Chapter 28: Xu Muan's discovery

5.5K 950 3
                                    

Unicode

လယ်တွေအားလုံးကို ပြန်သိမ်းလိုက်တဲ့အခါမှာတော့ ရှောင်ကျင့်ထျင်က ​​ရွာထဲမှာမြေပိုင်ရှင်လေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

အလယ်အလတ်တန်းစား စိုက်ခင်းအများအပြားတွင် သီးနှံများ တစ်ခုပြီးတစ်ခု ရင့်မှည့်လာပြီးနောက်၊ သူတို့ကိုယ်တိုင်စားဖို့နှင့် တခြားစိတ်ဝိညာဥ်အပင်တွေကို ငွေ ၃၀၀ ကျော်နဲ့ရောင်းစားဖို့အတွက် လုံလောက်ပါသည်။ ဤငွေပမာဏဖြင့် ရှောင်ကျင့်ထျင်သည် သူ့ဘာသာသူ အရာအားလုံးကို လုပ်ဆောင်ရန် မလိုအပ်တော့ပေ။ ဥပမာအားဖြင့်၊ သူသည် မြေယာများစွာမရှိသော်လည်း ရွာတွင် သူ့အတွက် အလုပ်လုပ်ရန်လုပ်သားအင်အားပေါများသော မိသားစုအနည်းငယ်ကို သူတွေ့ခဲ့သည်။

အဆင့်နိမ့်လယ်ကွင်းအနည်းငယ်တွင် ဝိညာဉ်အပင်များကို ပြုစုပျိုးထောင်ရန်အတွက် ရှောင်ကျင့်ထျင်က ဒုတိယအဆင့်စိတ်ဝိညာဉ်ဆရာများကို ငှားရမ်းခဲ့ပြီး၎င်းတို့ကို ဆယ်ရက် သို့မဟုတ် တစ်လလျှင်တစ်ကြိမ်သာ သွားရောက်ကြည့်ရှုခဲ့သည်။

ရှောင်ကျင့်ထျင်ပေးသော လစာသည် မနည်းလှသည့်အပြင် ထမင်းလည်းကျွေးသည်။ ဒါကြောင့် ရှောင်မိသားစုရဲ့လယ်ကို စောင့်ရှောက်ခဲ့တဲ့သူတွေက ရှောင်ကျင့်ထျင်ကို အရမ်းကျေးဇူးတင်နေကြ၏။

ရှေးဆိုရိုးစကားအတိုင်း " *ဖြုန်းတီးတတ်သောသားပြန်လာရင် ရွှေထက်အဖိုးတန်၏။ " ရှောင်ကျင့်ထျင်သည် ရုတ်တရက် ရွာတွင်အတုယူစရာ စံပြတစ်ဦး ဖြစ်လာခဲ့သည်။

[T/N - * တိုက်ပွဲတစ်ရာတိုက်ပြီးမှသာ သူရဲကောင်းများ မွေးထုတ်ပေးသည်။ ဒီစကားပုံရဲ့ဆိုလိုရင်းနဲ့ တူပါတယ်]

သူ၏ နာမည်ဂုဏ်သတင်းတိုးတက်လာမှုသည် ရှောင်ကျင့်ထျင်၏ အလယ်အလတ်ပြဿနာများကို ဆောင်ကျဉ်းပေးခဲ့သည်။
ဥပမာအားဖြင့်၊ ရှောင်ကျင့်ထျင်သည် သူ့ကလေးများကို အိမ်ထဲတွင် သော့ခတ်ထားသည်ကိုမြင်ဖူးသော အမျိုးသမီးများသည် ယခု သူ့ကိုနှောင့်ယှက်နေကြပြီး သူ့(ရှောင်ကျင့်ထျင်)အတွက်အလုပ်လုပ်ပေးဖို့ရှာ​နေသေးသလားဟု မေးကြသည်။ အရင်တုန်းက သူ့ကို မထီမဲ့မြင်ကြည့်ဖူးတဲ့ ယောက်ျားလေးတွေက အခု သူ့ကို အစ်ကိုရှောင်လို့ ချိုချိုသာသာနဲ့ခေါ်နေ၏။ အရင်တုန်းကတော့ ချိုးပိုင်က သူ့ကို ဂရုမစိုက်ပေမယ့် အခုတော့ သူ့ဆီအမြဲလာနေပြီး သူ့အတွက်စိုးရိမ်မှုတွေ ပြနေတယ်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now