Chapter 45: Open Mindedness

4.9K 918 31
                                    

Unicode

" နိုးပြီလား? " ရှောင်ကျင်းဖုန်းသည် စားစရာရှာနေသော ရှောင်ကျင့်ထျင်ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီးဖြေ၏။
" ဟုတ်ကဲ့! "

" ဘယ်လိုခံစားရလဲ? " ရှောင်ကျင်းဖုန်းက မေးသည်။

" မသေနိုင်တဲ့သူဖြစ်ရတာ ကောင်းတယ်! " ရှောင်ကျင့်ထျင်က အရမ်းရိုးသားစွာ​ဖြေ၏။ သူ့ရဲ့နောက်ဆုံးဘ၀မှာ လူပျိုစင်စစ်ဖြစ်ခဲ့ခြင်းအားဖြင့် သူ့ဘဝတစ်လျှောက်လုံး ပျော်ရွှင်စရာတွေ အများကြီးဆုံးရှုံးခဲ့ရသည်။

" ကဲပါကွာ၊ သူဘယ်လိုနေလဲ? " ရှောင်ကျင်းဖုန်းက မေးသည်။

" သူအိပ်နေတုန်းပဲ... ကြည့်ရတာ သူက ချီလေ့ကျင့်မှုစတုတ္ထအဆင့်ကို ဖြတ်ကျော်သွားပုံရတယ်။ " ရှောင်ကျင့်ထျင်က ပြောသည်။

ရှောင်ကျင်းဖုန်းက မျက်မှောင်ကြုတ်ပြီး " သူအဆင့်တက်သွားတာလား? "

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီးပြောလိုက်သည်။ " ဟုတ်တယ်၊ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်၊ ​​ငါ သူ့ကို မနှိုးထားဘူး။ "

" ကောင်းပြီ။ သူဘာလို့ aphrodisiac ကိုသုံးတာလဲ? " ရှောင်ကျင်းဖုန်းက မေးသည်။

ရှောင်ကျင့်ထျင်က ခေါင်းယမ်းလိုက်ပြီး စိတ်ဆင်းရဲစွာဖြင့် ခေါင်းကုတ်လိုက်ကာ " မသိဘူး! ငါတို့ မုရန် နိုးလာတာကိုစောင့်ပြီး မေးရုံ​ပေါ့။ "

ရှောင်​ရှောင်ဖန်နှင့် ရှောင်​ရှောင်တုန်တို့နှစ်​ယောက် အခန်းထဲမှထွက်လာကြသည်။ မနေ့ညက ရှောင်ကျင့်ထျင်က ရှောင်ကျင်းဖုန်းအား ပေးသော အခန်းထဲတွင် နှစ်ယောက်သားအိပ်ကြရသည်။ အဲဒီ့မှာတိုက်ပွဲက ပြင်းထန်လွန်းတာကြောင့် ရှောင်ကျင်းဖုန်းက ​​အဲဒီနေရာကိုသွားပြီး အိပ်ရာအ​သေးသွားယူရမည်ကို ရှက်လွန်း၍ ကလေးနှစ်ယောက်ကို သူ့ကုတင်​ပေါ်တွင် အိပ်​စေပြီး သူနှင့်မုရှူးယွီက မြေပြင်ပေါ်မှာ အိပ်လိုက်ကြသည်။

ရှောင်​ရှောင်ဖန်က သူ့ခေါင်းကိုမော့ပြီး ရှောင်ကျင့်ထျင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ ရှောင်ကျင့်ထျင်က ရှောင်​ရှောင်ဖန်ကို လက်ဝှေ့ယမ်းပြပြီး " မင်းဘာကြည့်နေတာလဲ? "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now