ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ်...

Per noelnoel7777

522K 84.3K 1.7K

Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status i... Més

Description
Chapter 1: Dressed as scumbag
Chapter 2: Have a meal together
Chapter 3: My wife is back
Chapter 4: Alert
Chapter 5: Xu Muan's cultivation methods
Chapter 6: Transaction
Chapter 7: Go farming together
Chapter 8: Xu Muan has found
Chapter 9: Encounter old lover
Chapter 10: Fight alongside
Chapter 11: Eat meat together
Chapter 12: Grapes are sour
Chapter 13: Meet Qiu Bai again
Chapter 14: Gambling debt
Chapter 15: Villain
Chapter 16: Steal grapes
Chapter 17: Found a thief
Chapter 18: Go to town together
Chapter 19: Redeem Zhong Tian
Chapter 20: Buy seeds
Chapter 21: Meet Qiu Bai again
Chapter 22: The Affairs of the Qiu Family
Chapter 23: So enlightened
Chapter 24: Field trap
Chapter 25: Earning and Spending
Chapter 26: Envy, jealousy and hatred
Chapter 27: Grapes That Didn't Sell Well
Chapter 28: Xu Muan's discovery
Chapter 29: Xiao Jinfeng's accident
Chapter 30: Xiao Jinfeng's Downfall
Chapter 31: Xu Muan Left
Chapter 32: Advancing to the Fourth Level
Chapter 33: Villagers' Reactions
Chapter 34: Xiao Jinfeng's Predicament
Chapter 35: Second Brother's Engagenment Being Broken Off
Chapter 36: The Second Brother Arrived
Chapter 37: Second Brother's Shock
Chapter 38: Xu Muan's Guess
Chapter 39: Difficult Time for Xiao Jingting
Chapter 40: Detoxification
Chapter 41: Gossip
Chapter 42: Meeting Wang Erhu
Chapter 43: Sun Hao from the Sun Family
Chapter 44: 500-year-old Lieyan Herb
Chapter 45: Open Mindedness
Chapter 46: Demonic Beasts Invaded Fields
Chapter 47: Mu Shuyu Faints
Chapter 48: Mu Shuyu Has a Baby
Chapter 49: Qiu Bai's Marriage
Chapter 50: Fined
Chapter 51: Wedding Ends
Chapter 52: Fourth Level Qi Practitioner
Chapter 53: Xiao Qingyan
Chapter 54: Xiao Qingyan's Visit
Chapter 55: Flourishing
Chapter 56: Xiao Family's News
Chapter 57: Returning to the Xiao Family
Chapter 58: Current Situation of the Mercenary Team
Chapter 59: Xiao Family
Chapter 60: Return
Chapter 61: Finally Home
Chapter 62: Shocking the Xiao Family
Chapter 63: Conflict Between Children
Chapter 64: The Frustrated Sun Miaomiao
Chapter 65: Encountering Sun Miaoyin
Chapter 66: Bad Friends
Chapter 67: Purchasing a Spiritual Pagoda
Chapter 68: Contradiction Occurred Once Again
Chapter 69: Partiality
Chapter 70: All about the Second Branch of Xiao Family
Chapter 71: The Visitors
Chapter 72: Xiao Jingting Had Changed
Chapter 73: Ready to Open a Shop
Chapter 74: Business Started
Chapter 75: Beverage Sales
Chapter 76: The Eye-Catching Business
Chapter 77: The Prosperous Beverage Shop
Chapter 78: Rejecting Sun Miaomiao
Chapter 79: Sun Miaoyin's Anger
Chapter 80: Eldest Uncle Has Taken the Medicine
Chapter 81: Advancing by Medicine
Chapter 82: Xiaofan Had Gambled on Stone
Chapter 83: Accused of Prodigal
Chapter 84: Houfu Competition
Chapter 85: Everyone shock
Chapter 86: Going out Together
Chapter 87: Demonic cultivator
Chapter 88: Encounter Sun Miaomiao
Chapter 89: Discover the drug garden
Chapter 90: End of trial
Chapter 91: Leave Mocheng
Chapter 92: Show it
Chapter 93: The Mighty Xiaofan
Chapter -94 Elixir Silkworm
Chapter: 95 Alchemy
Chapter 96: Sell ​​Elixir
Chapter 97: Elixir sale
Chapter 98: Star City
Chapter 99: Calm baby
Chapter 101: Xianmen difficult to enter
Chapter 102: About Pigu
Chapter 103: All the way
Chapter 104: Arrive at Star City
Chapter 105: Was stared at
Chapter 106: Xiaofan left
Chapter 107: Way to Qingyun Xianmen
Chapter 108: Come back home
Chapter 109: Chikuki
Chapter 110: Get together
Chapter 111: Auction Elixir
Chapter 112: Ouyang Mingyue's invitation
Chapter 113: Go to sea
Thingyan Promotion

Chapter 100: Meet an acquaintance

1.7K 274 9
Per noelnoel7777

Unicode

နေဝင်ချိန်တွင် ရှောင်ကျင့်ထျင်သည် လှည်းကို ပုံမှန်အတိုင်း မောင်းနှင်ခဲ့သည်။ သူသည် ကြယ်မြို့တော်သို့ ဦးတည်သွားရာလမ်းတွင် ကြီးမားသော ယာဉ်တန်းတစ်ခုနှင့် တွေ့ဆုံလေ၏။

ရှောင်ကျင့်ထျင်သည် ထိုယာဉ်တန်းတွင် အသိမိတ်ဆွေအများအပြားကိုတွေ့ရှိခဲ့ပြီး တစ်ဦးမှာ အိုးယန်မင်ယွဲ့ဖြစ်ပြီး ကျန်နှစ်ဦးမှာ အိုးယန်ကျင်းနှင့် အိုးယန်ကျင်းယွဲ့ဖြစ်သည်။ မှန်ပါသည်၊ ရှောင်ကျင့်ထျင်သည် ကြယ်မြို့တော်သို့ ဦးတည်နေသည့် အိုးယန်မိသားစုနှင့် တွေ့ဆုံခဲ့ခြင်းပင်။

ရှောင်ကျင့်ထျင် မောင်းနှင်လာသောလှည်းသည် အိုးယန် မိသားစု၏ ယာဉ်တန်းအနီးသို့ရောက်သည်နှင့် တပြိုင်နက် ၎င်းတို့အား ယာဉ်တန်းနှင့် ခပ်လှမ်းလှမ်းတွင်နေပါရန် အိုးယန်မိသားစု အစောင့်အဖွဲ့မှ တောင်းဆိုခဲ့လေသည်။

ပျင်းရိငြီးငွေ့နေသော အိုးယန်ကျင်းယွဲ့သည် ရှောင်ရှောင်ဖန်တို့ကို မြင်သောအခါ စကားပြောရန် ထွက်လာခဲ့သည်။

“ဦးလေးရှောင်.... ဦးလေးရော ကြယ်မြို့တော်ကိုသွားဖို့ စိတ်ကူးထားတာလား?” အိုးယန်ကျင်းယွဲ့သည် ရှောင်ကျင့်ထျင်ဆီသို့ လျှောက်လာပြီးမေးသည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး “ဟုတ်တယ်! မင်းရောသွားမလို့လား?”

အိုးယန်ကျင်းယွဲ့က ခေါင်းညိတ်ပြီး “ဟုတ်တယ်!”

ရှောင်ရှောင်ဖန်က နို့ဘူးကိုကိုင်ထားလျက် မြင်းပေါ်တွင်ထိုင်ကာ အိုးယန်ကျင်းယွဲ့ကို စူးစူးစိုက်စိုက်ကြည့်ရင်း မေးလိုက်၏။

“ညီမလေး.. မင်းကကြယ်မြို့တော်ကို ဘာသွားလုပ်မှာလဲ?”

အိုးယန်ကျင်းယွဲ့က ဒေါသတကြီး ဖြစ်သွားပြီး

“ငါက အစ်မကြီးပါနော်”

ရှောင်ရှောင်ဖန်က သူတို့ရဲ့ အရပ်အမြင့်ကိုနှိုင်းယှဉ်ဖို့ လေထဲတွင် တွဲလောင်းကျနေသည့် သူ့ခြေထောက်တွေကိုလှုပ်ယမ်းလိုက်ပြီး

“ကြည့်စမ်း၊ ငါမင်းထက် ပိုမြင့်နေပြီ” ဟု ပြောလိုက်သည်။

အိုးယန်ကျင်းယွဲ့က မျက်မှောင်ကြုတ်ကာ မေးပင့်လိုက်ပြီး “ယုံချင်ယုံ မယုံချင်နေ! ငါမင်းကို ကန်ချပစ်မှာနော်?”

ရှောင်ရှောင်ဖန်က သူ့ပါးကိုစူဖောင်းလိုက်ပြီး “မင်းက အရမ်းရက်စက်တာပဲ!”

အိုးယန်ကျင်းယွဲ့က အောင်ပွဲခံအပြုံးဖြင့် “နောက်ဆုံးတော့လဲ မင်းကြောက်တာပဲမဟုတ်လား?” ဟုပြောလိုက်သည်။

“သခင်မလေး.. ဒီမှာဘာလာလုပ်နေတာလဲ၊ ယာဉ်တန်းကို မြန်မြန်ပြန်သွားရ​အောင်..... ဒီမှာ မလုံခြုံဘူး” သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် အိုးယန်ကျင်းယွဲ့အား စကားပြောနေစဉ် ရှောင်ကျင့်ထျင်တို့အား ဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်သည်။

ရှောင်ကျင့်ထျင်သည် သက်လတ်ပိုင်းအမျိုးသမီးကို ဘာသိဘာသာ ကြည့်လိုက်၏။ သက်လတ်ပိုင်းအမျိုးသမီးသည် ချီကျင့်ကြံဆင့် ဆဋ္ဌမအဆင့်ကျင့်ကြံသူဖြစ်သောကြောင့် သူနှင့် ရွှီမုရန်ကိုကြည့်လိုက်သောအခါတွင် သူမ၏မျက်လုံးများသည် အထင်အမြင်သေးမှုများ ပြည့်နှက်နေပြီး သူတို့မိသားစုသည် သူတို့အား စွန်းထင်းစေမည့် စက်ဆုပ်ဖွယ်အရာတစ်ခုဖြစ်နေသကဲ့သို့ပင်။

အိုးယန်ကျင်းယွဲ့က မျက်မှောင်ကြုတ်ပြီး “အရင်သွားနှင့်၊ ခဏနေပြီးမှ ပြန်လာခဲ့မယ်”

“သခင်မလေး.. မင်းက ငယ်သေးလို့ လှည့်စားရလွယ်တယ်” ရှောင်ကျင့်ထျင်ကိုကြည့်ရင်း သက်လတ်ပိုင်း အမျိုးသမီးသည် အလွန်စိုးရိမ်ရသော အမူအရာဖြင့် ပြောလိုက်သည်။

ရှောင်ကျင့်ထျင်က မျက်လုံးပြူးသွားသည်။ သူက လူလိမ်တစ်ယောက်ရုပ် ပေါက်နေလား? သူ၏ကမ္ဘာမှာ ရှိခဲ့တုန်းက သူဟာ အကျင့်စာရိတ္တ၊ ဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည် ဘက်စုံကောင်းမွန်​သော ကျောင်းသားကောင်းတစ်ယောက်ပင်။ သူသည် ဖြောင့်မတ်သူတစ်ဦးဖြစ်ပါ၏!

