာ့ဘူး သူ႔ရဲ႕ႏႈတ္ခမ္းကို တစ္ခ်က္နမ္းလိုက္႐ုံပဲ ကိစၥမရွိဘူးမလား?"

မလွမ္းမကမ္းက ေက်ာင္းေခ်ာင္ ဒီဘက္ကို လွမ္းၾကည့္လာေလတယ္။

အဲဒီေန႔ နားေနခန္းထဲကကိစၥ ျဖစ္ပြားၿပီးေနာက္ ေက်ာင္းေခ်ာင္က သူ႔ကိုပုန္းေနတယ္လို႔ ရွန္ရွင္းေဆြ႕ ဘာေၾကာင့္မွန္းမသိ ခံစားေနရတယ္။ ဒီခံစားခ်က္က သူ႔ထင္ျမင္ခ်က္သက္သက္မဟုတ္ဘူး။ မဟုတ္မွ အဲဒီလို ကို႔႐ို႕ကားယားျမင္ကြင္းကို ျမင္သြားတာေၾကာင့္မလို႔ သံသယမဝင္ေအာင္ သူနဲ႔ေဝးေဝးေနေနတာမ်ားလား?

ရွန္ရွင္းေဆြ႕ကလည္း အရမ္းနားလည္ေနတာမဟုတ္ေလဘူး။

ဒါေပမဲ့ သူတို႔ေတြက နဂိုကတည္းက ႐ိုးသားတဲ့ လုပ္ေဖာ္ကိုင္ဖက္ဆက္ဆံေရးပဲမလို႔ သြားၿပီးမေမးေလေတာ့ဘူး။

အကုန္လုံးအဆင္သင့္ျဖစ္လို႔ ႐ိုက္ကြင္းေနရာခ်ျခင္း ၿပီးဆုံးသြားတဲ့ေနာက္ ဒါ႐ိုက္တာက တစ္ခ်က္ေအာ္လိုက္တယ္ "ေကာင္းၿပီ အားလုံးပဲ စၾကမယ္!"

မိုးေတြသည္းႀကီးမည္းႀကီး႐ြာေနၿပီး ဘုရားေက်ာင္းပ်က္ထဲမွာေတာ့ လူႏွစ္ေယာက္က အခ်င္းခ်င္းပူးကပ္ေနၾကတယ္။ ျမက္ေျခာက္အခင္းေပၚမွာ သူတို႔ႏွစ္ေယာက္လွဲေနၾကၿပီး အိပ္ေပ်ာ္ေနတဲ့႐ႊီယန္က မ်က္ႏွာအေရာင္ျဖဴဆုတ္ေနေလတယ္။ မီးပုံကလည္း ဆက္တိုက္ေလာင္ကြၽမ္းေနကာ သူ႔ကိုအေႏြးဓာတ္ေလး သယ္ေဆာင္ေပးထားေလတယ္။

ဖန္းက်စ္ဝမ္ သူ႔ေဘးမွာမွီေနကာ ႐ႊီယန္အိပ္ေပ်ာ္ေနတုန္း ပါးစပ္ကေန ေဝေတဝါးတား ေရ႐ြတ္ေနတာကို ၾကားလိုက္ေလတယ္။ အဲတာေၾကာင့္ အနားတိုးကပ္ကာ နားေထာင္လိုက္ေတာ့ ေရေသာက္ခ်င္တယ္လို႔ ေျပာေနတာျဖစ္ေၾကာင္း သိလိုက္ရတယ္။ ဒါေပမဲ့ သူတို႔နဲ႔အတူယူလာခဲ့တဲ့ ေရကရားဘူးထဲမွာ ေရမရွိေတာ့ေလဘူး။ ဒါေၾကာင့္ အျပင္ဘက္က မိုးေတြေလေတြကိုမမႈဘဲ တံစက္ၿမိတ္ေအာက္မွာ ေရခံယူဖို႔ အလ်င္အျမန္ေျပးသြားလိုက္တယ္။ ေနာက္ေတာ့ သူ႐ႊီယန္ကို ထူေပးလိုက္ၿပီး ေရေသာက္လို႔ရေအာင္ ကူညီေပးလိုက္တယ္။

႐ႊီယန္ အိပ္ခ်င္မူးတူးနဲ႔ ေရကရားကိုင္ကာ ေရေသာက္လိုက္ၿပီးေနာက္ ေက်းဇူးလို႔ေျပာၿပီး ျပန္အိပ္ေပ်ာ္သြားေတာ့တယ္။

