Chapter 3: My wife is back

6.5K 1.1K 12
                                    

Unicode

ရှောင်ကျင့်ထျင်သည် အိမ်အတွင်းရှိ သနားစရာကောင်းသော ပစ္စည်းများကို ရေတွက်​နေခဲ့သည်။ အပြင်မှာ အသံတစ်ချို့ကြားလိုက်ရပြီး​နောက် ​ရှောင်ကျင့်ထျင်က သူ့ခင်ပွန်းပြန်ရောက်ပြီဆိုတာ သိလိုက်တယ်။

​ရှောင်ကျင့်ထျင်မှာ ယခင်ဘဝက လိင်တူချစ်သူဖြစ်ခဲ့​သော်လည်း ခွဲခြားဆက်ဆံခံရမှာကိုကြောက်​သောကြောင့် Single အဖြစ်​နေခဲ့သည်။ အခုဘဝတွင် ရုပ်ရည်ချောမောသောယောကျာ်းဇနီးသည်​ကြောင့် ​ရှောင်ကျင့်ထျင်မှာ အနည်းငယ်စိတ်လှုပ်ရှား​နေပြီး နည်းနည်းလည်းရှက်​နေမိ၏။

မူလပိုင်ရှင်နှင့် သူ့ခင်ပွန်းတို့ကြား ဆက်ဆံရေးမှာ တင်းမာ​မှုများရှိနေခဲ့သည်။ နှစ်ယောက်သား တစ်မိုးအောက်မှာ အတူနေခဲ့ကြပေမယ့် ဆုံတွေ့ချိန်မှာတော့ ပြောစရာစကားမရှိသလို ပြောစရာလည်း မရှိ​ပေ။

​ရှောင်ကျင့်ထျင်က အခြားသူများနှင့် နီးစပ်ရန် အလျင်စလိုမလုပ်ဘဲ အိမ်ထဲတွင် ပုန်းနေပြီး လှုပ်ရှားမှုတို့ကို စောင့်ကြည့်နေခဲ့သည်။

ရွှီမုရန် က "​ရှောင်တုန်" လို့အော်ပြီး ဆန့်ကျင်ဘက်ရှိတံခါးကို ချက်ချင်းဖွင့်လိုက်သည်။
" ဗိုက်ဆာနေပြီလား? " ရွှီမုရန်က ပိန်ပိန်ပါးပါး သားနှစ်ယောက်ကို ကြည့်ပြီး စိတ်မ​ကောင်းစွာ​မေးလိုက်၏။

" ဗိုက်မဆာပါဘူး။ " ရှောင်​ရှောင်ဖန် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူ့လက်ကို မြှောက်ပြီး​ဖြေလိုက်သည်။

​ရှောင်​ရှောင်တုန်က ​ရှောင်​ရှောင်ဖန်ကို အကြည့်စူးစူးဖြင့် စိုက်ကြည့်နေ​သော​ကြောင့် ​ရှောင်​ရှောင်ဖန် တုန်လှုပ်သွား၏။

ရွှီမုရန်က ​ရှောင်​ရှောင်ဖန်ရဲ့ ထူးဆန်း​နေသည့်မျက်နှာကို ကြည့်လိုက်၏။ သားငယ်တွင် မွေးရာပါ​နေမ​ကောင်းခြင်း​ကြောင့်
ဥာဏ်ရည်ကင်းမဲ့​နေပြီး မလိမ်ညာတတ်​ပေ။ သူပြန်လာတဲ့အခါ တခုခုစားဖို့အတွက် သူ့ကိုအမြဲ​စောင့်​နေတတ်သည်။

" မင်း ညီလေး ထမင်းစားပြီးပြီလား? " ရွှီမုရန်က ​​ရှောင်​ရှောင်တုန်ကိုမေးလိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now