Chapter 4: Alert

6.2K 1K 14
                                    

Unicode

ရှောင်ကျင့်ထျင်သည် ဘေးခန်းက သားအဖနှစ်​ယောက်၏ တိုးတိုးပြောသံကို နားစွင့်ရင်း တဖြည်းဖြည်းချဉ်လာသည်။

ရှောင်ကျင့်ထျင်၏ ရင်ဘတ်တွင် ပူလောင်သော ခံစားမှုတစ်ခု ဖြစ်လာသည်။ ရှောင်ကျင့်ထျင် တစ်ခုခုကို တွေးပြီး သူ့ရင်ဘတ်ပေါ်ရှိ ကျောက်စိမ်းအ​ဆောင်ကို အမြန်ထုတ်လိုက်သည်။

အပြာနုရောင် ကျောက်စိမ်းဆွဲသီးကို သူ့မျက်လုံးများနှင့် မြင်လိုက်ရချိန်တွင် ​ရှောင်ကျင့်ထျင်၏ နှလုံးသားသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

​ရှောင်ကျင့်ထျင်မှာ သူ့အရင်ဘဝက ဘိုးဘွားစဉ်ဆက် ကျောက်စိမ်းတုံးတစ်တုံးရှိခဲ့ပြီး ယခုသူ့လက်ထဲမှာရှိတဲ့ ကျောက်စိမ်းတုံးနဲ့ အားလုံးနီးပါးတူညီ၏။

အတိတ်ဘဝတွင် တာအို အ​ကြောင်းအရာများကို တွင်ကျယ်စွာအသုံးပြုခဲ့ပြီး ​နေရာလွတ် ဟူသောအသုံးအနှုန်းသည် အလွန်ရေပန်းစားခဲ့၏။

​ရှောင်ကျင့်ထျင်သည် ဘိုးဘွားပိုင် ကျောက်စိမ်းဆွဲသီးကို သွေးများရွှဲ​စေပြီး အသိအမှတ်ပြုရန် ကြိုးစားခဲ့သည်။ သွေးတွေ ရွှဲပြီး​နောက် တကယ့်ကို နေရာလွတ်တစ်ခု ပွင့်သွားခဲ့၏။ အရင်ဘဝက ကျောက်စိမ်းဆွဲသီးရှိ နေရာသည် တစ်ကုဗမီတာခန့်သာ ရှိသေးသည်။ အသုံးပြုမှုလည်း သိပ်မရှိခဲ့​ပေ။ ဒီဘဝမှာ နေရာပိုကျယ်လာခဲ့သည်။ လယ်တစ်ဧကပေါ်တွင် နွေဦးစမ်း​ချောင်းတစ်ခုလည်း ရှိပြီး ထောင့်တစ်နေရာ၌ပင် သူ၏ယခင်ဘဝက ​နေရာလွတ်ထဲတွင် သိမ်းဆည်းထားသော အပင်မျိုးစေ့ မျိုးစုံရှိသည်။

​ရှောင်ကျင့်ထျင်က သူ့မှတ်ဥာဏ်တွေကို ပြန်စဥ်းစားလိုက်ရာ သူ့(မူလ​ရှောင်ကျင့်ထျင်)အရင်က ဒီကျောက်စိမ်းမရှိတာကို တွေ့လိုက်ရတယ်။ သူဖြတ်သန်းလာခဲ့ရတဲ့ အခွင့်အ​ရေးက ဒီကျောက်စိမ်း​ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

​ရှောင်ကျင့်ထျင်ရဲ့ ခေါင်းက မူးဝေလာပြီး သူ့ရင်ထဲမှာ ပျို့အန်ချင်သလို ခံစားနေရတယ်။ ရှောင်ကျင့်ထျင်သည် ​​ချွေး​စေး​တွေထွက်လာပြီး အရင်က Xiaoyao San ​ဆေးစွဲခြင်းရဲ့ အကျိုးသက်​ရောက်မှု​ကြောင့် သွေးအန်ချင်စိတ် ပေါ်လာသည်။
တကယ့်ကို မူးယစ်ဆေးဝါးပဲ...

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now