အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 85.2

9.4K 1.7K 179
By Xiao_Dream

Unicode

ကိုယ်မင်းကိုချစ်တာကြောင့်လေ
______________________________

ရှန်ရှင်းဆွေ့ စင်ပေါ်ကဆင်းလာတဲ့အချိန် ခြေထောက်တွေတောင် တုန်ယင်နေလေတယ်။ စင်ပေါ်မှာခွေးအိုကြီးလိုတည်ငြိမ်နေပေမဲ့ စိတ်ထဲမှာတော့ မြင်းတွေဖြတ်ပြေးနေသလို စိတ်လှုပ်ရှားနေတာဖြစ်တယ်။ သူလဲကျတော့မလိုဖြစ်သွားချိန်မှာ တစ်ယောက်က သူ့ကိုထိန်းကိုင်ပေးထာလေတယ်။ သူအသံတိုးနဲ့ပြောလိုက်တယ် "ကျေးဇူးပါ..."

ထိုသူကဘေးကနေ ရယ်သံလေးနဲ့ပြောလာတယ် "အားမနာပါနဲ့"

ရှန်ရှင်းဆွေ့မော့ကြည့်လိုက်တော့ ဖုကျင်းရှောင်းရဲ့မျက်နှာကို တွေ့လိုက်ရတယ်။ သူရှက်ရွံ့သွားပြီး မသိစိတ်ကနေ မျက်နှာကိုကာလိုက်မိတယ်။

ဖုကျင်းရှောင်းက "မင်းဘာတွေကာနေတာလဲ"

ရှန်ရှင်းဆွေ့ အလွန်ရှက်ရွံ့နေမိတယ် "ဒီအဝတ်အစား......"

"ရဲဘော်ရှောင်ရှန် မင်းကဒီလိုဝတ်ထားပြီး ကိုယ့်ကိုဒီလိုအမူအရာမျိုး ပြနေသေးတယ်ပေါ့" ဖုကျင်းရှောင်း မျက်ခုံးပင့်လိုက်မိကာ ဖြေးဖြေးပြောလိုက်တယ် "မသိတဲ့လူက ကိုယ်ကောင်မလေးတစ်ယောက်ကို စနေတယ်ထင်နေပါဦးမယ်"

ရှန်ရှင်းဆွေ့ရဲ့ မျက်နှာကပိုနီရဲသွားတော့တယ် "ကော ကျွန်တော့်ကိုမစပါနဲ့တော့"

ဖုကျင်းရှောင်းက တကယ်ပဲ စည်းမဲ့ကမ်းမဲ့အမူအရာတွေကို ရုတ်သိမ်းလိုက်လေတယ်။ သူဒီမှာရပ်နေတာကလည်း အကြောင်းအရင်းရှိလေတယ်။ သူ့ကြောင့်ပဲ ရှန်ရှင်းဆွေ့ကိုကြည့်နေကြတဲ့ စူးရဲပြီးအရိုင်းဆန်တဲ့မျက်ဝန်း တော်တော်များများကို တားဆီးလိုက်နိုင်တယ်။

ရှန်ရှင်းဆွေ့မျက်နှာပေါ်မှာ ပုဝါစလေးအုပ်ထားတယ်ဆိုပေမဲ့ အဲဒီကျက်သရေရှိတဲ့အငွေ့အသက်နဲ့ လှပတဲ့မျက်နှာကိုတော့ မဖုံးကွယ်နိုင်လေဘူး။ ဒါပေမဲ့ အဲဒါကို သူကိုယ်တိုင်ကတော့ သတိမထားမိခဲ့ဘူး။ သူက အနည်းငယ်အခက်တွေ့စွာနဲ့ ပြောလာတယ် "ကျွန်တော် ဒီလိုပုံစံနဲ့က အရမ်းများထူးဆန်းနေလား ကျွန်တော်မရဘူးလို့ပြောပေမဲ့ အားစန့်ကအတင်း......"

ဖုကျင်းရှောင်း အပေါ်ဝတ်အင်္ကျီချွတ်လိုက်ပြီး သူ့ပုခုံးပေါ် လွှမ်းခြုံပေးလိုက်တယ် "မထူးဆန်းပါဘူး"

ရှန်ရှင်းဆွေ့ ကြောင်အသွားရတယ်။

"အရမ်းလှတယ်"

ဖုကျင်းရှောင်းရဲ့အသံက ခပ်နိမ့်နိမ့်ဖြစ်ကာ ပေးလာတဲ့ထင်မြင်ချက်ကလည်း စိတ်ထဲကနေလာတာဖြစ်ကာ လေးနက်လှတယ်။ ဒီလိုလေးနက်မှုကြောင့်ပဲ ရှန်ရှင်းဆွေ့ အနည်းငယ်ကြောင်အသွားရတာဖြစ်တယ်။ သူအစက နည်းနည်းရှက်ရွံ့သလို ဖြစ်နေပေမဲ့ ဖုကျင်းရှောင်းရဲ့ ချီးမွမ်းစကားကိုကြားလိုက်တော့ စိတ်ထဲမှာ ထိန်းချုပ်မရစွာပဲ အနည်းငယ်ပျော်ရွှင်လာရတော့တယ်။

ဖုကျင်းရှောင်းက နောက်တစ်ခွန်းထပ်ပြောလာတယ် "နောက်ကျရင် အတတ်နိုင်ဆုံး ဒီလိုမဝတ်နဲ့"

ရှန်ရှင်းဆွေ့ အံ့သြသွားပြီး မေးလိုက်တယ် "ဘာလို့လဲ?"

သူ့မှာ ဒီလိုဝတ်ရတာကြိုက်တဲ့ ဝါသနာရှိနေလို့တော့မဟုတ်ဘူး။ အရမ်းထူးဆန်းနေတာကြောင့် သူစိတ်အဆိုးခံလိုက်ရတာလားလို့ သိချင်တာကြောင့် မေးလိုက်တာဖြစ်တယ်။

ဖုကျင်းရှောင်းက အဓိပ္ပာယ်ပြည့်ဝစွာနဲ့ သူ့ကိုကြည့်လာပြီး မယုံကြည်နိုင်တဲ့ပုံစံနဲ့ မျက်ခုံးပင့်လိုက်တယ်။ ဒီအကြည့်ထဲမှာ အဓိပ္ပာယ်တွေ အများကြီးပါဝင်နေတယ်လို့ ရှန်ရှင်းဆွေ့ထင်လိုက်မိတယ်။ ဒါပေမဲ့ နောက်ဆုံးအထိ ရုပ်ရှင်ဧကရာဇ်ဖုက ဘာမှပြောမလာလေဘူး။

......

ဖျော်ဖြေမှုပြီးဆုံးသွားတော့ ညစာစားပွဲရဲ့ အဓိကနေရာကို ရောက်ရှိလာပြီဖြစ်တယ်။

ကြိုးချည်နှောင်ခြင်း။

တကယ်တော့ ဒီပွဲကို ရှန်ရှင်းဆွေ့ သိပ်ပြီး စိတ်မဝင်စားဘူး။ ပြီးတော့ နတ်ဘုရားမက သူရဲ့တခြားတစ်စိတ်တစ်ပိုင်းအဖြစ် တစ်စုံတစ်ယောက်ကို ကျပန်းစီစဥ်ပေးလာမှာ သူတကယ်ပဲမလိုလားဘူး။ ဒါပေမဲ့ ရောမရောက်ရင် ရောမလိုကျင့် ဆိုသလိုပဲ သူ့ရဲ့လက္ခဏာကောင်းတစ်ရပ်အနေနဲ့ ပြုလုပ်ပြီး အစီအစဥ်မှာပါဝင်လိုက်တယ်။

စားပွဲပေါ်မှာ ရှည်လျားလှတဲ့ ကြိုးတွေအများကြီး ချထားလေတယ်။ ရှန်ရှင်းဆွေ့လည်း အလယ်ကိုလျှောက်သွားပြီး စိတ်ထဲရှိသလို ကြိုးတစ်ချောင်းကိုဆွဲယူလိုက်တယ်။ စည်းမျဥ်းအရ ကြိုးပေါ်မှာ သစ်သားပြားတံဆိပ်တစ်ခု ချိတ်လိုက်ပြီး သစ်ပင်ပေါ်မှာ ချိတ်ထားရမှာဖြစ်တယ်။ မီးပုံပွဲပြီးသွားတော့မှ တံဆိပ်ကိုပြန်ယူလို့ရမှာဖြစ်တယ်။ နောက် ကိုယ်နဲ့ကြိုးတစ်ချောင်းထဲမှာ ချိတ်မိတဲ့သူက ဘယ်သူလဲဆိုတာ ကြည့်နိုင်မှာဖြစ်လေတယ်။

ရှန်ရှင်းချန်က အနားရောက်လာပြီး ပြောလာတယ် "ငါတို့နှစ်ယောက် ကြိုးတစ်ချောင်းတည်းကိုတော့ အတူတူမယူမိလောက်ဘူးမလား?"

ရှန်ရှင်းဆွေ့ ငိုရခက်ရယ်ရခက်နဲ့ ပြောလိုက်တယ် "နတ်ဘုရားမက အဲဒီလိုတော့ စီစဥ်မပေးလောက်ပါဘူး"

ရှန်ရှင်းချန်ကလည်း သူ့ကိုစနောက်ရုံပဲဖြစ်တာကြောင့် သိပ်မကြာခင်ပဲ သူ့နဲ့စနောက်ဖို့ တခြားသူကို သွားရှာလေတော့တယ်။

ကောင်းကင်က တဖြည်းဖြည်းမှောင်မဲလာလေပြီ။ သစ်သားပြားချိတ်ဆွဲပြီးချိန်မှာ အရေးကြီးကိစ္စတစ်ခုကို ရှန်ရှင်းဆွေ့ အမှတ်ရသွားမိတယ်။ သူဝန်ထမ်းလေးကို အချိန်သွားမေးကြည့်တော့ ၁၀နာရီကျော်လို့ပြောလိုက်တာကြောင့် အနည်းငယ်အလျင်လိုနေမိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်း ဘာမှလဲလုပ်စရာမရှိတော့ဘူး။ liveကလည်း ခဏနေပြီးတော့မှာဆိုတော့ သူရိုက်ကူးရေးအဖွဲ့ကို ခွင့်သွားတိုင်လိုက်ပြီး သူနေတဲ့ဝန်းလေးဆီ ခိုးပြီးပြန်လာခဲ့လိုက်တော့တယ်။ နောက်တော့ အိမ်ပိုင်ရှင်ဆီကနေ မီးဖိုချောင်ငှားသုံးလိုက်တယ်။

အဲ့တာကြောင့် ရှန်ရှင်းဆွေ့ကို မတွေ့မိတော့ဘူးလို့ တခြားဧည့်သည်တွေ သတိထားမိတဲ့အချိန်က ၁၁နာရီဝန်းကျင်လောက်ဖြစ်တယ်။

ဒါရိုက်တာက ပြောလိုက်တယ် "အားလုံးပင်ပန်းသွားကြပြီ ဆွေ့ဆွေ့ကအရင်ပြန်နှင့်ပြီ မင်းတို့လည်း ပြန်ပြီးအနားယူကြတော့လေ"

ဟိုးအစက အဖွဲ့ခွဲထားတဲ့အတိုင်း နှစ်ယောက်တစ်ဝန်းနေရတာဖြစ်တယ်။ ဖုကျင်းရှောင်း ခပ်ဖြည်းဖြည်း အခန်းဆီပြန်လာတဲ့အချိန်မှာ ရှန်ရှင်းဆွေ့ရဲ့အခန်းက မီးလင်းမနေတာကို သတိထားမိလိုက်တယ်။ ဒါပေမဲ့ မီးဖိုချောင်ဘက်မှာတော့ မီးမှိန်မှိန်လေး လင်းနေလေတယ်။

သူဝင်သွားလိုက်တဲ့အချိန် အိုးထဲမှာ အငွေ့တွေထောင်းထောင်းထနေပြီး ရှန်ရှင်းဆွေ့က တစ်စုံတစ်ခုကို ဆယ်ယူနေတာတွေ့လိုက်ရတယ်။

ဖုကျင်းရှောင်းက အံ့အားသင့်စွာနဲ့ မေးလိုက်တယ် "ဘာတွေလုပ်နေတာလဲ?"