အိုးယန်ကျင်းယွဲ့ အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။

“အဒေါ်ယွီ.... ငါက အသက်ကြီးနေပြီ။ လွယ်လွယ်နဲ့ လှည့်စားခံရမှာ မဟုတ်ဘူး”

“သခင်မလေး၊ မင်းအသက်က ခြောက်နှစ်ပဲရှိပါသေးတယ်” ချန်းယွီက ပြုံးပြုံးလေးပြောလိုက်သည်။

အိုးယန်ကျင်းယွဲ့က မကျေမနပ်ဖြစ်လာသည်။

“ခြောက်နှစ်က ဘာဖြစ်နေလို့လဲ? ငါက အသက်ခြောက်နှစ်ရှိနေပြီ။ ဘာပဲဖြစ်ဖြစ် အစောင့်အကြပ်တွေ အများကြီးလဲ ရှိနေတာပဲလေ။ ဒီမှာနေဖို့က ဘာပြဿနာရှိလို့လဲ?”

ချန်းယွီက တစ်ခုခုပြောချင်နေသေးပေမယ့် အိုးယန်ကျင်းယွဲ့က စိတ်မရှည်စွာ လက်ကိုဝှေ့ယမ်းလိုက်လေသည်။

“တော်လောက်ပြီ အဒေါ်ယွီ.. စကားတွေ ရပ်လိုက်တော့။ ငါက ကလေးမဟုတ်တော့ဘူး၊ စကားမပြောနဲ့တော့”

အိုးယန်ကျင်းယွဲ့သည် ငယ်ရွယ်သော်လည်း သူမတွင် မြင့်မားသော အဆင့်အတန်းရှိသည်။

ချန်းယွီ၏မျက်နှာသည် ပြောင်းလဲသွားပြီး အိုးယန်ကျင်းယွဲ့ကို ဒေါသမထွက်ရဲပေ။ သူမသည် ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်ကိုသာ စိုက်ကြည့်နေသည်။

ရှောင်ကျင့်ထျင်သည် အနည်းငယ် စိတ်ဓာတ်ကျခြင်းကို မခံစားဘဲ မနေနိုင်ပေ။

‘ပျော့ညံ့သူများသည် အလွယ်တကူ အနိုင်ကျင့်ခံရသည်’ ဟု တွေးနေမိသည်။ ထိုအမျိုးသမီးက အိုးယန်ကျင်းယွဲ့ကို မစော်ကားဝံ့ပေမယ့် သူတို့ကိုတော့ မထီမဲ့မြင်ပြုနေလေ၏။

‘သူ့ကို ခြောက်နှစ်သမီးလောက်တောင် မကြောက်ဘူးပဲ!’ ရှောင်ကျင့်ထျင်သည် လေးနက်သော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။

ရှောင်ကျင့်ထျင်သည် ချန်းယွီက အိုးယန်မင်ယွဲ့ဆီသို့ တည့်တည့်ပြန်သွားပြီး သူမ၏နားထဲသို့ တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်ကို မြင်လိုက်သည်။

ရှောင်ကျင့်ထျင်သည် မှန်းဆရန် မလိုအပ်ဘဲ ထိုအမျိုးသမီးသည် စကားကောင်းပြောလိမ့်မည်မဟုတ်ကြောင်း သိသည်။

ချန်းယွီသည် ချီကျင့်ကြံခြင်းဆဋ္ဌမအဆင့်တွင်သာရှိသော်လည်း သူမသည် မြို့သခင်၏နောက်ခံကို အားကိုးကာ သူ့တို့ကို နှိမ့်ချခဲ့သည်။

ရှောင်ကျင့်ထျင်သည် ဤကမ္ဘာအား သန့်ရှင်းသော ကျင့်ကြံမှုကမ္ဘာတစ်ခုဟု အမြဲလိုလို ခံစားနေခဲ့သည်။ သို့သော် ဤကမ္ဘာကြီးမှာ နောက်ခံဟာ အရေးကြီးကြောင်း ရုတ်တရက် သူသဘောပေါက်သွားလေ၏။

“အဲဒီအမျိုးသမီးက ဘယ်သူလဲ? မင်းနဲ့ ဘာတော်တာလဲ?” ရှောင်ရှောင်ဖန်က မေးသည်။

“သူမက ငါ့ရဲ့နို့ထိန်းပဲ” အိုးယန်ကျင်းယွဲ့ က ပြောသည်။

ရှောင်ရှောင်ဖန်က သူမကို စိုက်ကြည့်ပြီး “မင်းကအသက်ကြီးနေပေမယ့် နို့သောက်နေတုန်းပဲ!”

အိုးယန်ကျင်းယွဲ့က ဒေါသတကြီးနဲ့ “ငါနို့ပြတ်တာ ကြာပြီ! ဒါပေမယ့် သူမက ငါ့ကို အမြဲတမ်း လိုက်ဂရုစိုက်နေတာ”

ရှောင်ရှောင်ဖန်က ခေါင်းညိတ်ပြီး “အဲ့လိုကိုး”

အိုးယန်ကျင်းယွဲ့က ရှောင်ရှောင်ဖန်ရဲ့ လက်ထဲက နို့ဘူးကို ကြည့်ပြီး ဒေါသတကြီးနဲ့ ပြောသည်။

“ မင်းကများ ငါ့ကို မေးရဲတယ်! မင်းလက်ထဲမှာ ဘာကိုင်ထားလဲပြန်ကြည့်အုံး။ သားရဲနို့တွေ! မင်းအသက်ကြီးနေပြီ၊ နို့သောက်နေတုန်းပဲ”

ရှောင်ရှောင်ဖန်က ဟွန့်ကနဲ အသံပြုလိုက်ပြီး

“မင်းနားမလည်ပါဘူး။ ဒါက သားရဲနို့မဟုတ်ဘူး။ ယောက်ျားလေးတွေ သောက်ရတဲ့ နို့သေရည်ပဲ”

အိုးယန်ကျင်းယွဲ့က ရှောင်ရှောင်ဖန်ကို သံသယ အနည်းငယ်နဲ့ ကြည့်ပြီး “တကယ်လား? ဒါပေမယ့် သေရည်အနံ့ လုံးဝမရပါဘူး၊ နွားနို့ အနံ့က ပိုမွှေးတယ်”

ရှောင်ရှောင်ဖန်က ညင်ညင်သာသာ နှာခေါင်းရှုံ့လိုက်ပြီး

“အမြင်ကိုမရှိဘူး! ဒါက နို့သေရည်ပဲ”

“မဟုတ်တာ.. အဲဒါက သားရဲနို့ပါ။ ဒါပေမယ့် မင်းကတော့ သေရည်လို့ ဟန်ဆောင်နေတုန်းပဲ။ အရှက်ကိုမရှိဘူး” အိုးယန်ကျင်းယွဲ့က ရှုံ့ချစွာပြောသည်။

“ဒါက တကယ့်သေရည်ပါ။ ဘယ်သူက ဟန်ဆောင်နေလို့လဲ?” ရှောင်ရှောင်ဖန်က မကျေမနပ်နဲ့ ပြောလိုက်သည်။

“အိုးယန်မိန်းကလေး.. မင်း ကြယ်မြို့တော်မှာ ဘာလုပ်မလို့လဲ?” ရှောင်ရှောင်တုန်က သူမေးသောအခါတွင် အပြစ်ကင်းသော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

ရှောင်ရှောင်တုန်၏ အပြစ်ကင်းပြီး စပ်စုသောအမူအရာကိုမြင်လျှင် ရှောင်ကျင့်ထျင်သည် သူ့နှာခေါင်းကို မပွတ်သပ်ဘဲ မနေနိုင်ပေ။

“ငါရွေးချယ်ပွဲတက်မလို့” အိုးယန်ကျင်းယွဲ့က ပြောသည်။

ရှောင်ရှောင်တုန်က စူးစမ်းလိုစိတ်ဖြင့် မေး၏။ “ဘယ်လိုရွေးချယ်မှုမျိုးလဲ?”

