Chapter 65: Encountering Sun Miaoyin

4.4K 796 9
                                    

Unicode

ကျိုးမိသားစုတွင်။

" အခု အရမ်းနောက်ကျနေပြီ၊ ဘာလို့ မအိပ်သေးတာလဲ? " ကျိုးခန်းဟယ်က အိပ်ခန်းထဲကို ဝင်သွားပြီး စွင်း​မြောင်ယင်ကို ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။

" ရှောင်ကျင့်ထျင်နဲ့ ရှောင်ချင်းယန်တို့ရဲ့သားလေးတွေ ဒီနေ့ရန်ပွဲဖြစ်တယ်ဆိုတဲ့အ​ကြောင်းကို ရှောင်မြောင်ဆီက သတင်းစကားတစ်ခုရခဲ့တယ်... " လို့ စွင်း​မြောင်ယင်က ပြန်ပြောလိုက်သည်။

" ငါလည်း ကြားလိုက်တယ်။ " မိသားစုကြီးလေးစုမှာ တစ်ယောက်နဲ့တစ်ယောက် သူလျှိုတွေရှိကြပြီး မိသားစုတစ်စုမှာ တစ်ခုခုဖြစ်တဲ့အခါတိုင်း ကျန်တဲ့သုံးစုက ချက်ခြင်းသိလိမ့်မည်ဖြစ်သည်။

" ရှောင်ချင်းယန်က ရှောင်ရဲ့ဒုတိယမိသားစုမှာ အထူးချွန်ဆုံးပဲ၊ ဒါ​ပေမယ့် ယခုအချိန်မှာ ရှောင်ကျင်းဖုန်းနဲ့ ရှောင်ကျင့်ထျင်တို့က ချီကျင့်ကြံမှုရဲ့ ပဉ္စမအဆင့်သို့ တက်လှမ်းလာကြပြီး ရှောင်ချင်းယန်ရဲ့ ကျင့်ကြံမှုနှင့် အသက်အရွယ်အရ အားနည်းချက်တွေရှိနေတယ်၊ ရှောင်ကျင့်ထျင်နဲ့ ရှောင်ကျင်းဖုန်းတို့က ပူးပေါင်းလုပ်ဆောင်ဖို့ ရည်ရွယ်ချက်ကို ပြသခဲ့ကြပြီး၊ ရှောင်ချင်းယန်ရဲ့ သာလွန်ကောင်းမွန်သော ရာထူးက ပျောက်ကွယ်သွားနိုင်တယ်။ " ကျိုးခန်းဟယ်က ရယ်မောလိုက်သည်။

" ရှောင်ကျင့်ထျင်က အခုအချိန်မှာသူပြန်လာကတည်းက အသစ်စက်စက် လူတစ်ယောက်အဖြစ် ပုံစံပြောင်းသွားပုံရတယ်။ " ဟု စွင်း​မြောင်ယင်မှ ပြောသည်။

ရှောင်ကျင့်ထျင်သည် ယခင်က စွင်း​မြောင်​မြောင်နှင့် လိုက်လျောညီထွေရှိခဲ့သော်လည်း ယခုအခါ မြောင်​မြောင်၏အဆိုအရ သူမအား ဂရုမစိုက်စွာ ဆက်ဆံခဲ့ပြီး သူမကို မုန်းတီးနေပုံရသည်။

"ဒါအမှန်ပဲ၊ ဒီတတိယမြောက်ရှောင်သခင်​လေးက ဒီလောက်တောင် ထူးချွန်တဲ့လူဆိုတာ ငါမမြင်ခဲ့ရဘူး၊ အနာဂတ်မှာ သူ့ကို တကယ်လျှော့တွက်လို့မရဘူး။ ရှောင်ကျင့်ထျင်က ရှောင်ကျင်းဖုန်း ဒုက္ခရောက်နေချိန်ကူညီခဲ့ပြီး ရှောင်ကျင်းဖုန်းက ခပ်တုံးတုံးဖြစ်တဲ့အတွက်ကြောင့် သူတို့ကအရမ်းရင်းနှီးလာကြတယ်။ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now