"ကောပြန်လာပြီလား!" ရှန်ရှင်းဆွေ့ လက်တုန်သွားရပြီး အပူလောင်တော့မလို ဖြစ်သွားရတယ်။ သူကပြောလိုက်တယ် "ကော ခြံဝန်းထဲမှာ ခဏထိုင်နေလိုက်ပါဦး ကျွန်တော်ချက်လို့ပြီးတော့မှာ"

ဖုကျင်းရှောင်း အနားသွားပြီး ကြည့်ကြည့်လိုက်တော့ ရှန်ရှင်းဆွေ့က ခေါက်ဆွဲပြုတ်နေတယ်ဆိုတာ သိလိုက်ရတယ်။ ဒီခြံဝန်းလေးထဲမှာ ထုပ်ပိုးပြီးသား ခေါက်ဆွဲမရှိလေဘူး။ မလှမ်းမကမ်းက စားပွဲပေါ်မှာ ဂျုံမှုန့်တစ်ချို့ ရှိနေသေးတယ်။ ပြီးတော့ လက်လုပ်ခေါက်ဆွဲဆိုတဲ့ ခြေရာလက်ရာတွေလည်း ကျန်ရှိနေသေးတယ်။ ပန်းကန်ထဲက ခေါက်ဆွဲဖက်တွေရဲ့ အထူအပါးကလည်း မတူညီကာ အလွန်ကြမ်းလှတယ်။ အဲဒီခေါက်ဆွဲအပေါ်မှာ ပြုတ်ပြီးသားကြက်ဥတစ်လုံးနဲ့ ကြက်သွန်မြိတ်တစ်ချို့ပါ အုပ်ထားသေးတယ်။

ဖုကျင်းရှောင်း တစ်ခုခုကို ခန့်မှန်းမိသွားတော့ သူ့မျက်လုံးတွေ နက်မှောင်သွားရတယ်။ သူနှုတ်ခမ်းကို ပြုံးကာ တွန့်ကွေးလိုက်တယ် "အဖွား မင်းကိုပြောပြထားတာလား?"

ရှန်ရှင်းဆွေ့ ခေါင်းဖွဖွညိတ်လိုက်ပေမဲ့ အနည်းငယ်စိတ်လှုပ်ရှားနေမိတယ် "တောင်းပန်ပါတယ်... ကျွန်တော်ကောကိုမပြောဘဲ တိတ်တိတ်လေး သိထားမိတာ"

"ဘာမှ တောင်းပန်စရာမလိုပါဘူး" ဖုကျင်းရှောင်း မီးရောင်အောက်မှာ ရပ်နေပေမဲ့ သူ့မျက်လုံးထဲမှာ အေးစက်မှုတစ်ချို့ ရှိနေဆဲပဲဖြစ်တယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ ပြုံးပြလာတယ် "ကိုယ်ကမင်းကို ကျေးဇူးတင်သင့်တာပါ"

ရှန်ရှင်းဆွေ့ သက်ပြင်းချလိုက်မိတယ်။

မမှားဘူး။ ဒီနေ့က ဖုကျင်းရှောင်းရဲ့မွေးနေ့။ ပြီးတော့ သူ့အမေရဲ့နှစ်ပတ်လည်လည်း ဖြစ်တယ်။

တစ်လျှောက်လုံး ဖုမိသားစုကသူတွေက ဒီကိစ္စကိုရှောင်ရှားဖို့အတွက် မွေးနေ့ကိုဆယ်ရက်ကျော်ရွှေ့လိုက်ကြတယ်။ အပြင်ကို တရားဝင်ကြေညာထားတဲ့ ဖုကျင်းရှောင်းရဲ့ မွေးနေ့ကိုလည်း ၁၀ရက်ရွှေ့လိုက်ကြလေတယ်။ အဲဒီအချိန်ကစလို့ ဘယ်သူကမှ ဖုကျင်းရှောင်းကို တကယ့်မွေးနေ့ ဆင်နွှဲမပေးဖူးတော့ဘူး။ နှစ်တိုင်းရဲ့ဒီနေ့က ဖုကျင်းရှောင်းအတွက် အခက်ခဲဆုံးဆိုတာ သခင်မကြီးတစ်ယောက်ပဲ သိလေတယ်။ ဘယ်သူကမှလည်း သူ့အတွက် မွေးနေ့မှာပျော်ရွှင်ပါစေလို့ ဆုတောင်းမပေးဘူး။ သူ့ရဲ့မွေးနေ့၊ သူဒီကမ္ဘာပေါ်ရောက်လာခဲ့တာက ဆုတောင်းပေးဖို့မထိုက်တန်သလို ပျော်ရွှင်ဖို့မထိုက်တန်သလို နေ့ရက်တွေဖြစ်လာခဲ့တယ်။

ဖုကျင်းရှောင်းရဲ့ စိတ်နေစိတ်ထားက သီးသန့်ဆန်တယ်။ အကုန်လုံးကို စိတ်ထဲမှာပဲ သိမ်းထားပြီးတော့ ဘာမှထုတ်ပြောလေ့မရှိဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ဘာစဥ်းစားနေလဲဆိုတာကို ဘယ်သူမှမသိပေမဲ့ သခင်မကြီးကတော့ နားလည်တယ်။ ဖုကျင်းရှောင်း ငယ်ငယ်တုန်းက အဲဒီကလေးငယ်လေးက ကိုယ့်အတွက်ကိုယ် ကိတ်မုန့်ဝယ်ပေးပြီးတော့ အခန်းထဲမှာ တိတ်တိတ်လေးစားနေတာကို သခင်မကြီးမြင်ခဲ့ဖူးတယ်။ ဖုမိသားစုကအကြီးဆုံးသားက ဘာအခက်အခဲမှမရှိဘူးလို့ လူတိုင်းကပြောကြတယ်။ ဒါပေမဲ့ သူကတော့ ကိုယ့်မွေးနေ့ကိုတောင်မှ ထောင့်လေးမှာပဲ ပုန်းလျှိုးကွယ်လျှိုးနဲ့ ဖြတ်သန်းနိုင်ခဲ့တာ။

ရှန်ရှင်းဆွေ့ ခေါက်ဆွဲပန်းကန်ကို အပြင်ဘက်စားပွဲပေါ် ယူလာလိုက်တယ်။ နောက်ပြီး ဖုကျင်းရှောင်းဘေးမှာထိုင်ကာ တုံးအအလေးပြောလိုက်တယ် "ကျွန်တော်ကသိပ်ပြီးမချက်တတ်ဘူး ပြီးတော့ အခုကလည်း ရွာမှာဖြစ်နေတော့ ဘယ်လိုလုပ်ရမှန်းမသိလို့ လက်လုပ်ခေါက်ဆွဲပဲလုပ်လိုက်ရတယ် တကယ်လို့စားလို့မကောင်းရင်......"

ဖုကျင်းရှောင်း ပန်းကန်ကို ယူလိုက်တယ်။

ဒါက ဒီနှစ်တွေထဲ သူစားဖူးသမျှထဲမှာ အရိုးရှင်းဆုံးသော၊ မသပ်ရပ်ဆုံးသော၊ ဟင်းလျာအဆင့်အနိမ့်ဆုံးသော တစ်နပ်ဖြစ်လိမ့်မယ်။ သူကအစားရွေးတယ်ဆိုတာ သူနဲ့ရင်းနှီးသူတိုင်း သိလေတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့အမျိုးသားက တူကိုတိတ်တဆိတ်ပဲ ကောက်ကိုင်လိုက်ပြီး ခေါက်ဆွဲစားနေလေတယ်။ သူအစာစားနေတဲ့အချိန်မှာ အရမ်းတိတ်ဆိတ်လှတယ်။ လှုပ်ရှားမှုတွေက ကျက်သရေရှိတယ်။ ဒါပေမဲ့လည်း အလွန်လေးနက်စွာနဲ့ ခေါက်ဆွဲတစ်ပန်းကန်လုံးကို ကုန်အောင်စားလိုက်တယ်။

သူကအဲဒီကြက်ဥကိုတော့ ချန်ထားလေတယ်။

ရှန်ရှင်းဆွေ့ သူ့ကိုတွေဝေစွာကြည့်လိုက်မိတယ်။ ဖုကျင်းရှောင်းက ကြက်ဥကိုသူ့ကိုပေးလာပြီး ပြောလိုက်တယ် "တစ်ညလုံးပင်ပန်းထားတာဆိုတော့ နည်းနည်းလောက်စားလိုက်ဦး မင်းစားဖို့ကိုယ်နည်းနည်းထပ်လုပ်ပေးမယ်"

ရှန်ရှင်းဆွေ့ မသိစိတ်ကနေ ပါးစပ်ဟပေးလိုက်မိပြီး ကြက်ဥကိုဖြည်းဖြည်းစားလိုက်တယ်။ ပြီးတော့ သုံးသပ်လိုက်သေးတယ် "ကျွန်တော်ဒီတစ်ခေါက်ချက်ထားတာမဆိုးဘူး"

ဖုကျင်းရှောင်း နှုတ်ခမ်းတွန့်ကွေးကာ ပြုံးလိုက်တယ် "အင်း အရသာအရမ်းကောင်းတယ်"

တကယ်တော့ အဲ့တာက ဟင်းရည်ကြည်နဲ့ ခေါက်ဆွဲတစ်ပန်းကန်ပဲဖြစ်တယ်။ ဒါပေမဲ့ နှစ်ယောက်သား တစ်ယောက်ကကြက်ဥစားပြီး တစ်ယောက်ကခေါက်ဆွဲစားလိုက်တာ လုံးဝပြောင်စင်သွားတော့တယ်။

ဖုကျင်းရှောင်း တူကိုချလိုက်ပြီး သုံးသပ်လာတယ် "ချက်ထားတာအရမ်းအဆိုးကြီးမဟုတ်ဘူး ကိုယ့်အထင်တော့ အရမ်းစားလို့ကောင်းတယ်"

