Chapter 112: Ouyang Mingyue's invitation

396 89 3
                                    

Unicode

လေလံပွဲတွင် ဆေးပုလင်းများကို အပြည့်တင်ကာတစ်လုံးပြီးတစ်လုံး ရောင်းချနေပါသည်။

မြေရိုင်းတိုက်ကြီးတွင် အဂ္ဂိရတ်ပညာရှင်များမှာ အလွန်ရှားပါးသောကြောင့် ဆေးလုံးများရရန် ခဲယဉ်းလှသည်။ ထို့ကြောင့် လေလံပွဲသည် တစ်ကြိမ်ပြီးတစ်ကြိမ် အထွတ်အထိပ်သို့ ရောက်ရောက်သွားခဲ့သည်။

အမျိုးမျိုးသောအင်အားကြီးအဖွဲ့များ၏ရှေ့မှောက်တွင်၊ သဲကန္တာရမြို့၏အဓိကမိသားစုလေးခုသည်
လုံးဝ ပါဝင်ယှဉ်ပြိုင်နိုင်မှုမရှိတော့ပေ။ ရံဖန်ရံခါတွင် အဓိကမိသားစုလေးခုမှလူများသည် အလျင်အမြန်ပင်ဖိနှိပ်ခြင်း ခံခဲ့ရသည်။

ရှောင်ချန်းဖုန်းသည် အမျိုးမျိုးသောဆေးလုံးများ၏ ဒုံးပျံများသဖွယ် တက်လာသော ဈေးနှုန်းများကို စောင့်ကြည့်နေရာ အမြဲလိုလို ၎င်းတို့ လက်လှမ်းမှီရန် မမျှော်လင့်နိုင်သည့် အမြင့်ဆုံးဈေးများသို့ ရောက်ရှိသွားခဲ့သည်။

“ဒီကောင်တွေ ရူးနေကြတာပဲ” ရှောင်ချန်းဖုန်းက ရှုံ့တွစွာပြောသည်။

ရှောင်လီဖုန်း၏ မျက်လုံးများပြူးကျယ်သွားကာ “ဒီဆေးတွေကိုသာ ရှောင်ကျင့်ထျင်က တကယ်ပေးထားတာဆိုရင် သူက ရူးသွပ်လောက်စရာပိုက်ဆံတွေ ရသွားလိမ့်မယ်”

ဤလေလံပွဲတွင်၊ ဝိညာဉ်ကျောက်တုံးများသာ လက်ခံခဲ့သည်။ ရှောင်မိသားစုအတွက် အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံးများနှင့် ကျင့်ကြံရန်ပင် အလွန်ခက်ခဲနေပြီဖြစ်သော်လည်း ဤလေလံပွဲတွင် ဝိညာဉ်ကျောက်တုံးများကိုသာ လက်ခံခဲ့လေသည်။ ဤမျှလောက်များသော ဝိညာဉ်ကျောက်တုံးများသည် မိသားစု၌ ချီကျင့်ကြံဆင့်နဝမအဆင့် ကျင့်ကြံသူအများအပြားကို ပြုစုပျိုးထောင်ရန် လုံလောက်ပေ၏။

ရှောင်ချန်းဖုန်းသည် သူ့မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ အဆုံးတွင် အရာအားလုံးသည် ရှောင်ကျင့်ထျင်နှင့်သာပတ်သက်နေသည်။ ဒီသိုးမည်းက ရုတ်တရတ်ကြီး အုတ်မြစ်ချအဆင့်ကျင့်ကြံသူ ဘယ်လိုဖြစ်လာတာလဲ! သူ့ကို ကြည့်ရတာ အဲဒီလို လုပ်နိုင်မယ့်ပုံလဲ မပေါ်ပါဘူး။ ဖြစ်နိုင်တာက... ရှောင်ချန်းဖုန်းက အမြန်ခေါင်းခါပြီး တွေးလိုက်သည်- မဟုတ်သေးဘူး။ ခန္ဓာကိုယ်သိမ်းပိုက်နည်းကို ကျွမ်းကျင်တဲ့သူတွေက အရမ်းကိုဆိုးရွားပြီး ရက်စက်လွန်းကြတယ်။ ရှောင်ကျင့်ထျင်က အများကြီး ပြောင်းလဲသွားပေမယ့် ရွှီမုရန်နဲ့ သူ့မိဘတွေကို ကောင်းကောင်းဆက်ဆံနေတုန်းပဲ။ ဒါက အဓိပ္ပာယ် မရှိဘူး!

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now