Chapter 111: Auction Elixir

525 103 2
                                    

Unicode

ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်တို့သည် လေလံအိမ်၏ အဝင်ဝတွင်ရပ်လိုက်သည်။

“ဒီမှာပဲ! သဲကန္တာရမြို့ရဲ့ အကြီးဆုံးလေလံအိမ်ဖြစ်တဲ့ တိမ်ကြယ်လေလံအိမ်!”  ရွှီမုရန်က ပြောလိုက်သည်။

ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်တို့သည် လေလံအိမ်သို့ရောက်ရှိလာသည်နှင့် တပြိုင်နက် ဘဏ္ဍာထိန်းသည် ကြောက်လန့်တကြားဖြင့် ချက်ချင်း နှုတ်ဆက်လိုက်သည်။ “လူကြီးမင်းတို့နှစ်ယောက်အတွက် ကျွန်တော်ဘာကူညီပေးရမလဲ”

“ငါ မင်းရဲ့သူဌေးနဲ့ စကားပြောချင်တယ်” ရှောင်ကျင့်ထျင်က သူ့လက်ကိုကျောနောက်မှာထားပြီး ဘာသိဘာသာဘဲ ပြောလိုက်သည်။

“စီနီယာက ကျွန်တော့်ကိုရှာနေတာပဲ၊ ကျွန်တော်ကူညီနိုင်တာတစ်ခုခုများရှိမလား” မျက်နှာဝိုင်းဝိုင်းနှင့်  ရုပ်ရည်ချောမောသည့် ကြင်နာဖော်ရွေသောပုံရသော လူငယ်တစ်ယောက်ထွက်လာသည်။

ဘဏ္ဍာထိန်းက ထွက်လာသည့်သူကိုကြည့်လိုက်ပြီး ရှောင်ကျင့်ထျင်နှင့် မိတ်ဆက်ပေးလိုက်သည်။ “စီနီယာရှောင် ဒါက ကျွန်တော်တို့လေလံအိမ်ပိုင်ရှင် လင်ထိုက်ပါ”

ရှောင်ကျင့်ထျင်က လင်ထိုက်ဘက်ကို ခေါင်းညိတ်ပြပြီး “ကျုပ် စကားပြောလို့ရမလား?”

“ဟုတ်ကဲ့ ရပါတယ်” စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ လင်ထိုက်သည် ရှောင်ကျင့်ထျင်ကို အမြင့်ဆုံးအဆင့် အစည်းအဝေးခန်းထဲသို့ ခေါ်သွားခဲ့သည်။

“ကျွန်တော် ဘာများ ကူညီပေးရမလဲ?”

ရှောင်ကျင့်ထျင်သည် ဆေးပုလင်းတစ်ဒါဇင်ကိုထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

လင်ထိုက်သည် ပုလင်းများရှိ ဆေးလုံးများကို စစ်ဆေးကြည့်လိုက်ရာ သူ့မျက်နှာတွင် နားမလည်နိုင်သော စိတ်လှုပ်ရှားမှုများဖြင့် အရောင်တောက်သွားသည်။

“စီနီယာ၊ ခင်ဗျား ဒီဆေးတွေကို ကျွန်တော်တို့လေလံအိမ်ဆီ ရောင်းဖို့ကြိုးစားနေတာလား? ကျွန်တော်တို့ရဲ့ လေလံအိမ်မှာ အကန့်အသတ်ရှိပြီး အားလုံးကို မဝယ်နိုင်ပါဘူး” လင်ထိုက်က စိတ်လှုပ်ရှားစွာပြောသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now