Chapter 43: Sun Hao from the Sun Family

4.9K 836 4
                                    

Unicode

ညနေပိုင်းတွင် ရှောင်ကျင့်ထျင်၏မိသားစုသည် အတူတကွ ထမင်းစားသောက်နေကြသည်။

" သူ့ကိုခိုင်းတဲ့သူက ငါ့ဇနီးနဲ့သားသမီးတွေကွဲကွာနေပြီး လမ်း​ပေါ်​ရောက်​နေသရွေ့ ဝမ်အာ့ဟူကို ငွေငါးရာပေးမယ်လို့ ပြောခဲ့တယ်၊ ဟုတ်လား? " ရှောင်ကျင့်ထျင်က မေးလိုက်သည်။ ဝမ်အာ့ဟူသည် မူလပိုင်ရှင်၏ ပတ်ပတ်လည်တွင် အဘယ်ကြောင့် အလွန်တက်ကြွစွာနေသနည်းဆိုသည်ကို ယခုသူနားလည်လာသည်။ မူလပိုင်ရှင်သည် အလွယ်တကူလိမ်လည်လှည့်ဖြားခံရပြီး ထိုကဲ့သို့သော အကြံအစည်ရှိသူကို ၎င်း၏သူငယ်ချင်းအဖြစ် ယူဆထားခဲ့သည်။

ရွှီမုရန်က ခေါင်းညိတ်ပြီး " ဟုတ်တယ်၊ ဒါက ဝမ်အာ့ဟူပြောလိုက်တာ "

ရှောင်ကျင့်ထျင်က မျက်နှာကိုပွတ်ဆွဲလိုက်ကာ သွားများကိုအံကြိတ်လိုက်ပြီး ပြော၏ " ဒီကမ္ဘာပေါ်မှာ ဘယ်သူကမြင့်မြတ်တဲ့သူလဲ?! အရမ်းရက်စက်တာပဲ.... "

ရှောင်ကျင့်ထျင်က သူ့ကိုဆွဲချဖို့ ခက်ခက်ခဲခဲကြိုးစားနေသည့် လူများစွာကိုစိတ်ထဲတွင် မျက်စောင်းထိုးလိုက်ပြီး မူလပိုင်ရှင်ရဲ့ရန်လိုမှုမရှိတဲ့အတွက်ကြောင့် မူလပိုင်ရှင်ဟာ အလွန်နိမ့်ကျသွားတာ အံ့သြစရာတော့မဟုတ်ပါဘူး။

" သူက ဘယ်သူလဲဆိုတာ ပြောခဲ့သေးလား။ " ရှောင်ကျင့်ထျင်က မေးသည်။

" မ​ပြောဘူး၊ သူ့ကိုခိုင်းတဲ့သူက အရမ်းလျှို့ဝှက်ဆန်းကြယ်ပြီး သူ့ရဲ့အထောက်အထားကို မပြောခဲ့ဘူးလို့ သူကပြောတယ်။ ဒါပေမယ့် သူ့ကိုခိုင်းတဲ့သူက သူ့အတွက်ကျောက်စိမ်းဆွဲသီးပေးခဲ့ပြီး သူ့တာဝန်ပြီးတဲ့အခါ သူ့ဆီ ယူသွားပေးဖို့ပြောခဲ့တယ်။ " ရွှီမုရန်သည် ကျောက်စိမ်းဆွဲသီးကို ထုတ်ကာ ရှောင်ကျင့်ထျင်အား ပေးလိုက်သည်။

" ငါကြည့်ပါရစေဦး။ " ရှောင်ကျင်းဖုန်းကပြောသည်။

ရှောင်ကျင့်ထျင်က သူ့စကားကြားတော့ ကျောက်စိမ်းဆွဲသီးကို ရှောင်ကျင်းဖုန်းကို ပေးလိုက်သည်။ ရှောင်ကျင်းဖုန်းသည် ကျောက်စိမ်းဆွဲသီးကို ကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် ဒေါသ​တွေတဟုန်းဟုန်းတောက်လောင်လာပြီး " ဒါဟာ စွင်းမိသားစုက စွင်း​ဟောင်ရဲ့ ကျောက်စိမ်းတုံးဖြစ်နိုင်တယ် "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now