Chapter 85: Everyone shock

3.3K 499 12
                                    

Unicode

" ဒီမှာ ငွေသုံးသောင်းရှိတယ်။ လက်နက်တွေ၊ အ​ဆောင်စက္ကူတွေ၊ အကာအကွယ်အဝတ်အစားတွေကို မြန်မြန်ပြင်ထားပါ။ မင်းမိဘတွေကို အားကိုးလို့မရဘူးလို့ ငါထင်တယ်။ " ဟု စိတ်ဓာတ်ကျစွာ သက်ပြင်းချပြီး မုရှူးယွီက ပြောသည်။

မနေ့ကညနေပိုင်းမှာ ရှောင်မိသားစုက ရှောင်ကျင်းဖုန်းအတွက်အဆင့်-၄ မှော်ကိရိယာ ၂ခု ဒါမှမဟုတ် ၃ခုလောက်ပါရှိမည့် အဆောင်လက်ဖွဲ့တချို့ကို လူအချို့​စေလွှတ်ကာ ပို့ခိုင်းလိုက်​လေသည်။

ရှောင်ကျင်းဖုန်းသည် အဆင့်-၆ ချီကျင့်ကြံသူအဖြစ်သို့ အဆင့်တိုးမြှင့်ခံရကြောင်း သူ့အဖေနှင့်အမေ မသိသောကြောင့် လက်နက်ကိရိယာများနှင့် အ​ဆောင်ပစ္စည်းများသည် အောက်ခြေအဆင့် ကျင့်ကြံသူများအတွက်သာ အသုံးဝင်သည်။ သို့သော် အဆင့်-၅ ချီကျင့်ကြံသူတစ်ယောက်အတွက်ပင်၊ ထိုအဆင့်-၄ မှော်တူရိယာများသည် အသုံးမဝင်ပေ။ ဟုန်မိသားစုမှ ကျင်းပသော ပြိုင်ပွဲနီးလာသည်နှင့်အမျှ မိသားစုတိုင်း ပြိုင်ပွဲအတွက် ပြင်ဆင်ရန် အစွမ်းကုန်ကြိုးစားနေခဲ့ကြသည်။ သို့သော်လည်း....

သူ့အဖေနဲ့ အမေက ကြိုတင်ပြင်ဆင်ခဲ့ကြပေမဲ့ ရှောင်ကျင်းဖုန်းအတွက်တော့ မဟုတ်ခဲ့​ပေ။

ပြိုင်ပွဲတွင် အဆင့်-၅ ချီကျင့်ကြံသူတစ်ဦးသည် အသက်ရှင် လိမ့်မည် မဟုတ်ပါ။ သူ့အဖေနဲ့ အမေက ရှောင်ကျင်းဖုန်းကို အဆင့်နိမ့်အ​ဆောင်တစ်ခုသာ ပေးခဲ့သည့်အတွက် ရှောင်ကျင်းဖုန်း၏ဘဝကို ဂရုမစိုက်ဘူးလို့ မုရှူးယွီခံစားလိုက်ရသည်။

ရှောင်ကျင့်ထျင်သည်လည်း ရှောင်ကျင်းဖုန်း၏ဝေစုနီးနီး ရရှိခဲ့သော်လည်း ရှောင်ကျင်းဖုန်း ထက်မများပေ။

သူ့အဖေနဲ့အမေက ရှောင်ချင်းယန်ကို သူတို့၏အဓိက အရင်းအမြစ်တွေကို ပေးခဲ့တာ ဖြစ်နိုင်သည်။

" ကိုယ်သိတယ်။ ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပါ။ " လို့ ငွေစက္ကူကို​ကောက်ယူကာ ပြောလိုက်သည်။

" မင်းရဲ့မိဘတွေက ဘက်လိုက်ကြတယ်။ " ဟု မုရှူးယွီက ပြောသည်။ မုရှူးယွီသည် သူ့အဖေနှင့်အမေအကြောင်း မကောင်းတာကို မပြောလိုသော်လည်း သူတို့ကဘက်လိုက်လွန်းလှသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now