Chapter 58: Current Situation of the Mercenary Team

4.2K 792 18
                                    

Unicode

ရှောင်​ရှောင်တုန်သည် မြင်းရထားပေါ်တွင်ထိုင်ပြီး ရှောင်​ရှောင်ဖန်ကိုကြည့်ကာ " မင်းစားတာရပ်လိုက်တော့၊ မင်းတစ်ကိုယ်လုံး နံနေတာပဲ! " လို့ပြောလိုက်သည်။

ရှောင်​ရှောင်တုန်က သူ့နှာခေါင်းကိုအုပ်ပြီး သူ့ကိုယ်သူ တွေးလိုက်သည်: ငါ့ညီက ဘယ်လိုထူးဆန်းတဲ့ ဝါသနာရှိ​နေတာလဲ။ ကြက်သွန်ဖြူတွေကိုစားနေတယ်!

ရှောင်​ရှောင်ဖန်က မျက်တောင်ခတ်လိုက်ပြီး ရှောင်​ရှောင်တုန်ကို လေးလေးနက်နက် ပြုံးပြကာ " ကျွန်တော် စားချင်တယ်၊ အများကြီးစားမယ်။ ရှောင်ယွဲ့ရုန်နဲ့တွေ့ရင် ကျွန်တော်..... " ရှောင်​ရှောင်ဖန်သည် ရှောင်​ရှောင်တုန်၏နံဘေးသို့ ပြေးသွားပြီး အသက်ရှူသွင်းလိုက်သည်။ ရှောင်​ရှောင်တုန်က သူ့နှာခေါင်းကို အလျင်အမြန်ဖုံးလိုက်သောအခါ ရှောင်​ရှောင်ဖန်က " သူ့ကို အနံ့ရပြီးသေအောင်လို့! " ဟု ဂုဏ်ယူစွာနဲ့ ထပ်ပြောလိုက်သည်။

ရှောင်​ရှောင်တုန်၏ မျက်နှာသည် မည်းမှောင်သွားပြီး ပြောလိုက်၏။ " မင်း သူ့ကို မသတ်ခင် မင်းက ငါ့ကို အဲ့ဒီအနံ့ကြောင့် သတ်ပစ်မိလိမ့်မယ်။ "

ရှောင်​ရှောင်ဖန်က ရှောင်​ရှောင်တုန်ကိုကြည့်ရင်း ခေါင်းကိုစောင်းကာ " အစ်ကို၊ မင်း အနံ့ထွက်မှာ ကြောက်လို့လား! " လို့ ပြောလိုက်သည်။

ရှောင်​ရှောင်တုန်က သူ့ကိုယ်သူတွေးနေရင်းနဲ့ မျက်နှာမှာပိုလို့တောင် မည်းမှောင်သွား၏။ အရူး! သူက သာမန်လူတစ်ယောက်ဖြစ်သည်။ ဟုတ်ပါတယ်! အနံ့အသက်ကို ကြောက်တယ်.....

ရှောင်​ရှောင်ဖန်သည် သူ၏သိုလှောင်အိတ်ထဲမှ အနံ့ဆိုးထွက်နေသော တိုဟူးတစ်ဗူးကို ထုတ်လိုက်သောအခါ ရှောင်​ရှောင်တုန်သည် သည်းမခံနိုင်တော့ဘဲ ရထားပေါ်မှခုန်ဆင်းကာ ရထားပြောင်းချင်သည်ဟု ဆိုလေသည်။

........

ရှောင်ကျင့်ထျင်သည် ပြတင်းပေါက်မှ အပြင်သို့ စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။

" မင်း စိတ်​လှုပ်ရှားနေတာလား! " ရွှီမုရန်က မေး၏။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး " ငါ့ရဲ့မိဘတွေကို သွားတွေ့ရမယ်။ သေချာတာ​ပေါ့! ငါ နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်... "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now