ဖန္းက်စ္ဝမ္ရဲ႕စိတ္ထဲမွာေတာ့ ခ်စ္ျခင္းတရားေတြနဲ႔ နာက်င္မႈေတြ ျပည့္ႏွက္ေနေတာ့တယ္။ သူမထိန္းခ်ဳပ္ႏိုင္စြာနဲ႔ ႐ႊီယန္ရဲ႕မ်က္ႏွာကို ပြတ္သပ္လိုက္မိတယ္။ သူမသိလိုက္ပါသာနဲ႔ ပါးစပ္ဖြင့္ဟကာ ဒီႏွစ္ႏွစ္အတြင္းက သူ႔ခံစားခ်က္ေတြကို ထုတ္ေျပာမိလိုက္ေတာ့တယ္။ အျပင္ဘက္မွာ မိုးေတြတဂ်ိမ္းဂ်ိမ္းၿခိမ္းေနၿပီး ညအခ်ိန္ကို ခ်ဥ္းနင္းဝင္ေရာက္လာခ်ိန္ သူေနာက္ဆုံးေတာ့ သည္းမခံႏိုင္ေတာ့ဘဲ အနားတိုးကပ္သြားကာ ႐ႊီယန္ရဲ႕ႏႈတ္ခမ္းေပၚမွာ လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္နဲ႔ ထိန္းခ်ဳပ္ထားတဲ့ အနမ္းတစ္ပြင့္ ေပးလိုက္ေလတယ္။

ဒါ႐ိုက္တာေျပာလာတယ္ "ကတ္!"

အားလုံးဒီအေျခအေနကေန စိတ္နဲ႔ကိုယ္ ျပန္ကပ္လာၾကေလေတာ့တယ္။

ရွန္ရွင္းေဆြ႕ ေက်ာင္းေခ်ာင္ကိုဆြဲကာ မတ္တပ္ရပ္လိုက္တယ္။ ဒါ႐ိုက္တာက အလ်င္အျမန္ေရာက္လာကာ ေျပာလာေလတယ္ "ေဆြ႕ေဆြ႕ မင္းရဲ႕ဒီအေျခအေနက လုံးဝႀကီးနစ္ဝင္မသြားဘူး မင္းရဲ႕မ်က္လုံးေတြထဲမွာ အဲဒီလွ်ိဳ႕ဝွက္မႈ၊ ထိန္းခ်ဳပ္မႈေတြရွိမေနဘူး ခ်စ္ျခင္းေမတၱာေတြေတာ့ ရွိေနေပမဲ့ ခံစားခ်က္အမွန္ကို မေရာက္ေသးဘူး"

ရွန္ရွင္းေဆြ႕ ညင္သာစြာေျပာလိုက္တယ္ "ဒါ႐ိုက္တာ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ခံစားခ်က္ေလး နည္းနည္းသြားၿပီး ျပင္ဆင္လိုက္ရမလား?"

က်န္းစန္းစန္း အခက္ေတြ႕သြားရတယ္။

သ႐ုပ္ေဆာင္လုပ္ရတာ မလြယ္ကူဘူးဆိုတာ သူလည္းသိပါတယ္။ ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ သူ႔ရဲ႕တာဝန္က သ႐ုပ္ေဆာင္ေတြကို ကူညီေပးဖို႔ဆိုတာ ေသခ်ာေပါက္ပဲေပါ့။

ရွန္ရွင္းေဆြ႕ မလွမ္းမကမ္းက ဖုက်င္းေရွာင္းကို တစ္ခ်က္ၾကည့္လိုက္တယ္။ ဒီႏွစ္ရက္အတြင္းမွာ ႐ုပ္ရွင္ဧကရာဇ္ဖုက ႐ိုက္ကြင္းမွာအၿမဲတမ္းရွိေနတတ္တယ္။ ေက်ာင္းေခ်ာင္နဲ႔ဇာတ္ကြက္က ရွန္ရွင္းေဆြ႕နဲ႔သူနဲ႔ နမ္းရမဲ့ဇာတ္ကြက္ျဖစ္သလို သူ႔ရဲ႕ခ်စ္သူကလည္း မလွမ္းမကမ္းမွာ ထိုင္ေနေသးတယ္။ ဒီခံစားခ်က္က အလြန္ကို႔႐ို႕ကားယားႏိုင္လွတယ္။

က်န္းစန္းစန္း ေျပာလာတယ္ "ခဏေလာက္ အရင္နားလိုက္ပါဦး ကိစၥမရွိဘူး အရမ္းႀကီးကိုယ့္ကိုယ္ကိုယ္ ဖိအားမေပးနဲ႔"

ရွန္ရွင္းေဆြ႕ ေက်းဇူးတင္စြာ ၿပဳံးလိုက္တယ္ "သိပါၿပီ"

အနားယူတဲ့အခ်ိန္မွာ သူဖုက်င္းေရွာင္းဘက္က တဲဆီသြားလိုက္ၿပီး ေဘးမွာထိုင္ကာ မုန္႔စားလိုက္တယ္။ သူစားေနရင္းပဲ က်န္းစန္းစန္းက အထဲဝင္လာခဲ့တယ္။ သူရွန္ရွင္းေဆြ႕ကို ဇာတ္လမ္းအေၾကာင္း ထပ္ရွင္းျပလိုက္တယ္။ ေနာက္ေတာ့ အႀကံဉာဏ္တစ္ခုကို စဥ္းစားမိသြားခဲ့တယ္ "ေဆြ႕ေဆြ႕ မင္းဒီအသက္အ႐ြယ္အထိ တိတ္တခိုးခ်စ္ရတဲ့သူတို႔ဘာတို႔ မရွိခဲ့ဖူးဘူးလား?"