ရှန်ရှင်းဆွေ့ရဲ့ တွဲလောင်းကျနေတဲ့နှလုံးသားလေးက နောက်ဆုံးတော့ စိတ်ချနိုင်သွားပြီဖြစ်တယ်။ သူသက်ပြင်းချလိုက်မိတယ် "အဲ့တာဆိုပြီးတာပါပဲ"

မလှမ်းမကမ်းက ကွင်းပြင်မှာ မီးတွေတောက်လောင်နေဆဲပဲဖြစ်တယ်။ ဒီနေ့ကမျိုးနွယ်စုရဲ့ အရေးပါတဲ့ပွဲတော်နေ့ဖြစ်တာကြောင့် ညရောက်တဲ့အထိ ကွင်းပြင်မှာ အကတွေ၊ သီချင်းတွေ၊ ရယ်မောသံတွေနဲ့ မီးရှူးမီးပန်းသံတွေ ကြားနေရတုန်းပဲဖြစ်တယ်။

ဖုကျင်းရှောင်း ပြောလိုက်တယ် "ကိုယ်မင်းအတွက် ထပ်ပြီး တစ်ခုခုသွားချက်ပေးမယ်"

ရှန်ရှင်းဆွေ့ သူ့ကိုအလျင်အမြန်တားလိုက်ပြီး ပြောလိုက်တယ် "ခဏ"

ဖုကျင်းရှောင်း သံသယဖြစ်စွာနဲ့ သူ့ကိုကြည့်လာတယ်။

သူထိုင်ခုံပေါ်ပြန်ပြီးထိုင်လိုက်တယ်။ ရှန်ရှင်းဆွေ့ ရင်ဘတ်ထဲကနေ သေတ္တာလေးတစ်ခုကို တိတ်တဆိတ်ထုတ်လိုက်ကာ ဖုကျင်းရှောင်းကို ပေးလိုက်တယ် "ဒါကလက်ဆောင်"

ဖုကျင်းရှောင်း ဒီဘဝမှာ တန်ဖိုးကြီးရတနာတွေကို လက်ဆောင်အဖြစ် အများကြီးလက်ခံဖူးလေတယ်။

သူဘာမှမလိုအပ်နေဘူး။ ဘယ်လက်ဆောင်ကမှလည်း သူကိုအံ့အားသင့်မသွားစေနိုင်ဘူး။ ဒါပေမဲ့ သေတ္တာလေးကိုဖွင့်လိုက်တဲ့အချိန်မှာ သူသစ်သားကနေထွင်းထုထားတဲ့ လင်ရှောင်းပန်းလေးကို တွေ့လိုက်ရတယ်။ ကြည့်လိုက်တာနဲ့ လက်နဲ့ထွင်းထုထားတယ်ဆိုတာ သိသာလှတယ်။ အဲ့တာအပြင် ပန်းပုဆရာရဲ့ အရည်အချင်းကလည်း နည်းနည်းညံ့လေတယ်။ ကြည့်လိုက်တာနဲ့ ချို့ယွင်းချက်တွေအများကြီးကို တွေ့နိုင်တယ်။ ဒါပေမဲ့ ခပ်မှိန်မှိန်အလင်းရောင်အောက်မှာ ရှန်ရှင်းဆွေ့လက်ချောင်းတွေပေါ်မှာ ဖုံးကွယ်ထားတဲ့ဓားဒဏ်ရာတစ်ချို့ကို ဖုကျင်းရှောင်းမြင်လိုက်နိုင်တယ်။

[လင်ရှောင်းပန်းကို အင်္ဂလိပ်လို 'Chinese trumpet vine'လို့ တွေ့ပါတယ်။ မြန်မာလိုကျတော့ 'တံပိုးခရာနွယ်ပင်' ဆိုလားပဲ။ Dreamတော့ မကြားဖူးလို့ တရုတ်အသံထွက်အတိုင်းပဲ ပြန်ရေးလိုက်ပါတယ်။ သူ့ရဲ့တရုတ်လိုပန်းအဓိပ္ပာယ်က 'မိခင်မေတ္တာ'လို့တွေ့တယ်ဗျ။ ကိုရီးယားလိုလည်းတွေ့သေးတယ်။ 'နွန်းဆိုးဟွာ'တဲ့။ သူ့ရဲ့ပန်းအဓိပ္ပာယ်ကျတော့ 'ကမ္ဘာကြီးပျက်စီးသွားမယ်ဆိုရင်တောင် ငါမင်းကိုစောင့်ဆိုင်းနေမှာပါ'တဲ့။ mediaမှာ ပုံထည့်ပေးထားပါတယ်။]

ဟိုနေ့ကဆေးထည့်ကတည်းက သူသတိထားမိတာကြောင့် နောက်ကျစစ်ဆေးကြည့်ဖို့ သူတွေးထားမိခဲ့တယ်။ ဒါပေမဲ့ ဒီအကြောင်းအရင်းကြောင့်ဖြစ်မယ်လို့ သူမထင်ထားမိခဲ့ဘူး။

ဒီချို့ယွင်းချက်အနည်းငယ်နဲ့ လင်ရှောင်းပန်းလေးက မျက်စိရှေ့ကဒီကလေးလေး နည်းနည်းချင်းစီ ထွင်းထုထားခဲ့တာဖြစ်တယ်။ ဒါကတန်ဖိုးအကြီးဆုံးသော လက်ဆောင်တော့မဟုတ်ဘူး။ ဒါပေမဲ့ ဖုကျင်းရှောင်း ရရှိဖူးတဲ့အထဲမှာ အဖိုးတန်ဆုံးသောလက်ဆောင်ပဲ။

ရှန်ရှင်းဆွေ့ အနည်းငယ်စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်တယ် "နည်းနည်းလေးတော့ ရိုးရှင်းနေမယ်ထင်တယ် ဒါပေမဲ့ ကောဘာလိုအပ်မလဲဆိုတာ ကျွန်တော်တကယ်မစဥ်းစားတတ်တော့လို့ ငယ်ကတည်းက ကျွန်တော်လုပ်ဖူးတဲ့ လက်လုပ်ပစ္စည်းကလည်း ဘယ်လောက်မှမရှိတော့......"

ဖုကျင်းရှောင်း အသံတိုးနဲ့ပြောလိုက်တယ် "ကိုယ်အရမ်းသဘောကျတယ်"

ရှန်ရှင်းဆွေ့ သက်ပြင်းချလိုက်မိတယ်။ သူ့မျက်လုံးထဲမှာ အပြုံးလေးရှိနေခဲ့တယ်။ အဲဒီနေ့ကကြိုးစားမှုတွေက တကယ်ပဲအလကားဖြစ်မသွားခဲ့ဘူး။

ဖုကျင်းရှောင်း ဒီလိုပြောလာလိမ့်မယ်လို့ ဘယ်ထင်မိမလဲ "ကိုယ်လည်း မင်းကိုပေးစရာပစ္စည်းတစ်ခုရှိတယ်"

ရှန်ရှင်းဆွေ့ကြောင်အသွားရတယ်။ ဒီနေ့က သူ့မွေးနေ့မဟုတ်တာကို သူမှတ်မိပါတယ်။

ဖုကျင်းရှောင်းကတော့ အိတ်ကပ်ထဲကနေ သစ်သားပြားတစ်ခု ထုတ်ယူလာလိုက်တယ်။ အဲ့တာက ဒီနေ့ ရှန်ရှင်းဆွေ့ သစ်ပင်ပေါ်မှာချိတ်ခဲ့တဲ့ ထိမ်းမြားခြင်းကတ်ပြားလေးဖြစ်တယ်။ အဲဒီကတ်ပြားလေးကိုမြင်တော့ ရှန်ရှင်းဆွေ့ နည်းနည်းအံ့အားသင့်သွားရတယ် "ဒီလောက်တိုက်ဆိုင်တာလား ကျွန်တော်တို့နှစ်ယောက်က ကြိုးတစ်ချောင်းတည်းမှာ ချည်မိကြတယ်ပေါ့?"

ဖုကျင်းရှောင်းက ကိုယ့်အိမ်ကတုံးအတဲ့ကလေးလေးကို ကြည့်နေရသလိုမျိုး တိုးတိုးရယ်လိုက်တယ် "အဲဒီလောက်တိုက်ဆိုင်တဲ့ကိစ္စမျိုး ဘယ်လိုလုပ်ရှိလိမ့်မလဲ"

ရှန်ရှင်းဆွေ့ : "အဲ့တာဆို......"

"အဲဒီသစ်ပင်နားက ကတ်ပြားတွေအကုန်လုံးကို ကိုယ်ရှာခဲ့တာ" ဖုကျင်းရှောင်းက အသံခပ်နိမ့်နိမ့်နဲ့ပြောလာတယ် "အချိန်တော်တော်တော့ပေးလိုက်ရတယ် ဒါပေမဲ့လည်း ရှာတွေ့ခဲ့တာပဲလေ"

ရှန်ရှင်းဆွေ့ အဲဒီတော့မှ သတိထားမိသွားခဲ့တယ်။ သူနဲ့ဖုကျင်းရှောင်းရဲ့ကြိုးနှစ်ချောင်းက တစ်ခါအဖြတ်ခံလိုက်ရပြီးတော့မှ ထပ်ပြီးအချည်ခံထားရတာဖြစ်တယ်။ ဒါ့အပြင် ချည်ထားတာမှ အသေချည်ထားတာဖြစ်တယ်။ သူတို့ရဲ့ရေစက်က အစတုန်းကမနီးစပ်ခဲ့ကြဘူး။ အလွန့်အလွန်ကိုဝေးကွာကြတယ်။ ဘယ်လိုဆက်ဆံမှုမျိုးမှ ရှိမလာနိုင်လေဘူး။ ဆက်ဆံရေးတစ်မျိုးမျိုး ရှိလာလိမ့်မယ်လို့လည်း ရှန်ရှင်းဆွေ့ကိုယ်တိုင်တောင် မစဥ်းစားရဲခဲ့ဖူးဘူး။

ဒါပေမဲ့......

ဒါပေမဲ့......

သူတို့ရဲ့ကြိုးတွေကို အတူတူချည်လိုက်ပြီ။

အတူတူအချည်ခံထားရတဲ့ သစ်သားပြားတွေကို ရှန်ရှင်းဆွေ့ ကြောင်အစွာကြည့်နေမိတယ်။ ရုတ်တရက်ကြီး ပျောက်ဆုံးသွားပြီးတော့မှ ပြန်ရလိုက်တဲ့သစ်သားပြားကြောင့် သူစိတ်ထဲမှာဖိနှိပ်ထားခဲ့တဲ့ ခံစားချက်တွေက ပွင့်ထွက်သွားရတယ်။ သူ့မျက်လုံးထောင့်တွေ နီရဲလာရပြီး ဘာကြောင့်မှန်းမသိ လက်ချောင်းတွေလည်း တုန်ယင်ကာ သစ်သားပြားကို လှမ်းယူလိုက်တယ် "ကော... ကော ဒါကိုရှာတွေ့လာတာပေါ့?"