ရှောင်ရှောင်တုန်သည် မေးခွန်းများစွာကို သွယ်ဝိုက်မေးမြန်းခဲ့သည်။ ဥပမာအားဖြင့်၊ ကြယ်မြို့တော်တွင် တိမ်တိုက်စိမ်းအမတဂိုဏ်းမှ ဆင်းသက်လာသော ကျင့်ကြံသူများ များစွာရှိသည်။ မြေရိုင်းတိုက်ကြီးသည် အတိုင်းအတာတစ်ခုအထိ တိမ်တိုက်စိမ်းအမတဂိုဏ်း၏ နယ်မြေဟု ဆိုနိုင်သော်လည်း တိမ်တိုက်စိမ်းအမတဂိုဏ်းသည် အနှီနေရာကို သိပ်ဂရုမစိုက်ပေ။ သူတို့သည် ဤတိုက်ကြီးကို စီမံခန့်ခွဲရန် တပ်ဖွဲ့အချို့ကို လျှို့ဝှက်စွာ ပံ့ပိုးပေးခဲ့သည်။

(ဒီနေရာမှာ မြေရိုင်းတိုက်ကြီးဆိုတာ အာရှတိုက်တို့ အမေရိကတိုက်တို့လို တိုက်ကြီးတစ်ခုကို ပြောတာပါ)

မြို့သခင်၏အိမ်သည် တိမ်တိုက်စိမ်းအမတဂိုဏ်းမှပံ့ပိုးထားသော မိသားစုများထဲမှတစ်ခုဖြစ်ပြီး၊ ဂိုဏ်းသည် တပည့်အချို့ကိုစုဆောင်းရန်အတွက် မြေရိုင်းတိုက်ကြီးသို့ ပုံမှန်လာရောက်လေ့ရှိသည်။ ယခင်ချိန်တုန်းက အရည်အချင်းကောင်းရှိသူများကိုသာ ရွေးချယ် စုဆောင်းခြင်းဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ၊ ဂိုဏ်း၏တပည့်ခွဲတမ်းကို အဓိကမိသားစုများအား ဦးစားပေးထားသောကြောင့် ဂိုဏ်းမှလူများကို ယခုအခါ အဓိကအင်အားစုများမှ တိုက်ရိုက်ရွေးချယ်ကြသည်။

မြေရိုင်းတိုက်ကြီးတွင် မရေမတွက်နိုင်သော လူငယ်များစွာရှိပြီး အရည်အချင်းရှိသော တပည့်များကို ရွေးချယ်ခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။ ဤမိသားစုကြီးများ၏ သားသမီးများသည် ငယ်စဉ်ကတည်းက အလွန်မြင့်မားသောအဆင့်အထိ လေ့ကျင့်သင်ကြားခြင်းခံခဲ့ရပြီး ၎င်းတို့၏အဆင့်များသည် သာမန်မိသားစုများထက် များစွာမြင့်မားသောကြောင့် တိမ်တိုက်စိမ်းအမတဂိုဏ်းမှ အရာရှိများသည် ထိုမိသားစုကြီးများမှ တပည့်များကို ရွေးချယ်ရန်အတွက် သဘာဝအတိုင်း ဦးစားပေးခဲ့သည်။

ထို့အပြင် ကြီးမားသောမိသားစုများသည် ၎င်းတို့၏ကလေးများကို ရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည်ဖြစ်စေ တိမ်တိုက်စိမ်းအမတဂိုဏ်းမှ အရာရှိများအား လက်ဆောင်ကြီးတစ်ခုပေးမည်ဖြစ်သည်။ သို့သော်လည်း ဆင်းရဲသော မိသားစုများသည် ဤကဲ့သို့သော တန်ဖိုးကြီးသော လက်ဆောင်များကို ပေးဆောင်ရန် မတတ်နိုင်ပေ။

ဂိုဏ်း၏တပည့်လက်ခံခြင်းစံနှုန်းများသည် အလွန်မြင့်မားပြီး မြေရိုင်းတိုက်ကြီးတွင် မိသားစုကြီးအချို့ရှိသောကြောင့် ပြိုင်ဆိုင်မှုသည် အလွန်ပြင်းထန်သည်။

အိုးယန်ကျင်းယွဲ့သည် ယခုအကြိမ် ရွေးချယ်မှုတွင် ပါဝင်မည်ဖြစ်သည်။ အိုးယန်မိသားစု၏ ဘိုးဘေးများထဲမှ တစ်ဦးသည် ယခင်က ရွေးချယ်ခံခဲ့ရပြီး သူသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူ ဖြစ်နေပြီဟု ဆိုကြသည်။

သို့သော် ၎င်းသည် ကြာမြင့်နေပြီဖြစ်ပြီး၊ ဤရွှေအမြုတေအဆင့်ကျင့်ကြံသူသည် တိမ်တိုက်စိမ်းအမတဂိုဏ်းတွင် မျိုးဆက်များစွာရှိနေပြီဖြစ်သည်။ ထိုရွှေအမြုတေအဆင့်ကျင့်ကြံသူနှင့်ပတ်သက်သည့် အိုးယန်မိသားစုဝင်များသည်လည်း တယောက်ပြီးတယောက် သေဆုံးသွားကြပြီဖြစ်သည်။

ထိုရွှေအမြုတေအဆင့်ကျင့်ကြံသူဟာ အိုးယန်မိသားစုကို အလွန်ဂရုစိုက်ခဲ့သည်။ သို့သော် သူဂရုအစိုက်ဆုံးမှာ တိမ်တိုက်စိမ်းအမတဂိုဏ်းတွင်ရှိခဲ့သော သားသမီးများသာဖြစ်သည်။

အိုးယန်မိသားစု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုးယန်မိသားစုသည် နှစ်စဉ်နှစ်တိုင်း ရွေးချယ်မှုတွင် ပါဝင်ရန် သင့်လျော်သည့် အသက်အရွယ်ရှိသော ဆယ်ကျော်သက်များနှင့် ငယ်ရွယ်သော မိန်းကလေးများကို ရွေးချယ်ပို့ဆောင်မည်ဖြစ်သည်။ သို့သော် ပြိုင်ဆိုင်မှုပြင်းထန်သောကြောင့် ဆယ်စုနှစ်များစွာကြာအောင် မည်သူမျှ အရွေးမခံခဲ့ရပေ။ အိုးယန်ကျင်းယွဲ့၏ အရည်အချင်းများသည် အလွန်ကောင်းမွန်သည်ဟု ဆိုကြသည်။ ထို့ကြောင့် အိုးယန်မိသားစုသည် သူမအတွက် ယခုတစ်ကြိမ်တွင် မျှော်လင့်ချက်များစွာ ထားရှိခဲ့ကြသည်။

“ကောင်လေး.. မင်း ကြယ်မြို့တော်သွားတဲ့လမ်းကို သိလား?” အိုးယန်ကျင်းယွဲ့က ရှောင်ရှောင်ဖန်ကို မေးသည်။

ရှောင်ရှောင်ဖန်က ခေါင်းညိတ်ပြီး “ငါသိတယ်”

အိုးယန်ကျင်းယွဲ့က နှာခေါင်းရှုံ့လိုက်ပြီး “လူလိမ်” ဟုဆို၏။

ရှောင်ရှောင်ဖန်က သူ့ပါးကို ဖောင်းလိုက်ပြီး 

“ဘာလို့ လိမ်ရမှာလဲ? ငါတို့မှာ မြေပုံရှိတယ်”

အိုးယန်ကျင်းယွဲ့က မြေပုံကို တစ်ချက်ကြည့်လိုက်ပြီး “အဲဒီမြေပုံက မမှန်ဘူး။ ‌ဒီမြေပုံအရ မင်းတို့သွားနိုင်တဲ့အလွန်ဆုံးနေရာက ကြယ်မြို့တော်ရဲ့အစွန်အဖျားလောက်ပဲ။ အထဲကို ဝင်နိုင်မှာ မဟုတ်ဘူး”

“ဘာလို့ အထဲကို မဝင်နိုင်ရမှာလဲ!” ရှောင်ရှောင်ဖန်က မေးသည်။

“ကြယ်မြို့တော်တစ်ခုလုံးကို ပုံရိပ်ယောင်အခင်းအကျင်းတစ်ခုနဲ့ ဖုံးလွှမ်းထားတယ်” အိုးယန်ကျင်းယွဲ့က ဂုဏ်ယူစွာ ပြောသည်။

ရှောင်ရှောင်ဖန်၏ မျက်လုံးများ ပြူးကျယ်သွားကာ
“အဲဒါက ဘယ်လောက်ကြီးတဲ့ အခင်းအကျင်းပါလိမ့်?”

အိုးယန်ကျင်းယွဲ့က နှာခေါင်းရှုံ့လိုက်ပြီး “ဘယ်သိမလဲ.. ကြယ်မြို့တော်ရဲ့ ပုံရိပ်ယောင်အခင်းအကျင်းကို ရွှေအမြုတေအဆင့်ကျင့်ကြံသူက ပြုလုပ်ထားတာတဲ့”

“ရွှေအမြုတေအဆင့်ကျင့်ကြံသူ! သူက အရမ်း အစွမ်းထက်တာပဲလား?” ရှောင်ရှောင်ဖန်က မေးသည်။

အိုးယန်ကျင်းယွဲ့က ရှောင်ရှောင်ဖန်ကို အထင်သေးစွာ ကြည့်ပြီး “ရွှေအမြုတေအဆင့် ကျင့်ကြံသူက အစွမ်းထက်တဲ့သူ မဟုတ်ရင် ဘယ်သူဖြစ်မလဲ? ရွှေအမြုတေအဆင့်ကျင့်ကြံသူကိုတောင် မမြင်ဖူးဘူးလား?”

ရှောင်ရှောင်ဖန်က လေးလေးနက်နက် ခေါင်းညိတ်ပြပြီး “ငါ သူတို့ကို တစ်ခါမှ မတွေ့ဖူးဘူး! မင်းရော သူတို့ကို တွေ့ဖူးလား?”

ပြန်မေးခံလိုက်ရသဖြင့် အိုးယန်ကျင်းယွဲ့က အနည်းငယ်လန့်သွားပြီး “မတွေ့ဖူးဘူး” ဟု တုံ့ဆိုင်းစွာ ပြောလိုက်သည်။

ရှောင်ရှောင်ဖန်က အံ့ဩသွားပြီး

“မင်းတောင်မမြင်ဖူးပဲနဲ့ ငါ့ကိုအထင်သေးသလို လာပြောနေတာလား?”

