Chapter 46: Demonic Beasts Invaded Fields

5.1K 872 18
                                    

Unicode

ရွှီမုရန်က မမေးခင် တခဏလောက် တုံ့ဆိုင်းနေပြီး " မင်းရဲ့ နောက်ဆုံးဘဝမှာ မင်းမှာ ဇနီးမရှိခဲ့ဘူး ဟုတ်တယ်မလား? "

ရှောင်ကျင့်ထျင်က အနည်းငယ်အံ့သြသွားပြီး
" မင်း အဲဒါ ဘယ်လိုသိလဲ? "

" မင်းက အ​တွေ့အကြုံမရှိတဲ့သူတစ်ယောက်လို ပြုမူခဲ့တယ်လေ။ " ရွှီမုရန်က ပြောလိုက်၏။

ရှောင်ကျင့်ထျင် " ..... " သူအရမ်းပြောင်းလဲသွားတယ်လို့ ပြောရတဲ့အကြောင်းရင်းက မူလပိုင်ရှင်က အစားအစာချက်ပြုတ်ခြင်း သို့မဟုတ် ဝိုင်ချက်ခြင်းမပြုနိုင်ခြင်းကြောင့် မဟုတ်ဘဲ ဒါ​ကြောင့်ဖြစ်​နေတာ​ပေါ့။ ဒါက သူ့ရဲ့နည်းစနစ်ညံ့ဖျင်းမှုကြောင့် ရွှီမုရန်က သူ့ကို မူလပိုင်ရှင်မဟုတ်ကြောင်း အသိအမှတ်ပြုခဲ့သည်။

[T/N- အဟမ်း.... နည်းစနစ်အမှား​ကြောင့်ပါ 🤧]

" ငါက ယောက်ျားတွေကို ကြိုက်တာ၊ မိန်းမ​တွေကို မကြိုက်ဘူး။ ငါ့ကမ္ဘာမှာ ယောက်ျားလေးအချင်းချင်းပေါင်းသင်းရင် ဝေဖန်မှုတွေရှိလာမှာမို့ ငါ တစ်​ယောက်ထဲဖြစ်ခဲ့တာပါ " လို့ ရှောင်ကျင့်ထျင်က ရှင်းပြလိုက်သည်။

ရွှီမုရန်က ရှောင်ကျင့်ထျင်ကို ထူးထူးခြားခြားမ ကြည့်ဘဲ မနေနိုင်စွာဖြင့် " မင်းကမ္ဘာက အဲ့ဒီလိုကြီးလား? "

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး " ဟုတ်တယ်! "

" ကော​ရောဘယ်လိုလဲ? " ရွှီမုရန်က မေးသည်။

ရှောင်ကျင့်ထျင်က ခေါင်းခါပြီး " ငါတို့ကမ္ဘာမှာ ကောမရှိဘူး " လို့ပြောလိုက်၏။

ရွှီမုရန်မှာ အံ့ဩခြင်းတွေပြည့်သွား၏။ ရှောင်ကျင့်ထျင်သည် ရွှီမုရန်ကိုကြည့်ကာ ရုတ်တရက် စိတ်သက်သာရာရသွားသည်။ တစ်ယောက်တည်း လျှို့ဝှက်ထားဖို့ဆိုတာ တကယ်တော့ခက်ခဲပါတယ်။ ရှောင်ကျင့်ထျင်သည် နောက်ဆုံးတွင် ၎င်းအားထုတ်ပြောပြီးနောက် ပို၍ စိတ်အေးလက်အေး ခံစားခဲ့ရသည်။

" မင်းကဘာလို့ aphrodisiac ဆေးကို ရုတ်တရက်သောက်တာလဲ? "ရှောင်ကျင့်ထျင်က မေး၏။

" ဆေးပညာအရ အနီ​ရောင်မီး​တောက်ဆေးပင်လို့​ခေါ်တဲ့ ဝိညာဥ်အပင်တစ်ပင် ရှိတယ်။ တစ်ပင်ကို မှားစားမိပြီးနောက်မှာ ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း သိလိုက်ရတယ်။ ဒါ့ကြောင့် ငါက ငါ့ရဲ့ခွန်အားကို မြှင့်တင်ဖို့ကြိုးပမ်းနေတာပါ။ အရင်က ဘာပြဿနာမှ မရှိခဲ့ပေမဲ့ အခုချိန်မှာ ပုံစံပြောင်းသွားပြီး တစ်ခုခုဖြစ်သွားခဲ့တာ " ဟု ရွှီမုရန်က ပြောသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now