ဖုကျင်းရှောင်း ခေါင်းညိတ်လိုက်တယ် "အင်း"

ရှန်ရှင်းဆွေ့ ခေါင်းမော့ကာ သူ့ကိုကြည့်လိုက်တယ် "ဘာလို့လဲ?"

မလှမ်းမကမ်းက ကွင်းပြင်ထဲမှာ မီးတွေထွန်းလင်းနေဆဲဖြစ်တယ်။ ကောင်းကင်ပေါ်မှာ ပေါက်ပေါက်သွားတဲ့ မီးရှူးမီးပန်းတွေက ညကောင်းကင်ကြီးတစ်ခုလုံးကို လှပမှုနဲ့ ရိုမန့်တစ်ဆန်မှုတွေ ထပ်တိုးပေးနေလေတယ်။ နတ်ဘုရားမရဲ့ ကျောက်ရုပ်တုကို မြင့်မြင့်ထုလုပ်ထားတယ်။ နွေဦးရာသီရဲ့ ညလေညှင်းတွေကလည်း ခြံဝန်းကိုကျော်ဖြတ်ကာ တိုက်ခတ်လာကြတယ်။ သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့အမျိုးသားက သူနှစ်လမပြတ် သဘောကျခဲ့ရတဲ့ လမင်းကြီးဖြစ်တယ်။

"ဘာလို့လဲဆိုတော့ ကိုယ်မင်းနဲ့ အတူတူရှိချင်လို့" ဖုကျင်းရှောင်းက သူ့ဘေးမှာထိုင်နေလေတယ်။ အသံက တည်ကြည်ပြတ်သားလှတယ် "အဲ့တာကြောင့် သူ့ကိုရှာတွေ့ခဲ့တာ"

ရှန်ရှင်းဆွေ့ရဲ့ နှလုံးသားလေး တုန်ယင်လာရတော့တယ်။ တကယ်တော့ ဖုကောလည်း သူ့ကိုသဘောကျနေမလားဆိုတာ သူတိတ်တိတ်လေး ခန့်မှန်းခဲ့ဖူးတယ်။ ဒါပေမဲ့ သူမသေချာရဲခဲ့ဘူး။ ဖုကျင်းရှောင်းက သူ့အပေါ် တစ်ခဏတာ စိတ်ဝင်စားရုံပဲဖြစ်ပြီးတော့ ကစားသွားမှာ စိုးရိမ်နေခဲ့မိတယ်။

ဒါပေမဲ့ သစ်ပင်ပေါ်မှာ သစ်သားပြားတွေ အဲဒီလောက် အများကြီးရှိတာ။

သူအကြာကြီးရှာခဲ့ရမှာပဲ။

တကယ်တော့ သူဒီလိုလုပ်ဖို့ မလိုအပ်ဘူးဆိုပေမဲ့ သူလုပ်ခဲ့တယ်။

သူတို့နှစ်ယောက်ကြားက ကံကြမ္မာလိုပဲ။ တကယ်တော့ အစမှာ သူတို့နှစ်ယောက်က ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ဘယ်လိုရလဒ်မှလည်း ရှိလာမှာမဟုတ်ဘူးဆိုပေမဲ့ ဖုကျင်းရှောင်းက သူ့ကိုရှာတွေ့ခဲ့တယ်။ ပြည့်သိပ်နေတဲ့လူအုပ်ကြီးထဲမှာ၊ သစ်ပင်အပြည့်ဖြစ်နေတဲ့ သစ်သားပြားတွေထဲမှာ ထင်သာမြင်သာမရှိတဲ့သူ့ကို ရှာတွေ့ခဲ့တယ်။

ရှန်ရှင်းဆွေ့ မျက်ဝန်းတွေနီရဲလာရတယ်။ သူဘာဖြစ်လို့ ဘာဖြစ်သွားမှန်းမသိဘဲ ပျော်ရွှင်မှုကြောင့် ဦးနှောက်အလုပ်လုပ်မှုတွေ ရပ်တန့်သွားပုံရတယ်။ စကားပြောတာတောင် ထစ်အနေခဲ့တယ် "ကောဘယ်လိုရှာခဲ့တာလဲ အဲဒီလောက် ကတ်ပြားတွေအများကြီးကို... ကျွန်တော်က လုံးဝမဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တာ......"

သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့အမျိုးသားရဲ့ မျက်နှာသွင်ပြင်က ချောမောလှတယ်။ ဒီမျက်နှာကို အကြိမ်ပေါင်းများစွာ တွေ့ခဲ့ဖူးပေမဲ့ မျက်နှာချင်းဆိုင်လိုက်မိတဲ့အချိန်တိုင်းမှာ အရင်ကလိုစိတ်လှုပ်ရှားရဆဲပဲ။

သူတို့ရဲ့အကွာအဝေးက အလွန်နီးကပ်နေပြီး တစ်ယောက်ရဲ့အသံရှုသံကို တစ်ယောက်ခံစားမိနေနိုင်သလိုပဲ။ နီးကပ်လွန်းလို့ တစ်ယောက်နဲ့တစ်ယောက် မခွဲခွာဘဲ အကြာကြီးနေနိုင်သလိုမျိုး၊ နီးကပ်လွန်းလို့ ဒါကအိပ်မက်တစ်ခုမဟုတ်ဘူးဆိုတာကို ရှန်ရှင်းဆွေ့ ခံစားနိုင်သလိုမျိုးပဲ။

ဖုကျင်းရှောင်း ပြောလာတယ် "ဘာမှမဖြစ်နိုင်စရာမရှိပါဘူး"

ကွင်းပြင်ဘက်မှာ မီးရှူးမီးပန်းတွေ ထပ်လွှတ်တင်လိုက်တယ်။ နတ်ဘုရားမရုပ်ထုကလည်း အသံတိတ်ချစ်ခင်ကြင်နာမှုကို ပြသနေကာ သတ္တဝါတိုင်းကို ကောင်းချီးပေးနေသလိုမျိုး တိတ်ဆိတ်စွာ ရှိနေဆဲပဲ။ လှပတဲ့မီးရှူးမီးပန်းတွေကလည်း ကောင်းကင်ပေါ်မှာ မြည်တမ်းနေကြတယ်။

ဖုကျင်းရှောင်း အနားတိုးကပ်လိုက်ပြီး နူးနူးညံ့ညံ့၊ စိတ်ရင်းစိတ်မှန်နဲ့ ဘေးနားကလူရဲ့ နှုတ်ခမ်းပေါ် နမ်းလိုက်တယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေ နီးကပ်သွားပြီး ဒီအနမ်းက တဖြည်းဖြည်းနက်ရှိုင်းလာခဲ့တယ်။ ကြိုးအနီနဲ့ချည်ထားတဲ့ သစ်သားပြားလေးက စားပွဲပေါ်ကနေပြုတ်ကျသွားပြီး ကြိုးလေးက ရှန်ရှင်းဆွေ့ရဲ့လက်ကို ရစ်ပတ်မိသွားခဲ့တယ်။ ဖုကျင်းရှောင်းရဲ့ကိုယ်ပေါ်လည်း ပြုတ်ကျသွားခဲ့တယ်။ ကြည့်ရတာ သူတို့နှစ်ယောက်ကို တင်းကြပ်စွာ ရစ်ပတ်လိုက်သလိုပဲ။

ဖုကျင်းရှောင်းရဲ့အသံက ခပ်နိမ့်နိမ့်နဲ့ဖြစ်ပြီး ဆွဲဆောင်မှုရှိလှတယ်။ သူ့ရဲ့မျက်လုံးတွေက အနည်းငယ်နက်မှောင်နေပြီး မျက်စိရှေ့က နီရဲတဲ့နှုတ်ခမ်းလေးတွေနဲ့ ကောင်လေးကိုကြည့်ရင်း အသံခပ်နိမ့်နိမ့်နဲ့ပြောလိုက်တယ် "ဘာလို့လဲဆိုတော့ ကိုယ်မင်းကိုချစ်တာကြောင့်လေ"

အဲ့တာကြောင့် ဘယ်လောက်ပဲ ဝေးကွာပါစေ။

အဲ့တာကြောင့် အဲဒီကြိုးက ပြတ်သည်ဖြစ်စေ မပြတ်သည်ဖြစ်စေ။

ကိုယ်မင်းကိုရှာတွေ့နိုင်မှာ။

____________________
Word – 4911
November 6, 2023 (Mon)
Xiao Dream

မုန်လာထုပ်လေးတော့ ပါသွားရှာပြီဗျိုးး


Zawgyi

ကိုယ္မင္းကိုခ်စ္တာေၾကာင့္ေလ
______________________________

ရွန္ရွင္းေဆြ႕ စင္ေပၚကဆင္းလာတဲ့အခ်ိန္ ေျခေထာက္ေတြေတာင္ တုန္ယင္ေနေလတယ္။ စင္ေပၚမွာေခြးအိုႀကီးလိုတည္ၿငိမ္ေနေပမဲ့ စိတ္ထဲမွာေတာ့ ျမင္းေတြျဖတ္ေျပးေနသလို စိတ္လႈပ္ရွားေနတာျဖစ္တယ္။ သူလဲက်ေတာ့မလိုျဖစ္သြားခ်ိန္မွာ တစ္ေယာက္က သူ႔ကိုထိန္းကိုင္ေပးထာေလတယ္။ သူအသံတိုးနဲ႔ေျပာလိုက္တယ္ "ေက်းဇူးပါ..."

ထိုသူကေဘးကေန ရယ္သံေလးနဲ႔ေျပာလာတယ္ "အားမနာပါနဲ႔"

ရွန္ရွင္းေဆြ႕ေမာ့ၾကည့္လိုက္ေတာ့ ဖုက်င္းေရွာင္းရဲ႕မ်က္ႏွာကို ေတြ႕လိုက္ရတယ္။ သူရွက္႐ြံ႕သြားၿပီး မသိစိတ္ကေန မ်က္ႏွာကိုကာလိုက္မိတယ္။

ဖုက်င္းေရွာင္းက "မင္းဘာေတြကာေနတာလဲ"

ရွန္ရွင္းေဆြ႕ အလြန္ရွက္႐ြံ႕ေနမိတယ္ "ဒီအဝတ္အစား......"

