Chapter 99: Calm baby

1.7K 277 12
                                    

Unicode

ရှောင်ကျင့်ထျင်သည် ရိက္ခာများကို စုဆောင်းပြီး ကလေးသုံးယောက်ကို လှည်းပေါ်တင်ကာ ထွက်ခွာရန် အဆင်သင့်ဖြစ်နေလေပြီ။

ရှောင်ရှောင်ကျင့်သည် ရှောင်ရှောင်တုန်၏ ပေါင်ပေါ်တွင် လဲလျောင်းနေသည်။ ရှောင်ရှောင်တုန်က ရှောင်ရှောင်ကျင့်ကို လက်တစ်ဖက်နဲ့ဆော့ကစားရင်း ကျန်တစ်ဖက်က နို့ဘူးကိုကိုင်ကာ အစွမ်းကုန်သောက်နေ၏။

ရှောင်ရှောင်တုန်က ပါးဖောင်းဖောင်းလေးဖြင့် နို့သောက်နေသည်ကို မြင်လိုက်ရတော့ ရှောင်ကျင့်ထျင်က ရုတ်တရက် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

ရှောင်ကျင့်ထျင်က တွေးလိုက်မိ၏။
‘ငါ့သားလေး.. နောက်ဆုံးတော့ သူ့ရဲ့ကလေးအသွင်ကိုပြခဲ့ပြီ။ သူက တစ်နေ့လုံး မျက်နှာတည်ကြီးကို အမြဲထိန်းထားတတ်တယ်။ မသိရင် သူကပဲ အဘိုးကြီးစတိုင်နဲ့ ဖအေကတော့ ကလေးကျလို့’

ရွှီမုရန် ထွက်လာသည်ကိုမြင်တော့ ရှောင်ကျင့်ထျင်က

“အဆင်သင့်ဖြစ်ပြီလား။ အဆင်သင့်ဖြစ်ရင် လှည်းပေါ်တက်ထိုင်တော့လေ”

“တကယ်တော့... ငါမောင်းနိုင်ပါတယ်” ရွှီမုရန်ကတုံ့ဆိုင်းစွာဖြင့် ပြောသည်။

ရှောင်ကျင့်ထျင်က မျက်ခုံးပင့်လိုက်၏။ လွန်ခဲ့သည့် ရက်အနည်းငယ်က ၎င်းတို့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေပုံရသဖြင့် သူတို့၏ခရီးလမ်းသည် အေးချမ်းမည်မဟုတ်ပေ။ ရွှီမုရန်က သူ့အရည်အချင်းကို မယုံမကြည်ဖြစ်နေတာလား?

ရှောင်ကျင့်ထျင်က အနည်းငယ် ရှက်သွားပြီး

“မင်းအထဲဝင်ပြီး ကလေးတွေကိုသာ ဂရုစိုက်လိုက်ပါ”

ရွှီမုရန်သည် ရှောင်ကျင့်ထျင်ကို သံသယအနည်းငယ်ဖြင့် ကြည့်လိုက်သည်။ ရှောင်ကျင့်ထျင်က ဒေါသတကြီးနဲ့

“မင်းကိုယ့်ကို ဘာလို့ဒီလိုကြည့်နေတာလဲ? ကိုယ့်ရဲ့ကျင့်ကြံဆင့်က မင်းရဲ့အထက်မှာပါနော်” သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က နည်းနည်းညံ့ပေမယ့် လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်ကာလတစ်ခုယူပြီးနောက် အခုချိန်မှာ ပိုအစွမ်းထက်လာပြီဖြစ်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now