Chapter 31: Xu Muan Left

4.9K 882 6
                                    

Unicode

ညနေပိုင်းတွင်။

" ဖေဖေ ထွက်သွားရမှာလား?! " ရှောင်​ရှောင်ဖန်က အဆင်မ​ပြေစွာ​မေးလိုက်သည်။

ရွှီမုရန်က ခေါင်းညိတ်ပြကာပြော၏ " ခဏလောက်ထွက်သွားရမယ်၊  မင်းအဖေက မင်းကိုဂရုစိုက်လိမ့်မယ်။ "

" ဒါပေမယ့်...တစ်ခါတစ်လေ အဖေက အရမ်းရက်စက်တယ် " ရှောင်​ရှောင်ဖန်သည် ရွှီမုရန်၏အဝတ်အစားများကို မကျေမနပ်ဖြစ်စွာ ဆုပ်ကိုင်ထား၏။

ရွှီမုရန်က ပြုံးပြီးပြောတယ် " မင်းအဖေက ရက်စက်မှာမဟုတ်ဘူး။ သူက မရက်စက်ရုံသာမက အရသာရှိတဲ့အစားအစာတွေကိုလည်း ပေးလိမ့်မယ် "

" တကယ်လား " ရှောင်​ရှောင်ဖန်က ရွှီမုရန်ကိုကြည့်ပြီးမေး၏။

ရွှီမုရန်က ခေါင်းညိတ်ပြီး " ဟုတ်တယ်! "

ရွှီမုရန် ထွက်သွားမည့်အကြောင်းကြားတော့ ရှောင်​ရှောင်ဖန် သည် အစပိုင်းတွင် အနည်းငယ်စိုးရိမ်ခဲ့သော်လည်း ရွှီမုရန်၏ နှစ်သိမ့်မှုရပြီးနောက်တွင် သူစိတ်မပူဘဲ အိပ်ပျော်သွားခဲ့သည်။

ရှောင်​ရှောင်တုန်က ရွှီမုရန်ကို စိုးရိမ်တကြီးကြည့်ကာ တိုးတိုး​လေး​မေးသည် " ဖေဖေ၊ ဖေ​ဖေ သူ့ကို တကယ်ယုံလား? မကြာသေးခင်က သူပြောင်းလဲလာ​ပေမယ့် အတိတ်တုန်းက....... "

" တကယ်တော့ ဖေဖေက နည်းနည်းတော့ စိတ်ပူနေပေမယ့် မင်းရဲ့ ဒုတိယဦးလေးက မင်းတို့အပေါ်ကောင်းခဲ့တယ်၊ အခုသူဒုက္ခရောက်နေတဲ့အချိန်မှာ ဖေဖေကလျစ်လျူမရှုနိုင်ဘူး။ "
အရင်က ရှောင်​ရှောင်ဖန် အပြင်းဖျားနေချိန်မှာ ရှောင်ကျင်းဖုန်း ပြန်ရောက်လာသည်။ အကူအညီမဲ့နေ​သော ရွှီမုရန်သည် ရှောင်ကျင်းဖုန်းကို အကူအညီတောင်းရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။ ရှောင်ကျင်းဖုန်းသည် အေးစက်​သောနှလုံးသားနှင့် ကြင်နာမှုကင်းမဲ့ပုံပေါက်နေသော်လည်း အမှန်တကယ်တော့ စိတ်နှလုံးနွေးထွေးပြီး သူတို့ကို အကြိမ်အနည်းငယ် တိတ်တဆိတ်ကူညီခဲ့ဖူးသည်။

ရှောင်​ရှောင်တုန်က ခေါင်းညိတ်ပြီး " ကျွန်တော်သိပါတယ်။ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now