"ရဲေဘာ္ေရွာင္ရွန္ မင္းကဒီလိုဝတ္ထားၿပီး ကိုယ့္ကိုဒီလိုအမူအရာမ်ိဳး ျပေနေသးတယ္ေပါ့" ဖုက်င္းေရွာင္း မ်က္ခုံးပင့္လိုက္မိကာ ေျဖးေျဖးေျပာလိုက္တယ္ "မသိတဲ့လူက ကိုယ္ေကာင္မေလးတစ္ေယာက္ကို စေနတယ္ထင္ေနပါဦးမယ္"

ရွန္ရွင္းေဆြ႕ရဲ႕ မ်က္ႏွာကပိုနီရဲသြားေတာ့တယ္ "ေကာ ကြၽန္ေတာ့္ကိုမစပါနဲ႔ေတာ့"

ဖုက်င္းေရွာင္းက တကယ္ပဲ စည္းမဲ့ကမ္းမဲ့အမူအရာေတြကို ႐ုတ္သိမ္းလိုက္ေလတယ္။ သူဒီမွာရပ္ေနတာကလည္း အေၾကာင္းအရင္းရွိေလတယ္။ သူ႔ေၾကာင့္ပဲ ရွန္ရွင္းေဆြ႕ကိုၾကည့္ေနၾကတဲ့ စူးရဲၿပီးအ႐ိုင္းဆန္တဲ့မ်က္ဝန္း ေတာ္ေတာ္မ်ားမ်ားကို တားဆီးလိုက္ႏိုင္တယ္။

ရွန္ရွင္းေဆြ႕မ်က္ႏွာေပၚမွာ ပုဝါစေလးအုပ္ထားတယ္ဆိုေပမဲ့ အဲဒီက်က္သေရရွိတဲ့အေငြ႕အသက္နဲ႔ လွပတဲ့မ်က္ႏွာကိုေတာ့ မဖုံးကြယ္ႏိုင္ေလဘူး။ ဒါေပမဲ့ အဲဒါကို သူကိုယ္တိုင္ကေတာ့ သတိမထားမိခဲ့ဘူး။ သူက အနည္းငယ္အခက္ေတြ႕စြာနဲ႔ ေျပာလာတယ္ "ကြၽန္ေတာ္ ဒီလိုပုံစံနဲ႔က အရမ္းမ်ားထူးဆန္းေနလား ကြၽန္ေတာ္မရဘူးလို႔ေျပာေပမဲ့ အားစန္႔ကအတင္း......"

ဖုက်င္းေရွာင္း အေပၚဝတ္အက်ႌခြၽတ္လိုက္ၿပီး သူ႔ပုခုံးေပၚ လႊမ္းၿခဳံေပးလိုက္တယ္ "မထူးဆန္းပါဘူး"

ရွန္ရွင္းေဆြ႕ ေၾကာင္အသြားရတယ္။

"အရမ္းလွတယ္"

ဖုက်င္းေရွာင္းရဲ႕အသံက ခပ္နိမ့္နိမ့္ျဖစ္ကာ ေပးလာတဲ့ထင္ျမင္ခ်က္ကလည္း စိတ္ထဲကေနလာတာျဖစ္ကာ ေလးနက္လွတယ္။ ဒီလိုေလးနက္မႈေၾကာင့္ပဲ ရွန္ရွင္းေဆြ႕ အနည္းငယ္ေၾကာင္အသြားရတာျဖစ္တယ္။ သူအစက နည္းနည္းရွက္႐ြံ႕သလို ျဖစ္ေနေပမဲ့ ဖုက်င္းေရွာင္းရဲ႕ ခ်ီးမြမ္းစကားကိုၾကားလိုက္ေတာ့ စိတ္ထဲမွာ ထိန္းခ်ဳပ္မရစြာပဲ အနည္းငယ္ေပ်ာ္႐ႊင္လာရေတာ့တယ္။

ဖုက်င္းေရွာင္းက ေနာက္တစ္ခြန္းထပ္ေျပာလာတယ္ "ေနာက္က်ရင္ အတတ္ႏိုင္ဆုံး ဒီလိုမဝတ္နဲ႔"

ရွန္ရွင္းေဆြ႕ အံ့ၾသသြားၿပီး ေမးလိုက္တယ္ "ဘာလို႔လဲ?"

သူ႔မွာ ဒီလိုဝတ္ရတာႀကိဳက္တဲ့ ဝါသနာရွိေနလို႔ေတာ့မဟုတ္ဘူး။ အရမ္းထူးဆန္းေနတာေၾကာင့္ သူစိတ္အဆိုးခံလိုက္ရတာလားလို႔ သိခ်င္တာေၾကာင့္ ေမးလိုက္တာျဖစ္တယ္။

ဖုက်င္းေရွာင္းက အဓိပၸာယ္ျပည့္ဝစြာနဲ႔ သူ႔ကိုၾကည့္လာၿပီး မယုံၾကည္ႏိုင္တဲ့ပုံစံနဲ႔ မ်က္ခုံးပင့္လိုက္တယ္။ ဒီအၾကည့္ထဲမွာ အဓိပၸာယ္ေတြ အမ်ားႀကီးပါဝင္ေနတယ္လို႔ ရွန္ရွင္းေဆြ႕ထင္လိုက္မိတယ္။ ဒါေပမဲ့ ေနာက္ဆုံးအထိ ႐ုပ္ရွင္ဧကရာဇ္ဖုက ဘာမွေျပာမလာေလဘူး။

......

ေဖ်ာ္ေျဖမႈၿပီးဆုံးသြားေတာ့ ညစာစားပြဲရဲ႕ အဓိကေနရာကို ေရာက္ရွိလာၿပီျဖစ္တယ္။

ႀကိဳးခ်ည္ေႏွာင္ျခင္း။

တကယ္ေတာ့ ဒီပြဲကို ရွန္ရွင္းေဆြ႕ သိပ္ၿပီး စိတ္မဝင္စားဘူး။ ၿပီးေတာ့ နတ္ဘုရားမက သူရဲ႕တျခားတစ္စိတ္တစ္ပိုင္းအျဖစ္ တစ္စုံတစ္ေယာက္ကို က်ပန္းစီစဥ္ေပးလာမွာ သူတကယ္ပဲမလိုလားဘူး။ ဒါေပမဲ့ ေရာမေရာက္ရင္ ေရာမလိုက်င့္ ဆိုသလိုပဲ သူ႔ရဲ႕လကၡဏာေကာင္းတစ္ရပ္အေနနဲ႔ ျပဳလုပ္ၿပီး အစီအစဥ္မွာပါဝင္လိုက္တယ္။

စားပြဲေပၚမွာ ရွည္လ်ားလွတဲ့ ႀကိဳးေတြအမ်ားႀကီး ခ်ထားေလတယ္။ ရွန္ရွင္းေဆြ႕လည္း အလယ္ကိုေလွ်ာက္သြားၿပီး စိတ္ထဲရွိသလို ႀကိဳးတစ္ေခ်ာင္းကိုဆြဲယူလိုက္တယ္။ စည္းမ်ဥ္းအရ ႀကိဳးေပၚမွာ သစ္သားျပားတံဆိပ္တစ္ခု ခ်ိတ္လိုက္ၿပီး သစ္ပင္ေပၚမွာ ခ်ိတ္ထားရမွာျဖစ္တယ္။ မီးပုံပြဲၿပီးသြားေတာ့မွ တံဆိပ္ကိုျပန္ယူလို႔ရမွာျဖစ္တယ္။ ေနာက္ ကိုယ္နဲ႔ႀကိဳးတစ္ေခ်ာင္းထဲမွာ ခ်ိတ္မိတဲ့သူက ဘယ္သူလဲဆိုတာ ၾကည့္ႏိုင္မွာျဖစ္ေလတယ္။

ရွန္ရွင္းခ်န္က အနားေရာက္လာၿပီး ေျပာလာတယ္ "ငါတို႔ႏွစ္ေယာက္ ႀကိဳးတစ္ေခ်ာင္းတည္းကိုေတာ့ အတူတူမယူမိေလာက္ဘူးမလား?"

ရွန္ရွင္းေဆြ႕ ငိုရခက္ရယ္ရခက္နဲ႔ ေျပာလိုက္တယ္ "နတ္ဘုရားမက အဲဒီလိုေတာ့ စီစဥ္မေပးေလာက္ပါဘူး"

ရွန္ရွင္းခ်န္ကလည္း သူ႔ကိုစေနာက္႐ုံပဲျဖစ္တာေၾကာင့္ သိပ္မၾကာခင္ပဲ သူ႔နဲ႔စေနာက္ဖို႔ တျခားသူကို သြားရွာေလေတာ့တယ္။

ေကာင္းကင္က တျဖည္းျဖည္းေမွာင္မဲလာေလၿပီ။ သစ္သားျပားခ်ိတ္ဆြဲၿပီးခ်ိန္မွာ အေရးႀကီးကိစၥတစ္ခုကို ရွန္ရွင္းေဆြ႕ အမွတ္ရသြားမိတယ္။ သူဝန္ထမ္းေလးကို အခ်ိန္သြားေမးၾကည့္ေတာ့ ၁၀နာရီေက်ာ္လို႔ေျပာလိုက္တာေၾကာင့္ အနည္းငယ္အလ်င္လိုေနမိတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္ပိုင္း ဘာမွလဲလုပ္စရာမရွိေတာ့ဘူး။ liveကလည္း ခဏေနၿပီးေတာ့မွာဆိုေတာ့ သူ႐ိုက္ကူးေရးအဖြဲ႕ကို ခြင့္သြားတိုင္လိုက္ၿပီး သူေနတဲ့ဝန္းေလးဆီ ခိုးၿပီးျပန္လာခဲ့လိုက္ေတာ့တယ္။ ေနာက္ေတာ့ အိမ္ပိုင္ရွင္ဆီကေန မီးဖိုေခ်ာင္ငွားသုံးလိုက္တယ္။

အဲ့တာေၾကာင့္ ရွန္ရွင္းေဆြ႕ကို မေတြ႕မိေတာ့ဘူးလို႔ တျခားဧည့္သည္ေတြ သတိထားမိတဲ့အခ်ိန္က ၁၁နာရီဝန္းက်င္ေလာက္ျဖစ္တယ္။

ဒါ႐ိုက္တာက ေျပာလိုက္တယ္ "အားလုံးပင္ပန္းသြားၾကၿပီ ေဆြ႕ေဆြ႕ကအရင္ျပန္ႏွင့္ၿပီ မင္းတို႔လည္း ျပန္ၿပီးအနားယူၾကေတာ့ေလ"

ဟိုးအစက အဖြဲ႕ခြဲထားတဲ့အတိုင္း ႏွစ္ေယာက္တစ္ဝန္းေနရတာျဖစ္တယ္။ ဖုက်င္းေရွာင္း ခပ္ျဖည္းျဖည္း အခန္းဆီျပန္လာတဲ့အခ်ိန္မွာ ရွန္ရွင္းေဆြ႕ရဲ႕အခန္းက မီးလင္းမေနတာကို သတိထားမိလိုက္တယ္။ ဒါေပမဲ့ မီးဖိုေခ်ာင္ဘက္မွာေတာ့ မီးမွိန္မွိန္ေလး လင္းေနေလတယ္။

သူဝင္သြားလိုက္တဲ့အခ်ိန္ အိုးထဲမွာ အေငြ႕ေတြေထာင္းေထာင္းထေနၿပီး ရွန္ရွင္းေဆြ႕က တစ္စုံတစ္ခုကို ဆယ္ယူေနတာေတြ႕လိုက္ရတယ္။

ဖုက်င္းေရွာင္းက အံ့အားသင့္စြာနဲ႔ ေမးလိုက္တယ္ "ဘာေတြလုပ္ေနတာလဲ?"

