Chapter 79: Sun Miaoyin's Anger

4.5K 687 32
                                    

Unicode

ကျိုးမိသားစု။

စွင်း​မြောင်ယင်က မျက်မှောင်ကြုတ်ပြီး မှုန်ကုပ်ကုပ်ဖြင့် " မြောင်​မြောင်... ဒီလိုမျိုး သူဘယ်လိုလုပ်လိုက်တာလဲ? "

ငွေနှစ်ထောင်ပဲရှိတယ်။ ငွေနှစ်ထောင်အတွက်ကြောင့် စွင်းမိသားစု၏မျက်နှာနှင့် ရှောင်မုဟုန်၏ထောက်ခံမှုကို ဆုံးရှုံးလိုက်ရခြင်းသည် မထိုက်တန်ပေ။ ဆုံးရှုံးမှုက အမြတ်ထက် အဆမတန်ဘဲ...!! ထို့အပြင် ရှောင်ကျင့်ထျင်သည် သူမအားလျစ်လျူရှုခဲ့ပြီး စွင်း​မြောင်​မြောင်သည် ယခုတစ်ကြိမ်တွင် မျက်နှာပျက်သွားခဲ့သည်။

" တကယ်တော့ သခင်မ​လေးမြောင်​မြောင်ကို ဒီကိစ္စက အပြစ်တင်လို့မရပါဘူး။ ရှောင်မုဟုန်က ဒီလောက်အထိသတ္တိမရှိရင် သခင်မ​လေးမြောင်​မြောင်ဒီလိုမျိုးဖြစ်မှာ မဟုတ်ဘူး။ " ဟု စွင်း​မြောင်ယင်၏ အ​စေခံကပြောသည်။

စွင်း​မြောင်ယင်၏မျက်နှာမှာ နစ်မြုပ်သွားခဲ့ပြီး ရှောင်မုဟုန်သည် ယခင်က သတ္တိမရှိသော်လည်း မကြာသေးမီက...

ရှောင်လင်ဖုန်းနှင့် ဝမ်လု အသက်ရှင်နေသေးသည်နှင့်အမျှ အခြေအနေသည် လုံးဝပြောင်းလဲသွားခဲ့ပြီး ရှောင်မုဟုန်သည် ခေါင်းမ​ထောင်ဝံ့တော့ပေ။

" မြောင်​မြောင်က ဒီရက်ပိုင်း ပိုက်ဆံတွေကျပ်တည်းနေတာလား? " စွင်း​မြောင်ယင်က မေးသည်။

" ကျွန်မအဲ့ဒီလိုထင်ပါတယ်။ သခင်မ​လေးမြောင်​မြောင်က အမြဲလိုလို ငွေအမြောက်အမြားသုံးစွဲလေ့ရှိတယ်။ ဒါ့အပြင် ကျင့်ကြံစရိတ်ကလည်း များစွာကုန်ကျနိုင်တယ်။ "

စွင်း​မြောင်ယင်က သက်ပြင်းတစ်ချက် ချလိုက်သည်- ကျင့်ကြံခြင်းသည် အောက်ခြေမရှိသော တွင်းတစ်ခုဖြစ်တယ်!

" မကြာသေးခင်က ရှောင်ကျင့်ထျင်က အရမ်းအဆင်​ပြေနေပုံရတယ်။ ဒုတိယသခင်မ​လေးက ဈေးဝယ်ထွက်တဲ့အချိန်မှာ ရှောင်ကျင့်ထျင်နဲ့ တွေ့ခဲ့တယ်။ ရှောင်ကျင့်ထျင်က ရွှီမုရန်အတွက် ငွေတစ်သောင်းနီးပါးရှိတဲ့ သိုလှောင်လက်ကောက်တစ်ကွင်းကို ဝယ်ယူခဲ့ပါတယ်။ " လို့ အ​စေခံက ခါးသီးစွာပြောသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now