“ကျင်းယွဲ့ ပြန်လာတော့”

အိုးယန်မင်ယွဲ့၏စကားကိုကြားပြီးနောက် အိုးယန်ကျင်းယွဲ့သည် ရှောင်ကျင့်ထျင်အား နှုတ်ဆက်ပြီး အိုးယန်မိသားစု၏ ယာဉ်တန်းဆီသို့ ပြန်သွားခဲ့သည်။

“သခင်မလေးကျင်းယွဲ့.. အဲ့လိုလူတွေနဲ့ ဘယ်လို ပေါင်းသင်းနိုင်ရတာလဲ? မင်းမသိနိုင်ပေမယ့် ရှောင်ကျင့်ထျင်က သူ့အစ်ကိုရဲ့ဇနီးကို လိုချင်တပ်မက်စိတ်ရှိခဲ့သလို သူကမူးယစ်ဆေးတွေလည်း သုံးခဲ့ဖူးတယ်တဲ့။ အဲဒါကြောင့် သူ့သားကလဲ ကိုယ်ကျင့်တရားကောင်းတဲ့လူ ဖြစ်မှာမဟုတ်ဘူး။ သခင်မလေးက ကြင်နာတတ်ပြီး  ဒီကမ္ဘာပေါ်မှာ လူဆိုးတွေ အများကြီးရှိတယ်။ မင်းသတိမထားမိခင် မင်းကို တစ်စုံတစ်ယောက်က အသုံးချသွားလိမ့်မယ်” အိုးယန်ကျင်းယွဲ့ ပြန်လာတာကိုမြင်တော့ ချန်းယွီက ပြောလိုက်သည်။

အိုးယန်ကျင်းယွဲ့က ချန်းယွီကို အနည်းငယ် မကျေမနပ် တစ်ချက်ကြည့်လိုက်ပြီး “အဒေါ်ယွီ၊ ဒီသတင်းအားလုံးကို ဘယ်က ကြားလာတာလဲ? ကောလဟာလတွေကို ယုံလို့မရဘူး”

အိုးယန်ကျင်းယွဲ့ ငယ်ငယ်တုန်းက ချန်းယွီကို အလွန်ချစ်ခင်ခဲ့သည်။ သို့သော် သူမ ကြီးပြင်းလာသည်နှင့်အမျှ သူမသည် ပို၍ ဥာဏ်ကောင်းလာပြီး ချန်းယွီသည် အမြဲတမ်း အလိမ်အညာများပြောကာ သူမအား ထိန်းချုပ်လိုသည်ကို သိခဲ့ရသောကြောင့် အိုးယန်ကျင်းယွဲ့သည် ချန်းယွီကို များစွာစိမ်းကားသွားခဲ့သည်။

ချန်းယွီသည် အိုးယန်ကျင်းယွဲ့ကို ကြည့်နေသော်လည်း ဘာစကားမှ မပြောနိုင်ပေ။

“အဒေါ်ယွီ မင်းသွားလို့ရပြီ” အိုးယန်ကျင်းယွဲ့က ချန်းယွီကို ပြောလိုက်သည်။

ချန်းယွီ၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ်  လှုပ်ခတ်သွားခဲ့သည်။

အိုးယန်မင်ယွဲ့သည် မျက်လုံးကိုမှေးကျင်းကာ တွေးလိုက်မိသည်။ ချန်းယွီသည် မူလက သူမအမေ၏ မိသားစုဘက်မှ ဖြစ်သည်။ အစပိုင်းတွင် သူမသည် ကျင်းယွဲ့အပေါ် အလွန်ကောင်းမွန်သော်လည်း မကြာသေးမီက သူမ၏နှလုံးသားသည် ပို၍မည်းနက်လာပုံ ရလေ၏။
……

ရှောင်ကျင့်ထျင်သည် အိုးယန်ကျင်းယွဲ့၏ စကားကိုတွေးရင်း သူ့မေးစေ့ကို ထိလိုက်သည်။

‘ကြယ်မြို့တော်က ပုံရိပ်ယောင်အခင်းအကျင်းနဲ့ ဖုံးအုပ်ထားတယ်တဲ့။ ဒါကြောင့် ကြယ်မြို့တော်ရဲ့ နယ်နိမိတ်ကို ရောက်ရင်တောင် ကြယ်မြို့တော်ကို ရှာမတွေ့ဘူးလို့ လူတွေပြောကြတာ... အံ့သြစရာတော့ မဟုတ်ပါဘူး’

ရှောင်ရှောင်ဖန်က သူ့နို့ဘူးကို ပွေ့ပိုက်ထားရင်း

“ဖေဖေ.. အဲဒီမိန်းကလေးရဲ့ အဆိုအရ တိမ်တိုက်စိမ်းအမတဂိုဏ်းက တော်တော်လွှမ်းမိုးနိုင်စွမ်းရှိတာပဲ!”

“ရှောင်ဖန် မင်းသွားချင်လား” ရှောင်ကျင့်ထျင်က ပြုံးပြီး မေးသည်။

ရှောင်ရှောင်ဖန်က ခေါင်းကိုအလျင်အမြန် ခါလိုက်ပြီး “သား မသွားချင်ဘူး!”

“ဘာကြောင့်လဲ?” ရှောင်ကျင့်ထျင်က မေးသည်။

ရှောင်ရှောင်ဖန်က “သား ဖေဖေတို့အနားမှာပဲ နေချင်တယ်” ဟု ရှက်ရွံ့စွာ ပြောလေ၏။

ရှောင်ကျင့်ထျင်သည် ရှောင်ရှောင်ဖန်၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး “အားကိုးလိုချင်တဲ့ ကောင်လေးပဲ!”

ရှောင်ရှောင်ဖန်သည် ရှောင်ကျင့်ထျင်၏လက်ကို ဆွဲကာ ရယ်မောလိုက်သည်။

ချန်းယွီသည် ပျော်ရွှင်စွာ နောက်ပြောင်ရယ်မောနေသော ရှောင်ကျင့်ထျင်နှင့် အခြားသူများထံသို့ ဒေါသတကြီး လျှောက်လာကာ

“မင်းက ရှောင်ချင်းယန်ရဲ့ ညီဖြစ်ပြီး မင်းရဲ့မရီးကိုတောင် နှစ်သက်ရဲတယ်။ မင်းက လူယုတ်မာပဲ!”

ရှောင်ကျင့်ထျင် “…..” သူသည် အချိန်အတော်ကြာကတည်းက ပြောင်းလဲသွားပြီဖြစ်သည်။ သူသည် ယခုအခါ ကန္တာရမြို့၌ သူ၏အကျင့်ဆိုးများကို ပြောင်းလဲခဲ့သူတစ်ယောက်အဖြစ် နာမည်ကြီးနေပြီဖြစ်သည်။ သဲကန္တာရမြို့က ဘယ်သူမဆို သူ့ကိုတွေ့ရင် လက်မ မထောင်ဘဲနေမှာလဲ? သို့သော် မြို့သခင်၏ အိမ်သူအိမ်သားများ၏ အမြင်တွင် သဲကန္တရမြို့မှ လူများသည် ကျေးလက်မှ မိုက်မဲသူများသာ ဖြစ်သည်။

“ဒါက အတိတ်မှာ ကျန်ခဲ့ပြီ” ရှောင်ကျင့်ထျင်က ပြောသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်က အတိတ်မှာလုပ်ခဲ့တာကိုတော့ သူငြင်းလို့မရပါချေ။

“ဟမ့်၊ လူ့သဘောသဘာဝက သဘာဝအတိုင်း ပြောင်းလဲဖို့ ခက်တယ်။ ဒါပေမယ့် အတိတ်ဆိုတာ အတိတ်ပဲလို့ လွယ်လွယ်ပြောနိုင်တယ်လေ” ချန်းယွီက အေးစက်စွာ ရယ်မောလိုက်သည်။

ရှောင်ကျင့်ထျင် “...” မြို့သခင်၏အိမ်တော်မှ လူဖြစ်ရခြင်းမှာ ဘယ်လောက် မွန်မြတ်နေလို့လဲ? ထို့အပြင် သူသည် ချီကျင့်ကြံခြင်း၏ သတ္တမမြောက်အဆင့် ကျင့်ကြံသူဖြစ်သည်။ ဤအမျိုးသမီးသည် ချီကျင့်ကြံခြင်းဆဋ္ဌမအဆင့်တွင်သာရှိသော်လည်း သူ့ကို လုံးဝအလေးအနက်မထားပေ။

ရှောင်ကျင့်ထျင်သည် သူ့မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး ‘ဒီနို့ထိန်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ’ ဟု တွေးလိုက်မိသည်။

“သခင်မလေးကျင်းယွဲ့က အိုးယန်မိသားစုရဲ့ အဆင့်အတန်းမြင့် သခင်‌မလေးပဲ။ သူ့ကိုယ်ပိုင်အဆင့်အတန်းကို အသိအမှတ်ပြုသင့်တယ်။ သူမနဲ့ မင်းတို့က တိမ်နဲ့ ရွှံ့တွေလို ကွာခြားတယ်။ မင်းဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ ငါသိတယ်နော်” ချန်းယွီက ပြောသည်။

ရှောင်ကျင့်ထျင် “…” သူမက ကလေးမလေးတစ်ယောက်ပဲ။ သူ့မှာ ဘယ်လိုစိတ်ကူးတွေရှိနိုင်မှာလဲ?

“တိမ်နဲ့ ရွှံ့က ဘယ်လိုကွာတာလဲ?” ရှောင်ရှောင်ဖန်က စိတ်ဝင်တစား မေးသည်။

ရှောင်ရှောင်ဖန်ကိုကြည့်ရင်း ချန်းယွီ၏မျက်နှာမှာ မည်းမှောင်သွားလေသည်။

“တိမ်နဲ့ ရွှံ့လို ကွာတယ်ဆိုတာ သခင်မလေးကျင်းယွဲ့က သာလွန်ပြီး မင်းတစ်သက်လုံး သူမကို အမှီလိုက်နိုင်မှာ မဟုတ်ဘူးလို့ ပြောတာပဲ”

ရှောင်ရှောင်ဖန်က “သူမက ကျွန်တော့်ထက် အများကြီး အရပ်မမြင့်ပါဘူး။ ကျွန်တော်မကြာသေးခင်က နည်းနည်း ကြီးထွားလာခဲ့တယ်။ မကြာခင် သူမထက် အရပ်ပိုမြင့်လာတော့မှာ”

ချန်းယွီက ရှောင်ရှောင်ဖန်ကို မျှော်လင့်ချက်မဲ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ရှောင်ရှောင်ဖန်က အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်၏။

“အရူးလေး” ချန်းယွီက နှာခေါင်းရှုံ့ပြီး လှည့်ထွက်သွားလေ၏။

ချန်းယွီ၏ မလိုလားနေသောပုံစံကို ကြည့်လိုက်သောအခါ ရှောင်ရှောင်တုန်၏ မျက်လုံးများမှာ အေးစက်လာတော့သည်။

05.11.2023

Thanks for reading ❤

Zawgyi

ေနဝင္ခ်ိန္တြင္ ေရွာင္က်င့္ထ်င္သည္ လွည္းကို ပုံမွန္အတိုင္း ေမာင္းႏွင္ခဲ့သည္။ သူသည္ ၾကယ္ၿမိဳ႕ေတာ္သို႔ ဦးတည္သြားရာလမ္းတြင္ ႀကီးမားေသာ ယာဥ္တန္းတစ္ခုႏွင့္ ေတြ႕ဆုံေလ၏။