"ေကာျပန္လာၿပီလား!" ရွန္ရွင္းေဆြ႕ လက္တုန္သြားရၿပီး အပူေလာင္ေတာ့မလို ျဖစ္သြားရတယ္။ သူကေျပာလိုက္တယ္ "ေကာ ၿခံဝန္းထဲမွာ ခဏထိုင္ေနလိုက္ပါဦး ကြၽန္ေတာ္ခ်က္လို႔ၿပီးေတာ့မွာ"

ဖုက်င္းေရွာင္း အနားသြားၿပီး ၾကည့္ၾကည့္လိုက္ေတာ့ ရွန္ရွင္းေဆြ႕က ေခါက္ဆြဲျပဳတ္ေနတယ္ဆိုတာ သိလိုက္ရတယ္။ ဒီၿခံဝန္းေလးထဲမွာ ထုပ္ပိုးၿပီးသား ေခါက္ဆြဲမရွိေလဘူး။ မလွမ္းမကမ္းက စားပြဲေပၚမွာ ဂ်ဳံမႈန္႔တစ္ခ်ိဳ႕ ရွိေနေသးတယ္။ ၿပီးေတာ့ လက္လုပ္ေခါက္ဆြဲဆိုတဲ့ ေျခရာလက္ရာေတြလည္း က်န္ရွိေနေသးတယ္။ ပန္းကန္ထဲက ေခါက္ဆြဲဖက္ေတြရဲ႕ အထူအပါးကလည္း မတူညီကာ အလြန္ၾကမ္းလွတယ္။ အဲဒီေခါက္ဆြဲအေပၚမွာ ျပဳတ္ၿပီးသားၾကက္ဥတစ္လုံးနဲ႔ ၾကက္သြန္ၿမိတ္တစ္ခ်ိဳ႕ပါ အုပ္ထားေသးတယ္။

ဖုက်င္းေရွာင္း တစ္ခုခုကို ခန္႔မွန္းမိသြားေတာ့ သူ႔မ်က္လုံးေတြ နက္ေမွာင္သြားရတယ္။ သူႏႈတ္ခမ္းကို ၿပဳံးကာ တြန္႔ေကြးလိုက္တယ္ "အဖြား မင္းကိုေျပာျပထားတာလား?"

ရွန္ရွင္းေဆြ႕ ေခါင္းဖြဖြညိတ္လိုက္ေပမဲ့ အနည္းငယ္စိတ္လႈပ္ရွားေနမိတယ္ "ေတာင္းပန္ပါတယ္... ကြၽန္ေတာ္ေကာကိုမေျပာဘဲ တိတ္တိတ္ေလး သိထားမိတာ"

"ဘာမွ ေတာင္းပန္စရာမလိုပါဘူး" ဖုက်င္းေရွာင္း မီးေရာင္ေအာက္မွာ ရပ္ေနေပမဲ့ သူ႔မ်က္လုံးထဲမွာ ေအးစက္မႈတစ္ခ်ိဳ႕ ရွိေနဆဲပဲျဖစ္တယ္။ ဒါေပမဲ့ ဒီအခ်ိန္မွာေတာ့ ၿပဳံးျပလာတယ္ "ကိုယ္ကမင္းကို ေက်းဇူးတင္သင့္တာပါ"

ရွန္ရွင္းေဆြ႕ သက္ျပင္းခ်လိုက္မိတယ္။

မမွားဘူး။ ဒီေန႔က ဖုက်င္းေရွာင္းရဲ႕ေမြးေန႔။ ၿပီးေတာ့ သူ႔အေမရဲ႕ႏွစ္ပတ္လည္လည္း ျဖစ္တယ္။

တစ္ေလွ်ာက္လုံး ဖုမိသားစုကသူေတြက ဒီကိစၥကိုေရွာင္ရွားဖို႔အတြက္ ေမြးေန႔ကိုဆယ္ရက္ေက်ာ္ေ႐ႊ႕လိုက္ၾကတယ္။ အျပင္ကို တရားဝင္ေၾကညာထားတဲ့ ဖုက်င္းေရွာင္းရဲ႕ ေမြးေန႔ကိုလည္း ၁၀ရက္ေ႐ႊ႕လိုက္ၾကေလတယ္။ အဲဒီအခ်ိန္ကစလို႔ ဘယ္သူကမွ ဖုက်င္းေရွာင္းကို တကယ့္ေမြးေန႔ ဆင္ႏႊဲမေပးဖူးေတာ့ဘူး။ ႏွစ္တိုင္းရဲ႕ဒီေန႔က ဖုက်င္းေရွာင္းအတြက္ အခက္ခဲဆုံးဆိုတာ သခင္မႀကီးတစ္ေယာက္ပဲ သိေလတယ္။ ဘယ္သူကမွလည္း သူ႔အတြက္ ေမြးေန႔မွာေပ်ာ္႐ႊင္ပါေစလို႔ ဆုေတာင္းမေပးဘူး။ သူ႔ရဲ႕ေမြးေန႔၊ သူဒီကမာၻေပၚေရာက္လာခဲ့တာက ဆုေတာင္းေပးဖို႔မထိုက္တန္သလို ေပ်ာ္႐ႊင္ဖို႔မထိုက္တန္သလို ေန႔ရက္ေတြျဖစ္လာခဲ့တယ္။

ဖုက်င္းေရွာင္းရဲ႕ စိတ္ေနစိတ္ထားက သီးသန္႔ဆန္တယ္။ အကုန္လုံးကို စိတ္ထဲမွာပဲ သိမ္းထားၿပီးေတာ့ ဘာမွထုတ္ေျပာေလ့မရွိဘူး။ ဒါေပမဲ့ သူ႔စိတ္ထဲမွာ ဘာစဥ္းစားေနလဲဆိုတာကို ဘယ္သူမွမသိေပမဲ့ သခင္မႀကီးကေတာ့ နားလည္တယ္။ ဖုက်င္းေရွာင္း ငယ္ငယ္တုန္းက အဲဒီကေလးငယ္ေလးက ကိုယ့္အတြက္ကိုယ္ ကိတ္မုန္႔ဝယ္ေပးၿပီးေတာ့ အခန္းထဲမွာ တိတ္တိတ္ေလးစားေနတာကို သခင္မႀကီးျမင္ခဲ့ဖူးတယ္။ ဖုမိသားစုကအႀကီးဆုံးသားက ဘာအခက္အခဲမွမရွိဘူးလို႔ လူတိုင္းကေျပာၾကတယ္။ ဒါေပမဲ့ သူကေတာ့ ကိုယ့္ေမြးေန႔ကိုေတာင္မွ ေထာင့္ေလးမွာပဲ ပုန္းလွ်ိဳးကြယ္လွ်ိဳးနဲ႔ ျဖတ္သန္းႏိုင္ခဲ့တာ။

ရွန္ရွင္းေဆြ႕ ေခါက္ဆြဲပန္းကန္ကို အျပင္ဘက္စားပြဲေပၚ ယူလာလိုက္တယ္။ ေနာက္ၿပီး ဖုက်င္းေရွာင္းေဘးမွာထိုင္ကာ တုံးအအေလးေျပာလိုက္တယ္ "ကြၽန္ေတာ္ကသိပ္ၿပီးမခ်က္တတ္ဘူး ၿပီးေတာ့ အခုကလည္း ႐ြာမွာျဖစ္ေနေတာ့ ဘယ္လိုလုပ္ရမွန္းမသိလို႔ လက္လုပ္ေခါက္ဆြဲပဲလုပ္လိုက္ရတယ္ တကယ္လို႔စားလို႔မေကာင္းရင္......"

ဖုက်င္းေရွာင္း ပန္းကန္ကို ယူလိုက္တယ္။

ဒါက ဒီႏွစ္ေတြထဲ သူစားဖူးသမွ်ထဲမွာ အ႐ိုးရွင္းဆုံးေသာ၊ မသပ္ရပ္ဆုံးေသာ၊ ဟင္းလ်ာအဆင့္အနိမ့္ဆုံးေသာ တစ္နပ္ျဖစ္လိမ့္မယ္။ သူကအစားေ႐ြးတယ္ဆိုတာ သူနဲ႔ရင္းႏွီးသူတိုင္း သိေလတယ္။ ဒါေပမဲ့ အခုအခါမွာေတာ့ ထိုင္ခုံေပၚမွာထိုင္ေနတဲ့အမ်ိဳးသားက တူကိုတိတ္တဆိတ္ပဲ ေကာက္ကိုင္လိုက္ၿပီး ေခါက္ဆြဲစားေနေလတယ္။ သူအစာစားေနတဲ့အခ်ိန္မွာ အရမ္းတိတ္ဆိတ္လွတယ္။ လႈပ္ရွားမႈေတြက က်က္သေရရွိတယ္။ ဒါေပမဲ့လည္း အလြန္ေလးနက္စြာနဲ႔ ေခါက္ဆြဲတစ္ပန္းကန္လုံးကို ကုန္ေအာင္စားလိုက္တယ္။

သူကအဲဒီၾကက္ဥကိုေတာ့ ခ်န္ထားေလတယ္။

ရွန္ရွင္းေဆြ႕ သူ႔ကိုေတြေဝစြာၾကည့္လိုက္မိတယ္။ ဖုက်င္းေရွာင္းက ၾကက္ဥကိုသူ႔ကိုေပးလာၿပီး ေျပာလိုက္တယ္ "တစ္ညလုံးပင္ပန္းထားတာဆိုေတာ့ နည္းနည္းေလာက္စားလိုက္ဦး မင္းစားဖို႔ကိုယ္နည္းနည္းထပ္လုပ္ေပးမယ္"

ရွန္ရွင္းေဆြ႕ မသိစိတ္ကေန ပါးစပ္ဟေပးလိုက္မိၿပီး ၾကက္ဥကိုျဖည္းျဖည္းစားလိုက္တယ္။ ၿပီးေတာ့ သုံးသပ္လိုက္ေသးတယ္ "ကြၽန္ေတာ္ဒီတစ္ေခါက္ခ်က္ထားတာမဆိုးဘူး"

ဖုက်င္းေရွာင္း ႏႈတ္ခမ္းတြန႔္ေကြးကာ ၿပဳံးလိုက္တယ္ "အင္း အရသာအရမ္းေကာင္းတယ္"

တကယ္ေတာ့ အဲ့တာက ဟင္းရည္ၾကည္နဲ႔ ေခါက္ဆြဲတစ္ပန္းကန္ပဲျဖစ္တယ္။ ဒါေပမဲ့ ႏွစ္ေယာက္သား တစ္ေယာက္ကၾကက္ဥစားၿပီး တစ္ေယာက္ကေခါက္ဆြဲစားလိုက္တာ လုံးဝေျပာင္စင္သြားေတာ့တယ္။

ဖုက်င္းေရွာင္း တူကိုခ်လိုက္ၿပီး သုံးသပ္လာတယ္ "ခ်က္ထားတာအရမ္းအဆိုးႀကီးမဟုတ္ဘူး ကိုယ့္အထင္ေတာ့ အရမ္းစားလို႔ေကာင္းတယ္"

