Chapter 36: The Second Brother Arrived

5K 953 16
                                    

Unicode

ရှောင်ကျင့်ထျင်သည် ရှောင်ကျင်းဖုန်း လာမည်ကို ကြာမြင့်စွာကတည်းက သိထားသောကြောင့် အိပ်ရာသေးသေးတစ်လုံးကို ဝယ်ခဲ့သည်။ သူနှင့် ရွှီမုရန်တို့သည် ပိုကြီးသောကုတင်ပေါ် အိပ်နေချိန်တွင် ကလေးနှစ်ယောက်ကို သေးငယ်သောကုတင်ပေါ်တွင် အိပ်ခိုင်းစေခဲ့သည်။ ရှောင်​ရှောင်ဖန် ကောင်းကောင်းအိပ်မပျော်မှာကို စိုးရိမ်သဖြင့် ရှောင်ကျင့်ထျင်သည် အကာအရံများပါသော အိပ်ရာကိုဝယ်လိုက်သည်။

သူ့တွင် သားနှစ်ယောက်ရှိနေပြီဖြစ်သော်လည်း ရှောင်ကျင့်ထျင်သည် ရွှီမုရန်နှင့် အိပ်ယာခွဲဝေရာတွင် အနည်းငယ်ရှက်နေသေးသည်။

ရှောင်ကျင့်ထျင်က ရှက်နေပြီး ရွှီမုရန်ကလည်း အနည်းငယ် ကြောက်ရွံ့နေသဖြင့် သူတို့နှစ်ယောက် ကုတင်ပေါ်တွင် အနည်းငယ်တောင့်တင်းစွာ လှဲနေကြသည်။ ရှောင်​ရှောင်ဖန် အိပ်ပျော်နေပြီး တစ်အိမ်လုံး တိတ်ဆိတ်နေပေမယ့် ရှောင်​ရှောင်ဖန် အိပ်ယာ​ပေါ်လှည့်နေသံ၊ သူ့သွားကြိတ်သံကို ရှောင်ကျင့်ထျင်က ရှင်းရှင်းလင်းလင်း ကြားနေရဆဲပေ။

ရှောင်ကျင့်ထျင်သည် သူ့လက်ကိုဆန့်တန်းကာ ရွှီမုရန်၏လက်ကို ဆုပ်ကိုင်လိုက်ရာ ရွှီမုရန်မှာအနည်းငယ် တုန်လှုပ်သွားသော်လည်း မလှုပ်ရှားဘဲ ရှောင်ကျင့်ထျင်ကို ဆုပ်ကိုင်ခွင့်ပေးလိုက်သည်။

ရှောင်ကျင့်ထျင်မှာ စိတ်လှုပ်ရှားစရာကောင်းသည်ကို တွေ့ရှိလိုက်ပြီး ရွှီမုရန်၏လက်ကို ပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။

သူ၏တွေးခေါ်တတ်သည့် သားအကြီးဆုံးအတွက် စိုးရိမ်သဖြင့် ရှောင်ကျင့်ထျင်သည် နောက်ထပ်ဘာမှ မလုပ်ဝံ့တော့ပေ။

" ဒုတိယအကိုကြီး ကောင်းကောင်းအိပ်ပျော်နိုင်ပါ့မလား။ " ရှောင်ကျင့်ထျင်က မေးသည်။

ရွှီမုရန်က " မသိဘူး " လို့ မပြောခင်တုံ့ဆိုင်းနေ၏။

မုရှူးယွီနှင့် ရှောင်ကျင်းဖုန်းတို့သည် ကုတင်ပေါ်တွင် အတူတူအိပ်ကြသည်။ မုရှူးယွီသည် ကြမ်းပြင်ပေါ်တွင် အိပ်မည်ဖြစ်သော်လည်း ရှောင်ကျင်းဖုန်းသည် ကောဖြစ်သည့် မုရှူးယွီကို ကြမ်းပြင်ပေါ်တွင် အိပ်ခွင့်မပြုနိုင်ပေ။ နှစ်ယောက်သား ငြင်းခုံကြပြီး နောက်ဆုံးတွင် ကုတင်တစ်လုံးတည်းတွင် အိပ်ကြသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now