ရွန္ရွင္းေဆြ႕ မုန္႔စားေနရင္းနဲ႔ လႈပ္ရွားမႈေတြ ရပ္တန္႔သြားရတယ္။

ေဘးနားကဖုက်င္းေရွာင္းက အစတုန္းကဇာတ္ၫႊန္းဖတ္ေနတာျဖစ္တယ္။ ဒါေပမဲ့ ဒီစကားကိုၾကားေတာ့ ဇာတ္ၫႊန္းစာအုပ္ကို ေအာက္ခ်လိုက္ကာ သူ႔ကိုတစ္ခ်က္ၾကည့္လာတယ္။

ရွန္ရွင္းေဆြ႕ ေခ်ာင္းဖြဖြဆိုးလိုက္ၿပီး ဒါ႐ိုက္တာကိုေမးလိုက္တယ္ "ဒါ......ဒါ႐ိုက္တာႀကီးက ဒါကိုဘာလို႔ေမးတာလဲ"

"မင္းအခု႐ိုက္ရမဲ့ဇာတ္ကြက္က တိတ္တခိုးအခ်စ္နဲ႔ ပတ္သက္တယ္ေလ" က်န္းစန္းစန္း ဇာတ္ၫႊန္းစာအုပ္ကိုယူကာ ေျပာလာတယ္ "အဲ့တာေၾကာင့္ ငါက ေတြးၾကည့္ၿပီး အစားထိုးၾကည့္ေစခ်င္တာ"

ရွန္ရွင္းေဆြ႕ အျပစ္ရွိသလိုခံစားလိုက္ရၿပီး ႏႈတ္ခမ္းသပ္လိုက္မိတယ္။

က်န္းစန္းစန္းက သူ႔ကိုၾကည့္ကာ ဆက္ေျပာလာတယ္ "ရွိလား အထူးသျဖင့္ မင္းကခ်စ္ေပမဲ့ ျပန္အခ်စ္မခံရတာမ်ိဳးေပါ့ အရမ္းအရမ္းသေဘာက်တာမ်ိဳး ဒါေပမဲ့ တစ္ဖက္က လုံးဝမသိဘူး အဲဒီလိုခံစားခ်က္မ်ိဳး အေတြ႕အႀကဳံရွိဖူးလား?"

ရွန္ရွင္းေဆြ႕ စိတ္ထဲဆို႔နင့္သြားရတယ္။ ဒါ႐ိုက္တာက်န္းရဲ႕ စကားတစ္ခြန္းစီတိုင္းက တကယ့္ကို ခ်က္ေကာင္းမိေနသလိုမ်ိဳး ခံစားလိုက္ရတယ္။

ဒါက တကယ္လို႔ ဖုက်င္းေရွာင္း မရွိေနဘူးဆိုရင္ေတာ့ ဝန္ခံလိုက္မွာေပါ့။ ဒါေပမဲ့ ဒါ႐ိုက္တာက်န္းေရ ခင္ဗ်ားက တကယ္အခ်ိန္ေ႐ြးတတ္တာပဲ။ ဒီလူႀကီးရွိေနတာကို ဘယ္လိုမ်ား ဝန္ခံရမွာတဲ့လဲလို႔!

စိတ္ရႈပ္ေထြးၿပီး တိတ္ဆိတ္ေနတဲ့ ရွန္ရွင္းေဆြ႕ကို ဖုက်င္းေရွာင္း ၾကည့္လိုက္တယ္။ ေနာက္ေတာ့ ဇာတ္ၫႊန္းစာအုပ္ကို တစ္ဖက္ကစားပြဲေပၚ တင္လိုက္တယ္။ အမ်ိဳးသားက သူ႔ကိုေစာင္းငဲ့ၾကည့္လာၿပီး ၿပဳံးကာေျပာလိုက္တယ္ "ဟုတ္သားပဲ ရွန္ေလာင္ရွီး ဒါ႐ိုက္တာကလည္း မင္းအတြက္ စိတ္ရင္းနဲ႔အႀကံေပးခ်င္လို႔ေလ မင္းေျပာျပၾကည့္ပါလား?"

____________________
Word – 4276
January 8, 2024(Mon)
Xiao Dream

ေနာက္ပိုင္းက်ရင္ updateရက္ေလး ေျပာင္းေကာင္းေျပာင္းႏိုင္ပါတယ္ခင္ဗ်ာ။ အခုထိေတာ့ မေျပာင္းေသးပါဘူး။ ႀကိဳေျပာထားတာပါခင္ဗ်။ ေကာင္းေသာေန႔ေလးျဖစ္ပါေစခင္ဗ်ာ။

Continue Reading

You'll Also Like

2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
281K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
3.5K 310 45
another description ဘယ်အရာကသူမကိုဖြစ်တည်လာတာလည်းဘာ့ကြောင့် system နဲ့ချိတ်ဆက်မိတာလည်း စတဲ့မေးခွန်းပေါင်းများစွာတေကစိတ်ထဲမှာရှိနေပြီး မှတ်ဉာဏ်တေဟာလည်...
375K 46.6K 36
Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator - Erishi An Status -35chapters (complete...