Chapter 21: Meet Qiu Bai again

5.4K 934 13
                                    

Unicode

" အစ်ကို၊ မင်းတကယ်​ပြောတာလား၊ ငွေဒင်္ဂါး ၆၂ပြားထက် ပိုနိုင်တာ " ချိုးပိုင်က အကူအညီမဲ့စွာမေးလိုက်သည်။

ချိုးလီက ခေါင်းခါပြီးပြောလိုက်တယ် " ငါဘယ်မှားနိုင်ပါ့မလဲ၊ ရှောင်ကျင့်ထျင်ကစျေးထဲမှာ စပျစ်သီးပေါင်းဒါဇင်နဲ့ချီရောင်းပြီး ငွေတွေအများကြီးရတယ်၊ နောက်ပိုင်းမှာ ရွယ့်ဟယ်ကို နှစ်ရာနဲ့ရောင်းစားလိုက်တာ။ ပြီးတော့ စားသောက်ဆိုင်ပိုင်ရှင်ကလည်း သူ့ဆိုင်မှာအများကြီးပြန်ရောင်းရတယ် " သူသည် ပိုက်ဆံအနည်းငယ်သုံးကာ ရွယ့်ဟယ်စားသောက်ဆိုင်၏ ဒုတိယမြောက်သားကို လာဘ်ထိုးခဲ့ပြီးသတင်းများကို ရလာခြင်းဖြစ်သည်။

မထင်မှတ်ပဲ၊ စပျစ်သီးကို တကယ်ရောင်းလို့ရတယ်။ ရှောင်ကျင့်ထျင်ကို သူပြောခဲ့သောစကားကို တွေးလိုက်သောအခါတွင် ချိုးလီ ထိတ်လန့်သွားခဲ့သည်။

ချိုးပိုင်၏မျက်လုံးများ ပြူးကျယ်သွားပြီး
" ဘယ်စပျစ်သီးက အရမ်းစျေးကြီးရတာလဲ! " တောင်တန်း​ဒေသတွင် တောစပျစ်သီးကို မည်သူမျှမစားကြ​ပေ။

ချိုးလီကခေါင်းခါပြီး " မသိဘူး၊ ရှောင်ကျင့်ထျင်ရဲ့ သ​ဘောထားကို မင်းကရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ ..... "

ချိုးပိုင်က အနည်းငယ်ရှက်ရွံ့စွာပြောလိုက်သည် " ရှောင်ကျင့်ထျင်က သိပ်မကြာခင်ထဲက၊ ငါ့ကို အလေးအနက်မထားတော့ဘူး။ "

" မင်းက သူ့ကိုကြိုးရှည်ရှည်နဲ့ဆွဲထားပြီး သူကမင်းကိုထိလို့မရဘူး၊ သူက အဲဒါကိုအခွင့်ကောင်းမယူနိုင်တာ​ကြောင့်ဖြစ်နိုင်တယ်၊ ပြီး​တော့မင်းက နွေးနွေးထွေးထွေးမဆက်ဆံဘူး။ " ချိုးလီကပြောသည်။

ချိုးပိုင်က အော်ဟစ်လိုက်ပြီး " အစ်ကို၊ မင်းဘာတွေပြောနေတာလဲ၊ **** ရှောင်ကျင့်ထျင်ကို အခွင့်အရေးပေးပြီး သွားအိပ်စေချင်​နေတာလား။ ကျွန်တော်လဲတန်ဖိုးရှိပါတယ်။ " ရွာရှိလူတိုင်းက သူသည် စိန်ခေါ်မှုထဲမှ အကောင်းဆုံးဟု ထင်ကြပြီး နောင်တွင် သူကမိသားစုကြီးတစ်ခုနှင့် လက်ထပ်နိုင်မည်ဖြစ်သည်။ ရှောင်ကျင့်ထျင်သည် ဆရာသခင်​ရှောင် ဖြစ်နိုင်မည်ဖြစ်သော်လည်း ယခုအခါ သူသည်ဘာမှမရှိဘဲ အခြေချနေထိုင်သူ တစ်ဦးသာဖြစ်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now