Chapter 42: Meeting Wang Erhu

4.9K 883 11
                                    

Unicode

ဝိညာဥ်အပင်များကို စုဆောင်းပြီးနောက် ရွှီမုရန်က မြို့သို့ပို့ဆောင်ခဲ့သည်။ ရွှီမုရန်က ဈေးအလျှော့အတင်းလုပ်တတ်သောကြောင့် ရှောင်ကျင့်ထျင်သည် ရွှီမုရန်ကို စပါးရောင်းသည့်ကိစ္စကိုကိုင်တွယ်ဖြေရှင်းရန် အခွင့်အာဏာအပြည့်ပေးလိုက်သည်။

" ဦးလေးလီ၊ ကျွန်တော်... ဦး​လေးကို ထပ်ပြီးဒုက္ခ​ပေးမိပြီ။ " ရောင်းဖို့စပါးတွေက အရမ်းများနေသည့်အတွက် ရွှီမုရန်က လီရှန်၏နွားလှည်းကို တိုက်ရိုက်ငှားလိုက်သည်။

လီရှန်က ရယ်ပြီးပြောလိုက်တယ် " ပြောမနေပါနဲ့ မုရန်၊ မင်း ဒီအချိန်မှာစပါးတွေ တော်တော်ရောင်းနေရတာပဲ! "

ရွှီမုရန်က ခေါင်းညိမ့်လိုက်ကာ " ဟုတ်ပါတယ် " ဟု​ပြောသည်။

" စိတ်ဝိညာဉ်အပင်တွေလည်း အများကြီးပဲ၊ အဲဒါက ငွေအများကြီးရနိုင်တယ် " ဟု လီရှန်က ပြောသည်။

" ဟုတ်ကဲ့။ " ရွှီမုရန်က ပြန်ဖြေလိုက်သည်။ ရှောင်ကျင့်ထျင်သည် စွန့်ပစ်ထားသော ဝိညာဉ်ရေးလယ်ကွင်းနှင့် ဒဏ်ကြေးအကြောင်း ရွှီမုရန်ကို ပြောပြပြီးဖြစ်သည်။ ရွှီမုရန်သည် ထိုသတင်းကိုကြားသောအခါ သူ့နှလုံးသားသည်အလွန်လေးလံလာပြီး "သူတို့၌ ငွေအလုံအလောက်မရှိပေ" ထို့​ကြောင့် ငွေထောင်ပေါင်းများစွာကို ချက်ချင်းရရန် မစောင့်နိုင်တော့ပေ။ ရွှီမုရန်က သက်ပြင်းချလိုက်သည်။

လီရှန်က ရွှီမုရန်ကို ကြည့်ပြီး " မုရန်! မင်းမှာ ပိုက်ဆံရှိနေရင်တောင် ရူးရူးမိုက်မိုက်သုံးလို့မရဘူး! "

ရွှီမုရန်က ခေါင်းညိတ်ပြီးပြောတယ် " ကျွန်တော် သိတယ်။ "

" မင်းတစ်ယောက်တည်းသွားမှာလား? " လီရှန်ကမေး၏။

" အစ်ကိုရှူးယွီက ကျွန်တော်နဲ့အတူသွားမှာ " လို့ ရွှီမုရန်က ပြောသည်။

" ကောင်းပြီ၊ လူနှစ်ယောက်အတူတူသွားရတာ ပိုလုံခြုံတယ် " ဟု လီရှန်ကပြောသည်။

ရွှီမုရန်က ခေါင်းညိတ်ပြီး " ကျွန်တော်လည်း ဒီလိုပဲထင်တယ် "

မုရှူးယွီက ရွှီမုရန်ကို စပါးတွေအားလုံးကို လှည်းပေါ်တင်ဖို့ ကူညီပေးခဲ့သည်။ ချိုးပိုင်သည် ဤမြင်ကွင်းကိုအဝေးမှကြည့်နေခဲ့ပြီး သူ့နှလုံးသားထဲတွင် မနာလိုစိတ်များပြည့်နှက်နေသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now