ရွန္ရွင္းေဆြ႕ရဲ႕ တြဲေလာင္းက်ေနတဲ့ႏွလုံးသားေလးက ေနာက္ဆုံးေတာ့ စိတ္ခ်ႏိုင္သြားၿပီျဖစ္တယ္။ သူသက္ျပင္းခ်လိုက္မိတယ္ "အဲ့တာဆိုၿပီးတာပါပဲ"

မလွမ္းမကမ္းက ကြင္းျပင္မွာ မီးေတြေတာက္ေလာင္ေနဆဲပဲျဖစ္တယ္။ ဒီေန႔ကမ်ိဳးႏြယ္စုရဲ႕ အေရးပါတဲ့ပြဲေတာ္ေန႔ျဖစ္တာေၾကာင့္ ညေရာက္တဲ့အထိ ကြင္းျပင္မွာ အကေတြ၊ သီခ်င္းေတြ၊ ရယ္ေမာသံေတြနဲ႔ မီးရႉးမီးပန္းသံေတြ ၾကားေနရတုန္းပဲျဖစ္တယ္။

ဖုက်င္းေရွာင္း ေျပာလိုက္တယ္ "ကိုယ္မင္းအတြက္ ထပ္ၿပီး တစ္ခုခုသြားခ်က္ေပးမယ္"

ရွန္ရွင္းေဆြ႕ သူ႔ကိုအလ်င္အျမန္တားလိုက္ၿပီး ေျပာလိုက္တယ္ "ခဏ"

ဖုက်င္းေရွာင္း သံသယျဖစ္စြာနဲ႔ သူ႔ကိုၾကည့္လာတယ္။

သူထိုင္ခုံေပၚျပန္ၿပီးထိုင္လိုက္တယ္။ ရွန္ရွင္းေဆြ႕ ရင္ဘတ္ထဲကေန ေသတၱာေလးတစ္ခုကို တိတ္တဆိတ္ထုတ္လိုက္ကာ ဖုက်င္းေရွာင္းကို ေပးလိုက္တယ္ "ဒါကလက္ေဆာင္"

ဖုက်င္းေရွာင္း ဒီဘဝမွာ တန္ဖိုးႀကီးရတနာေတြကို လက္ေဆာင္အျဖစ္ အမ်ားႀကီးလက္ခံဖူးေလတယ္။

သူဘာမွမလိုအပ္ေနဘူး။ ဘယ္လက္ေဆာင္ကမွလည္း သူကိုအံ့အားသင့္မသြားေစႏိုင္ဘူး။ ဒါေပမဲ့ ေသတၱာေလးကိုဖြင့္လိုက္တဲ့အခ်ိန္မွာ သူသစ္သားကေနထြင္းထုထားတဲ့ လင္ေရွာင္းပန္းေလးကို ေတြ႕လိုက္ရတယ္။ ၾကည့္လိုက္တာနဲ႔ လက္နဲ႔ထြင္းထုထားတယ္ဆိုတာ သိသာလွတယ္။ အဲ့တာအျပင္ ပန္းပုဆရာရဲ႕ အရည္အခ်င္းကလည္း နည္းနည္းညံ့ေလတယ္။ ၾကည့္လိုက္တာနဲ႔ ခ်ိဳ႕ယြင္းခ်က္ေတြအမ်ားႀကီးကို ေတြ႕ႏိုင္တယ္။ ဒါေပမဲ့ ခပ္မွိန္မွိန္အလင္းေရာင္ေအာက္မွာ ရွန္ရွင္းေဆြ႕လက္ေခ်ာင္းေတြေပၚမွာ ဖုံးကြယ္ထားတဲ့ဓားဒဏ္ရာတစ္ခ်ိဳ႕ကို ဖုက်င္းေရွာင္းျမင္လိုက္ႏိုင္တယ္။

[လင္ေရွာင္းပန္းကို အဂၤလိပ္လို 'Chinese trumpet vine'လို႔ ေတြ႕ပါတယ္။ ျမန္မာလိုက်ေတာ့ 'တံပိုးခရာႏြယ္ပင္' ဆိုလားပဲ။ Dreamေတာ့ မၾကားဖူးလို႔ တ႐ုတ္အသံထြက္အတိုင္းပဲ ျပန္ေရးလိုက္ပါတယ္။ သူ႔ရဲ႕တ႐ုတ္လိုပန္းအဓိပၸာယ္က 'မိခင္ေမတၱာ'လို႔ေတြ႕တယ္ဗ်။ ကိုရီးယားလိုလည္းေတြ႕ေသးတယ္။ 'ႏြန္းဆိုးဟြာ'တဲ့။ သူ႔ရဲ႕ပန္းအဓိပၸာယ္က်ေတာ့ 'ကမာၻႀကီးပ်က္စီးသြားမယ္ဆိုရင္ေတာင္ ငါမင္းကိုေစာင့္ဆိုင္းေနမွာပါ'တဲ့။ mediaမွာ ပုံထည့္ေပးထားပါတယ္။]

ဟိုေန႔ကေဆးထည့္ကတည္းက သူသတိထားမိတာေၾကာင့္ ေနာက္က်စစ္ေဆးၾကည့္ဖို႔ သူေတြးထားမိခဲ့တယ္။ ဒါေပမဲ့ ဒီအေၾကာင္းအရင္းေၾကာင့္ျဖစ္မယ္လို႔ သူမထင္ထားမိခဲ့ဘူး။

ဒီခ်ိဳ႕ယြင္းခ်က္အနည္းငယ္နဲ႔ လင္ေရွာင္းပန္းေလးက မ်က္စိေရွ႕ကဒီကေလးေလး နည္းနည္းခ်င္းစီ ထြင္းထုထားခဲ့တာျဖစ္တယ္။ ဒါကတန္ဖိုးအႀကီးဆုံးေသာ လက္ေဆာင္ေတာ့မဟုတ္ဘူး။ ဒါေပမဲ့ ဖုက်င္းေရွာင္း ရရွိဖူးတဲ့အထဲမွာ အဖိုးတန္ဆုံးေသာလက္ေဆာင္ပဲ။

ရွန္ရွင္းေဆြ႕ အနည္းငယ္စိတ္လႈပ္ရွားစြာနဲ႔ေျပာလိုက္တယ္ "နည္းနည္းေလးေတာ့ ႐ိုးရွင္းေနမယ္ထင္တယ္ ဒါေပမဲ့ ေကာဘာလိုအပ္မလဲဆိုတာ ကြၽန္ေတာ္တကယ္မစဥ္းစားတတ္ေတာ့လို႔ ငယ္ကတည္းက ကြၽန္ေတာ္လုပ္ဖူးတဲ့ လက္လုပ္ပစၥည္းကလည္း ဘယ္ေလာက္မွမရွိေတာ့......"

ဖုက်င္းေရွာင္း အသံတိုးနဲ႔ေျပာလိုက္တယ္ "ကိုယ္အရမ္းသေဘာက်တယ္"

ရွန္ရွင္းေဆြ႕ သက္ျပင္းခ်လိုက္မိတယ္။ သူ႔မ်က္လုံးထဲမွာ အၿပဳံးေလးရွိေနခဲ့တယ္။ အဲဒီေန႔ကႀကိဳးစားမႈေတြက တကယ္ပဲအလကားျဖစ္မသြားခဲ့ဘူး။

ဖုက်င္းေရွာင္း ဒီလိုေျပာလာလိမ့္မယ္လို႔ ဘယ္ထင္မိမလဲ "ကိုယ္လည္း မင္းကိုေပးစရာပစၥည္းတစ္ခုရွိတယ္"

ရွန္ရွင္းေဆြ႕ေၾကာင္အသြားရတယ္။ ဒီေန႔က သူ႔ေမြးေန႔မဟုတ္တာကို သူမွတ္မိပါတယ္။

ဖုက်င္းေရွာင္းကေတာ့ အိတ္ကပ္ထဲကေန သစ္သားျပားတစ္ခု ထုတ္ယူလာလိုက္တယ္။ အဲ့တာက ဒီေန႔ ရွန္ရွင္းေဆြ႕ သစ္ပင္ေပၚမွာခ်ိတ္ခဲ့တဲ့ ထိမ္းျမားျခင္းကတ္ျပားေလးျဖစ္တယ္။ အဲဒီကတ္ျပားေလးကိုျမင္ေတာ့ ရွန္ရွင္းေဆြ႕ နည္းနည္းအံ့အားသင့္သြားရတယ္ "ဒီေလာက္တိုက္ဆိုင္တာလား ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ႀကိဳးတစ္ေခ်ာင္းတည္းမွာ ခ်ည္မိၾကတယ္ေပါ့?"

ဖုက်င္းေရွာင္းက ကိုယ့္အိမ္ကတုံးအတဲ့ကေလးေလးကို ၾကည့္ေနရသလိုမ်ိဳး တိုးတိုးရယ္လိုက္တယ္ "အဲဒီေလာက္တိုက္ဆိုင္တဲ့ကိစၥမ်ိဳး ဘယ္လိုလုပ္ရွိလိမ့္မလဲ"

ရွန္ရွင္းေဆြ႕ : "အဲ့တာဆို......"

"အဲဒီသစ္ပင္နားက ကတ္ျပားေတြအကုန္လုံးကို ကိုယ္ရွာခဲ့တာ" ဖုက်င္းေရွာင္းက အသံခပ္နိမ့္နိမ့္နဲ႔ေျပာလာတယ္ "အခ်ိန္ေတာ္ေတာ္ေတာ့ေပးလိုက္ရတယ္ ဒါေပမဲ့လည္း ရွာေတြ႕ခဲ့တာပဲေလ"

ရွန္ရွင္းေဆြ႕ အဲဒီေတာ့မွ သတိထားမိသြားခဲ့တယ္။ သူနဲ႔ဖုက်င္းေရွာင္းရဲ႕ႀကိဳးႏွစ္ေခ်ာင္းက တစ္ခါအျဖတ္ခံလိုက္ရၿပီးေတာ့မွ ထပ္ၿပီးအခ်ည္ခံထားရတာျဖစ္တယ္။ ဒါ့အျပင္ ခ်ည္ထားတာမွ အေသခ်ည္ထားတာျဖစ္တယ္။ သူတို႔ရဲ႕ေရစက္က အစတုန္းကမနီးစပ္ခဲ့ၾကဘူး။ အလြန္႔အလြန္ကိုေဝးကြာၾကတယ္။ ဘယ္လိုဆက္ဆံမႈမ်ိဳးမွ ရွိမလာႏိုင္ေလဘူး။ ဆက္ဆံေရးတစ္မ်ိဳးမ်ိဳး ရွိလာလိမ့္မယ္လို႔လည္း ရွန္ရွင္းေဆြ႕ကိုယ္တိုင္ေတာင္ မစဥ္းစားရဲခဲ့ဖူးဘူး။

ဒါေပမဲ့......

ဒါေပမဲ့......

