Chapter 82: Xiaofan Had Gambled on Stone

4.5K 717 34
                                    

Unicode

ရှောင်ကျင့်ထျင်နှင့် တခြားသူများအားလုံး အိမ်ထဲတွင် ဖက်ထုပ်စားပြီးပျော်​နေချိန် တံခါးကိုတွန်းဖွင့်သံကြားလိုက်ရပြီး တစ်ချိန်တည်းမှာပင် ထိုလူများအားလုံးသည် တံခါးဝမှလူကို လှည့်ကြည့်လိုက်ကြ၏။

" အစ်ကိုကြီး... ဒီကိုဘာလာလုပ်တာလဲ? " ရှောင်ကျင်းဖုန်းက မေးသည်။

" မင်း အရမ်းပျော်နေတာပဲ! " ရှောင်ချင်းယန်က ခနဲ့ကာရယ်မောလိုက်သည်။

ရှောင်​ရှောင်ဖန်က သူ့တူတွေကိုကိုက်ပြီး " အကြီးဆုံးဦးလေး၊ သူကလည်း ဖက်ထုပ်စားဖို့လာတာလား? ဒါပေမယ့် ကျွန်တော်တို့အကုန်လုံးနီးပါး စားပြီးပြီ... နည်းနည်းပဲကျန်​တော့တယ်။ "

ရှောင်​ရှောင်ဖန်က သူ့ပန်းကန်လုံးကိုလက်ထဲမှာ ကိုင်ထားပြီး ပန်းကန်လုံးထဲက ဖက်ထုပ်တွေကို ထိတ်လန့်တကြားနဲ့ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

ရှောင်​ရှောင်ဖန်၏အစားအစာကို ကာကွယ်တဲ့နည်းကိုမြင်သောအခါ ရှောင်​ရှောင်တုန်က " အရူး " လို့ တိုးတိုးလေး အော်ဟစ်လိုက်၏။ ရှောင်​ရှောင်တုန်၏ စိတ်ထဲတွေးနေမိသည်- ရှောင်ချင်းယန်က သူ့ကိုယ်သူ အခြားသူများထက် သာလွန်သည်ဟု အမြဲထင်နေသောကြောင့် ရှောင်​ရှောင်ဖန်၏ ကျန်ရှိသော ဖက်ထုပ်များကို သူမည်သို့ တောင့်တနိုင်မည်နည်း။ ဟုတ်တယ်... ရှောင်​ရှောင်ဖန်ရဲ့ပါးစပ်ထဲက ဟင်းရည်တွေက သူ့ပန်းကန်ထဲကိုဖိတ်စင်ကျ​နေလေသည်။

ရှောင်​ရှောင်ဖန်သည် ထိုနေရာတွင် သူ့ကိုယ်သူ မြှုပ်နှံထားပြီး ရှောင်​ရှောင်တုန်၏ ပုတ်ခတ်ပြောဆိုမှုကို လျစ်လျူရှုခဲ့သည်။

" အစ်ကိုကြီး... ထိုင်ပါဦး။ " ရှောင်ကျင့်ထျင်က ကုလားထိုင်ကို ရွှေ့ပေးလိုက်သည်။

" မင်းတို့နှစ်​ယောက် ငါ့ကို နောက်​ယောင်ခံလိုက်မနေကြနဲ့... ပြီးတော့ မင်းတို့နှစ်ယောက်က အတင်းအဖျင်းတွေပြောဖို့အတွက် ငါတို့မိဘတွေဆီ သွားခဲ့တာလား? " ရှောင်ချင်းယန်က ပြင်းထန်စွာ အပစ်တင်ပြောဆိုလိုက်သည်။

ရှောင်ကျင့်ထျင်က ကမန်းကတန်း ပြန်​ပြော၏။ " ကျွန်တော် အဲဒါကိုမလုပ်ဘူး! "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now