ေရွာင္က်င့္ထ်င္သည္ ထိုယာဥ္တန္းတြင္ အသိမိတ္ေဆြအမ်ားအျပားကိုေတြ႕ရွိခဲ့ၿပီး တစ္ဦးမွာ အိုးယန္မင္ယြဲ႕ျဖစ္ၿပီး က်န္ႏွစ္ဦးမွာ အိုးယန္က်င္းႏွင့္ အိုးယန္က်င္းယြဲ႕ျဖစ္သည္။ မွန္ပါသည္၊ ေရွာင္က်င့္ထ်င္သည္ ၾကယ္ၿမိဳ႕ေတာ္သို႔ ဦးတည္ေနသည့္ အိုးယန္မိသားစုႏွင့္ ေတြ႕ဆုံခဲ့ျခင္းပင္။

ေရွာင္က်င့္ထ်င္ ေမာင္းႏွင္လာေသာလွည္းသည္ အိုးယန္ မိသားစု၏ ယာဥ္တန္းအနီးသို႔ေရာက္သည္ႏွင့္ တၿပိဳင္နက္ ၎တို႔အား ယာဥ္တန္းႏွင့္ ခပ္လွမ္းလွမ္းတြင္ေနပါရန္ အိုးယန္မိသားစု အေစာင့္အဖြဲ႕မွ ေတာင္းဆိုခဲ့ေလသည္။

ပ်င္းရိၿငီးေငြ႕ေနေသာ အိုးယန္က်င္းယြဲ႕သည္ ေရွာင္ေရွာင္ဖန္တို႔ကို ျမင္ေသာအခါ စကားေျပာရန္ ထြက္လာခဲ့သည္။

“ဦးေလးေရွာင္.... ဦးေလးေရာ ၾကယ္ၿမိဳ႕ေတာ္ကိုသြားဖို႔ စိတ္ကူးထားတာလား?” အိုးယန္က်င္းယြဲ႕သည္ ေရွာင္က်င့္ထ်င္ဆီသို႔ ေလွ်ာက္လာၿပီးေမးသည္။

ေရွာင္က်င့္ထ်င္က ေခါင္းညိတ္ၿပီး “ဟုတ္တယ္! မင္းေရာသြားမလို႔လား?”

အိုးယန္က်င္းယြဲ႕က ေခါင္းညိတ္ၿပီး “ဟုတ္တယ္!”

ေရွာင္ေရွာင္ဖန္က နို႔ဘူးကိုကိုင္ထားလ်က္ ျမင္းေပၚတြင္ထိုင္ကာ အိုးယန္က်င္းယြဲ႕ကို စူးစူးစိုက္စိုက္ၾကည့္ရင္း ေမးလိုက္၏။

“ညီမေလး.. မင္းကၾကယ္ၿမိဳ႕ေတာ္ကို ဘာသြားလုပ္မွာလဲ?”

အိုးယန္က်င္းယြဲ႕က ေဒါသတႀကီး ျဖစ္သြားၿပီး

“ငါက အစ္မႀကီးပါေနာ္”

ေရွာင္ေရွာင္ဖန္က သူတို႔ရဲ႕ အရပ္အျမင့္ကိုႏွိုင္းယွဥ္ဖို႔ ေလထဲတြင္ တြဲေလာင္းက်ေနသည့္ သူ႕ေျခေထာက္ေတြကိုလႈပ္ယမ္းလိုက္ၿပီး

“ၾကည့္စမ္း၊ ငါမင္းထက္ ပိုျမင့္ေနၿပီ” ဟု ေျပာလိုက္သည္။

အိုးယန္က်င္းယြဲ႕က မ်က္ေမွာင္ၾကဳတ္ကာ ေမးပင့္လိုက္ၿပီး “ယုံခ်င္ယုံ မယုံခ်င္ေန! ငါမင္းကို ကန္ခ်ပစ္မွာေနာ္?”

ေရွာင္ေရွာင္ဖန္က သူ႕ပါးကိုစူေဖာင္းလိုက္ၿပီး “မင္းက အရမ္းရက္စက္တာပဲ!”

အိုးယန္က်င္းယြဲ႕က ေအာင္ပြဲခံအၿပဳံးျဖင့္ “ေနာက္ဆုံးေတာ့လဲ မင္းေၾကာက္တာပဲမဟုတ္လား?” ဟုေျပာလိုက္သည္။

“သခင္မေလး.. ဒီမွာဘာလာလုပ္ေနတာလဲ၊ ယာဥ္တန္းကို ျမန္ျမန္ျပန္သြားရ​ေအာင္..... ဒီမွာ မလုံၿခဳံဘူး” သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ အိုးယန္က်င္းယြဲ႕အား စကားေျပာေနစဥ္ ေရွာင္က်င့္ထ်င္တို႔အား ဂ႐ုမစိုက္သလို တစ္ခ်က္ၾကည့္လိုက္သည္။

ေရွာင္က်င့္ထ်င္သည္ သက္လတ္ပိုင္းအမ်ိဳးသမီးကို ဘာသိဘာသာ ၾကည့္လိုက္၏။ သက္လတ္ပိုင္းအမ်ိဳးသမီးသည္ ခ်ီက်င့္ႀကံဆင့္ ဆ႒မအဆင့္က်င့္ႀကံသူျဖစ္ေသာေၾကာင့္ သူႏွင့္ ႐ႊီမုရန္ကိုၾကည့္လိုက္ေသာအခါတြင္ သူမ၏မ်က္လုံးမ်ားသည္ အထင္အျမင္ေသးမႈမ်ား ျပည့္ႏွက္ေနၿပီး သူတို႔မိသားစုသည္ သူတို႔အား စြန္းထင္းေစမည့္ စက္ဆုပ္ဖြယ္အရာတစ္ခုျဖစ္ေနသကဲ့သို႔ပင္။

အိုးယန္က်င္းယြဲ႕က မ်က္ေမွာင္ၾကဳတ္ၿပီး “အရင္သြားႏွင့္၊ ခဏေနၿပီးမွ ျပန္လာခဲ့မယ္”

“သခင္မေလး.. မင္းက ငယ္ေသးလို႔ လွည့္စားရလြယ္တယ္” ေရွာင္က်င့္ထ်င္ကိုၾကည့္ရင္း သက္လတ္ပိုင္း အမ်ိဳးသမီးသည္ အလြန္စိုးရိမ္ရေသာ အမူအရာျဖင့္ ေျပာလိုက္သည္။

ေရွာင္က်င့္ထ်င္က မ်က္လုံးျပဴးသြားသည္။ သူက လူလိမ္တစ္ေယာက္႐ုပ္ ေပါက္ေနလား? သူ၏ကမာၻမွာ ရွိခဲ့တုန္းက သူဟာ အက်င့္စာရိတၱ၊ ဉာဏ္ရည္ဉာဏ္ေသြး၊ ကိုယ္လုံးကိုယ္ေပါက္နဲ႕ ႐ုပ္ရည္ ဘက္စုံေကာင္းမြန္​ေသာ ေက်ာင္းသားေကာင္းတစ္ေယာက္ပင္။ သူသည္ ေျဖာင့္မတ္သူတစ္ဦးျဖစ္ပါ၏!

အိုးယန္က်င္းယြဲ႕ အနည္းငယ္ စိတ္မရွည္ျဖစ္လာသည္။

“အေဒၚယြီ.... ငါက အသက္ႀကီးေနၿပီ။ လြယ္လြယ္နဲ႕ လွည့္စားခံရမွာ မဟုတ္ဘူး”

“သခင္မေလး၊ မင္းအသက္က ေျခာက္ႏွစ္ပဲရွိပါေသးတယ္” ခ်န္းယြီက ၿပဳံးၿပဳံးေလးေျပာလိုက္သည္။

အိုးယန္က်င္းယြဲ႕က မေက်မနပ္ျဖစ္လာသည္။

“ေျခာက္ႏွစ္က ဘာျဖစ္ေနလို႔လဲ? ငါက အသက္ေျခာက္ႏွစ္ရွိေနၿပီ။ ဘာပဲျဖစ္ျဖစ္ အေစာင့္အၾကပ္ေတြ အမ်ားႀကီးလဲ ရွိေနတာပဲေလ။ ဒီမွာေနဖို႔က ဘာျပႆနာရွိလို႔လဲ?”

ခ်န္းယြီက တစ္ခုခုေျပာခ်င္ေနေသးေပမယ့္ အိုးယန္က်င္းယြဲ႕က စိတ္မရွည္စြာ လက္ကိုေဝွ႕ယမ္းလိုက္ေလသည္။

“ေတာ္ေလာက္ၿပီ အေဒၚယြီ.. စကားေတြ ရပ္လိုက္ေတာ့။ ငါက ကေလးမဟုတ္ေတာ့ဘူး၊ စကားမေျပာနဲ႕ေတာ့”

အိုးယန္က်င္းယြဲ႕သည္ ငယ္႐ြယ္ေသာ္လည္း သူမတြင္ ျမင့္မားေသာ အဆင့္အတန္းရွိသည္။

ခ်န္းယြီ၏မ်က္ႏွာသည္ ေျပာင္းလဲသြားၿပီး အိုးယန္က်င္းယြဲ႕ကို ေဒါသမထြက္ရဲေပ။ သူမသည္ ေရွာင္က်င့္ထ်င္ႏွင့္ ႐ႊီမုရန္ကိုသာ စိုက္ၾကည့္ေနသည္။

ေရွာင္က်င့္ထ်င္သည္ အနည္းငယ္ စိတ္ဓာတ္က်ျခင္းကို မခံစားဘဲ မေနနိုင္ေပ။

‘ေပ်ာ့ညံ့သူမ်ားသည္ အလြယ္တကူ အနိုင္က်င့္ခံရသည္’ ဟု ေတြးေနမိသည္။ ထိုအမ်ိဳးသမီးက အိုးယန္က်င္းယြဲ႕ကို မေစာ္ကားဝံ့ေပမယ့္ သူတို႔ကိုေတာ့ မထီမဲ့ျမင္ျပဳေနေလ၏။

‘သူ႕ကို ေျခာက္ႏွစ္သမီးေလာက္ေတာင္ မေၾကာက္ဘူးပဲ!’ ေရွာင္က်င့္ထ်င္သည္ ေလးနက္ေသာ စိတ္ပ်က္အားငယ္မႈကို ခံစားလိုက္ရသည္။

ေရွာင္က်င့္ထ်င္သည္ ခ်န္းယြီက အိုးယန္မင္ယြဲ႕ဆီသို႔ တည့္တည့္ျပန္သြားၿပီး သူမ၏နားထဲသို႔ တစ္စုံတစ္ခုကို ေရ႐ြတ္လိုက္သည္ကို ျမင္လိုက္သည္။

ေရွာင္က်င့္ထ်င္သည္ မွန္းဆရန္ မလိုအပ္ဘဲ ထိုအမ်ိဳးသမီးသည္ စကားေကာင္းေျပာလိမ့္မည္မဟုတ္ေၾကာင္း သိသည္။

ခ်န္းယြီသည္ ခ်ီက်င့္ႀကံျခင္းဆ႒မအဆင့္တြင္သာရွိေသာ္လည္း သူမသည္ ၿမိဳ႕သခင္၏ေနာက္ခံကို အားကိုးကာ သူ႕တို႔ကို ႏွိမ့္ခ်ခဲ့သည္။

ေရွာင္က်င့္ထ်င္သည္ ဤကမာၻအား သန႔္ရွင္းေသာ က်င့္ႀကံမႈကမာၻတစ္ခုဟု အၿမဲလိုလို ခံစားေနခဲ့သည္။ သို႔ေသာ္ ဤကမာၻႀကီးမွာ ေနာက္ခံဟာ အေရးႀကီးေၾကာင္း ႐ုတ္တရက္ သူသေဘာေပါက္သြားေလ၏။

“အဲဒီအမ်ိဳးသမီးက ဘယ္သူလဲ? မင္းနဲ႕ ဘာေတာ္တာလဲ?” ေရွာင္ေရွာင္ဖန္က ေမးသည္။

“သူမက ငါ့ရဲ႕နို႔ထိန္းပဲ” အိုးယန္က်င္းယြဲ႕ က ေျပာသည္။

ေရွာင္ေရွာင္ဖန္က သူမကို စိုက္ၾကည့္ၿပီး “မင္းကအသက္ႀကီးေနေပမယ့္ နို႔ေသာက္ေနတုန္းပဲ!”

အိုးယန္က်င္းယြဲ႕က ေဒါသတႀကီးနဲ႕ “ငါနို႔ျပတ္တာ ၾကာၿပီ! ဒါေပမယ့္ သူမက ငါ့ကို အၿမဲတမ္း လိုက္ဂ႐ုစိုက္ေနတာ”

ေရွာင္ေရွာင္ဖန္က ေခါင္းညိတ္ၿပီး “အဲ့လိုကိုး”

အိုးယန္က်င္းယြဲ႕က ေရွာင္ေရွာင္ဖန္ရဲ႕ လက္ထဲက နို႔ဘူးကို ၾကည့္ၿပီး ေဒါသတႀကီးနဲ႕ ေျပာသည္။

“ မင္းကမ်ား ငါ့ကို ေမးရဲတယ္! မင္းလက္ထဲမွာ ဘာကိုင္ထားလဲျပန္ၾကည့္အုံး။ သားရဲနို႔ေတြ! မင္းအသက္ႀကီးေနၿပီ၊ နို႔ေသာက္ေနတုန္းပဲ”

ေရွာင္ေရွာင္ဖန္က ဟြန႔္ကနဲ အသံျပဳလိုက္ၿပီး

“မင္းနားမလည္ပါဘူး။ ဒါက သားရဲနို႔မဟုတ္ဘူး။ ေယာက္်ားေလးေတြ ေသာက္ရတဲ့ နို႔ေသရည္ပဲ”

အိုးယန္က်င္းယြဲ႕က ေရွာင္ေရွာင္ဖန္ကို သံသယ အနည္းငယ္နဲ႕ ၾကည့္ၿပီး “တကယ္လား? ဒါေပမယ့္ ေသရည္အနံ႕ လုံးဝမရပါဘူး၊ ႏြားနို႔ အနံ႕က ပိုေမႊးတယ္”

ေရွာင္ေရွာင္ဖန္က ညင္ညင္သာသာ ႏွာေခါင္းရႈံ႕လိုက္ၿပီး

“အျမင္ကိုမရွိဘူး! ဒါက နို႔ေသရည္ပဲ”

“မဟုတ္တာ.. အဲဒါက သားရဲနို႔ပါ။ ဒါေပမယ့္ မင္းကေတာ့ ေသရည္လို႔ ဟန္ေဆာင္ေနတုန္းပဲ။ အရွက္ကိုမရွိဘူး” အိုးယန္က်င္းယြဲ႕က ရႈံ႕ခ်စြာေျပာသည္။

“ဒါက တကယ့္ေသရည္ပါ။ ဘယ္သူက ဟန္ေဆာင္ေနလို႔လဲ?” ေရွာင္ေရွာင္ဖန္က မေက်မနပ္နဲ႕ ေျပာလိုက္သည္။

“အိုးယန္မိန္းကေလး.. မင္း ၾကယ္ၿမိဳ႕ေတာ္မွာ ဘာလုပ္မလို႔လဲ?” ေရွာင္ေရွာင္တုန္က သူေမးေသာအခါတြင္ အျပစ္ကင္းေသာ အမူအရာတစ္ခုကို ထုတ္ေဖာ္လိုက္သည္။

ေရွာင္ေရွာင္တုန္၏ အျပစ္ကင္းၿပီး စပ္စုေသာအမူအရာကိုျမင္လွ်င္ ေရွာင္က်င့္ထ်င္သည္ သူ႕ႏွာေခါင္းကို မပြတ္သပ္ဘဲ မေနနိုင္ေပ။

“ငါေ႐ြးခ်ယ္ပြဲတက္မလို႔” အိုးယန္က်င္းယြဲ႕က ေျပာသည္။

ေရွာင္ေရွာင္တုန္က စူးစမ္းလိုစိတ္ျဖင့္ ေမး၏။ “ဘယ္လိုေ႐ြးခ်ယ္မႈမ်ိဳးလဲ?”

ေရွာင္ေရွာင္တုန္သည္ ေမးခြန္းမ်ားစြာကို သြယ္ဝိုက္ေမးျမန္းခဲ့သည္။ ဥပမာအားျဖင့္၊ ၾကယ္ၿမိဳ႕ေတာ္တြင္ တိမ္တိုက္စိမ္းအမတဂိုဏ္းမွ ဆင္းသက္လာေသာ က်င့္ႀကံသူမ်ား မ်ားစြာရွိသည္။ ေျမရိုင္းတိုက္ႀကီးသည္ အတိုင္းအတာတစ္ခုအထိ တိမ္တိုက္စိမ္းအမတဂိုဏ္း၏ နယ္ေျမဟု ဆိုနိုင္ေသာ္လည္း တိမ္တိုက္စိမ္းအမတဂိုဏ္းသည္ အႏွီေနရာကို သိပ္ဂ႐ုမစိုက္ေပ။ သူတို႔သည္ ဤတိုက္ႀကီးကို စီမံခန႔္ခြဲရန္ တပ္ဖြဲ႕အခ်ိဳ႕ကို လွ်ို႔ဝွက္စြာ ပံ့ပိုးေပးခဲ့သည္။

(ဒီေနရာမွာ ေျမရိုင္းတိုက္ႀကီးဆိုတာ အာရွတိုက္တို႔ အေမရိကတိုက္တို႔လို တိုက္ႀကီးတစ္ခုကို ေျပာတာပါ)

ၿမိဳ႕သခင္၏အိမ္သည္ တိမ္တိုက္စိမ္းအမတဂိုဏ္းမွပံ့ပိုးထားေသာ မိသားစုမ်ားထဲမွတစ္ခုျဖစ္ၿပီး၊ ဂိုဏ္းသည္ တပည့္အခ်ိဳ႕ကိုစုေဆာင္းရန္အတြက္ ေျမရိုင္းတိုက္ႀကီးသို႔ ပုံမွန္လာေရာက္ေလ့ရွိသည္။ ယခင္ခ်ိန္တုန္းက အရည္အခ်င္းေကာင္းရွိသူမ်ားကိုသာ ေ႐ြးခ်ယ္ စုေဆာင္းျခင္းျဖစ္သည္။ သို႔ေသာ္ အခ်ိန္ၾကာလာသည္ႏွင့္အမွ်၊ ဂိုဏ္း၏တပည့္ခြဲတမ္းကို အဓိကမိသားစုမ်ားအား ဦးစားေပးထားေသာေၾကာင့္ ဂိုဏ္းမွလူမ်ားကို ယခုအခါ အဓိကအင္အားစုမ်ားမွ တိုက္ရိုက္ေ႐ြးခ်ယ္ၾကသည္။

ေျမရိုင္းတိုက္ႀကီးတြင္ မေရမတြက္နိုင္ေသာ လူငယ္မ်ားစြာရွိၿပီး အရည္အခ်င္းရွိေသာ တပည့္မ်ားကို ေ႐ြးခ်ယ္ျခင္းသည္ လြယ္ကူေသာ အလုပ္မဟုတ္ေပ။ ဤမိသားစုႀကီးမ်ား၏ သားသမီးမ်ားသည္ ငယ္စဥ္ကတည္းက အလြန္ျမင့္မားေသာအဆင့္အထိ ေလ့က်င့္သင္ၾကားျခင္းခံခဲ့ရၿပီး ၎တို႔၏အဆင့္မ်ားသည္ သာမန္မိသားစုမ်ားထက္ မ်ားစြာျမင့္မားေသာေၾကာင့္ တိမ္တိုက္စိမ္းအမတဂိုဏ္းမွ အရာရွိမ်ားသည္ ထိုမိသားစုႀကီးမ်ားမွ တပည့္မ်ားကို ေ႐ြးခ်ယ္ရန္အတြက္ သဘာဝအတိုင္း ဦးစားေပးခဲ့သည္။

ထို႔အျပင္ ႀကီးမားေသာမိသားစုမ်ားသည္ ၎တို႔၏ကေလးမ်ားကို ေ႐ြးခ်ယ္သည္ျဖစ္ေစ မေ႐ြးခ်ယ္သည္ျဖစ္ေစ တိမ္တိုက္စိမ္းအမတဂိုဏ္းမွ အရာရွိမ်ားအား လက္ေဆာင္ႀကီးတစ္ခုေပးမည္ျဖစ္သည္။ သို႔ေသာ္လည္း ဆင္းရဲေသာ မိသားစုမ်ားသည္ ဤကဲ့သို႔ေသာ တန္ဖိုးႀကီးေသာ လက္ေဆာင္မ်ားကို ေပးေဆာင္ရန္ မတတ္နိုင္ေပ။

ဂိုဏ္း၏တပည့္လက္ခံျခင္းစံႏႈန္းမ်ားသည္ အလြန္ျမင့္မားၿပီး ေျမရိုင္းတိုက္ႀကီးတြင္ မိသားစုႀကီးအခ်ိဳ႕ရွိေသာေၾကာင့္ ၿပိဳင္ဆိုင္မႈသည္ အလြန္ျပင္းထန္သည္။

အိုးယန္က်င္းယြဲ႕သည္ ယခုအႀကိမ္ ေ႐ြးခ်ယ္မႈတြင္ ပါဝင္မည္ျဖစ္သည္။ အိုးယန္မိသားစု၏ ဘိုးေဘးမ်ားထဲမွ တစ္ဦးသည္ ယခင္က ေ႐ြးခ်ယ္ခံခဲ့ရၿပီး သူသည္ ေ႐ႊအျမဳေတအဆင့္က်င့္ႀကံသူ ျဖစ္ေနၿပီဟု ဆိုၾကသည္။

သို႔ေသာ္ ၎သည္ ၾကာျမင့္ေနၿပီျဖစ္ၿပီး၊ ဤေ႐ႊအျမဳေတအဆင့္က်င့္ႀကံသူသည္ တိမ္တိုက္စိမ္းအမတဂိုဏ္းတြင္ မ်ိဳးဆက္မ်ားစြာရွိေနၿပီျဖစ္သည္။ ထိုေ႐ႊအျမဳေတအဆင့္က်င့္ႀကံသူႏွင့္ပတ္သက္သည့္ အိုးယန္မိသားစုဝင္မ်ားသည္လည္း တေယာက္ၿပီးတေယာက္ ေသဆုံးသြားၾကၿပီျဖစ္သည္။

ထိုေ႐ႊအျမဳေတအဆင့္က်င့္ႀကံသူဟာ အိုးယန္မိသားစုကို အလြန္ဂ႐ုစိုက္ခဲ့သည္။ သို႔ေသာ္ သူဂ႐ုအစိုက္ဆုံးမွာ တိမ္တိုက္စိမ္းအမတဂိုဏ္းတြင္ရွိခဲ့ေသာ သားသမီးမ်ားသာျဖစ္သည္။

အိုးယန္မိသားစု ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အိုးယန္မိသားစုသည္ ႏွစ္စဥ္ႏွစ္တိုင္း ေ႐ြးခ်ယ္မႈတြင္ ပါဝင္ရန္ သင့္ေလ်ာ္သည့္ အသက္အ႐ြယ္ရွိေသာ ဆယ္ေက်ာ္သက္မ်ားႏွင့္ ငယ္႐ြယ္ေသာ မိန္းကေလးမ်ားကို ေ႐ြးခ်ယ္ပို႔ေဆာင္မည္ျဖစ္သည္။ သို႔ေသာ္ ၿပိဳင္ဆိုင္မႈျပင္းထန္ေသာေၾကာင့္ ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ မည္သူမွ် အေ႐ြးမခံခဲ့ရေပ။ အိုးယန္က်င္းယြဲ႕၏ အရည္အခ်င္းမ်ားသည္ အလြန္ေကာင္းမြန္သည္ဟု ဆိုၾကသည္။ ထို႔ေၾကာင့္ အိုးယန္မိသားစုသည္ သူမအတြက္ ယခုတစ္ႀကိမ္တြင္ ေမွ်ာ္လင့္ခ်က္မ်ားစြာ ထားရွိခဲ့ၾကသည္။

“ေကာင္ေလး.. မင္း ၾကယ္ၿမိဳ႕ေတာ္သြားတဲ့လမ္းကို သိလား?” အိုးယန္က်င္းယြဲ႕က ေရွာင္ေရွာင္ဖန္ကို ေမးသည္။

ေရွာင္ေရွာင္ဖန္က ေခါင္းညိတ္ၿပီး “ငါသိတယ္”

အိုးယန္က်င္းယြဲ႕က ႏွာေခါင္းရႈံ႕လိုက္ၿပီး “လူလိမ္” ဟုဆို၏။

ေရွာင္ေရွာင္ဖန္က သူ႕ပါးကို ေဖာင္းလိုက္ၿပီး 

“ဘာလို႔ လိမ္ရမွာလဲ? ငါတို႔မွာ ေျမပုံရွိတယ္”

အိုးယန္က်င္းယြဲ႕က ေျမပုံကို တစ္ခ်က္ၾကည့္လိုက္ၿပီး “အဲဒီေျမပုံက မမွန္ဘူး။ ‌ဒီေျမပုံအရ မင္းတို႔သြားနိုင္တဲ့အလြန္ဆုံးေနရာက ၾကယ္ၿမိဳ႕ေတာ္ရဲ႕အစြန္အဖ်ားေလာက္ပဲ။ အထဲကို ဝင္နိုင္မွာ မဟုတ္ဘူး”

“ဘာလို႔ အထဲကို မဝင္နိုင္ရမွာလဲ!” ေရွာင္ေရွာင္ဖန္က ေမးသည္။

“ၾကယ္ၿမိဳ႕ေတာ္တစ္ခုလုံးကို ပုံရိပ္ေယာင္အခင္းအက်င္းတစ္ခုနဲ႕ ဖုံးလႊမ္းထားတယ္” အိုးယန္က်င္းယြဲ႕က ဂုဏ္ယူစြာ ေျပာသည္။

ေရွာင္ေရွာင္ဖန္၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားကာ
“အဲဒါက ဘယ္ေလာက္ႀကီးတဲ့ အခင္းအက်င္းပါလိမ့္?”

အိုးယန္က်င္းယြဲ႕က ႏွာေခါင္းရႈံ႕လိုက္ၿပီး “ဘယ္သိမလဲ.. ၾကယ္ၿမိဳ႕ေတာ္ရဲ႕ ပုံရိပ္ေယာင္အခင္းအက်င္းကို ေ႐ႊအျမဳေတအဆင့္က်င့္ႀကံသူက ျပဳလုပ္ထားတာတဲ့”

“ေ႐ႊအျမဳေတအဆင့္က်င့္ႀကံသူ! သူက အရမ္း အစြမ္းထက္တာပဲလား?” ေရွာင္ေရွာင္ဖန္က ေမးသည္။

အိုးယန္က်င္းယြဲ႕က ေရွာင္ေရွာင္ဖန္ကို အထင္ေသးစြာ ၾကည့္ၿပီး “ေ႐ႊအျမဳေတအဆင့္ က်င့္ႀကံသူက အစြမ္းထက္တဲ့သူ မဟုတ္ရင္ ဘယ္သူျဖစ္မလဲ? ေ႐ႊအျမဳေတအဆင့္က်င့္ႀကံသူကိုေတာင္ မျမင္ဖူးဘူးလား?”

ေရွာင္ေရွာင္ဖန္က ေလးေလးနက္နက္ ေခါင္းညိတ္ျပၿပီး “ငါ သူတို႔ကို တစ္ခါမွ မေတြ႕ဖူးဘူး! မင္းေရာ သူတို႔ကို ေတြ႕ဖူးလား?”

ျပန္ေမးခံလိုက္ရသျဖင့္ အိုးယန္က်င္းယြဲ႕က အနည္းငယ္လန႔္သြားၿပီး “မေတြ႕ဖူးဘူး” ဟု တုံ႕ဆိုင္းစြာ ေျပာလိုက္သည္။

ေရွာင္ေရွာင္ဖန္က အံ့ဩသြားၿပီး

“မင္းေတာင္မျမင္ဖူးပဲနဲ႕ ငါ့ကိုအထင္ေသးသလို လာေျပာေနတာလား?”

“က်င္းယြဲ႕ ျပန္လာေတာ့”

အိုးယန္မင္ယြဲ႕၏စကားကိုၾကားၿပီးေနာက္ အိုးယန္က်င္းယြဲ႕သည္ ေရွာင္က်င့္ထ်င္အား ႏႈတ္ဆက္ၿပီး အိုးယန္မိသားစု၏ ယာဥ္တန္းဆီသို႔ ျပန္သြားခဲ့သည္။

“သခင္မေလးက်င္းယြဲ႕.. အဲ့လိုလူေတြနဲ႕ ဘယ္လို ေပါင္းသင္းနိုင္ရတာလဲ? မင္းမသိနိုင္ေပမယ့္ ေရွာင္က်င့္ထ်င္က သူ႕အစ္ကိုရဲ႕ဇနီးကို လိုခ်င္တပ္မက္စိတ္ရွိခဲ့သလို သူကမူးယစ္ေဆးေတြလည္း သုံးခဲ့ဖူးတယ္တဲ့။ အဲဒါေၾကာင့္ သူ႕သားကလဲ ကိုယ္က်င့္တရားေကာင္းတဲ့လူ ျဖစ္မွာမဟုတ္ဘူး။ သခင္မေလးက ၾကင္နာတတ္ၿပီး  ဒီကမာၻေပၚမွာ လူဆိုးေတြ အမ်ားႀကီးရွိတယ္။ မင္းသတိမထားမိခင္ မင္းကို တစ္စုံတစ္ေယာက္က အသုံးခ်သြားလိမ့္မယ္” အိုးယန္က်င္းယြဲ႕ ျပန္လာတာကိုျမင္ေတာ့ ခ်န္းယြီက ေျပာလိုက္သည္။

အိုးယန္က်င္းယြဲ႕က ခ်န္းယြီကို အနည္းငယ္ မေက်မနပ္ တစ္ခ်က္ၾကည့္လိုက္ၿပီး “အေဒၚယြီ၊ ဒီသတင္းအားလုံးကို ဘယ္က ၾကားလာတာလဲ? ေကာလဟာလေတြကို ယုံလို႔မရဘူး”

အိုးယန္က်င္းယြဲ႕ ငယ္ငယ္တုန္းက ခ်န္းယြီကို အလြန္ခ်စ္ခင္ခဲ့သည္။ သို႔ေသာ္ သူမ ႀကီးျပင္းလာသည္ႏွင့္အမွ် သူမသည္ ပို၍ ဥာဏ္ေကာင္းလာၿပီး ခ်န္းယြီသည္ အၿမဲတမ္း အလိမ္အညာမ်ားေျပာကာ သူမအား ထိန္းခ်ဳပ္လိုသည္ကို သိခဲ့ရေသာေၾကာင့္ အိုးယန္က်င္းယြဲ႕သည္ ခ်န္းယြီကို မ်ားစြာစိမ္းကားသြားခဲ့သည္။

