Chapter 54: Xiao Qingyan's Visit

4.6K 816 13
                                    

Unicode

ညနေပိုင်းတွင် ရှောင်ကျင်းဖုန်းနှင့်မုရှူးယွီတို့သည် တည်းခိုခန်းတစ်ခုကို တွေ့ရှိပြီး အနားယူရန်စီစဥ်​နေချိန်တွင် မထင်မှတ်သောဧည့်သည်များ ရောက်ရှိလာခဲ့သည်။

" အကိုကြီး။ " ဧည့်သည်ကိုမြင်လိုက်ရတော့ ရှောင်ကျင်းဖုန်း အံ့သြမဆုံးဖြစ်သွား၏။ ရှောင်ချင်းယန်သည်လည်း ဖုန်းချန်မြို့တွင် ရှိနေနိုင်သည်ကို သူသိသော်လည်း၊ ရုတ်​တရက်​ သူ့ကို​တွေ့လိုက်​ရ​သောအခါ အံ့အားသင့်သွားသည်​။

" ငါ့ကို အကိုကြီးလို့ မခေါ်နဲ့၊ ငါ့မှာ မင်းလို အရှက်မဲ့တဲ့ ညီ မရှိဘူး " ရှောင်ချင်းယန်က စိတ်မရှည်စွာ​ဖြင့်ပြောလိုက်သည်။

ရှောင်ကျင်းဖုန်းက မျက်နှာပျက်သွားကာ ပြန်​ပြောလိုက်သည်။ " အကိုကြီးက ကျွန်တော်အမှားလုပ်မိတယ်လို့ နားလည်ထားတယ်ထင်တယ်။ "

" မင်းမှာ အပြစ်ရှိသည်ဖြစ်​စေ၊ အပြစ်မရှိသည်ဖြစ်စေ ငါဂရုမစိုက်ဘူး။ မင်းကို ဖုန်းချန်မြို့က မြန်မြန်ထွက်သွားဖို့နဲ့ ငါ့ကို ဒုက္ခမပေးဖို့ကို လာသတိ​ပေးတာ... " လို့ ရှောင်ချင်းယန်က အေးစက်စွာပြောလိုက်သည်။

ရှောင်ကျင်းဖုန်း၏ မျက်နှာသည်ပုံပျက်ပန်းပျက်ဖြစ်သွားသော်လည်း ပုံမှန်အတိုင်း လျင်မြန်စွာပြန်ဖြစ်သွား၏။

ရှောင်ကျင်းဖုန်းက အေးစက်စွာပြောလိုက်သည်။  " ငါနားလည်ပါတယ်၊ စိတ်မပူပါနဲ့၊ မင်းက  နာမည်ဆိုးရှိတဲ့ ညီကိုမလိုချင်ဘူး၊ ငါကလည်း မင်းလို အကြင်နာမဲ့တဲ့ အစ်ကိုတစ်ယောက်ကို မလိုချင်ဘူး။ "

" မင်း! " ရှောင်ချင်းယန်က ရှောင်ကျင်းဖုန်းကို ပိတ်ဆို့ထားလိုက်သည်။

" မင်း... ဖုန်းချန်မြို့ကို ဘာလာလုပ်တာလဲ? " ရှောင်ချင်းယန်က​မေးလိုက်သည်။

" ဘာမှမဟုတ်ပါဘူး၊ ဒီမှာအလုပ်ရှိလားလို့ လာကြည့်တာ။ " ရှောင်ကျင်းဖုန်းသည် အမှန်အတိုင်း မပြောခဲ့​ပေ။ ရှောင်ချင်းယန်သည် ပိုက်ဆံကို အလွန်အမင်းသုံးစွဲလေ့ရှိသည်။ ရှောင်ကျင်းဖုန်းသည် ရှောင်ချင်းယန်ကရည်ရွယ်ချက်အမှန်ကို သိရှိပါက ပိုက်ဆံတောင်းမည်ကို စိုးရိမ်နေသည်။ ရှောင်ကျင်းဖုန်းသည် မူလက ရှောင်ချင်းယန်ကို ချစ်ခင်နေဆဲဖြစ်သော်လည်း ရှောင်ချင်းယန်၏ စကားအနည်းငယ်က သူ့ကိုစိတ်ကုန်သွားစေခဲ့သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now