Chapter 6: Transaction

5.8K 982 1
                                    

Unicode

ရှောင်ကျင့်ထျင်သည် ​ရှောင်​​ရှောင်တုန် ထွက်ခွာသွားသည့်
နောက်ကျောကိုကြည့်ကာ တိုးတိတ်စွာပြောလိုက်သည်- လမ်းကရှည်လျားပြီး စိုက်ပျိုးမှုကလည်းဝေးတယ်။

ဟင်းသီးဟင်းရွက်စိုက်ခင်းတွင် မှော်ပညာဖော်မြူလာကို အသုံးချခဲ့သည်။ ​ရှောင်ကျင့်ထျင်သည် ခန္ဓာကိုယ်ရှိ ဝိညာဉ်ရေးစွမ်းအားကို အနည်းငယ်သာအသုံးချခဲ့​သော်လည်း အလွန်ပေါများစွာ ရှိနေသေးသည်ကို ခံစားမိ၏။ ​ရှောင်ကျင့်ထျင်၏
မှတ်ဥာဏ်များအရ အပင်ကြီးထွားမှုသည် မျိုးပွားခြင်းနှင့် အပင်များ အလွန်အကျွံစားသုံးခြင်းသည် တူညီသော ဝိညာဉ်စွမ်းအားဖော်မြူလာကို အမြဲတမ်းအသုံးမပြုနိုင်ကြောင်း သိခဲ့ရသည်။ အပင်ကြီးထွားမှုသည် မြေဆီလွှာ၏​​မြေသြဇာကောင်းမွန်မှုကို အလွန်အကျွံစားသုံးထားပြီးဖြစ်လိမ့်မည်။

တူညီသောအပင်ကို ပထမအကြိမ်အသုံးပြုသောအခါ အကောင်းဆုံးဖြစ်သည်။

​ရှောင်​ရှောင်တုန်သည် နှလုံး​တွေခုန်​နေပြီး အခန်းသို့ပြန်​ရောက်​သောအခါ ကုတင်အစွန်းတွင်ထိုင်နေသည်။ ​ရှောင်​ရှောင်ဖန်က သူ့မျက်လုံးတွေကို ပွတ်လိုက်ပြီး ​ရှောင်​ရှောင်တုန်ကို ကြည့်လိုက်ကာ " အစ်ကို၊ မိုးလင်းပြီလား " ဟု စိတ်ရှုပ်ထွေးစွာ​မေးလိုက်သည်။

​ရှောင်​ရှောင်တုန်က ​ရှောင်​ရှောင်ဖန်ကို တစ်ချက်ကြည့်လိုက်ပြီးဆံပင်တွေကိုဖွလိုက်ကာ " မိုးမလင်းသေးဘူး၊ ခဏလောက် အိပ်လို့ရ​သေးတယ် " လို့ပြောလိုက်သည်။

" အစ်ကို...ငါဗိုက်ဆာတယ် "

​ရှောင်​ရှောင်တုန် စိတ်ရှုပ်သွားပြီး ​ရှောင်​ရှောင်ဖန်ရဲ့ အကျင့်ကသူနိုးလာတာနဲ့ ဗိုက်ဆာတတ်တာ အမှန်ပင်ဖြစ်သည်။

​ရှောင်​ရှောင်ဖန်ကို ကိတ်မုန့်​ပေးလိုက်ပြီး " စား​လေ " လို့ ​ရှောင်​ရှောင်တုန်က ​ပြောလိုက်သည်။

​ရှောင်​ရှောင်ဖန်က " ကိတ်မုန့်က အရမ်းကြမ်းတယ်၊ မစားချင်ဘူး " ဟုပြန်​ပြော၏။

​ရှောင်​ရှောင်တုန်က ​ရှောင်​ရှောင်ဖန်၏ သနားစရာ​ကောင်း​သော အကြည့်​တွေက သူ့နှလုံးသားထဲ တစ်ခုခုမှား​နေ​ကြောင်းခံစားလိုက်ရသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now