သူတို႔ရဲ႕ႀကိဳးေတြကို အတူတူခ်ည္လိုက္ၿပီ။

အတူတူအခ်ည္ခံထားရတဲ့ သစ္သားျပားေတြကို ရွန္ရွင္းေဆြ႕ ေၾကာင္အစြာၾကည့္ေနမိတယ္။ ႐ုတ္တရက္ႀကီး ေပ်ာက္ဆုံးသြားၿပီးေတာ့မွ ျပန္ရလိုက္တဲ့သစ္သားျပားေၾကာင့္ သူစိတ္ထဲမွာဖိႏွိပ္ထားခဲ့တဲ့ ခံစားခ်က္ေတြက ပြင့္ထြက္သြားရတယ္။ သူ႔မ်က္လုံးေထာင့္ေတြ နီရဲလာရၿပီး ဘာေၾကာင့္မွန္းမသိ လက္ေခ်ာင္းေတြလည္း တုန္ယင္ကာ သစ္သားျပားကို လွမ္းယူလိုက္တယ္ "ေကာ... ေကာ ဒါကိုရွာေတြ႕လာတာေပါ့?"

ဖုက်င္းေရွာင္း ေခါင္းညိတ္လိုက္တယ္ "အင္း"

ရွန္ရွင္းေဆြ႕ ေခါင္းေမာ့ကာ သူ႔ကိုၾကည့္လိုက္တယ္ "ဘာလို႔လဲ?"

မလွမ္းမကမ္းက ကြင္းျပင္ထဲမွာ မီးေတြထြန္းလင္းေနဆဲျဖစ္တယ္။ ေကာင္းကင္ေပၚမွာ ေပါက္ေပါက္သြားတဲ့ မီးရႉးမီးပန္းေတြက ညေကာင္းကင္ႀကီးတစ္ခုလုံးကို လွပမႈနဲ႔ ႐ိုမန္႔တစ္ဆန္မႈေတြ ထပ္တိုးေပးေနေလတယ္။ နတ္ဘုရားမရဲ႕ ေက်ာက္႐ုပ္တုကို ျမင့္ျမင့္ထုလုပ္ထားတယ္။ ေႏြဦးရာသီရဲ႕ ညေလညႇင္းေတြကလည္း ၿခံဝန္းကိုေက်ာ္ျဖတ္ကာ တိုက္ခတ္လာၾကတယ္။ သူ႔မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့အမ်ိဳးသားက သူႏွစ္လမျပတ္ သေဘာက်ခဲ့ရတဲ့ လမင္းႀကီးျဖစ္တယ္။

"ဘာလို႔လဲဆိုေတာ့ ကိုယ္မင္းနဲ႔ အတူတူရွိခ်င္လို႔" ဖုက်င္းေရွာင္းက သူ႔ေဘးမွာထိုင္ေနေလတယ္။ အသံက တည္ၾကည္ျပတ္သားလွတယ္ "အဲ့တာေၾကာင့္ သူ႔ကိုရွာေတြ႕ခဲ့တာ"

ရွန္ရွင္းေဆြ႕ရဲ႕ ႏွလုံးသားေလး တုန္ယင္လာရေတာ့တယ္။ တကယ္ေတာ့ ဖုေကာလည္း သူ႔ကိုသေဘာက်ေနမလားဆိုတာ သူတိတ္တိတ္ေလး ခန္႔မွန္းခဲ့ဖူးတယ္။ ဒါေပမဲ့ သူမေသခ်ာရဲခဲ့ဘူး။ ဖုက်င္းေရွာင္းက သူ႔အေပၚ တစ္ခဏတာ စိတ္ဝင္စား႐ုံပဲျဖစ္ၿပီးေတာ့ ကစားသြားမွာ စိုးရိမ္ေနခဲ့မိတယ္။

ဒါေပမဲ့ သစ္ပင္ေပၚမွာ သစ္သားျပားေတြ အဲဒီေလာက္ အမ်ားႀကီးရွိတာ။

သူအၾကာႀကီးရွာခဲ့ရမွာပဲ။

တကယ္ေတာ့ သူဒီလိုလုပ္ဖို႔ မလိုအပ္ဘူးဆိုေပမဲ့ သူလုပ္ခဲ့တယ္။

သူတို႔ႏွစ္ေယာက္ၾကားက ကံၾကမၼာလိုပဲ။ တကယ္ေတာ့ အစမွာ သူတို႔ႏွစ္ေယာက္က ဘယ္လိုမွမျဖစ္ႏိုင္ဘူး၊ ဘယ္လိုရလဒ္မွလည္း ရွိလာမွာမဟုတ္ဘူးဆိုေပမဲ့ ဖုက်င္းေရွာင္းက သူ႔ကိုရွာေတြ႕ခဲ့တယ္။ ျပည့္သိပ္ေနတဲ့လူအုပ္ႀကီးထဲမွာ၊ သစ္ပင္အျပည့္ျဖစ္ေနတဲ့ သစ္သားျပားေတြထဲမွာ ထင္သာျမင္သာမရွိတဲ့သူ႔ကို ရွာေတြ႕ခဲ့တယ္။

ရွန္ရွင္းေဆြ႕ မ်က္ဝန္းေတြနီရဲလာရတယ္။ သူဘာျဖစ္လို႔ ဘာျဖစ္သြားမွန္းမသိဘဲ ေပ်ာ္႐ႊင္မႈေၾကာင့္ ဦးေႏွာက္အလုပ္လုပ္မႈေတြ ရပ္တန္႔သြားပုံရတယ္။ စကားေျပာတာေတာင္ ထစ္အေနခဲ့တယ္ "ေကာဘယ္လိုရွာခဲ့တာလဲ အဲဒီေလာက္ ကတ္ျပားေတြအမ်ားႀကီးကို... ကြၽန္ေတာ္က လုံးဝမျဖစ္ႏိုင္ဘူးလို႔ ထင္ထားခဲ့တာ......"

သူ႔မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့အမ်ိဳးသားရဲ႕ မ်က္ႏွာသြင္ျပင္က ေခ်ာေမာလွတယ္။ ဒီမ်က္ႏွာကို အႀကိမ္ေပါင္းမ်ားစြာ ေတြ႕ခဲ့ဖူးေပမဲ့ မ်က္ႏွာခ်င္းဆိုင္လိုက္မိတဲ့အခ်ိန္တိုင္းမွာ အရင္ကလိုစိတ္လႈပ္ရွားရဆဲပဲ။

သူတို႔ရဲ႕အကြာအေဝးက အလြန္နီးကပ္ေနၿပီး တစ္ေယာက္ရဲ႕အသံရႈသံကို တစ္ေယာက္ခံစားမိေနႏိုင္သလိုပဲ။ နီးကပ္လြန္းလို႔ တစ္ေယာက္နဲ႔တစ္ေယာက္ မခြဲခြာဘဲ အၾကာႀကီးေနႏိုင္သလိုမ်ိဳး၊ နီးကပ္လြန္းလို႔ ဒါကအိပ္မက္တစ္ခုမဟုတ္ဘူးဆိုတာကို ရွန္ရွင္းေဆြ႕ ခံစားႏိုင္သလိုမ်ိဳးပဲ။

ဖုက်င္းေရွာင္း ေျပာလာတယ္ "ဘာမွမျဖစ္ႏိုင္စရာမရွိပါဘူး"

ကြင္းျပင္ဘက္မွာ မီးရႉးမီးပန္းေတြ ထပ္လႊတ္တင္လိုက္တယ္။ နတ္ဘုရားမ႐ုပ္ထုကလည္း အသံတိတ္ခ်စ္ခင္ၾကင္နာမႈကို ျပသေနကာ သတၱဝါတိုင္းကို ေကာင္းခ်ီးေပးေနသလိုမ်ိဳး တိတ္ဆိတ္စြာ ရွိေနဆဲပဲ။ လွပတဲ့မီးရႉးမီးပန္းေတြကလည္း ေကာင္းကင္ေပၚမွာ ျမည္တမ္းေနၾကတယ္။

ဖုက်င္းေရွာင္း အနားတိုးကပ္လိုက္ၿပီး ႏူးႏူးညံ့ညံ့၊ စိတ္ရင္းစိတ္မွန္နဲ႔ ေဘးနားကလူရဲ႕ ႏႈတ္ခမ္းေပၚ နမ္းလိုက္တယ္။ သူတို႔ရဲ႕ခႏၶာကိုယ္ေတြ နီးကပ္သြားၿပီး ဒီအနမ္းက တျဖည္းျဖည္းနက္ရႈိင္းလာခဲ့တယ္။ ႀကိဳးအနီနဲ႔ခ်ည္ထားတဲ့ သစ္သားျပားေလးက စားပြဲေပၚကေနျပဳတ္က်သြားၿပီး ႀကိဳးေလးက ရွန္ရွင္းေဆြ႕ရဲ႕လက္ကို ရစ္ပတ္မိသြားခဲ့တယ္။ ဖုက်င္းေရွာင္းရဲ႕ကိုယ္ေပၚလည္း ျပဳတ္က်သြားခဲ့တယ္။ ၾကည့္ရတာ သူတို႔ႏွစ္ေယာက္ကို တင္းၾကပ္စြာ ရစ္ပတ္လိုက္သလိုပဲ။

ဖုက်င္းေရွာင္းရဲ႕အသံက ခပ္နိမ့္နိမ့္နဲ႔ျဖစ္ၿပီး ဆြဲေဆာင္မႈရွိလွတယ္။ သူ႔ရဲ႕မ်က္လုံးေတြက အနည္းငယ္နက္ေမွာင္ေနၿပီး မ်က္စိေရွ႕က နီရဲတဲ့ႏႈတ္ခမ္းေလးေတြနဲ႔ ေကာင္ေလးကိုၾကည့္ရင္း အသံခပ္နိမ့္နိမ့္နဲ႔ေျပာလိုက္တယ္ "ဘာလို႔လဲဆိုေတာ့ ကိုယ္မင္းကိုခ်စ္တာေၾကာင့္ေလ"

အဲ့တာေၾကာင့္ ဘယ္ေလာက္ပဲ ေဝးကြာပါေစ။

အဲ့တာေၾကာင့္ အဲဒီႀကိဳးက ျပတ္သည္ျဖစ္ေစ မျပတ္သည္ျဖစ္ေစ။

ကိုယ္မင္းကိုရွာေတြ႕ႏိုင္မွာ။

____________________
Word – 4911
November 6, 2023 (Mon)
Xiao Dream

မုန္လာထုပ္ေလးေတာ့ ပါသြားရွာၿပီဗ်ိဳးး

Continue Reading

You'll Also Like

797K 66.2K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
27.4K 3.1K 31
Hello Novel အတိုလေးတစ်ပုဒ်ကြေညာချင်လို့ပါ... Completed ဖြစ်ထားပြီးသားပါ အစဆုံး ၂၈ ပိုင်း (အပိုင်းရှည်) ကို ၁၀၀၀ နဲ့ဝယ်လို့ရပါတယ်ရှင် ... #Wp acc ပါခ...
228K 20.6K 90
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛 BL love novel (We have PaidGP) 💛💙💜💚❤...
138K 16.6K 76
ယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေး...