Chapter 87: Demonic cultivator

2.6K 441 15
                                    

Unicode

ရှောင်ကျင့်ထျင်၏ အိမ်ဝင်းထဲတွင်။

" ပါးပါး၊ ဖေဖေ ဘယ်တော့ပြန်လာမှာလဲ? " ရှောင်​ရှောင်ဖန်က ထမင်းစားနေစဉ် ရှုံ့တွကာမေးလိုက်လေသည်။

" တစ်လလောက်နေရင် သူပြန်လာပါလိမ့်မယ်။ " ရွှီမုရန်က ပြောသည်။

ရှောင်​ရှောင်ဖန်က စိတ်ပျက်လက်ပျက်နဲ့ စားပွဲပေါ်ကြည့်လိုက်ကာ " ဒါက ကြာလွန်းတယ်၊ ဖေဖေမရှိရင် ထမင်းစားရတာ အရသာမရှိဘူး။ "

" အရသာမကောင်းရင်တောင် မင်းက အရမ်းစားနေတာပဲလေ... " ရှောင်​ရှောင်တုန်က စိတ်ဆိုးနေသည့်လေသံဖြင့်ပြောလိုက်သည်။

" မစားပါဘူး! " ရှောင်​ရှောင်ဖန်က မကျေနပ်ဖြင့် ပြန်လည်​ချေပ​လေသည်။

" ဒါက တစ်လပဲရှိသေးတယ်! အရင်တုန်းက သူက အိမ်က​နေ ခဏခဏထွက်သွားခဲ့တယ်။ သူ့ကို တစ်လလောက် မတွေ့ရတာက သာမာန်ပဲ​လေ ဘာကိစ္စမှမရှိဘူး။ " ရှောင်​ရှောင်တုန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ရှောင်​ရှောင်ဖန်သည် ရှောင်​ရှောင်တုန်ကို အနည်းငယ် ထူးဆန်းစွာကြည့်ကာ " အရင်က ဒီလိုမျိုး ကြုံဖူးတာလား? "

ရှောင်​ရှောင်တုန်က ခေါင်းညိတ်ပြီး " ဟုတ်တယ်၊ သူအနားမှာမရှိတာကို မင်းအကြိုက်ဆုံးပဲ.... "

ရှောင်​ရှောင်ဖန်လန့်သွားသည်။ " ဒါပေမယ့်.... အခု သူ့ကို သဘောကျတယ်.... ဖေဖေက အရမ်းကွာခြားသွားပြီ။ အစ်ကို၊ မင်းလည်း သူ့ကို လွမ်းနေတာပဲ​လေ။ "

ရှောင်​ရှောင်တုန်က တစ်ဖက်သို့လှည့်ကာ မျက်နှာချင်းမဆိုင်ဘဲ ကြမ်းတမ်းစွာပြောလိုက်သည်။ " ငါ သူ့ကို လွမ်းနေတယ်​လို့ မင်းဘာ​လို့ထင်​​နေတာလဲ? သူက သိပ်​မကြာခင်​ကပဲ ထွက်​သွားခဲ့တယ်​။ ငါ သူ့ကိုတွေ့နေ​ကျဖြစ်​နေတော့ ငါ သူ့ကိုမလွမ်းဘူး။ "

ရှောင်​ရှောင်ဖန်က သူ့ပါးကိုဖွဖွပွတ်ရင်း " မဟုတ်ဘူးလား? ငါတို့အဖေ ဘယ်သွားလဲ၊ ဘယ်တော့ပြန်လာမှာလဲလို့ မင်းတခြားသူတွေကို လိုက်မေးနေပေမယ့် အခုချိန်အထိမင်းဘာမှမသိနိုင်သေးဘူး။ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now