Chapter 23: So enlightened

5.4K 972 17
                                    

Unicode

ရှောင်​ရှောင်ဖန်နှင့် ရှောင်​ရှောင်တုန်တို့မှာ သူတို့အနီးနားတွင် စပျစ်သီးဖျော်ရည်သောက်နေသည့် နှစ်​ယောက်ကိုကြည့်ကာ သူတို့မျက်လုံးများအလွန်ပူလာသည်။ သူတို့ နှစ်ယောက်ကို ကြည့်ရတာ အလွန်သနားစရာ ကောင်းလှသည်။ ရှောင်ကျင့်ထျင်က သူတို့နှစ်ယောက်ကို အရသာခံဖို့စပျစ်သီးဖျော်ရည် တစ်ခွက်လောက်သောက်ခွင့်ပေးပေမယ့် ကလေးနှစ်ယောက်က ပိုပြီးလောဘကြီးလာမယ်လို့​တော့ မမျှော်လင့်ထားပေ။

ရွှီမုရန်သည် သူတို့နှစ်ဦး၏ လောဘကြီးသော အသွင်အပြင်ကို မမြင်နိုင်တော့သဖြင့် အိပ်ရာပေါ်သို့ တွန်းပို့လိုက်သည်။

ရှောင်​ရှောင်ဖန်က ကုတင်ပေါ်တွင် ထိုင်ကာ နာကြည်းစိတ်အပြည့်ဖြင့် ခြေဖဝါးများကို ပွတ်သပ်ရင်း " အဖေနဲ့ ဖေ​ဖေက ပိုပိုပြီး တွန့်တိုလာတယ် " လို့ ပြောလိုက်တယ်။

ရှောင်​ရှောင်ဖန်က အလွန်စိတ်ဆိုးသွားသည်။ အရင်တုန်းက အဖေက အရသာရှိတဲ့အစားအစာတွေကို ဝှက်ပြီးကိုယ်တိုင်စားတယ်။ အခုတော့ အဖေနဲ့ သူ့ဖေ​ဖေက အရသာရှိတဲ့ အစားအစာတွေ စားနေပေမယ့် သူ့ကိုအိပ်ရာဝင်ဖို့ တွန်းအားပေးခဲ့တယ်။

ရှောင်​ရှောင်တုန်က ရှောင်​ရှောင်ဖန်ကို ကြည့်ပြီး " ငါတို့မှာ ခွန်အားတွေ အများကြီးမရှိလို့သနားစရာပဲ၊ ဒါကြောင့် အစာနည်းနည်းပဲစားနိုင်ပြီး များများစားရင် နေမကောင်းဖြစ်လိမ့်မယ်။ ကြီးပြင်းလာတဲ့အခါ ခွန်အားတွေလည်းတိုးလာပြီး အများကြီးစားနိုင်လာမယ်။ သနားစရာကောင်းတာက ငါမင်းကို သင်ပေးနေတာကြာပြီ၊ ဒါပေမယ့် မင်းအခုထိ ဘာတိုးတက်မှုမှ မရသေးဘူးဆိုတော့ အနာဂတ်မှာ မင်းနည်းနည်းပဲစားနိုင်လိမ့်မယ် "

ရှောင်​ရှောင်ဖန်သည် ရှောင်​ရှောင်တုန်ကို အံ့အားသင့်စွာကြည့်ပြီး နှုတ်ခမ်းစူပြီး ငိုတော့မယ့်ပုံပေါ်နေသည်။

ရှောင်​ရှောင်တုန်က အေးစက်စွာပြောသည်
" မင်းငါ့ကိုဒီလိုကြည့်နေလဲ အသုံးမဝင်ဘူး "

ရှောင်​ရှောင်ဖန်၏ မလေ့ကျင့်နိုင်မှုသည် ရွှီမုရန် အတွက် အကြီးမားဆုံးသော ပူပန်မှုတစ်ခုဖြစ်နေသည်။ ရှောင်​ရှောင်တုန်က သူအားလပ်ချိန်တွင် ပိုမိုကြိုးစားလုပ်ဆောင်ရန် ရှောင်​ရှောင်ဖန်ကို တိုက်တွန်းခဲ့သည်။ ရှောင်​ရှောင်တုန်က တစ်ဆင့်ပြီးတစ်ဆင့် သင်ကြားပေးမည်ဖြစ်သော်လည်း ရှောင်​ရှောင်ဖန်မှာ မစတင်နိုင်သေးပေ။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now