Chapter 109: Chikuki

767 135 1
                                    

Unicode

သူတို့ အန္တရာယ် ကင်းသွားပြီကိုမြင်သောအခါ လှည်းပေါ်ရှိလူတွေက ရှောင်ကျင့်ထျင်ကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်သည်။

“ရှောင်မိသားစု ဘယ်လိုနေလဲ?” ရှောင်ကျင့်ထျင်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ထိုလူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စကားပြောရန် တုံ့ဆိုင်းသွားကြ၏။

“အိမ်မှာ တစ်ခုခုဖြစ်သွားတာလား?” ရှောင်ကျင့်ထျင်က ပေါ့ပေါ့ပါးပါးသာ မေးခဲ့ခြင်းဖြစ်သော်လည်း လူတော်တော်များများရဲ့ မကျေမနပ်ဖြစ်နေတဲ့ မျက်နှာတွေကို မြင်သောအခါ ချက်ချင်းသံသယဖြစ်သွားခဲ့သည်။

“ရှောင်မိသားစုမှာ တစ်ခုခုဖြစ်ခဲ့တာပဲ။ ဘာဖြစ်တာလဲ?” ရှောင်ကျင့်ထျင်၏ မျက်နှာမှာ ရုတ်တရက်လေးနက်လာသည်။

လှည်းပေါ်မှ လူအများအပြားသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေသော်လည်း မည်သူမျှ ဘာမှပြန်မပြောကြပေ။

ရှောင်ရှောင်တုန်သည် လှည်းပေါ်မှဆင်းလာကာ မြေပြင်ပေါ်ရှိ သားရဲအနည်းငယ်ကို တစ်ချက်ကြည့်လိုက်ပြီး “ဖေဖေ၊ ဒီသားရဲတွေအားလုံးက တောနက်ထဲမှာပဲ နေတတ်ကြတာ။ သူတို့ ဒီမှာ ရှိမနေသင့်ဘူး”

ရှောင်ကျင့်ထျင်က အသက်ပြင်းပြင်း ရှူရှိုက်ရင်း မျက်မှောင်ကြုတ်ကာ “ခင်ဗျားတို့ ဘာတွေလိုက်ပို့နေတာလဲ?”

“ပစ္စည်းပို့ဖို့ အစောင့်အကြပ်တောင်းခဲ့တဲ့ ဖောက်သည်တစ်ယောက်ရှိတယ်။ အဲဒါက ဘာလဲဆိုတာ မပြောပေမယ့် သူတို့အဖွဲ့အစည်းက ငွေတွေ အများကြီး ပေးခဲ့တယ်” အစောင့်တစ်ဦးက ပြောသည်။

ရှောင်ကျင့်ထျင်က သေတ္တာကိုဖွင့်ပြီး စစ်ဆေးကြည့်လိုက်သည်။ သူသည် အခြားဝိညာဉ်အပင်များနှင့် ရောနှောနေသည့် သားရဲကိုဆွဲဆောင်နိုင်သော ဆေးပင်များကို တွေ့ရှိခဲ့လေ၏။

သားရဲတွေကိုဆွဲဆောင်သော ဆေးပင်များကိုမြင်လိုက်ရသောအခါ လူအုပ်ကြီးက ချက်ချင်းတင်းမာသွားကြသည်။ သူတို့၏စီးပွားရေးသည် မကြာသေးခင်က အလွန်ဆိုးရွားနေခဲ့ပြီး ဤအဖွဲ့အစည်းတစ်ခုတည်းကသာ ၎င်းတို့ဆီကို ငွေကြေးများစွာကို ယူဆောင်လာခဲ့သည်။ လူတော်တော်များများက ယင်းကို ထူးဆန်းသည်ဟု တွေးခဲ့ကြသော်လည်း ရှောင်ချန်းဖုန်းရဲ့တောင်းဆိုချက်အရ ရှောင်မိသားစုအစောင့်များက ဤလုပ်ငန်းကိုတာဝန်ယူခဲ့ကြရသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now