Chapter 103: All the way

1.4K 228 5
                                    

Unicode

“ယာဉ်တန်းကြီးတစ်ခုထပ်ရောက်လာသလိုပဲ၊ ဒါကလည်း နောက်ထပ်မြို့သခင်အိမ်ကအဖွဲ့တွေပဲဖြစ်ရမယ်” ရွှီမုရန်သည် ၎င်းကိုရှာဖွေတွေ့ရှိရန် သူ၏ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီးနောက် ချက်ချင်းပြန်သိမ်းလိုက်သည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး “ဒါဖြစ်နိုင်တယ်” လို့ ပြောလိုက်သည်။

ထိုကလေးမလေး အိုးယန်ကျင်းယွဲ့ ပြောပုံအရ တိမ်တိုက်စိမ်းအမတဂိုဏ်းသည် တပည့်များစုဆောင်းရန် မြေရိုင်းတိုက်ကြီးသို့ ဆယ်နှစ်တစ်ကြိမ် ရောက်လာလေ့ရှိသည်။ မြို့သခင်များ၏အိမ်ကြီးတိုင်းသည် ၎င်းတို့၏လူများကို ဖြည့်သွင်းရန် အစွမ်းကုန်ကြိုးစားနေကြသည်။ အိုးယန်ကျင်းယွဲ့သည် အခက်အခဲကို ရင်ဆိုင်ရသလိုပုံဖြစ်နေသောကြောင့် အသစ်ရောက်လာသောယာဉ်တန်းသည် အိုးယန်မိသားစုနှင့် ပဋိပက္ခဖြစ်နေသော အခြား မြို့သခင်၏နေအိမ်မှ ဖြစ်နိုင်သည်။

“ဝေးဝေးမှာနေကြရအောင်” ရွှီမုရန်က ပြောသည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး “ကောင်းပြီ” ဟုဆိုသည်။

ရာနှင့်ချီသော ရထားလုံးကြီးများပါသော ယာဉ်တန်းကြီးသည် အဝေးမှထွက်လာကာ မြင်ကွင်းတစ်ခုလုံးကို အံ့မခန်းဖြစ်စေသည်။

ရှောင်ကျင့်ထျင်မှာ သူ၏လှည်းကို အဝေးသို့မောင်းသွားခဲ့ပြီးဖြစ်သည်။

လီမြို့သခင်၏ ယာဉ်တန်းနှင့် အိုးယန်မိသားစုတို့သည် ကျဉ်းမြောင်းသောလမ်းပေါ်တွင် တွေ့ဆုံခဲ့ကြသည်။

ရှောင်ရှောင်ဖန်က သူ့ခြေထောက်ကို ခါယမ်းလိုက်ပြီး “ဖေဖေ! ဒီရထားလုံးကိုကြည့်ပါဦး၊ အရမ်းခမ်းနားတာပဲ။ သားတို့က အဲဒါနဲ့ ယှဉ်လို့မရဘူး”

ရှောင်ကျင့်ထျင် : “......”  အင်း၊ သူက ဆင်းရဲသားပဲ။ အမွှေးတောင်စုံအောင်မပေါက်သေးတဲ့ ဒီကလေး ရှောင်ဖန်က သူ့အဖေကို တကယ်မကြိုက်ပါ‌ချေ။

“ဟုတ်တယ်! ဘယ်လောက်ဇိမ်ကျလိုက်သလဲ? မင်းငွေရရင် ဖေဖေ့အတွက် တစ်လုံးဝယ်ပေးမယ် မဟုတ်လား?” ရှောင်ကျင့်ထျင်က ပြောသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now