ခ်န္းယြီသည္ အိုးယန္က်င္းယြဲ႕ကို ၾကည့္ေနေသာ္လည္း ဘာစကားမွ မေျပာနိုင္ေပ။

“အေဒၚယြီ မင္းသြားလို႔ရၿပီ” အိုးယန္က်င္းယြဲ႕က ခ်န္းယြီကို ေျပာလိုက္သည္။

ခ်န္းယြီ၏ ႏႈတ္ခမ္းေထာင့္မ်ားသည္ အနည္းငယ္  လႈပ္ခတ္သြားခဲ့သည္။

အိုးယန္မင္ယြဲ႕သည္ မ်က္လုံးကိုေမွးက်င္းကာ ေတြးလိုက္မိသည္။ ခ်န္းယြီသည္ မူလက သူမအေမ၏ မိသားစုဘက္မွ ျဖစ္သည္။ အစပိုင္းတြင္ သူမသည္ က်င္းယြဲ႕အေပၚ အလြန္ေကာင္းမြန္ေသာ္လည္း မၾကာေသးမီက သူမ၏ႏွလုံးသားသည္ ပို၍မည္းနက္လာပုံ ရေလ၏။
……

ေရွာင္က်င့္ထ်င္သည္ အိုးယန္က်င္းယြဲ႕၏ စကားကိုေတြးရင္း သူ႕ေမးေစ့ကို ထိလိုက္သည္။

‘ၾကယ္ၿမိဳ႕ေတာ္က ပုံရိပ္ေယာင္အခင္းအက်င္းနဲ႕ ဖုံးအုပ္ထားတယ္တဲ့။ ဒါေၾကာင့္ ၾကယ္ၿမိဳ႕ေတာ္ရဲ႕ နယ္နိမိတ္ကို ေရာက္ရင္ေတာင္ ၾကယ္ၿမိဳ႕ေတာ္ကို ရွာမေတြ႕ဘူးလို႔ လူေတြေျပာၾကတာ... အံ့ၾသစရာေတာ့ မဟုတ္ပါဘူး’

ေရွာင္ေရွာင္ဖန္က သူ႕နို႔ဘူးကို ေပြ႕ပိုက္ထားရင္း

“ေဖေဖ.. အဲဒီမိန္းကေလးရဲ႕ အဆိုအရ တိမ္တိုက္စိမ္းအမတဂိုဏ္းက ေတာ္ေတာ္လႊမ္းမိုးနိုင္စြမ္းရွိတာပဲ!”

“ေရွာင္ဖန္ မင္းသြားခ်င္လား” ေရွာင္က်င့္ထ်င္က ၿပဳံးၿပီး ေမးသည္။

ေရွာင္ေရွာင္ဖန္က ေခါင္းကိုအလ်င္အျမန္ ခါလိုက္ၿပီး “သား မသြားခ်င္ဘူး!”

“ဘာေၾကာင့္လဲ?” ေရွာင္က်င့္ထ်င္က ေမးသည္။

ေရွာင္ေရွာင္ဖန္က “သား ေဖေဖတို႔အနားမွာပဲ ေနခ်င္တယ္” ဟု ရွက္႐ြံ႕စြာ ေျပာေလ၏။

ေရွာင္က်င့္ထ်င္သည္ ေရွာင္ေရွာင္ဖန္၏ ေခါင္းကို ပြတ္သပ္လိုက္ၿပီး “အားကိုးလိုခ်င္တဲ့ ေကာင္ေလးပဲ!”

ေရွာင္ေရွာင္ဖန္သည္ ေရွာင္က်င့္ထ်င္၏လက္ကို ဆြဲကာ ရယ္ေမာလိုက္သည္။

ခ်န္းယြီသည္ ေပ်ာ္႐ႊင္စြာ ေနာက္ေျပာင္ရယ္ေမာေနေသာ ေရွာင္က်င့္ထ်င္ႏွင့္ အျခားသူမ်ားထံသို႔ ေဒါသတႀကီး ေလွ်ာက္လာကာ

“မင္းက ေရွာင္ခ်င္းယန္ရဲ႕ ညီျဖစ္ၿပီး မင္းရဲ႕မရီးကိုေတာင္ ႏွစ္သက္ရဲတယ္။ မင္းက လူယုတ္မာပဲ!”

ေရွာင္က်င့္ထ်င္ “…..” သူသည္ အခ်ိန္အေတာ္ၾကာကတည္းက ေျပာင္းလဲသြားၿပီျဖစ္သည္။ သူသည္ ယခုအခါ ကႏၲာရၿမိဳ႕၌ သူ၏အက်င့္ဆိုးမ်ားကို ေျပာင္းလဲခဲ့သူတစ္ေယာက္အျဖစ္ နာမည္ႀကီးေနၿပီျဖစ္သည္။ သဲကႏၲာရၿမိဳ႕က ဘယ္သူမဆို သူ႕ကိုေတြ႕ရင္ လက္မ မေထာင္ဘဲေနမွာလဲ? သို႔ေသာ္ ၿမိဳ႕သခင္၏ အိမ္သူအိမ္သားမ်ား၏ အျမင္တြင္ သဲကႏၲရၿမိဳ႕မွ လူမ်ားသည္ ေက်းလက္မွ မိုက္မဲသူမ်ားသာ ျဖစ္သည္။

“ဒါက အတိတ္မွာ က်န္ခဲ့ၿပီ” ေရွာင္က်င့္ထ်င္က ေျပာသည္။ မူလခႏၶာကိုယ္ပိုင္ရွင္က အတိတ္မွာလုပ္ခဲ့တာကိုေတာ့ သူျငင္းလို႔မရပါေခ်။

“ဟမ့္၊ လူ႕သေဘာသဘာဝက သဘာဝအတိုင္း ေျပာင္းလဲဖို႔ ခက္တယ္။ ဒါေပမယ့္ အတိတ္ဆိုတာ အတိတ္ပဲလို႔ လြယ္လြယ္ေျပာနိုင္တယ္ေလ” ခ်န္းယြီက ေအးစက္စြာ ရယ္ေမာလိုက္သည္။

ေရွာင္က်င့္ထ်င္ “...” ၿမိဳ႕သခင္၏အိမ္ေတာ္မွ လူျဖစ္ရျခင္းမွာ ဘယ္ေလာက္ မြန္ျမတ္ေနလို႔လဲ? ထို႔အျပင္ သူသည္ ခ်ီက်င့္ႀကံျခင္း၏ သတၱမေျမာက္အဆင့္ က်င့္ႀကံသူျဖစ္သည္။ ဤအမ်ိဳးသမီးသည္ ခ်ီက်င့္ႀကံျခင္းဆ႒မအဆင့္တြင္သာရွိေသာ္လည္း သူ႕ကို လုံးဝအေလးအနက္မထားေပ။

ေရွာင္က်င့္ထ်င္သည္ သူ႕မ်က္လုံးမ်ားကို ေမွးက်ဥ္းလိုက္ၿပီး ‘ဒီနို႔ထိန္းက ဘယ္ေလာက္ေတာင္ ေၾကာက္စရာေကာင္းလိုက္လဲ’ ဟု ေတြးလိုက္မိသည္။

“သခင္မေလးက်င္းယြဲ႕က အိုးယန္မိသားစုရဲ႕ အဆင့္အတန္းျမင့္ သခင္‌မေလးပဲ။ သူ႕ကိုယ္ပိုင္အဆင့္အတန္းကို အသိအမွတ္ျပဳသင့္တယ္။ သူမနဲ႕ မင္းတို႔က တိမ္နဲ႕ ႐ႊံ႕ေတြလို ကြာျခားတယ္။ မင္းဘာလုပ္ဖို႔ ႀကိဳးစားေနလဲဆိုတာ ငါသိတယ္ေနာ္” ခ်န္းယြီက ေျပာသည္။

ေရွာင္က်င့္ထ်င္ “…” သူမက ကေလးမေလးတစ္ေယာက္ပဲ။ သူ႕မွာ ဘယ္လိုစိတ္ကူးေတြရွိနိုင္မွာလဲ?

“တိမ္နဲ႕ ႐ႊံ႕က ဘယ္လိုကြာတာလဲ?” ေရွာင္ေရွာင္ဖန္က စိတ္ဝင္တစား ေမးသည္။

ေရွာင္ေရွာင္ဖန္ကိုၾကည့္ရင္း ခ်န္းယြီ၏မ်က္ႏွာမွာ မည္းေမွာင္သြားေလသည္။

“တိမ္နဲ႕ ႐ႊံ႕လို ကြာတယ္ဆိုတာ သခင္မေလးက်င္းယြဲ႕က သာလြန္ၿပီး မင္းတစ္သက္လုံး သူမကို အမွီလိုက္နိုင္မွာ မဟုတ္ဘူးလို႔ ေျပာတာပဲ”

ေရွာင္ေရွာင္ဖန္က “သူမက ကြၽန္ေတာ့္ထက္ အမ်ားႀကီး အရပ္မျမင့္ပါဘူး။ ကြၽန္ေတာ္မၾကာေသးခင္က နည္းနည္း ႀကီးထြားလာခဲ့တယ္။ မၾကာခင္ သူမထက္ အရပ္ပိုျမင့္လာေတာ့မွာ”

ခ်န္းယြီက ေရွာင္ေရွာင္ဖန္ကို ေမွ်ာ္လင့္ခ်က္မဲ့ေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။ ေရွာင္ေရွာင္ဖန္က အျပစ္ကင္းစြာ မ်က္ေတာင္ခတ္လိုက္၏။

“အ႐ူးေလး” ခ်န္းယြီက ႏွာေခါင္းရႈံ႕ၿပီး လွည့္ထြက္သြားေလ၏။

ခ်န္းယြီ၏ မလိုလားေနေသာပုံစံကို ၾကည့္လိုက္ေသာအခါ ေရွာင္ေရွာင္တုန္၏ မ်က္လုံးမ်ားမွာ ေအးစက္လာေတာ့သည္။

05.11.2023

Thanks for reading ❤

Continua llegint

You'll Also Like

130 21 6
სიბნელე რომელიც ყველაშია
280K 39.1K 200
Book-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
130K 12.8K 59
မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......
373K 52.1K 55
Original Title;重生后我只想咸鱼 English Title;After Rebirth , I Just Want To Be A Salted Fish Original Author;雕雕子(Diao Diao Zi) This is Pure Fan Translation...